← Chapters

ဆိုးယုတ်မှု

Vol. 45 Ch. 619

ဆိုးယုတ်မှု

Vol. 45 Ch. 619

စုမင်က သူ့အတွေးထဲတွင် နှစ်မြှုပ်နေပြီး ပေါင်ချိုးကို ဂရုမစိုက်ပေ။

အချိန်အတော်ကြာပြီးနောက် သူမက မတ်တပ်ရပ်ကာ ဘေးမှာ ငြိမ်နေလိုက်သည်။ ရံဖန်ရံခါတွင် သူမ၏အကြည့်များက စုမင်ထံရောက်သွားသည်။သူမ၏မျက်နှာပေါ်တွင် စူးစမ်းလိုစိတ်နှင့် ရှုပ်ထွေးမှုများပေါ်လာသည်။

ထိုလူမျိုးနှင့် တွေ့ရန်ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

အမှန်အတိုင်းပြောရရင် စုမင်က သူမ၏ မျက်ခုံးအလယ်မှာ သွေးစက်ကို သုတ်လိုက်သည့်အခါ ကပ်ဘေးကြီးပျောက်ကွယ်သွားပြီး တစ်ချိန်တည်းမှာပင် တစ်စုံတစ်ယောက်ကို သတိရမိသွားသည်။

ထိုပုံစံမျိုးနှင့် ဆုံကြလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။ ထို့ပြင် စုမင်က သူ့သခင် ဖြစ်လာသည်။

အချိန်က တရွေ့ရွေ့ကုန်ဆုံးသွားလေသည်။ မျှော်စင်အပြင်ဘက် နေရာက တိတ်ဆိတ်နေသော်လည်း ဖိအားများနှင့် ခေါင်းလောင်းသံများက အပြင်ဘက်တွင် ဆက်လက်ရှိနေပါသည်။ ကောင်းကင်က တဖြည်းဖြည်း မှောင်လာပြီး သန်းခေါင်ယံသို့ ရောက်ရှိလာသောအခါ၊ နတ်ဆိုးဝိညာဉ်ဂိုဏ်း၏ ဘေးအန္တရာယ်အောက်တွင် လူသုံးဆယ်ကျော် သေဆုံးခဲ့ရသည်။

ထိုလူအများစုက သူတို့၏ သွေးမျိုးဆက်ကို ပြောင်းလဲခဲ့သော မာန်မျိုးနွယ်စုများပင်ဖြစ်သည်။ ထိုလူများက နတ်ဆိုးကျင့်စဉ်များကို ကျင့်ကြံရန် ၎င်းတို့၏သွေးမျိုးဆက်ကို ပြောင်းလဲခဲ့သည်။ အကြောင်းအမျိုးမျိုးဖြင့် ၎င်းတို့၏ဘိုးဘေးများကို သစ္စာဖောက်ခဲ့သည်။

ထိုနေ့တွင်အရှေ့မြေရိုင်းနယ်မြေခေါင်းလောင်းကြီးက နတ်ဆိုးဝိညာဉ်ဂိုဏ်း အထက်တွင်သာ ပေါ်လာခဲ့သည် ။ ၎င်း၏ကိုယ်ထည်က နတ်ဆိုးရာဂဂိုဏ်း၊ နတ်ဆိုးမြူမှုန်ဂိုဏ်းနှင့် နတ်ဆိုးအင်မော်တယ်ဂိုဏ်းတို့၏ အထက်တွင် ရှိနေခဲ့သည်။

တကယ်တော့ ခေါင်းလောင်းက မြေပြင်ပေါ်ရှိ စွမ်းအားကို ထုတ်ဖော်ပြသခဲ့သောအင်မော်တယ်များပေါ်လည်း ဆင်းသက်လာခဲ့သည်။ ထို့နောက် ၎င်းတို့၏ အထက်တွင် ပေါ်လာသည့်အရှေ့မြေရိုင်းနယ်မြေခေါင်းလောင်းကြီးကြောင့် ၎င်းတို့ ၏ တည်ရှိမှုကို ထုတ်ဖော် ပြသ လိုက်ခြင်း ဖြစ်သည်။

သန်းခေါင်ယံအချိန်သို့ရောက်ခါနီးတွင်နတ်ဆိုးဝိညာဉ်ဂိုဏ်းမှ ကပ်ဘေးကိုဖြတ်ကျော်သွားရမည့်အင်မော်တယ်များ မရှိတော့ပေ။ သွေးနီရောင်အလင်းတန်းများက နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ အပြင်လူများထံမှ စွမ်းအားလှိုင်းများကို မမြင်နိုင်သောကြောင့် ထိုနေ့၏ နောက်ဆုံးအခိုက်အတန့်တွင်သာ ဖြည်းဖြည်းချင်း ကွယ်ပျောက်နိုင်မည်ဖြစ်သည်။ ယခု ခေါင်းလောင်းကြီး ပြန်ပေါ်လာရန် နောက်ထပ် အနှစ်ငါးဆယ်လောက် စောင့်ရလိမ့်မည်။

အချိန်ကြာလာသည်နှင့်အမျှ စုမင်၏ မျက်လုံးများတွင် တောက်ပသော အလင်းတန်းများ တဖြည်းဖြည်း ပေါ်လာသည်။ သူက ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းကာ ပြတင်းပေါက်နားသို့ သွားလိုက်သည်။မိုးလင်းသည်နှင့် တစ်ပြိုင်နက် ပေါ်လာနိုင်သည့် မြင်ကွင်းကို စောင့်ဆိုင်းရန် အပြင်ဘက်ရှိ မှောင်မည်းနေသော ကောင်းကင်ကြီးကို ကြည့်နေခဲ့သည်။

‘အဲဒီအသံကို အခြေခံပြီး ဒီအရှေ့မြေရိုင်းမျှော်စင်...’

စုမင်က လေးလေးနက်နက် တွေးနေရင်းနဲ့ မိုးလင်းလာခဲ့သည်။

ထိုနေ့က အရှေ့မြေရိုင်းနယ်တွင်ရှိသူများအားလုံးကို မေ့ဖျောက်ရန် အလွန်ခက်ခဲသော မြင်ကွင်းတစ်ခုဖြစ်သည်။ ၎င်းကို သူတို့၏အမှတ်တရများတွင် ထာဝစဉ်ထွင်းထုထားမည်ဖြစ်သည်။

အယ်မော်ဂိုဏ်းများနှင့်နတ်ဆိုးဂိုဏ်းများက တစ်စုံတစ်ခု( ကပ်ဘေး)ကို အချိန်အတော်ကြာ စောင့်မျှော်နေခဲ့သသည်။ မ‌နေ့ကပင် ရောက်ရှိလာပြီး အသက်ပေါင်းများစွာကိုနုတ်ယူသွားခဲ့သည်။

နတ်ဆိုးဂိုဏ်းမှ ကျီအန်က အရှေ့မြေရိုင်းနယ်မြေခေါင်းလောင်း ဆင်းသက်မှုဆိုင်ရာ ဥပဒေများကို မပြောင်းလဲပေ။ ဂိုဏ်းသားများကို စမ်းသပ်မှုပြုလုပ်ရန် စွမ်းအားအမြောက်အမြားကို အသုံးချခဲ့သည်။ သို့သော်လည်း သူတို့လိုချင်သော အရာတစ်ခုအတွက် လိုအပ်ချက်များကို မသိခဲ့ပေ။

အင်‌ေမာ်တယ်ဂိုဏ်းများအားလုံးနှင့် တိထျန်း ၏ကိုယ်ပွားများက ခေါင်းလောင်းကြီးပေါ်လာရန် မာန်မျိုးနွယ်စု နယ်မြေတွင် ပြင်ပလူများ လုံလောက်စွာရှိနေရန် လိုအပ်ကြောင်း သိထားကြသည်။

သို့သော်လည်း နှစ်များကြာလာသည်နှင့်အမျှ အရှေ့‌ မြေရိုင်းနယ်မြေများပေါ်သို့ ပြင်ပလူများ ရောက်ရှိလာသည်နှင့်အမျှ ... သူတို့ လိုချင်သောအရာက ပေါ်မလာသေးပေ... ထို့ကြောင့် ၎င်းတို့က တညီတညွတ်တည်း သဘောတူညီချက်တစ်ရပ်ကို ပြုလုပ်ခဲ့သည်။ ၎င်းတို့အားလုံး အသုံးပြုရန် လိုအပ်သည့် ကျယ်ပြန့်သော အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့သည်။ သူတို့၏စွမ်းအားနှင့် မြင့်မြတ်သော စွမ်းရည် အများအပြားကို မြှင့်တင်ခဲ့ပြီး ၎င်းတို့ကို စိတ်ကူးမယဉ်နိုင်သော အဖိုးအခကိုပင် စွန့်လွှတ်စေခဲ့သည်...

အရှေ့မြေရိုင်းနယ်မြေကို တောင်ပိုင်းအရုဏ်ဦးနယ်မြေ အဖြစ်ဖန်တီးရန် ဖြစ်သည်။

သူတို့သည် ထိုကပ်‌ ဘေးကြီးပေါ်လာအောင် မည်သို့ပြုလုပ်ရမည်ကို မသိသောကြောင့် သဲလွန်စများကိုရှာဖွေရန် လှည့်ပတ်ကာ စမ်းသပ်ကြည့်လေသည်။

အရှေ့မြေရိုင်းနယ်မြေနှင့်တောင်ပိုင်းအရုဏ်ဦးနယ်မြေ အကြား ထိတိုက်မှုက ကြိုတင်စီစဉ်မထားသော အကြံအစည်တစ်ခု ဖြစ်နိုင်သသည်။ သို့သော်လည်း နတ်ဆိုးဂိုဏ်း နှင့် အခြားအင်မော်တယ်ဂိုဏ်း များအားလုံးက ၎င်းတို့၏ ကိုယ်ပိုင်နည်းလမ်းများကို အကောင်းဆုံးကို ရှာဖွေခဲ့သည်။ ကပ်ဘေးကြီး‌ဖြစ်လာရန် လိုအပ်ချက်ကို ခန့်မှန်းခဲ့သည်။

ထိုအရာက အရှေ့မြေရိုင်းနယ်မြေများ ကပ်ဆိုးကြီးဖြစ်ရခြင်း၏ နောက်ကွယ်မှ အကြောင်းရင်းဖြစ်သည်။

နတ်ဆိုးဂိုဏ်း နှင့် အခြားအင်မော်တယ်ဂိုဏ်း များ ရရှိခဲ့သော ရလဒ်များက ကွဲပြားသော်လည်း ၎င်းတို့ကြားရှိ အဓိပ္ပါယ်မှာ အလွန်တူညီပါသည်။ တိုက်ကြီးနှစ်တိုက်ကြား ထိတိုက်မှုက ကပ်ဘေးကြီး ပေါ်လာရန်အတွက် သော့ချက်တစ်ခု ဖြစ်လာစေမည်ဖြစ်သည်။

ဒါပေမယ့် အဲဒီသော့က ဘာလဲဆိုတာ ဘယ်သူမှ မသိကြဘူး။

မည်သို့ပင်ဆိုစေကာမူ ကပ်ဘေးကြီးပြီးနောက် ပထမဆုံးအဖြေက အမှန်တကယ်ပေါ်လာခြင်းရှိမရှိ စစ်ဆေးရန် အရေးကြီးသောအခိုက်အတန့်ဖြစ်ပြီး ၎င်းက အမှန်တကယ်ဖြစ်ခဲ့ပါက အင်မော်တယ် ၏ခန့်မှန်းချက် အောင်မြင်သည်ဟုဆိုလိုပါသည်။

အကယ်၍ မဖြစ်ခဲ့ပါက ၎င်းတို့က အခြားနည်းလမ်းများကို ဆက်လက်ကြိုးစားနေမည်ဖြစ်ပြီး နောက်ဆုံးတွင် အဖြေပေါ်လာမည်မှာ သေချာပါသည်။

ပိုင်လင်း ချန်ရှင်း..ချန်ချောင်..စစ်ခုန်း နှင့် အရှေ့မြေရိုင်းနယ်မြေနတ်ဆိုးဂိုဏ်းမှ ပိုင်ဖန် တို့လည်း...ကောင်းကင်ဘုံမျှတတာအိုဂိုဏ်းမှရဲဝမ် နှင့်အတူ ရှာဖွေရန် ရောက်ရှိလာသည်။

အမှန်မှာ၊ ဤအရာအတွက် လိုအပ်ချက်များထဲမှ တစ်ခုယ ဒုတိယမာန်နတ်ဘုရားသခင်နှင့် ဆက်နွှယ်သည်ဟု ယုံကြည်သောကြောင့် ၎င်းတို့ဂိုဏ်းခွဲများက ဒုတိယမာန်ဘုရား၏ ချိတ်ပိတ်ခြေလက်အင်္ဂါများကို ရှာဖွေရန် စေလွှတ်ခြင်းခံခဲ့ရသည်။

ဤအရာက အရှေ့မြေရိုင်းနယ်မြေသို့ ဆင်းသက်လာသော အင်မော်တယ်အားလုံး၏ ဆန္ဒဖြစ်ပြီး နှစ်ပေါင်းများစွာ နည်းလမ်းမျိုးစုံဖြင့် ရောက်ရှိရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ဤအရာက ပထမမာန်နတ်ဘုရားနှင့်ချိတ်ဆက်ထားသည်။

မာန်မျိုးနွယ်စု နယ်မြေတွင် ဆင်းသက်လာသော အင်မော်တယ် များက မာန်မျိုးနွယ်စ နယ်မြေကို စဉ်ဆက်မပြတ် သိမ်းပိုက်ထားသောကြောင့် မျိုးနွယ်စု လျှို့ဝှက်ဆန်းကြယ်မှုများကို ဖြည်းညှင်းစွာ တွေ့ရှိလာသည်။ ၎င်းတို့က အတိတ်က ဤလူမျိုးက အလွန်လေးစားစေသော ကျင့်ကြံသူ များဖြစ်ပြီး ၎င်းတို့၏ လျှို့ဝှက်ချက်များကို ဆက်လက်သိရှိနားလည်ကာ ဖောက်ထွင်းဝင်ရောက်လာကြသည်။ အင်မော်တယ်များက လျှို့ဝှက်ချက်ကို တဖြည်းဖြည်း သိရှိလာကြသည်။

အရှေ့မြေရိုင်းနယ်မြေတွင် မျှော်စင်တစ်ခုရှိ၍ အရှေ့မြေရိုင်းမျှော်စင်အမည် ပေးထားသည်။ ဤမျှော်စင်တွင် အလွှာကိုးဆယ့်ကိုးလွှာရှိပြီး ၎င်း၏နောက်ဆုံးအလွှာသို့ရောက်ရှိသူမည်သူမဆို ကမ္ဘာ့နေရာ( အချိန်ခရီးသွား) များဆီသို့သွားနိုင်သောကောင်းချီးပေးမှု ကိုရရှိမည်ဖြစ်သည်။

ကမ္ဘာဖြတ်၍ အချိန်ခရီးသွားနိုင်‌ သော ကောင်းချီးပေးမှု စွမ်းအားအင်မော်တယ်များကို သိပ်မဆွဲဆောင်နိုင်သော်လည်း ဆေးအမြုတေလောက နှင့် မတူပေ။ ဤသည်မှာ ကြီးမားသော အိပ်မက်ကြီးဖြစ်ပြီး ထိုကောင်းချီးပေးမှု ကိုရနိုင်လျှင် သူတို့၏ ကျင့်ကြံမှုအဆင့်တွင် အောင်မြင်မှုဆီသို့ ကြီးမားသော အကူအညီတစ်ခုအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။

ပထမဆုံးမာန်နတ်ဘုရားက အဖိုးမဖြတ်နိုင်သော ရတနာများ၊ မြင့်မြတ်သော စွမ်းရည်များ၊ ကျင့်စဉ်များနှင့်အတူ ထိုရဲတိုက်တွင် ကျန်ရစ်ခဲ့သည်။ ဤအရာများအားလုံးက အင်မော်တယ်များ၏နှလုံးသားများကို သွေးဆောင်ရန် လုံလောက်သည်။ထို့ကြောင့် သူတို့က အရှေ့မြေရိုင်းမျှော်စဥ်ကို လိုချင်ကြသည်။

ပိုအရေးကြီးတာက၊ သူတို့ပိုင်ဆိုင်သော သဲလွန်စအားလုံးကို ခွဲခြမ်းစိတ်ဖြာပြီးသည်နှင့် အရှေ့မြေရိုင်းမျှော်စင် နောက်ဆုံးအလွှာမှာ လျှို့ဝှက်ဝှက်ထားသော လျှို့ဝှက်ချက်ကြီးတစ်ခု ရှိနေကြောင်း သူတို့ ယုံကြည်ခဲ့ကြသည်။

ဤလျှို့ဝှက်ချက်က မဟာယွီအနိဌာရုံဆေးဒယ်အိုးကြီး နှင့် သက်ဆိုင်ပါသည်။

မာန်ကျင့်ကြံသူ များကြားတွင် စွမ်းအားအကြဌးဆုံးသော ရတနာများဆီသို့ ပို့ဆောင်ပေးမည့် သဲလွန်စပင်ဖြစ်သည်။

ဤရတနာက စစ်မှန်သောတာအိုလောက မှ ဆင်းသက်လာပြီး ရှေးခေတ်က မြင့်မြတ်သော လောကကြီးတစ်ခုလုံးကို ပျံ့နှံ့ရောက်ရှိသွားသော အမိန့်တစ်ခုနှင့်လည်း သက်ဆိုင်ပါသည်။

“မြင့်မြတ်သောမနက်ခင်းတာအိုလောကက ကျင့်ကြံသူအားလုံး.. တာအိုလောကမှ သင်တို့ ကြံကြံသူအားလုံးက မဟာယွီအနိဌာရုံဆေးဒယ်(အိုးကြီး)လို့ ခေါ်တဲ့တာအိုးဇာတ်မြစ်ဆေးဒယ်အိုးကြီးကို ဒီအိုးကို ရှာတွေ့တဲ့သူကို ငါ့အမွေကို ပေးမယ်..အဲ့ဒီသူက.မနက်ခင်းတာအိုလောကကိုလည်း အုပ်စိုးရမယ်...”

စုမင်က ထိုအရာများအကြောင်းမသိသော်လည်း အဆောက်အဦး ပြတင်းပေါက်နားတွင် ရပ်ကာ ညကို စောင့်နေသည်...

ထိုအချိန်တွင် သူက ဤကဲ့သို့ စောင့်နေသူတစ်ယောက်မဟုတ်ပေ။ သူက နတ်ဆိုးဂိုဏ်း၏ အကြီးအကဲဖြစ်ကတည်းက ဤလျှို့ဝှက်ချက်ကို သိသောလူတစ်ဦးအနေဖြင့် ရှန်းတုန်ကလည်း ကောင်းကင်ကို မော့ကြည့်ပြီး စောင့်ဆိုင်းနေခဲ့သည်။

‘ဒီတစ်ခါတော့ အဆင်ပြေမယ်လို့ ထင်တယ်… မာန်မျိုးနွယ်စုတွေရဲ့ လျှို့ဝှက်ဆန်းကြယ်မှုက များတယ်.. အဲဒီ့ အစွမ်းထက်တဲ့ သူတို့ရဲ့ ခန္ဓာကိုယ်အစစ်အမှန်ကို ဒီနေရာလေးမှာကိုယ်ထင်မပြဘူး..အကြီးအကဲကျီအန်တောင် သူ့ကိုယ်ပွားကို ကြီးကြပ်ဖို့ ဒီနေရာကို ဆင်းခိုင်းဆာ … ငါ… ဂိုဏ်းကို ကြီးကျယ်တဲ့အရာ ယူဆောင်လာဖို့ အခွင့်အရေး ရှိကောင်းရှိမယ်...”

နတ်ဆိုးမြူမှုန်ဂိုဏ်း နှင့် နတ်ဆိုးရာဂဂိုဏ်းတို့တွင် အလားတူအခြေအနေမျိုးဖြစ်သည်။ ထိုဂိုဏ်းနှစ်ခုရှိ ဂိုဏ်းချုပ်ကြီးများနှင့် ဤလျှို့ဝှက်ချက်ကို သိရှိသူအားလုံးတို့က ကောင်းကင်ယံကို စိုးရိမ်တကြီး ကြည့်နေကြသည်။

မကောင်းသောဂိုဏ်းများသည် ဤကဲ့သို့ ပြုမူသော တစ်ခုတည်းသော သူများမဟုတ်ပေ။ တိထျန်း၏ကိုယ်ပွားက ကောင်းကင်ကိုမော့ကြည့်ရင်း မဟာမြူရွက်အင်မော်တယ်ဂိုဏ််းအတွင်းရှိ သူ့ခြံဝင်းထဲတွင် ရပ်နေသည်။ သူ့မျက်နှာက ခက်ထန်နေပြီး သီးခြားဆန်သော်လည်း သူ့မျက်လုံးထဲမှာ တောက်ပနေသော အလင်းရောင်ကို မြင်နေရသည်။

ပုန်းလျိုးနဂါးဂိုဏ်း နှင့်ကောင်းကင်မြူခိုးတာအိုဂိုဏ်းတို့မှာ အရှေ့မြေရိုင်းနယ်မြေ ၎င်းတို့၏ ကိုယ်ပိုင်ဂိုဏ်းများ ရှိပြီး ထိုဂိုဏ်းများမှ လျှို့ဝှက်ချက်များကို သိရှိသူများ အားလုံးက တူညီသော ပုံစံဖြင့် လုပ်ဆောင်ကြသည်။ ဤအရှေ့မြေရိုင်း မျှော်စင်ကို ပေါ်လာစေရန် အလွန်အမင်း စွန့်စားပြီးဖြစ်သောကြောင့် သူတို့အားလုံး စိုးရိမ်စိတ်နှင့် ကောင်းကင်ကို မျှော်ကြည့်နေကြသည်။

ထျန်းလန်မုန့်နှင့်ထျန်းလန်ယို့တို့က အမူအရာက ကောင်းကင်းတာအိုဘိုးဘေးနားမှာ ရပ်နေတာကြောင့် ကွဲပြားသွားသည်။ သူတို့နှစ်ယောက်လုံး ညကို တိတ်တဆိတ်ကြည့်နေကြသည်။ ထျန်းလန်ယို့၏ မျက်နှာက ဘယ်တော့မှ အရည်ပျော်သွားမည့် ရေခဲကဲ့သို့ အေးခဲခက်ထန်နေလေသည်။ထျန်းလန်မုန်၏ မျက်နှာပေါ်တွင် အဆက်မပြတ် ရှုပ်ထွေးနေသည့် အကြည့်များ ရှိနေသည်။ သူမကို စိတ်အနှောက်အယှက်ဖြစ်စေသော အရာများစွာရှိသကဲ့သို့ အတော်လေး စိတ်ပျက်သွားပုံရသည်။

အရုဏ်တက်ချိန်တွင်၊ ရုတ်တရက် ကောင်းကင်ကြီးကို မျှော်ကြည့်နေသော လူအားလုံး၏အကြည့်က အရှေ့မြေရိုင်း နေရာအနှံ့အပြားသို့ ချက်ချင်း ပြောင်းလဲသွားသည်။

ရှည်လျားသော ကောင်းကင်ယံ၌ အက်ကွဲကြောင်းကြီးက လွန်ခဲ့သည့် နှစ်ငါးဆယ်ကကဲ့သို့ ကွယ်ပျောက်သွားခြင်း မရှိပေ။ ယင်းအစား၊ အတွင်းမှ တောက်ပသော အလင်းတန်းများ ထွက်လာသည် ။ သူတို့က ‌အရှေ့မြေရိုင်းနယ်မြေအထက် ကောင်းကင်တစ်ခုလုံးကို ချက်ချင်းလင်းထိန်သွားကာ အမှောင်တစ်စိုးတစ်ိမျှ မမြင်နိုင်ပေ။

ကျယ်လောင်သော အသံများ လေထဲတွင် ပဲ့တင်ထပ်ကာ ကောင်းကင်တွင် အက်ကွဲသံများ တဟုန်ထိုး ကျယ်လာသည်။ထိုစဉ် အတွင်းမှ ဧရာမ အရာဝတ္ထုတစ်ခု ဆင်းသက်လာသည်။

အက်ကွဲကြောင်းကြီးက ၎င်း၏အရွယ်အစားကို ခံနိုင်ရည်မရှိစေသော ဧရာမကျောက်တုံးကြီးတစ်ခုနှင့်တူသည်။ ကွဲသွားသည်နှင့် ပေထောင်ပေါင်းများစွာ ကျယ်ဝန်းသော ဧရာမတွင်းကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုတွင်းကြီးပေါ်လာသည်နှင့်၊ ဧရာမအရာဝတ္ထုက သူ့အလိုလို နိမ့်ကျသွားပြီး ၎င်းသည် အဋ္ဌဂံပုံသဏ္ဍာန်ရှိသော ဧရာမမျှော်စင်၏ခြေရင်းဖြစ်သည်။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ တပြည်လုံး တုန်လှုပ်သွားပြီး ဧရာမမျှော်စင်ကြီးက မြေပြင်ပေါ်သို့ လျင်မြန်စွာ ဆင်းသက်လာသည်။ မူလက အောက်ဘက်တွင် တောင်တစ်လုံးရှိသော်လည်း ၎င်းက အလွန်အားလျော့ကာ ဆင်းသက်မှု၏ တွန်းအားကို မခံနိုင်ပေ။ မျှော်စင်ကို မြေပြင်ပေါ်တွင် တည်ငြိမ်သောပုံစံဖြင့် မတ်တပ်ရပ်နိုင်အောင် အပိုင်းပိုင်းကွဲအက်သွားခဲ့သည်။

၎င်း၏အမြင့်က ... အဆုံးမဲ့သည်။ မြေပြင်နှင့် ကောင်းကင်ကြားတွင် ထင်ရှားသည့်အပိုင်းက ၎င်း၏အစိတ်အပိုင်းတစ်ခုသာဖြစ်သည်။

ထိုမျှော်စင်က မြင်သူတိုင်းကို ထိတ်လန့်သွားစေနိုင်သော ဧရာမမျှော်စင်ကြီးပင်။

“ အရှေ့မြေရိုင်းမျှော်စင်ကြီး ပေါ်လာပါပြီ... အခုမှစပြီး ... မျှော်စင်တွင်းမှာရှိတဲ့ ကျန်နေရာနှစ်ဆယ့်ခြောက်နေရာအတွက် တိုက်ပွဲဝင်ဖို့ ရက်ပေါင်းတစ်ထောင် ပေးမည်... ရက်ပေါင်းတစ်ထောင်ကြာတဲ့အခါတွင် မင်းတို့အားလုံး သွေးနီရောင်အလင်းတန်းဖြစ်အောင် ပူဇော်ကြမယ်..အရှေ့မြေရိုင်းမျှော်စင်က လီဆယ်သန်းကျော် တောက်ပနေမယ်...အင်မော်တယ်ဝိညာဉ်စွမ်းအား ပမာဏအများဆုံးကို ပူဇော်မဲ့သူ နှစ်ဆယ့်ခြောက်ယောက်က မျှော်စင်ထဲကို ဝင်ခွင့်ရရှိမယ်...”

“တကယ်လို့ပူဇော်တဲ့သူတွေက မျှော်စင်မှ အလင်းတန်း လီဆယ်သန်းကျော်ထိထွန်းလင်းဖို့ မလုံလောက်ရင် မျှော်စင်ဖွင့်ပေးမှာ မဟုတ်ဘူး..”

“ဒီရဲတိုက်အတွင်းမှာ အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေ.. မြင့်မြတ်သော စွမ်းရည်တွေ.. ကျင့်စဉ်တွေ.. ဆေးဖက်ဝင်အမြုတေတွေလည်းပါတယ်..ဒါတွေကို မာန်ကျင့်ကြံသူတွေနဲ့ အင်မော်တယ်တွေ သုံးလို့ရတယ်..အဲ့ဒီအရာတွေမှာ ကမ္ဘာ့‌ နေရာတွေဆီကိုသွားလို့ရတဲ့ နိမိတ်ဖတ်ပုံတွေ ပါ၀င်တယ်.. “

“ဒီမျှော်စင်အတွင်းမှာလည်း မာန်မျိုးနွယ်စုတွေရဲ့ အကြီးမြတ်ဆုံးရတနာဖြစ်တဲ့

မဟာယွီအနိဌာရုံဆေးဒယ်အိုးကြီး ပဲ..တာအိုပညာရှင်ချန် ဆီက လုယူမိတဲ့ ရတနာတစ်ခုလည်း ဖြစ်တယ်...ဆေးဒယ်အိုး ကြီးကို မင်းရှာတွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ်”

စုမင်၏ နှလုံးသား တုန်လှုပ်သွားသည်။ ကောင်းကင်ကို မော့ကြည့်လိုက်သော် ထူးထူးခြားခြား အသံက သူ့နားထဲမှာ တစ်ဖန် ထွက်ပေါ်လာသည်။ ထိုအသံတွင် မောက်မာမှု၊ ရိုင်းစိုင်းသော အရိပ်အမြွက်များ ပါ၀င်သည်။

‘မာန်မျိုးနွယ်စုရဲ့ ပထမဆုံး ဘုရားသခင် လေ့ရှန်ရှို့...တော်တော် ရက်စက်တဲ့ လူလဲ...’

စုမင်က အသက်ပြင်းပြင်းရှူရှိုက်လိုက်သည်။

Note

မြင့်မြတ်သော မနက်ခင်းတာအိုလောက၊ စစ်မှန်သောတာအိုလောက၊ ကြောက်စရာကောင်းသောတာအိုလောက အတူတူပင် ဖြစ်သည်။

All Chapters