ကပ်ဆိုးကြီးကို ရင်ဆိုင်ဖြတ်သန်းခြင်း
Vol. 45 Ch. 617
“မဟာအရှေ့မြေရိုင်းကန္တာရခေါင်းလောင်းကြီး... ဒါက အရှေ့မြေရိုင်းနယ်မြေရဲ့မှော်စီးယာဉ်...”
ပေါင်ချိုး၏ ကျယ်လောင်သော အသံက စုမင်၏ နားထဲသို့ တစတစနှင့် နောက်ကွယ်မှ ရောက်ရှိလာသည်။
သူ့အသံက မယုံနိုင်လောက်အောင် အားနည်းနေလေသည်။
ယခုအချိန်တွင် သူမရှေ့မှ ရုပ်တုကမှုန်ဝါးဝါးဖြင့်တုန်လှုပ်နေပြီး ခေါင်းလောင်း၏ပုံစံက ၎င်းကို အချိန်မရွေးပြိုပျက်သွားစေရန် ဖိအားများပေးနေလေသည်။
စုမင်၏ အသက်ရှုသံ အနည်းငယ် မြန်လာပြီး အချိန်အတန်ကြာမှ ငြိမ်သက်သွားခဲ့သည်။ သူက ကောင်းကင်ယံရှိ ကြီးမားသောအရှေ့မြေရိုင်းနယ်မြေ၏ခေါင်းလောင်းကြီးကို တောက်ပနေသောမျက်လုံးများဖြင့် ကြည့်နေခဲ့သည်။
နောက်ဆုံးတော့ ထိုအရာက ဘာလဲဆိုတာ သိလိုက်ရသည်။ထိုအရာက ရွှေနှင့်ပြုလုပ်ထားသော တခြားအရာတစ်ခုကို ထိမိသွားသလို ထင်ရသော အသံပင်ဖြစ်သည်။ … အက်ကွဲကြောင်းမှ ခေါင်းလောင်းသံက ထွက်ပေါ်လာသော ခေါင်းလောင်းသံတစ်ခုပင် ဖြစ်သည်။၊ထို အက်ကွဲကြောင်းထဲကို ဝိညာဉ်စွမ်းအများ အဆက်မပြတ် တိုးဝင် နေသောကြောင့် ခေါင်းလောင်းသံက ပြောင်းလဲသွားသလိုပင်။
သို့ပေမဲ့ သူတွေးကြည့်လိုက်သည်နှင့်
သံစုံခေါင်းလောင်းသံမှန်းသိသာလေ၏။
အရှေ့မြေရိုင်းနယ်မြေ၏ခေါင်းလောင်းကြီးက ကောင်းကင်မှ ဆင်းသက်လာသည့်အချိန်တွင် အဖြူရောင်ဝတ်ထားသော အမျိုးသမီး ရှစ်ဦးက နတ်ဆိုးဂိုဏ်းတစ်ခုစီမှ ပေါ်လာသည် ။
နတ်ဆိုးဝိညာဉ်ဂိုဏ်း မှာလည်း အလားတူပင်။ အဖြူရောင် ၀တ်ဆင်ထားသော အမျိုးသမီး ရှစ်ဦးက ကောင်းကင်သို့ လွင့်ပျံသွားလေသည်။ ၎င်းတို့၏ အမူအရာများကို ကြည့်ပြီး ခေါင်းလောင်းမှ ဖန်တီးထားသော ဖိအားကြောင့် အလွန်အမင်း ထိခိုက်ပုံမပေါ်ပေ။
ဤအမျိုးသမီး ရှစ်ဦးစလုံးက မယုံနိုင်လောက်အောင် လှပပြီး ယခုအချိန်တွင် ၎င်းတို့ကို ဝိုင်းရံထားသော တည်ရှိမှုတစ်ခုနေပါသည်။ ကောင်းကင်မှာ လွင့်မျောနေပြီး သူတို့အားလုံး သူတို့ရှေ့မှာ အနီရောင် ပုလင်းသေးသေးလေး ရှိသည်။
ပုလင်းရှစ်ခုစီမှ သွေးစက်များက လျင်မြန်စွာ ထွက်သွားပြီး ထိုရှစ်စက်က ထိုအမျိုးသမီးများ၏ မျက်ခုံးအလယ်ဗဟိုတွင် စွဲကပ်နေပါသည်။ တစ်စုံတစ်ယောက်က ၎င်းတို့၏ မျက်ခုံးကြားတွင် နီညိုရောင် အမှတ်အသားကို ခြယ်သပုံရသည်။ ထိုခဏ၌ အမျိုးသမီး ရှစ်ဦး မျက်လုံးမှိတ်လိုက်ကြသည်။၎င်းတို့ ခန္ဓာကိုယ်မှ ဖောက်ထွက်လာသော သွေးနီရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။
သူတို့၏အဖြူရောင်ဝတ်ရုံများက ထိုအလင်းရောင်အောက်တွင် အနီအရောင်ဆိုးနေပုံရသည်။ နတ်ဆိုးတောင်ကို လုံး၀ ဖုံးအုပ်ထားလေသည်။ ကောင်းကင်ကိုတော့ ဖုံးလွှမ်းမထားပေ။ ဤနေရာမှ ဆင်းသက်လာသောအင်မော်တယ်များ၏ တည်ရှိနေမှုကို ရှာမတွေ့အောင် တားဆီးခြင်းမဟုတ်ပေ။ မြင့်မြတ်သော မှော်စီးယာဉ်က ၎င်း၏စွမ်းအားကို သူတို့၏ကျင့်ကြံမှုအဆင့်နှင့် ကန့်သတ်ချက်များအပေါ် အခြေခံ၍ မျှတစွာသုံးပေးရန် အနီရောင်အလင်းကို အသုံးပြုခဲ့သည်။
သွေးနီရောင်အလင်းတန်းက စစ်ထုတ်ခြင်းဟု ဆိုနိုင်သည်။ ပြောင်းလဲလိုက်တိုင်း၊ သူက ဟန်တောင်တန်းခေါင်းလောင်း၏ စွမ်းအားကို တစ်ယောက်တည်း တွန်းလှန်ရန် တခြားသူများ၏ တည်ရှိနေသမျှကို ဖုံးကွယ်ပြီး လူတစ်ဦးတည်းကိုသာ ဖော်ပြပါလိမ့်သည်။
ထိုသွေးနီရောင်အလင်းတန်းများက ၎င်းအတွင်း၌ ၎င်းတို့၏ စွမ်းအားကို ထုတ်ဖော်ခဲ့ကြသူများ၏ တည်ရှိမှုအားလုံးကို ပြောင်းလဲစေပြီး ၎င်းတို့၏ ကျင့်ကြံမှုအဆင့်ထက် အားနည်းသွားစေသည်။ ဤနည်းလမ်းဖြင့် လူများက စစ်မှန်သောစမ်းသပ်မှုအဖြစ်သာ ယူဆနိုင်သည့်အရာကို ကျော်ဖြတ်နိုင်မည်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် အရှေ့မြေရိုင်းနယ်မြေခေါင်းလောင်း၏မြင့်မြတ်သောစွမ်းရည်က ၎င်းတွေ့ရှိခဲ့သော မတူညီသောကျင့်ကြံမှုအဆင့်များအပေါ်အခြေခံ၍ ၎င်း၏စွမ်းအားကို ထုတ်လွှတ်နိုင်သောကြောင့်ဖြစ်သည်။ ၎င်းက ၎င်း၏ စွမ်းအားကို အနည်းငယ်မျှပင် မဖြုန်းတီးဘဲ လိုအပ်သည်ထက် ပို၍ ထုတ်လွှတ်မည်မဟုတ်ပေ။
သို့တိုင် ဤအရှေ့မြေရိုင်းနယ်မြေခေါင်းလောင်းက သာမန်ရတနာမဟုတ်သည်မှာ သေချာပါသည်။ ဤသည်မှာ မာန်မျိူးနွယ်စုမှ ကျင့်ကြံသူများကိုကာကွယ်ရန်အသုံးပြုခဲ့သော အရှေ့မြေရိုင်းနယ်မြေရှိ ကျင့်ကြံသူများ၏ပထမဆုံးဘုရားသခင်မှ ကျန်ရစ်ခဲ့သော မြင့်မြတ်သောရတနာ ဖြစ်သည်။
အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားသော ဒဏ်ခတ်မှုတစ်ခု ရှိခဲ့သည်။ ရန်သူက မည်သည့်ကျင့်ကြံမှုမျိုး ပိုင်ဆိုင်ထားသည်မှာ အရေးမကြီးပါပေ။ ရန်သူ၏ ကျင့်ကြံမှု အဆင့်နှင့် တူညီသော စွမ်းအားကို ထုတ်ပေးမှာ ဖြစ်သည်။ ရန်သူက ကျင့်ကြံမှုစွမ်းအားကောင်းကောင်းရှိလျှင် ခေါင်းလောင်းက ထိုအဆင့်အတွင်းရှိအမြင့်ဆုံးစွမ်းအားပမာဏကို ပြသမှာ ဖြစ်သည်။ ထိုအဆင့်အတွင်းရှိစွမ်းအား နှင့် တူညီသောအဆင့် အတွင်းမှာရှိသောအရာ အားလုံးကို ဖျက်စီးပစ်နိုင်လောက်အောင် ကြီးမားပါလိမ့်မည်။
နတ်ဆိုးဂိုဏ်းက ထိုကဲ့သို့ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီးဖြစ်သည်။သို့သော် ကပ်ဘေးကြီးက ၎င်းတို့အပေါ် နှစ်ငါးဆယ်တစ်ကြိမ်ကျရောက်လာသော်လည်း ခေါင်းလောင်းအောက်တွင် သေဆုံးမည့်သူအချို့ ရှိနေဆဲဖြစ်သည်။
အရှေ့မြေရိုင်းနယ်မြေ၏ခေါင်းလောင်း ကို သွယ်ဝိုက်၍ ထိန်းချုပ်ခြင်းနှင့်ကြယ်တာယာနတ်သမီးများ၏ လုပ်ဆောင်မှု ပြောင်းလဲခြင်းတို့ကို စွမ်းအားကြီးကျီအန်မှ ဖန်တီးခဲ့သည်။ ဤနည်းလမ်းက ရူးသွပ်ပြီး အန္တရာယ်ရှိနိုင်သော်လည်း ဂိုဏ်းအတွင်းရှိသူအားလုံးက ၎င်းတို့၏အချိန်ကို တခဏမျှပင် မဖြုန်းတီးချင်ဘဲ အခြားအင်မော်တယ်ဂိုဏ်းများကို တိုက်ခိုက်နိုင်စေရန် ဖြစ်သည်။ ၎င်းတို့က မြင့်မြတ်သောရတနာများကို အသုံးပြု၍ ကပ်ဘေးကြီးကို တိုက်ခိုက်နိုင်သည်။
ကျီအန် ထုတ်လွှင့်လိုက်သော အနီရောင် အလင်းတန်းများက ထိုအချိန်တွင် မကောင်းဆိုးဝါးဂိုဏ်းလေးခုလုံးတွင် ပျံ့နှံ့သွားသည်။ ကပ်ဘေး၏စမ်းသပ်မှုကိုဖြတ်ကျော်ရန် ပထမဆုံးလူတစ်ယောက်မှာ ချက်ချင်းရွေးချယ်ခံခဲ့ရသည်။ သူက ဂိုဏ်းအကြီးအကဲဖြစ်ပြီး စွမ်းအားကြီးသော ရှန်တုန်ပင်ဖြစ်သည်။
စုမင်က တောက်ပသော မျက်လုံးများဖြင့် သွေးနီရောင် အလင်းတန်းများကို စိုက်ကြည့်နေသည်။ အမျိုးသမီး ရှစ်ဦးနှင့် သွေးနီပုလင်းများကို သူတို့ရှေ့တွင် ကြည့်နေသည်။ တိတ်ဆိတ်နေသည့်ကြားထဲတွင် သူ့မျက်နှာပေါ်တွင် ရှုပ်ထွေးသောခံစားချက်အရိပ်အမြွက်ကို မြင်နေရသည်။
ထိုအချိန်တွင် သူ၏ သိုလှောင်အိတ်ထဲတွင် မှိန်းနေသောကြယ်တာယာနတ်သမီး ကို သတိရမိသည်...
နတ်ဆိုးဝိညာဉ်တောင်ထိပ်မှ ချောင်းဟန့်သဲတစ်ခုထွက် ပေါ်လာသည်။ နောက်ဆုံးတွင် ပေါင်ချိုးက
သူမ၏သွေးနီရောင် အလင်းတန်းများအောက်တွင် စိတ်အေးလက်အေးဖြစ်သွားသော်လည်း သူမ၏ အမူအရာင ပို၍ပင် ပြင်းထန်လာလေသည်။ သူမ၏ရင်ထဲတွင် နက်နဲသော စိုးရိမ်ပူပန်မှုကို တွေ့ရှိနိုင်သည်။ သူမက ဖြူဖျော့သော မျက်နှာဖြင့် စုမင်၏ နောက် ကျောသို့ လှမ်းကြည့်လိုက်သည်။
စစ်မှန်သောစမ်းသပ်မှုစတင်တော့မည်ကို သူမသိသည်။
သွေးနီရောင်အလင်းတန်းက ထိုရှန်တုန်ကို ချောင်းဟန့်သံကို ထုတ်ခဲ့သူတစ်ဦးဖြစ်ကြောင်း ပေါ်လွင်စေခဲ့သည်။ ထိုခဏတွင် ပြင်းပြင်းထန်ထန် အားကြီးသော စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးကို လှုပ်ခတ်သွားစေနိုင်သော စွမ်းအားလှိုင်းတစ်ခုဖြစ်လာသည်။ စုမင် ၏မျက်လုံးများ ကျဉ်းမြောင်းသွားကာ ထိုလမ်းကြောင်းဆီသို့ မျှော်ကြည့်ရန် ခေါင်းကို မော့လိုက်သည်။
ကောင်းကင်တွင် အနက်ရောင် မီးခိုးများ တလိပ်လိပ် တက်လာသည်ကို သူမြင်လိုက်ရသည်။ ထိုအချိန်တွင် ကြီးမားသော အရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ အမြင့်ပေတစ်သောင်းခန့်ရှိပြီး ၎င်း၏တစ်ကိုယ်လုံးမှာ လေတိုက်လျှင် လွင့်ထွက်သွားသလိုမျိုး အနည်းငယ် ကွဲထွက်သွားသော်လည်း အမှန်မှာ လေဘယ်လောက်ပင်ပြင်းထန်နေပါစေ ယင်းကို ခွဲထုတ်နိုင်မည်မဟုတ်ပေ။ ပုံရိပ်တစ်ခု ရှိခဲ့သည်။ထိုအရာက မာန်စိတ်ဝိညာဉ်နယ်ပယ်မှ ကြီးကျယ်ခမ်းနားစွာ ပြီးမြောက်အောင်မြင်သူများထံမှ ဖြစ်နိုင်သည်။ သို့မဟုတ် စွမ်းအားကြီးနယ်ပယ်ကိုရောက်ရှိခဲ့သော အင်မော်တယ်များထက်သာလွန်သော ကျင့်ကြံဆင့်ရှိသူများ တစ်စုံတစ်ယောက်မှ ထွက်လာသော လေပြင်းများ ဖြစ်သည်။
ထိုပုံရိပ်သည် လူကဲ့သို့ ထင်ရသော်လည်း ၎င်း၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သို့သော် ထိုပုံရိပ်မှ ပြန့်ကျဲထွက်လာသော တည်ရှိမှုကြောင့် စုမင် မျက်မှောင် ကျုံ့သွားသည်။
ထိုလူ၏ကျင့်ကြံမှုအဆင့်မှ ရရှိသော ခံစားချက်က ဒုတိယမာန်နတ်ဘုရားသခင်ထံမှ အမွေဆက်ခံပြီးနောက် စစ်မာရှင်းနှင့် ရင်ဆိုင်ရသောအခါနှင့် ဆင်တူသည်။
ထိုအချိန်တွင် ပုံရိပ်ယောင်က သွေးနီရောင် အလင်းတန်းများမှတဆင့် ပေါ်လွင်လာလေသည်။ ချက်ချင်းပင် ခေါင်းလောင်းကြီးက ကောင်းကင်၌
နားကွဲမတက် ဆူညံသံတစ်ခု ထွက်ပေါ်လာသည်။ ထိုခေါင်းလောင်းသံက လေထဲတွင် ပဲ့တင်ထပ်နေပြီး မြင့်မြတ်သော စွမ်းရည်မျိုး မထုတ်ခဲ့ပေ။ ၎င်းက ၎င်း၏ကြီးမားလှသော ကိုယ်ထည်ကို အသုံးပြုကာ မြေပြင်ပေါ်တွင် ဖိချခဲ့သည်။
ခေါင်းလောင်းက ဆယ်ပေခန့် ကျဆင်းလာသောအခါ လှိုင်းလုံးကြီးများက မြေပြင်အနှံ့ ပျံ့နှံ့သွားသည်။ မြေကြီးမှ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်လာပြီး နတ်ဆိုးတောင်က ထိုကြောင့်ပင် တသိမ့်သိမ့် တုန်လှုပ်သွားသည်။ ကြေမွနေသော ကျောက်တုံးအများအပြားက တောင်ပေါ်မှ ပြုတ်ကျပြီး နေရာအနှံ့ လျင်မြန်စွာ ပျံ့နှံ့သွားသည့် မြေပြင်ပေါ်တွင် အက်ကြောင်းများ ပေါ်လာသည်။
တစ်ချိန်တည်းမှာပင်၊ ကြီးမားပြီး မထင်ရှားသောပုံရိပ်က ခေါင်းလောင်း၏ဖိအားကို ထိန်းထားနိုင်ရန် ကောင်းကင်သို့ လက်ဆန့်ကာ တွန်းထုတ်လိုက်သည်။
ခပ်အုပ်အုပ်ပေါက်ကွဲသံက လေထဲတွင် တဟုန်ထိုး မြည်လာသည်။ ထိုအသံက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ပြန့်ကျဲလာသည်နှင့်အမျှ ခံစားချက်မဲ့သောပုံရိပ်က ဖိအားကို မခံနိုင်တော့ဘဲ ဖြစ်နေပုံရသည်။ ၎င်း၏လက်များက ဖိအားကိုမကိုင်တွယ်နိုင်တော့သကဲ့သို့ ပေါက်ကွဲသံကြီးနှင့်အတူ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံး ကွဲအက်သွားခဲ့သည်။
သို့သော်လည်း ပြိုကျနေသော အနက်ရောင် အရိပ်အတွင်းမှ နောက်ထပ်လူတစ်ဦးကို တွေ့နိုင်သည်။ ဆံပင်ရှည်ရှည်ရှိပြီး အပြာရောင် ၀တ်စုံကို ၀တ်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်သည်။ ကောင်းကင်ကို လှမ်းအော်ရင်း ထိုလူ၏ မျက်လုံးများက စူးရှနေသည်။
“ဒါက စွမ်းအားကြီးနယ်ပယ်နှောင်းပိုင်းအဆင့်အတွက် စွမ်းအားကန့်သတ်ချက်လား.. ငါ့ကို ဖျက်ဆီးဖို့ မလုံလောက်သေးဘူး”
လူလတ်ပိုင်းအရွယ် အမျိုးသားက ရှန်တုန် ဖြစ်သည်။ သူက ပျံတက်သွားပြီး ခေါင်းလောင်းဆီသို့ ဦးတည်လိုက်သည် ။
‘သူက မာန်စိတ်ဝိညာဉ်နယ်ပယ်..အင်မော်တယ်စွမ်းအားကြီးနယ်ပယ်ရဲ့ မဟာစက်ဝန်းကြီးနဲ့ ညီမျှတယ်’
စုမင်က ရှန်တုန်၏ပုံရိပ်ကိုကြည့်စဉ် ထိုအတွေးများက သူ့နှလုံးသားထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။
“သူထုတ်ပြတဲ့ပုံရိပ်က စွမ်းအားကြီးနယ်ပယ်အဆင့်မရှိဘူး..အဲ့ဒီနယ်ပယ်အောက်မှာပဲ..စွမ်းအားကြီးနယ်ပယ်နှောင်းပိုင်းအဆင့်ကိုပဲ ပြထားတာ..ဒါက ကြယ်တာယာနတ်သမီးတွေရဲ့အလင်းတန်းနဲ့ ဆက်စပ်နေလိမ့်မယ်..”
စုမင်က မျက်လုံးကို မှိတ်ထားသည်။ ကပ်ဘေးကြီးကိုတွန်းလှန်ရန် နတ်ဆိုးဝိညာဉ်ဂိုဏ်း အသုံးပြုသည့်နည်းလမ်းကို ခန့်မှန်းနိုင်ခဲ့သည်။ ၎င်းမှ ခေါင်းလောင်း၏ အဆင့် တစ်ခုအတွက် စွမ်းအားကန့်သတ်ချက်ကို ပြသနေခြင်းဖြစ်ကြောင်းလည်း ခန့်မှန်းနိုင်သည်။
ရှန်တုန်က ကောင်းကင်ရှိ ခေါင်းလောင်းကြီး နှင့် ပို၍နီးကပ်လာသည်နှင့်အမျှ သူ့ ခေါင်းကိုမော့ကာ တောက်ပသောမျက်လုံးများဖြင့် ကြည့်လိုက်သည်။ ထိုစဉ် မြင့်မြတ်သော မှော်စီးယာဉ်မှ လှိုင်းလုံးကြီးတစ်ခု ပေါ်လာပြီး ထိုလှိုင်းလုံးက တောင်ပေါ်မှ စီးဆင်းနေသော ပုံရိပ်ယောင် မြစ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
ပထမတစ်ချက်တွင်၊ ထိုမြစ်နှင့်တောင်က ပုံရိပ်ယောင် ဖြစ်နေသေးသော်လည်း ရုပ်ပိုင်းဆိုင်ရာအသွင်သဏ္ဍာန် လျင်မြန်စွာရရှိလာသောကြောင့် မကြာမီတွင် ကောင်းကင်၌ မြစ်တစ်စင်းနှင့် တောင်တစ်ခုရှိပုံရလေသည်။
တောင်နှင့်မြစ်တို့ ခေါင်းလောင်းပေါ်တွင် ထွင်းထုထားသည့်အရာများဖြစ်ပြီး ၎င်း၏မူလပုံစံမှာ တောင်ကိုးလုံး၊ မြစ်ကိုးမြစ်နှင့် သဲကန္တာရ ကိုးခုဖြစ်သည်။
ထိုအချိန်တွင် လေထဲ၌ ပေါ်လာသောအရာမှာ တောင်နှင့် မြစ်ဖြစ်သော်လည်း သဲကန္တာရမရှိပေ။ တောင်နှင့်မြစ် ပေါ်လာသည်နှင့် တပြိုင်နက် ရှန်းတုန် ၏ အမူအရာက မယုံနိုင်လောက်အောင် ရုပ်ပျက်ဆင်းပျက်ဖြစ်သည်ကို တွေ့လိုက်ရသည်။ မြစ်ရေ စီးဆင်းလာသောအခါတွင် ရှည်လျားသော နဂါးကြီးအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။ ထို့နောက် ရှန်တုန်ဆီသို့ တစ်ရှိန်ထိုး တက်သွားလေသည်။ တစ်ချိန်တည်းမှာပင် တောင်ကြီးမှ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်လာပြီး ရှန်တုန်၏ အပေါ်သို့ ပြိုကျသွားသည်။
အချိန်အတော်ကြာအောင် ဖြစ်ပျက်နေပုံရသော်လည်း အမှန်မှာ တောင်နှင့်မြစ် ပေါ်လာပြီးကတည်းက အသက်ရှိုက်စာအနည်းငယ်မျှသာ ကုန်သွားခဲ့သည်။ လေထဲတွင် နားသည်ကွဲမတက် ပေါက်ကွဲသံများ ထွက်ပေါ်လာသောအခါ တောင်နှင့်မြစ်တို့သည် ပျောက်ကွယ်သွားသည်။ရှန်တုန်က သွေးချောင်းဆိုးလိုက်သော်လည်း ကျယ်လောင်စွာ ရယ်မောကာ ပြန်ဆုတ်သွားခဲ့သည်။
ကြယ်တာယာနတ်သမီးရှစ်ယောက်က ၎င်းတို့၏ခြေရာကို ပြောင်းလဲလိုက်ကြပြီး နတ်ဆိုးဝိညာဉ်ဂိုဏ်း၏ သွေးနီရောင်အလင်းတန်းများက ချက်ချင်းပြောင်းလဲသွားသည်။ အခြားသူတစ်ဦးထံမှ စွမ်းအားလှိုင်းမထုတ်မီတွင် ထိုအနီရောင်အလင်းတန်းများက ရှန်တုန် ၏တည်ရှိမှုကို ဖုံးအုပ်ထားသည်။ မတူကွဲပြားသော လူတစ်ဦးချင်းစီတွင် ဘေးဒုက္ခ၏ အသွင်အပြင်က ပြောင်းလဲနေလေသည်။ ထုတ်ဖော်သူများက တိုက်ခိုက်မှုကို အောင်မြင်စွာ ပြုလုပ်နိုင်သည် သို့မဟုတ် ဖြစ်စဉ်တွင် သေဆုံးမည်ဖြစ်သည်။
နာကျင်စွာ အော်ဟစ်သံများက လေထဲမှာပဲ့တင်ထပ်လာသည်...
“ဒါက ကိုးယောက်မြောက်လူပဲ...”
စုမင်နောက်ရှိ ပေါင်ချိုးက စကား ပြောလိုက်သည်။ သူမက ဖြူဖပ်ဖြူရော်မျက်နှာဖြင့် ပြတင်းပေါက်အပြင်ဘက် ကောင်းကင်ကို မော့ကြည့်လိုက်သည်။
စုမင်က စကားမပြောပေ။ ဝမ်းနည်းမှုက သူ့မျက်နှာမှာ တဖြည်းဖြည်း ပေါ်လာသည်။ ဤပြည်သို့ ဆင်းသက်လာသော အင်မော်တယ်များ သို့မဟုတ် ၎င်းတို့၏ သွေးမျိုးဆက်ကို ပြောင်းလဲခဲ့သော မာန်ကျင့်ကြံများအတွက် ဝမ်းနည်းခြင်းမဟူတ်ပေ။ ရှေးခေတ်ကတည်းက မပြောင်းလဲခဲ့သော အရှေ့မြေရိုင်းနယ်မြေ မှော်စီးယာဉ်၏တည်ရှိမှုအတွက် ဖြစ်သည်။
တည်မြဲမှုအတွက် သူ ဝမ်းနည်းမိသည်...
ထိုခေတ်ကာလတွင် နတ်ဆိုးဝိညာဥ်ဂိုဏ်းက ဘေးကပ်ဆိုးကြီး ၎င်း၏ဂိုဏ်းရှိလူများအတွက် စမ်းသပ်မှုတစ်ခုအဖြစ် အသုံးပြုခဲ့သည်။ ထိုစမ်းသပ်မှုက ယခုထိ မပြောင်းလဲသေးပေ။
စုမင်က ကျင့်ကြံဆင့်ကို ဖြန့်ကျက်ပြီး ထုတ်ဖော်ပြသခဲ့သော ပြင်ပလူ အားလုံးကို သတ်ရန် ကြိုးပမ်းနေသည့်ခေါင်းလောင်းကြီးကို ကြည့်ရှုခဲ့သည်။ နှစ်ငါးဆယ် တစ်ကြိမ်သာ ကျရောက်မည့် ဤနေ့တွင် ၎င်း၏ တာဝန်ကို ကျေပွန်အောင် စွမ်းဆောင်နိုင်ခဲ့သည်။
စုမင်က မျက်လုံးမှိတ်လိုက်သည်။
ခဏကြာသော် အအေးဓာတ်က သူနေသော အဆောက်အဦးကို ရုတ်တရက်ဝိုင်းရံလိုက်သည်။ တစ်ချိန်တည်းမှာပင် ပေါင်ချိုးအတွက် ကပ်ဘေးကြီးရောက်ရှိလာသည်။
ပြင်းထန်သောဖိအားတစ်ခုက အဆောက်အဦးပေါ်သို့ လျင်မြန်စွာဆင်းသက်လာပြီး ပေါင်ချိုး၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။ သူမက တုန်တုန်ယင်ယင်နှင့် အံကြိတ်ထားလေသည်။
စုမင်က မျက်လုံးစုံမှိတ်ထားဆဲဖြစ်သည်။