ချိတ်တံဆိပ်ခတ်ခြင်း
Vol. 45 Ch. 618
‘ ခေါင်းလောင်းရဲ့သခင်ဖြစ်ခွင့်ရှိပါ့မလား...’
ဤအတွေးက စုမင်၏နှလုံးသားထဲတွင် ပေါ်လာသည်။
အရှေ့မြေရိုင်းနယ်မြေ၏ခေါင်းလောင်းကြီး။ ၎င်းက မာန်မျိုးနွယ်စု၏ မြင့်မြတ်သော မှော်စီးယာဉ်ဖြစ်ခဲ့ဖူးသည်။ပထမမာန်နတ်ဘုရားက သူ၏သားစဉ်မြေးဆက်အတွက် ကောင်းချီးတစ်ခုအဖြစ် ကျန်ရစ်ခဲ့သောရတနာဖြစ်ပြီး အပြင်လူအားလုံးကိုခြိမ်းခြောက်ရန်အသုံးပြုသည့်အရာတစ်ခုလည်းဖြစ်သည်။ သူ့ကိုယ်ပွားနှစ်ယောက်ဖြစ်သော တိထျန်းနှင့် နတ်ဆိုးဂိုဏ်းမှ ကျီအန်ထံသို့ စေလွှတ်လိုက်ပြီး ရတနာ၏နွယ်ဖွားမှုကို ထိန်းချုပ်သည့် ဥပဒေများကိုသာ ပြောင်းလဲရန် ဖြစ်သည်။ သို့ပေမဲ့ ဖျက်ဆီးပစ်၍ မရပေ။
‘အဲ့ဒီတောင်နဲ့မြစ်က မာန်စိတ်ဝိညာဉ်နှောင်းပိုင်းအဆင့် ကျင့်ကြံသူနဲ့ ညီမျှတယ်.. တောင်၊ မြစ်နဲ့ သဲကန္တာရ ကိုးခုစီကို ဖော်ထုတ်ခဲ့မယ်ဆိုရင် ပေါက်ကွဲထွက်မဲ့ စွမ်းအားလှိုင်းက ဘယ်အဆင့်အထိ ဖြစ်လောက်မလဲ..”
စုမင်က မျက်လုံးဖွင့်လိုက်သည်။ သူ့နောက်ရှိ ပေါင်ချိုးက တဆတ်ဆတ်တုန်ယင်နေလေသည်။ သူမ၏မျက်နှာပေါ်တွင် ရုန်းကန်နေရပုံ ပေါ်ပြီး သူမ၏သွားများကို တင်းတင်းကျပ်ကျပ် အံကြိတ်ထားသည်။ သူမ၏လက်ပေါ်ရှိ တံဆိပ်များက အဆက်မပြတ်ပြောင်းလဲနေသည်။သူမ စုမင်ကို ကူညီပေးရန် မတောင်းဆိုခဲ့ပေ။
သွေးနီရောင် အလင်းတန်းများက အဆောက်အဦးကို လုံးလုံးလျားလျား လင်းထိန်သွားသည်။ ပေါင်ချိုး၏ တည်ရှိမှုနှင့် စွမ်းအားက ခေါင်းလောင်းကြီး အောက်တွင် ပြင်ပလူတစ်ဦးအဖြစ် ထင်ရှားစွာ ပေါ်လာသည်။
သူမ၏ စွမ်းအားလှိုင်းက အင်မော်တယ် ဝိညာဉ်အသွင်ပြောင်းခြင်းနှင့် ဝိညာဉ်ဖွဲ့စည်းခြင်းကြားတွင်ဖြစ်သည်။ ထိုအချိန်တွင် သူမ၏ စွမ်းအားလှိုင်းများ ပေါ်လွင်လာသောအခါ ခေါင်းလောင်းကြီးက သူမအပေါ်သို့ လျင်မြန်စွာ ဆင်းသက်လာသည်။ အဆောက်အအုံ တစ်ခုလုံး တုန်လှုပ်သွားသည်။ ပေါင်ချိုးဆီမရောက်မီတွင် အမျိုးသမီးရုပ်တုက ချက်ချင်းပြိုကျကာ အပိုင်းပိုင်းကွဲသွားသည်။ သူမ ပါးစပ်မှသွေးများ ချောင်းဆိုးလိုက်ကာ သူမ၏မျက်နှာမှာ ဖျော့တော့သွားလေသည်။
ခေါင်းလောင်းကြီးက နောက်ထပ်ငါးပေမှ ဆင်းသက်လာပြီး ၎င်းက ရေနစ်နေသူအား ရေအနက်ထဲသို့ ဆွဲငင်လိုသည့်အတိုင်း ရုတ်တရက် ကြီးမားပြီး လေးလံသော အင်အားတစ်ခု ပေါ်လာသည်။ ပေါင်ချိုး၏ မျက်လုံးများတွင် စိတ်ပျက်အားငယ်မှု ပေါ်လာသည်။
ခေါင်းလောင်းကြီး ဆင်းလာသည်နှင့်အမျှ ခေါင်းလောင်း၏ပုံရိပ်ယောင်က အမျိုးသမီးငယ်အပေါ်သို့ ကျရောက်နေသည်ကို မြင်တွေ့နိုင်သည်။ ထိုအချိန်တွင် အဆောက်အဦးပေါ်သို့ ပြုတ်ကျနေပြီဖြစ်သည်။ ၎င်းက နံရံများအတွင်းသို့ ချိုး ဖောက်ဝင်သွားပြီး အပြင်လူအားလုံးကို သတ်ပစ်ရန် ၎င်း၏တာဝန်ကို စတင်လုပ်ဆောင်ခဲ့သည်။
စုမင်က သက်ပြင်းချကာ လှည့်ကြည့်လိုက်သည်။ တခဏချင်းမှာပဲ ခေါင်းလောင်းပုံရိပ်ယောင်က အဆောက်အဦးထဲကို ဝင်ရောက်လာသည်။ပေါင်ချိုးရှိရာ ဆင်းလာသော် စုမင်က သူ့ညာလက်ကို မြှောက်လိုက်သည် ။
၎င်းကြောင့် စုမင်က ကျောရိုးထိစိမ့်အောင်ကျက်သီးထသွားသော်လည်း သူ့အမူအရာမှာ ယခင်အတိုင်း တည်ငြိမ်နေခဲ့သည်။ ခေါင်းလောင်း၏ပုံရိပ်ယောင်က ဆက်မလာတော့ဘဲ သူ၏ညာဖက်လက်တွင် ကျန်ရစ်ခဲ့သည်။ စုမင်က ၎င်း၏ လမ်းကြောင်းတွင် ပြင်းထန်စွာ ရပ်တန့်ခဲ့သည်။
စုမင်၏ညာလက်က ခေါင်းလောင်း၏ပုံရိပ်ယောင်ကိုထိလိုက်သည်နှင့် တပြိုင်နက် ကောင်းကင်ယံ၌ ခေါင်းလောင်းသံရှည်တစ်ခုထွက်လာသည်။ တစ်ချိန်တည်းမှာပင် စုမင် ၏ နှလုံးသားထဲသို့ အစွမ်းထက်သောစိတ်ဆန္ဒ စွမ်းအားတစ်ခု ချက်ချင်းကျရောက်လာသည်။
စိတ်ဆန္ဒက ဘာမှမပြောဘဲ အေးစက်ပြီး ရှေးခေတ်လေထုကို ထုတ်လွှတ်လိုက်သည်။ စုမင်၏ကိုယ်ထည်ကို ဆန်းစစ်ပြီးသည်နှင့် ခေါင်းလောင်းကြီး ရှိရာ ကောင်းကင်သို့ ပြန်သွားခဲ့သည်။ မကြာခင်မှာပဲ စုမင်ကို ကျော်ဖြတ်ပြီး ပေါင်ချိုးကို သေသည့်အထိ နှိပ်စက်ချင်သော ဖိအားတွေ ထပ်ပြီး ကျဆင်းလာသည်။
ကောင်းကင်ယံမှာ တောင်ကြီးတစ်ခု ထွက်ပေါ်လာလေသည်။
ထိုတောင်က ပေတစ်သိန်းမြင့်ပြီး တိမ်တိုက်များပေါ်တွင် မျှော်စင်သဖွယ် မြင့်မားပြီး ထင်ယောင်ထင်မှားဖြစ်နေလေသည်။ထိုတောင်ကြီးပေါ်လာသော် နတ်ဆိုးဝိညာဉ်ဂိုဏ်းမှ စောင့်ကြည့်နေသူတွေအားလုံး၏ အမူအရာများက ချက်ချင်း ပြောင်းလဲသွားကြတယ်။ ရှနါတုန် ၏ မျက်လုံးများမှာလည်း တလက်လက်တောက်ပနေသည်။
ယခုအချိန်အထိရှန်းတုန် တစ်ယောက်တည်းသာ ကပ်ဘေးကြီးအတွင်း ခေါင်းလောင်းကြီး မှ တောင်နှင့်မြစ်ကို ပေါ်လာအောင် ပြုလုပ်နိုင်ခဲ့သည်။ ခေါင်းလောင်းသံက စူးရှနေအောင်ထွက်ပေါ်လာပြီး ဆင်းလာသည်နှင့်အမျှ ဖိအားသည် ၎င်းတို့ကို သတ်ရန် လုံလောက်သောကြောင့် အခြားသူအားလုံးက ဤကဲ့သို့ တုံ့ပြန်ပိုင်ခွင့်မရှိပေ။
“ပေါင်ချိုး...”
ရှန်းတုန်က တိုးညှင်းစွာပြောလိုက်သည်။
တောင်ကြီး ပေါ်လာသည်နှင့် ကောင်းကင်ထက်ဝက်နီးပါးကို သိမ်းပိုက်လိုက်သည်။ ၎င်းက စိမ်းလန်းနေပြီး အသက်စွမ်းအားများစွာ ပြည့်လျှံနေသည်။ထို့နောက် သွေးနီရောင် အလင်းတန်းများမှ ထွက်လာသည့် အဆောက်အအုံကြီးပေါ်သို့ လျင်မြန်စွာ ဆင်းသက်လာသည်။
ပေါင်ချိုးက စုမင်အနားတွင်ရှိနေပြီး ထိုအချိန်တွင် သူမ မျက်လုံးများ ပြူးကျယ်သွားသည် ။ ကောင်းကင်က တောင်ကြီး၏ စွမ်းအားကို သူမ ကောင်းကောင်း ခံစားနိုင်သည် ။ ဤသည်မှာ သူမ မမြင်ဖူးသော အရာဖြစ်သည်။
စုမင်၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။ သူ့ယခင်အတွေးများက မှားနေကြောင်း ရုတ်တရက် သိလိုက်ရသည်။
ခေါင်းလောင်းကြီးက စုမင်၏ကိုယ်ခန္ဓာမှ ၎င်း၏အလိုဆန္ဒကို ပြန်လည်ရယူလိုက်သည်။ထို့နောက် လေထဲတွင် ပေါ်လွင်နေသည့် တောင်ကြီးအား ပေါင်ချိုးဆီသို့ မရည်ရွယ်ဘဲ သူ့ဆီသို့ ဦးတည်သွားကြောင်း တွေ့ရှိခဲ့သည်။
စုမင်၏ မျက်နှာပေါ်တွင် ခပ်မဲ့မဲ့အပြုံးတစ်ခု ပေါ်လာသည်။ ဆင်းလာသော ပုံရိပ်ယောင်တောင်တန်းကို တစ်ဖန်ပြန်ကြည့်လိုက်သည်။ ၎င်းက သူ့အပေါ် အမှန်တကယ် သတ်ပစ်ရန် ရည်ရွယ်ချက်ကို မရှိကြောင်း ပြောနိုင်သည် ။
အခြားလူများက ခေါင်းလောင်းကြီးက အဆောက်အဦးပေါ်သို့ ဆင်းလာသည်ကိုသာ မြင်ကြလိမ့်မည်။ စုမင်ထံဦးတည်သည်ဟု မထင်ကြပေ။
“မင်းဆီမှာ ငါ့ကိုသတ်မဲ့အရိပ်အယောင်မတွေ့ရဘူး..ဒါဆို ဘာလို့ ခေါင်းလောင်းက ငါ့ဆီဦးတည်တာလဲ... ဒါပေမဲ့ ငါ့ကိုမသတ်ဘူးဆိုရင်တော့ စမ်းသပ်ချက်တစ်ခုပဲဖြစ်ရမယ်...”
စုမင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ တစ်ချိန်တည်းမှာပင် သူ့မျက်နှာပေါ်ရှိ အပြုံးက ပိုမိုပီပြင်လာကာ သူ့မျက်လုံးထဲတွင် လေးစားမှုများ ရှိနေလေသည်။
ခေါင်းလောင်းကြီးနှင့်ပတ်သက်သည့်ခံစားချက်မှာ စုမင်က အခြားသူများနှင့် ဆန့်ကျင်ဘက်ဖြစ်နေလေသည်။ ထို့ပြင် ခေါင်းလောင်းကြီးက ဟန်တောင်တန်းခေါင်းလောင်းနှင့်ဆင်တူသည်။ထို့ကြောင့်... ရတနာတစ်ခုသာဖြစ်သော်ငြား စုမင်က ၎င်းကို လေးစားဆဲပင်။
ထိုတောင်ကြီး၏ စွမ်းအားများ ကျဆင်းလာသည်နှင့်အမျှ စုမင် သူ၏ ညာလက်ကို မြှောက်လိုက်သည်။ သူက သူ့လက်မကို သူ့လက်ညိုးတစ်ဖက်နှင့် ထိလိုက်သော် ဒဏ်ရာသေးသေးလေး ပေါ်လာသည်။ စုင်၏ ညာဘက်လက်ညိုးမှ ေသွးများစီးကျလာသည်။သူ့ခေါင်းကို မော့လိုက်သောအခါ ထိုတောင်ကြီးတစ်ခု၏ စွမ်းအားက နီးကပ်လာသည်ကို သတိပြုမိပြီး ပေါင်ချိုးက ပို၍ပင် ပြင်းထန်စွာ တုန်ရီနေလေသည်။ ထိုအချိန်တွင် သူက ပေါင်ချိုး ၏ နဖူးပေါ်သို့ သွေးစွန်းနေသော လက်ညိုးကို ဖိလိုက်သည်။
သူမမျက်ခုံးအလယ်မှာ သွေးအမှတ်အသားကျန်ခဲ့သည်။
ထိုအရာက သင်္ကေတတစ်ခုပင်။ နဖူးပေါ်မှ သွေးများကို သုတ်လိုက်သည့် အချိန်တွင် ပေါင်ချိုး မှာ လုံးဝ အံ့အားသင့်သွားလေသည်။ သူမအပေါ် ဖိအားတစ်စုံတစ်ရာ မခံစားနိုင်တော့ကြောင်း သိလိုက်ရသောကြောင့်ပင် ဖြစ်၏။
ခေါင်းလောင်းကြီးက သူမကို ဖိအားအပြင်ဘက်မှာ ထားထားသကဲ့သို့ ခံစားရရုံသာမက ကပ်ဘေးကြီးမှ လွတ်မြောက်သွားသကဲ့သို့ပင်။
ထိုမြင်ကွင်းက ပေါင်ချိုး၏ နှလုံးသားကို တဒုန်းဒုန်းခုန်စေလေသည်။ သူမစိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်စွာဖြင့် စုမင် ဆီသို့ လှမ်းကြည့်လိုက်သည်။ သူမ မျက်နှာပေါ်တွင် အံ့ဩမင်သက်သော အမူအရာ ရှိပြီး သူမ၏ နှလုံးသားထဲတွင် ကြီးမားသော မုန်တိုင်းတစ်ခု ကျရောက်နေသည်။ သူ့ရင်ထဲမှာ ပေါက်ဖွားလာသော မေးခွန်းမျိုးစုံက သူမ အသက်ရှုနှုန်းကို ချက်ချင်း မြန်စေသည်။
စုမင်က ကိုသူမ၏မျက်ခုံးအလယ်ဗဟိုတွင်သွေးကိုသုတ်လိမ်းရုံဖြင့်သူမအား ကပ်ဘေးကြီးမှ လွတ်မြောက်စေသည်။ သူမအနေဖြင့် နားလည်ရခက်နေလေသည်။
စုမင် မည်သည့်နည်းလမ်းများကိုအသုံးပြုကြောင်း မနားမလည်နိုင်ခဲ့ပေ။ စုမင်က ဘယ်သူလဲ။ သူ့မှာ ကျင့်ကြံ ဆင့် ဘယ်လောက်ရှိသနည်း သူဘယ်ကလာသနည်း။
ထို့ပြင် အရှေ့မြေရိုင်းခေါင်းလောင်းကြီးနှင့် မည်ကဲ့သို့ဆက်စပ်မှုရှိသနည်း။
ထိုလျှို့ဝှက်ချက်ကို သေချာမခန့်မှန်းနိုင်ခဲ့ပေ။ ထို့နောက်သူမ တစ်စုံတစ်ခုကို သတိရသွားသလို မျက်လုံးများ ပြူးကျယ်သွားကာ စုမင်ကို ဗြောင်ကျကျ စိုက်ကြည့်နေသည်။ မယုံကြည်နိုင်မှု နှင့်ရှုပ်ထွေးမှုများ သူမမျက်နှာပေါ်တွင် ပေါ်လာသည်။
ကျယ်လောင်သော ပေါက်ကွဲသံက လောကကြီးထဲတွင် ပဲ့တင်ထွက်ပေါ်လာသည်။ နတ်ဆိုးဂိုဏ်းမှ လူများအားလုံး ကြည့်နေချိန်တွင် တောင်ကြီးက နှစ်ထပ်အိမ် အတွင်းသို့ ဆင်းသက်လာသည်။ ရှန်တုန်အပါအဝင် လူတိုင်းက ပေါင်ချိုး၏အိမ်တွင် အခြားလူရှိနိုင်သည်ဟု မထင်ခဲ့ပေ။
သူတို့အတွက်ကတော့ ပေါင်ချိုးက ထင်ရှားပေါ်လွင်နေသော တောင်ကြီး၏ တန်ခိုးကို ဆန့်ကျင်တိုက်ခိုက်နေသူပင်။
စုမင်၏ရှည်လျားသောဆံပင်များ လေထဲတွင် ပျံဝဲနေပြီး ၀တ်ရုံများ တဖျပ်ဖျပ်ခတ်နေချိန်တွင် သူ၏ညာလက်ကို လျင်မြန်စွာ ရုတ်သိမ်းလိုက်သည်။ သူက စိမ်းလန်းသောတောင်၏ပုံရိပ်ယောင် စိုက်ကြည့်နေလေသည်။၎င်းက သူ့စိတ်ဝိညာဉ်ကို ချေမှုန်းပစ်ချင်သလိုဖြစ်သည်။ နီးကပ်လာသည်နှင့်အမျှ စုမင်က သူ့လက်ကို မြှောက်လိုက်သည်။
တောင်ကြီးကို တွန်းလိုက်သည်နှင့် တပြိုင်နက် လေထဲတွင် တဟုန်းဟုန်း ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ထိုပေါက်ကွဲသံက လှိုင်းကဲ့သို့ ပျံ့နှံ့သွားပြီး နတ်ဆိုးတောင်တန်းတစ်ခုလုံး ပဲ့တင်ထပ်သွားသော်လည်း ထိုအသံကို လူ့နားဖြင့် မကြားနိုင်ပေ။ စိတ်ဝိညာဉ်ဖြင့်သာ အာရုံခံစားနိုင်မည်ဖြစ်သည်။ စိတ်ဝိညာဉ်အတွက်သာ အသံဖြစ်ခဲ့သည်။
ရှန်းတုန်ပင်လျှင် အချိန်များစွာကြာအောင် မင်သက်နေလေသည်။ ထိုအသံက သူတို့ခေါင်းထဲတွင် ပဲ့တင်ထပ်ကာ အချိန်အတော်ကြာပြီးနောက်ပင် ကျန်ရှိနေသေးသည်။
ထိုအချိန်တွင် ပေါင်ချိုးက တစ်စုံတစ်ခုကို မြင်လိုက်ရပြီး သူမ မေ့မရနိုင်သော အရာတစ်ခု ဖြစ်လာခဲ့သည်။ ထာဝရအမှတ်တရအဖြစ် သူမ၏စိတ်ဝိညာဉ်တွင်ပင် ထွင်းထုခံရမည်ဖြစ်သည်။
စုမင် ပြုံးနေသည်ကို သူမ မြင်လိုက်ရသည်။
သူ ညာလက်ဖြင့် တောင်ပုံရိပ်ယောင်ကို ထိလိုက်စဉ်တွင် နောက်ထပ်ပုံရိပ်ယောင်တစ်ခုပေါ်လာသည်။ ထိုပုံရိပ်ယောင်က ခေါင်းလောင်းတစ်ခုပင်။
၎င်းက စုမင် ပတ်ပတ်လည်တွင် ထင်ရှားနေပြီး သူ့ကို လုံး၀ ဖုံးအုပ်ထားသည်။ထို့ပြင် ပေါင်ချိုးက ပုံရိပ်ယောင်ခေါင်းလောင်းပေါ်၌ ခေါင်းကိုးလုံးရှိသော သားရဲ၏ရုပ်ကို မြင်နိုင်သည် ။ တောင်များ၊ မြစ်များနှင့် သဲကန္တာရများ၏ ပုံများကို ထိုနေရာတွင် ထွင်းထုထားခြင်းမရှိသော်လည်း စုမင် ပတ်လည်တွင် ခေါင်းလောင်းကို မြင်လိုက်ရသည်နှင့် ပေါင်ချိုး တုန်လှုပ်သွားစေသည်။ သူမက အရှေ့မြေရိုင်းနယ်မြေခေါင်းလောင်းကြီးကို ကိုယ်တိုင်မြင်ရသလိုပင် ခံစားခဲ့ရသည်။
ဝိညာဉ်နှင့်သာကြားရပြီး အခြားသူများကို မင်သေစေသည့် တောင်ကြီးမှ စွမ်းအားများက ပုံရိပ်ယောင်ခေါင်းလောင်းနှင့် တိုက်မိပြီးနောက် ပြန့်ကျဲသွားခဲ့သည်။
တောင်ကြီး၏ စွမ်းအားက ဟန်တောင်ခေါင်းလောင်းထဲသို့ ရောနှောသွားသောအခါ...စုမင် ခေါင်းလောင်း၏မျက်နှာပြင်ပေါ်တွင် ခေါင်းကိုးလုံးနဂါးအပြင် တောင်ကြီးတစ်ခု ပေါ်လာသည်။
“မင်းရဲ့အသွင်အပြင်က ငါ့သခင် လေ့ရှန်ရှို့ ထားခဲ့တဲ့ ဥပဒေတွေနဲ့ ကိုက်ညီတယ်.. အပြင်လူတွေက ငါတို့ရဲ့မာန်မျိုးနွယ်စုနယ်မြေကို သိမ်းပိုက်လိုက်တဲ့အခါ...အရှေ့မြေရိုင်းမျှော်စင်ကြီးကို ငါဖြိုချပစ်ရမှာပေါ့... မျှော်စင်က ကိုးဆယ့်ကိုးလွှာရှိပြီး ထိပ်ကိုရောက်တဲ့သူက ငါ့သခင်အသစ်အဖြစ်...သတ်မှတ်မယ်..အဲ့ဒီသူက လေ့ရှန်ရှိုရဲ့နိမိတ်ဖတ်ချက်ကို ခံယူရမည်ဖြစ်ပြီး ထိုလူက အသက်လမ်းစဉ်ကို နားလည်လိမ့်မယ်...”
“မင်းရဲ့ စွမ်းအားက ငါ့စွမ်းအားကို ခံနိုင်ရည်မလောက်ဘူး... မင်းကို တောင်ကြီးတစ်လုံးရဲ့ တံဆိပ်ကို ငါပေးလိုက်မယ်... မင်းနဲ့အတူ အရှေ့မြေရိုင်းနယ်မြေရဲ့ မျှော်စင်ထဲကို ဝင်ခွင့်ပေးမယ်..ပြီးတော့ သွေးခြေရာခံကျင့်စဥ်ကို အသက်သွင်းလိုက်ပါ..”
“မင်းက တောင်ရဲ့တံဆိပ်ကို ပထမဆုံးရရှိသူပဲ..အရှေ့မြေရိုင်းနယ်မြေရဲ့ မျှော်စင်ပေါ်လာရင် အခြားနှစ်ဆယ့်ခြောက်ယောက်က မင်းနောက်ကနေ ဝင်ရောက်ခွင့်ကို ရရှိလိမ့်မယ်...”
အေးစက်ပြီး ရှေးကျသော အသံက စုမင် ၏ ခေါင်းထဲတွင် ပဲ့တင်ထပ်နေသည်။ စုမင်၏ မျက်လုံးများတွင် စူးရှ သောအကြည့်တစ်ခု လျင်မြန်စွာပေါ်လာသည်။ ခဏအကြာတွင် စကားသံက ပျောက်ကွယ်သွားသည်။ သွေးနီရောင် အလင်းတန်းများ ပြောင်းလဲလာသည်နှင့်အမျှ နှစ်ထပ်တိုက်ကြီးက ၎င်းအတွင်း၌ ချက်ချင်းပင် ဖုံးကွယ်သွားခဲ့သည်။
စုမင်၏ မျက်လုံးများ တောက်ပလာသည်။ သူ့ခေါင်းထဲက စကားသံများ ပျောက်ကွယ်သွားသော်လည်း စကားလုံးများဧ။်နောက်ကွယ်က အဓိပ္ပါယ်က သူ့အတွက် အချိန်အတော်ကြာအောင် တွေးကြည့်ရန် လုံလောက်သည်။
‘အရှေ့မြေရိုင်းမျှော်စင်... အဲ့ဒီကိုသွားဖို့ လိုအပ်တာတွေရှိတာပဲ..အပြင်လူတွေက မာန်မျိုးနွယ်စုရဲ့နယ်မြေတွေကိုသိမ်းပိုက်လိုက်တဲ့အပြင်.. နောက်ထပ်လိုအပ်ချက်က တစ်ခုရှိသေးတယ်....”
“လေ့ရှန်ရှို့”
စုမင်၏ မျက်လုံးများတွင် စူးစူးဝါးဝါး အကြည့်တစ်ချက် ပေါ်လာသည်။
ထိုအချိန်တွင် ပေါင်ချိုးက စုမင်အား ထိတ်လန့်သောအမူအရာဖြင့် စိုက်ကြည့်နေပြီး လေးစားမှု တဖြည်းဖြည်း ပေါ်လာသည်။ သူနှင့်ချိတ်ဆက်နေသော သခင်ကျေးကျွန်က မွေးဖွားလာလို့ပဲဖြစ်ဖြစ် တခြားအကြောင်းတွေကြောင့်ပဲဖြစ်ဖြစ် လူမျိုးတိုင်းက အမြဲတမ်း စွမ်းအားကြီးသူများကို လေးစားကြသည်။ လောကကြီးက မည်ကဲ့သို့ တိုးတက်လာပါစေ မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်သည့် ထာဝရဥပဒေဖြစ်သည်။
“ကျေးဇူးတင်ပါတယ် သခင်လေး..”
ပေါင်ချိုးက ထလိုက်ပြီး လက်သီးကို လက်ဖဝါးနှင့် ပတ်ပြီးစုမင်ကို ဦးညွှတ်လိုက်သည်။