ယုံကြည်မှု
Vol. 45 Ch. 620
ပထမဆုံးမာန်နတ်ဘုရားက အမှန်တကယ်ပင် ရက်စက်သည်။ အရှေ့မြေရိုင်း မျှော်စင်၏ အသွင်အပြင်၊ ကိုးဆယ့်ကိုးအလွှာနှင့် ထိပ်ရှိ အဖိုးမဖြတ်နိုင်သော ရတနာများက အင်မော်တယ်များ နှင့် မာန်ကျင့်ကြံသူများအားလုံးကို ဆွဲဆောင်ရန် လုံလောက်ပါသည်။
မျှော်စင်သို့တက်မည့်လမ်းတွင် တွင်းကြီးနှစ်ဆယ့်ခြောက်ခုက သွေးထွက်သံယို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို လှုံ့ဆော်ပေးနိုင်သညါ။ မာန်ဘုရားသခင် ထိန်းချုပ်မှုမှ ကင်းလွတ်သွားသည့် အခြေအနေမျိုးမှ ကာကွယ်ရန်၊ ဤလူနှစ်ဆယ့်ခြောက်ယောက်တို့က ၎င်းတို့၏ လျှို့ဝှက်အဆင့်များကို ဆုံးဖြတ်ရန်လိုသည်။ ထို့ပြင် မာန်နတ်ဘုရားက သွေးနီရောင်အလင်းတန်းက လီဆယ်သန်းအကွာအဝေးကို ဖြန့်ကျက်နိုင်ရမည်ဟု ထပ်လောင်းပြောကြားခဲ့သည်။
ထို့အတွက်ကြောင့် သူယူဆောင်လာမည့်အရာက သွေးထွက်သံယို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမျှသာ မဟုတ်တော့ဘဲ လူမျိုးတုံးသတ်ဖြတ်မှုပင်ဖြစ်သည်။
အင်မော်တယ်သွေးအနည်းငယ်သာ ဖိတ်စင်ပါက အရှေ့မြေရိုင်း မျှော်စင်သို့ မည်သူမျှ ဝင်ရောက်နိုင်မည်မဟုတ်ပေ။ အကယ်၍ သူတို့က မျှော်စင်ထဲသို့ ၀င်ခွင့်မရှိပါက၊ ကြီးကျယ်သော ကံကောင်းခြင်းကို မရရှိ တော့ပေ ။ ထို့ကြောင့် စုမင်က လေ့ရှန်ရှို့၏အသံကိုကြားလိုက်ရသောအခါ သူ၏ရက်စက်ကြမ်းကြုတ်မှုကို ခံစားမိခဲ့သည်။
ထိုနည်းတူစွာ ကြားသိရသော အင် မော်တယ်အားလုံး ထိုရတနာကို နက်နက်ရှိုင်းရှိုင်း တောင့်တမိစေမည်ဖြစ်သသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့၏ ခန္ဓာကိုယ်တစ်လျှောက်တွင် နက်ရှိုင်းသော အေးစက်မှုကို ခံစားရမည်ဖြစ်သည်။
ထိုရတနာများက အရှေ့မြေရိုင်း မျှော်စင် တွင် အမှန်တကယ်ရှိမရှိကို မည်သူမျှ မတွေးမိကြသော်လည်း ဗေဒင်ကျွမ်းကျင်သော လူအများစုသည် ဂိုဏ်းများမှ ဆင်းသက်လာသော မသေနိုင်သော သတ္တဝါများအားလုံး ၎င်းတို့ထံသို့ ရောက်ရှိလာပြီးနောက် ဤအရာသည် အမှန်ဖြစ်ကြောင်း ခန့်မှန်းခဲ့ကြသည်။
လေ့ရှန်ရှိုက ပထမဆုံးမာန်နတ်ဘုရားဖြစ်သောကြောင့် လိမ်ညာပြောဆိုမည်မဟုတ်ပေ။ အင်မော်တယ်များက သူ့အပေါ် နက်နဲသော အာဃာတများ ရှိသော်လည်း ထိုအချက်က မှန်ကန်ကြောင်းဝန်ခံရလမ့်မည်။
စုမင်က မှောင်မည်းနေသော ကောင်းကင်မှ အကြည့်များကို ရှောင်လိုက်ပြီး မျက်လုံးများကိုမှိတ်လိုက်သည်။
“ပထမမာန်နတ်ဘုရားရဲ့မျှော်စင်က ထောက်ချောက်မဟုတ်ဘဲ တကယ့်ကို ဗြောင်ကျတဲဘတိုက်ခိုက်မှုပဲ..တိထျန်းရဲ့ကိုယ်ပွားနဲ့နတ်ဆိုးဂိုဏ်းကကျီအန်လည်း အချင်းချင်းသတ်ဖြတ်ကြတဲ့ထိ ဖိအားပေးခံရလိမ့်မယ်...”
‘သူတို့က လုံလောက်တဲ့အင်မော်တယ်ဝိညာဉ်စွမ်းအားတွေ လိုအပ်မှာပဲ..ကျင့်ကြံသ်တွေက ဒီအခွင့်အရေးကို ရယူချင်တယ်ဆိုရင်တော့ သူတို့မှာ ရှိရှိသမျှ အရာအားလုံးနဲ့ တိုက်ပွဲဝင်ရလိမ့်မယ်... တစ်စုံတစ်ယောက်နဲ့သာ တိုက်ခိုက်နေရရင် ပိုကောင်းလိမ့်မယ်...ဒါပေမဲ့ မာန်မျိုးနွယ်စုနယ်မြေတွင် အေးခဲကောင်းကင်ကလန်လိုမျိုး မျိုးနွယ်စုတွေရှိတယ်..”
‘ဒီမျိုးနွယ်စုတွေဟာ ပထမဆုံးမာန်နတ်ဘုရားရဲ့ အမွေအနှစ်တွေကို ပိုလို့တောင် အရူးထလိမ့်မယ်...”
“ဘယ်လိုအစီအစဉ်ကြီးလဲ...လေ့ရှန်ရှို့ကအင်မော်တယ် အချင်းချင်း တိုက်ခိုက်ရုံသာမကဘဲမာန်ကျင့်ကြံသူတွေအချင်းချင်းကိုပါ တိုက်ခိုက်စေချင်တာလား... “
“’တကယ်တော့… လူတွေ ညီညွှတ်ရမယ့် အခြေအနေတွေ ရှိလိမ့်မယ်
. ဒီရက်ပေါင်းတစ်ထောင်အတွင်းမှာ အရှေ့မြေရိုင်းနယ်မြေတွေဟာ သွေးလုံးဝစွန်းသွားလိမ့်မယ်…”
စုမင်က သူ့မျက်လုံးတွေကို ဖွင့်လိုက်ပြီး တောက်ပသော အရိပ်တစ်ခု ပေါ်လာသည်။
‘မငြိမ်မသက်ဖြစ်နေပြီ…’
စုမင်က သူ့လက်မောင်းကို ဝှေ့ယမ်းကာ ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ သူက လေထဲတွင် အန္တရာယ်ကို ခံစားရနိုင်ပြီး သူ၏ကနဦးကျင့်ကြံမှု တတ်နိုင်သမျှ မြန်မြန် ပြန်ရရန် လိုအပ်သည်၊ သို့မှသာ မကြာမီ အလွန် ဖရိုဖရဲဖြစ်နေသောပရှေ့မြေရိုင်းနယ်မြေ တွင် သူ့နေရာကို ရယူနိုင်မည် ဖြစ်သည်။
‘နှစ်ဆယ့်ခြောက်တွင်း… နှစ်ဆယ့်ခုနစ်တွင်း ရှိသင့်တယ် ဒါပေမဲ့.. တခြားလူတွေက… ငါ့အကြောင်းတော့ မသိဘူး
ပေါင်ချိုးက သူ့ဘေးတွင်ရှိနေသဖြင့် သူမနှလုံးသားကို ရှင်းထုတ်နေပြီဖြစ်သည်။ သူ့ကိုကြည့်သောအခါတွင် လေးစားမှုနှင့် အခြားအရာတစ်ခုကို အရိပ်အမြွက်ပြသည်။
“သခင်လေး.. စိတ်မပူပါနဲ့၊ ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းကို ဘယ်သူ့ကိုမှ မပြောပါဘူး.. မင်းမှာ ဘာမှ မေးစရာ မရှိဘူး ဆိုရင် ငါ့ကိုသွားခွင့်ပေးပါ့.. ငါ့ရဲ့ ဂိုဏ်းဝင်တွေက တောင်ကြီး ဒီအဆောက်အဦးပေါ်ဆင်းသက်လာရတဲ့အကြောင်းရင်းကို ခဏခဏလာပြီး လေ့လာလိမ့်မယ်.. “
ပေါင်ချိုးက စုမင် ဆီသို့ ဦးညွှတ်ပြီး သူမ၏ခန္ဓာကိုယ်ကို အနည်းငယ်ကွေးလိုက်သည်။ သူမ၏ လှပသော ခေါင်းကို ငုံ့ထားကာ အောက်ထပ်သို့ ပြန်သွားနိုင်ရန် အဆောက်အဦး၏ ပထမထပ်မှ ထွက်ခွာရန် လျှောက်သွားသည်။
သူမထွက်ခါနီးတွင် စုမင်၏အကြည့်များက သူမဆီသို့ရောက်သွားလေသည်။ သူမ၏လှပသောမျက်နှာနှင့် ဆွဲဆောင်မှုရှိသောခန္ဓာကိုယ်ကိုမြင်ရသော်လည်း သူ့မျက်နှာမှာ ရေအေးကဲ့သို့ ခက်ထန်နေသည်။
“ငါ့ရဲ့သွေးက မင်း ကပ်ဘေးကို ရှောင်ဖို့ ကူညီပေးခဲ့တယ်.. ဒီအပေါ်မှာ မင်းဘယ်လိုထင်လဲ..”
ပေါင်ချိုးက ရပ်တန့်သွားပြီး အလင်းတန်းတစ်ခုက သူမခန္ဓာကိုယ်ကို ဖြတ်ပြေးသွားသည်။။ သူမခေါင်းကိုမော့ပြီး စုမင် ကိုကြည့်လိုက်သည်။ သူမ၏မျက်နှာပေါ်တွင် သနားခြင်း၊ စိတ်ရှုပ်ထွေးခြင်း နှင့် ခံစားချက်အနည်းငယ်ရှိနေသည်။ ဤအမူအရာများအားလုံးက သူမ၏မျက်နှာပေါ်တွင် အလွန်ရှုပ်ထွေးသောအကြည့်တစ်ခုအဖြစ် ပေါင်းစပ်သွားခဲ့သည်။
“ဘာလိုမှမထင်ဘူး…”
ပေါင်းချိုးက တိုးတိုးလေးပြောပြီး သူ့ကို မကြည့်ဝံ့သလို ခေါင်းငုံ့ထားလိုက်သည်။
“မင်းအရင်က ကံကြမ္မာနဲ့တွေ့ဖူးလား..”
စုမင်က အမျိုးသမီးငယ်ကို တည့်တည့်ကြည့်ကာ ရုတ်တရက် မေးလိုက်သည်။
ပေါင်ချိုးက ‘ကံကြမ္မာ’ ဟူသော စကားကို ကြားလိုက်သည်နှင့် တစ်ဖန် တုန်လှုပ်သွားပြီး အလိုလို ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားခဲ့သည်။ သူမမျက်နှာက ချက်ချင်းဖြူဖျော့သွားသည် ။
“ငါ သူ့ကို တစ်ခါမှ မမြင်ဖူးဘူး၊ သူ့အကြောင်း မကြားဖူးဘူး... သခင်လေး ကံကြမ္မာနဲ့ပတ်သတ်ပြီး ဘာမှ မမေးပါနဲ့.. မာန်မျိုးနွယ်စုနယ်မြေကို ဆင်းသက်လာတဲ့ အင်မော်တယ်တိုင်း ကတိသစ္စာပြုတယ်.. ငါတို့ ကံကြမ္မာအကြောင်းပြောရင် အပြစ်ပေးခံရလိမ့်မယ်...အင်မော်တယ်တို့နယ်မြေမှာ ရှိတဲ့ ငါတို့ရဲ့မိသားစု တွေဒုက္ခရောက်စေလိမ့်မယ်...”
ပေါင်ချိုး က ခေါင်းကိုမော့ပြီး စုမင်ကို အသနားခံတဲ့ မျက်လုံးများနှင့် ကြည့်လိုက်သည်။
သူ ခဏလောက် ငြိမ်နေလိုက်သည်။စုမင်မျက်နှာ ပင်ပန်းနွမ်းနယ်မှုတွေ ပေါ်လာပြီး မျက်လုံးများကိုမှိတ်ထားလိုက်သည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး သူမကို မမေးတော့ပေ။
“ဘာပဲဖြစ်ဖြစ် ကံကြမ္မာ အကြောင်းလေ့လာရင် ငါဘာလုပ်နိုင်မလဲ..ငါ့ရဲ့ကိုယ်ပိုင် ခန့်မှန်းချက်တွေက မှန်ကန်ကြောင်း သက်သေပြပြီးရင် ငါ ဘာလုပ်နိုင်မှာလဲ.. ငါ ယင်မရဏဒေသတွင် ရှိနေတုန်းက ငါ့ရဲ့အမှတ်တရတွေကို ဘယ်နေရာရှာဖွေရမလဲ မသိခဲ့ရဘူး.. ငါ့ကို အစ်ကိုကြီးလို့ ခေါ်တဲ့ ကောင်မလေး ဘယ်ရောက်နေမှန်း မသိသေးဘူး..”
‘နောက်ဆုံးတော့..ငါက ဒီပဟေဠိအလွှာကို ထိုးဖောက်ရမယ်.... ဒီရက်တွေထဲက ငါ ဒီကောင်းကင်ကြီးကို ဖြတ်ပြီး ဒီလောကထဲက ထွက်သွားရမယ်..”
‘အဲဒီနေ့က သိပ်မဝေးတော့ဘူး’
စုမင်က မျက်လုံးမှိတ်လိုက်ပြီး သူ့ကိုယ်သူ တိတ်ဆိတ်စွာပြောလိုက်သည်။
ပေါင်ချိုးက ထွက်သွားလေသည်။ကပ်ဘေးကြီးပြီးနောက် နတ်ဆိုးဂိုဏ်းက ၎င်း၏ပုံမှန်လုပ်ဆောင်မှုများသို့ ပြန်လည်ရောက်ရှိခဲ့သည်။ ဂိုဏ်းသားများစွာက ပေါင်ချိုးထံသို့ လာရောက်ကြပြီး သူမအ ပေါ် ဆင်းလာသောတောင်တန်းအကြောင်း မေးမြန်းကြသည်။စုမင် ၏ တည်ရှိမှုကို ဤလူများထဲမှ မည်သူမျှ သတိမထားမိကြပေ။ စုမင် အနေဖြင့် သူ့ကိုယ်သူ ဖုံးကွယ်ထားလိုပါက အချိန်တိုလေးအတွင်း သူ့ကို ရှာတွေ့ရန် အလွန်ခက်ခဲလိမ့်မည် ။
အရှေ့မြေရိုင်းနယ်မြေရှိ အင်မော်တယ်ဂိုဏ်းများအားလုံးက ကပ်ဆိုးကြီး ပြီးနောက် ငြိမ်သက်နေသကဲ့သို့ ထင်ရပေသည်။ အကြောင်းမှာ ၎င်းတို့က ထိုကဲ့သို့ တစ်ခါမှမဖြစ်ခဲ့ဖူးခဲ့ပော ကောင်းကင်၌ကြီးမားသောတွင်းကြီး၊ ပြန့်ကျဲနေသောတောင်တန်းများနှင့် မြင့်မားသောအရှေ့မြေရိုင်း မျှော်စင်တို့၊ တိုက်ကြီး၏ အလယ်ဗဟိုတွင် အရာအားလုံး အမှန်တကယ် ဖြစ်ပျက်ခဲ့ကြောင်း ပြတ်ပြတ်သားသား သတိပြုမိခဲ့သည်။
လူအချို့က မျှော်စင်ကို လျှို့ဝှက်စွာ စုံစမ်းခဲ့ကြခြင်းဖြစ်နိုင်သည်။စုမင်က သူတို့ မည်သည့်ရလဒ်များရရှိခဲ့သည်ကို မသိခဲ့ပေ။ သို့သော်လည်း ကပ်ဘေးမှ တစ်လကျော်ကြာပြီးနောက် နတ်ဆိုးဂိုဏ်းအတွင်း သေးငယ်သောပြောင်းလဲမှုအချို့ကို တွေ့ရှိခဲ့သည်။
အထီးကျန်နေသူများ အများအပြားထွက်ရန် ရွေးချယ်ခဲ့ကြသည်။ ရံဖန်ရံခါတွင် စွမ်းအားကြီးသော လှိုင်းလုံးများက တောင်ပေါ်မှ တက်လာသည်။ ပြင်ပဂိုဏ်းမှ တပည့်များက တောင်မှ မထွက်ခွာရဲကြပေ။ စောစောက ကျင့်ကြံရန် ထွက်ခွာသွားကြသူ အများအပြားက ပြန်ခေါ်ခံရသကဲ့သို့ နေ့တိုင်း မိမိတို့ ဂိုဏ်းသို့ လျင်မြန်စွာ ပြန်လာကြသည်။
ဧရာမတောင်တန်းကြီးကို ကာကွယ်ထားသောမှော်အစီအရင်က နတ်ဆိုးဝိညာဉ်းဂိုဏ်းကို တဖြည်းဖြည်း ဖုံးအုပ်ထားသည်။ တစ်ချိန်တည်းမှာပင် ၎င်းသည် တောင်ပေါ်ကို ချိတ်ပိတ်ခံလိုက်သောအခါတွင် လောကကြီး၏ စွမ်းအားအမြောက်အမြားကို ထိုနေရာသို့ စုပ်ယူသွားကာ ထိုနေရာကို မြူခိုးများဝန်းရံထားသလို ထင်ရစေသည်။
အမှန်မှာ၊ တောင်ခြေရင်းသို့ မောင်းထုတ်ခံရသော ပြင်ပဂိုဏ်းဝင် တပည့်အချို့ကို ပြန်ခေါ်ခြင်း ခံရသည်။ သူတို့၏ မူလရာထူးများဆီ ပြန်သွားပြီး လျှို့ဝှက်ပြင်ဆင်မှုတွေ လုပ်လာသည်။
တင်းမာသောလေထုက ဝိညာဉ်ဆိုးဂိုဏ်းတစ်ခုလုံးကို ဝန်းရံထားသည်။ စုမင်က ထိုအရာများနှင့် ရင်းနှီးလေသည်။ထိုလူတွေ … စစ်ပွဲအတွက် ပြင်ဆင်နေကြသည်။
ပေါင်ချိုး က သူ့ဆီ နေ့တိုင်း ဆေးအမြု တေများ ပို့ပေးလသည်။ထိုအမြု တေများ၏ အရည်အသွေးက ပိုကောင်းလာသည်။။ သူမရောက်လာသောအခါ သူမပြောပြခဲ့သော အကြောင်းအရာများက စုမင် ခံစားရသည်နှင့် မှန်ကန်ကြောင်း သိလိုက်ရသည်။ အမှန်ပင် စစ်တိုက်ရန် ပြင်ဆင်နေကြသည်။ ဤအရာအားလုံးက ကပ်ဘေးအန္တရာယ်အပြီး သုံးရက်အကြာတွင် နတ်ဆိုးအင်မော်တယ်ဂိုဏ်း မှပေးပို့သောအမိန့်ကြောင့်ဖြစ်သည်။
ထိုအမိန့်စာက ကြည်လင်ပြီး သွေးဆာနေသော လေနှင့် ပြည့်နေကာ ၎င်းအတွင်းတွင် စာကြောင်းနှစ်ကြောင်းသာ ပါရှိသည်။
“စစ်ပွဲအတွက်ပြင်ဆင်ပါ..တိုက်ပွဲဝင်ရန် အသင့်ပြင်ထားပါ...”
ထိုလအတွင်းတွင် စုမင်၏ကနဦးကျင့်ကြံမှု ပြန်လည်ရရှိမှုက ဆေးအမြု တေများကြောင့် အရှိန်မြှင့်လာခဲ့သည်။ သူ့၏ တွက်ချက်မှုအရ ထိုအတိုင်းသာ ဆက်သွားနေလျှင် နောက်ထပ်တစ်လအတွင်းမှာ သူ့ကျင့်ကြံမှု၏ ဆယ်ပုံကိုးပုံက ပြန်လည်ကောင်းမွန်လာမှာဖြစ်သည်။ တစ်နှစ်ခွဲအကြာမှာတော့ သူ့၏ စွမ်းအားအပြည့်နဲ့ ပြန်လည်ရောက်ရှိသွားမှာဖြစ်ပါသည်။။ ထို့နောက် ယခင်က မအောင်မြင်ခဲ့ဖူးသော ခွန်အား၏ အထွတ်အထိပ်သို့ ရောက်ရှိမည်ဖြစ်သည်။
ထိုအချိန်တွင် သူက မာန်စိတ်ဝိညာဉ်နယ်ပယ်သို့ ဖြတ်ကျော်ရန် ကြိုးပမ်းနိုင်မည်ဖြစ်သည်။ အကယ်၍ သူအောင်မြင်ခဲ့ပါက မာန်စိတ်ဝိညာဉ်နယ်ပယ်တွင် ကြီးကျယ်စွာ ပြီးမြောက်အောင်မြင်ခဲ့သော သူအားလုံးကို လျစ်လျူရှုနိုင်မည်ဖြစ်သည်။
ထိုအရာက သူ့ယုံကြည်မှုပင်။
‘တစ်နှစ်ခွဲက နည်းနည်းကြာတယ်… ပုံမှန်အတိုင်းသာ ဖြစ်နေရင် အဆင်ပြေမှာပဲ.. ဒါဒါပေမဲ့အ ခု အရှေ့မြေရိုင်းမျှော်စင်အတွက် ရက်ပေါင်းတစ်ထောင် ကန့်သတ်ချက် ရှိတယ်.. အဲ့ဒါကြောင့်မာန်စိတ်ဝိညာဉ်နယ်ပယ်ကို အမြန်ရောက်ဖို့လိုတယ်.. ဟုန်လော့ဆီကရထားတဲ့လျှို့ဝှက်စွမ်းရည် တွေကို အပြင်ထွက်ပြီး စမ်းသပ်ကြည့်ရမယ်.. ကံကောင်းထောက်မစွာနဲ့ ငါ့ရဲ့ကနဉီးကျင့်ကြံမှုက ပြန်ကောင်းမွန်လုနီးပါးရှိနေပြီ.. အားနည်းချက်တွေ ရှိကောင်းရှိနိုင်ပေမယ့် ဒါကို လုပ်ရမှာပဲ..”
‘အရှေ့မြေရိုင်းမျှော်စငါ... ဒီသွေးနီရောင်အလင်းတန်း လီဆယ်သန်းအထိ မရောက်ခဲ့ရင်တော့ အသက်ဝင်မှာ မဟုတ်ဘူး၊ ဒါပေမယ့် ပထမမာန်နတ်ဘုရားဆိုတဲ့ စကားအရ ဒီကန့်သတ်ချက်ဟာ လူနှစ်ဆယ့်ခြောက် ယောက်အတွက် သတ်မှတ်ထားတာပဲ.... သူကတော့ ငါ့ကို မပြောထားဘူး..”
‘အခွင့်အရေးရရင် ကန့်သတ်ချက်ရှိမရှိ သွားစစ်ဆေးရမယ်...ငါမလုပ်ရင်...’
စုမင်၏ မျက်လုံးများ တောက်ပလာပြီး ကျင့်ကြံရေးတွင် သူ့ကိုယ်သူ ဆက်လက် နှစ်မြှုပ်နေလေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် တစ်လခွဲကြာသွားသည်။ ထိုနေ့မွန်းတည့်ချိန်၌ ထိုင်နေစဉ်တွင် စုမင်၏ မျက်လုံးများ ပွင့်လာသည်။ မျက်လုံးထဲတွင် တောက်ပသော အလင်းတန်းတစ်ခု ခေတ္တမျှ တောက်ပလာပြီး ခေါင်းကို မော့လိုက်သည်။ နံရံများကို ဖောက်ပြီး လှမ်းမြင်နေရသကဲ့သို့ အဆောက်အဦးအပြင်ဘက် ကောင်းကင်ကို လှမ်းကြည့်လိုက်သည်။
နတ်ဆိုးဝိညာဉ်ဂိုဏ်း ပတ်၀န်းကျင်ရှိ တောင်ကာကွယ်ရေး မှော်အစီအရင်ဆီသို့ ရှည်လျားသော အလင်းတန်းသုံးခုကို အရှိန်တင်လာသည်။ သူတို့က ဘေးချင်းကပ်လျက် ခရီးဆက်ကြပြီး အနက်ရောင် မြူခိုးများဖြင့် ဝန်းရံနေသော ကြယ်များကဲ့သို့ပင်။ လေချွန်သံများ လေထဲသို့ စူးရှစွာ မြည်လာသည်နှင့်အမျှ ရှည်လျားသော အလင်းတန်းသုံးခု တောင်အကာအကွယ်မှော်အစီအရင်နားသို့ နီးကပ်လာသည်။ အနက်ရောင်အလင်းတန်းများနှင့်အတူ ၎င်းတို့က နတ်ဆိုးဝိညာဉ်ဂိုဏ်း အတွင်းသို့ ဖောက်ဝင်လာကြသည်။
သူတို့၏အသွင်အပြင်က ချက်ချင်းဆိုသလိုပင် လူအားလုံး၏အာရုံကို ဖမ်းစားနိုင်ခဲ့ပြီး ၎င်းတို့သုံးဦးကို အကြည့်များကို ညှိပေးခဲ့သည်။
“အကြီးအကဲကျီအန်ရဲ့ အမိန့်အရ နတ်ဆိုးဝိညာဥ်ဂိုဏ်းက ရှန်တုန်ထွက်လာပြီး အမိန့်ကိုလက်ခံစေ..”
ထိုစကားများ ပါးစပ်မှ ထွက်ခွာခါနီးတွင် နတ်ဆိုးဝိညာဉ်တောင်ပေါ်ရှိ ကောင်းကင်ယံသို့ တက်လာသော မီးခိုးနက်များမှ ကြောက်မက်ဖွယ်ရာ အသံတစ်ခု ထွက်ပေါ်လာသည်။
“ကျွန်ုပ် ရှန်းတုန်က နတ်ဆိုးသံတမန်သုံးယောက်ကို နှုတ်ဆက်ပါတယ်...”
သုံးယောက်သားက ရှန်းတုန်ဧ။်အသံလာရာသို့ ချက်ချင်း အရိုအသေပြုလိုက်သည်။ ထိုသူများက ကျောက်စိမ်းတုံးတစ်တုံးကို ထုတ်၍ ကြေမွလိုက်သည်နှင့် လေထုက ပုံပျက်ပန်းပျက်ဖြစ်ကာ သူ့ရှေ့တွင် ပုံရိပ်တစ်ခု ချက်ချင်းပေါ်လာသည်။
ပုံရိပ်၏မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘဲ ခေါင်းနှင့် မျက်နှာကို ဖုံးအုပ်ထားသည့် အနက်ရောင် ၀တ်ရုံတစ်ထည်သာ မြင်ရသည်။ အေးစက်ပြီး ဆိုးသွမ်းသောအမှောင်ထုက ချက်ချင်းပျံ့နှံ့သွားပြီး လူအားလုံး၏နှလုံးကို တုန်လှုပ်သွားစေသည်။ အားလုံးက ခေါင်းငုံ့ကာ မြေပြင်ပေါ်၌ ဝပ်ကြသည်။
ထိုအေးစက်နေသောလေထုကို ပြည့်နှက်လာသည်နှင့်အမျှ ကောင်းကင်ကြီးကလည်း မြူများဖုံးလွှမ်းသွားသကဲ့သို့ ချက်ချင်းပင် မှောင်မိုက်သွားကာ လူအများက ရှင်းရှင်းလင်းလင်း မမြင်ရတော့ပေ။
“ရှန်းတုန်..”
ထိုပုံရိပ်မှ အသံနက်ကြီး ထွက်ပေါ်လာသည်။ ထိုစကားများကို ကြားရသူအားလုံက ၎င်းတို့၏ ခန္ဓာကိုယ်ကို ကြက်သီးထစေလေသည်။
“နတ်ဆိုးဝိညာဉ် ဂိုဏ်းကို ယူခေါ်ပြီး မြစ်တစ်ထောင်တောင်ကုန်းကိုနင်းချေလိုက်ပါ.. ဖုံးကွယ်နဂါးဂိုဏ်းရဲ့ဂိုဏ်းခွဲတွေက တစ်ခုပါ... မင်းမှာ သူတို့အားလုံးကို သတ်ပစ်ဖို့ဆယ်ရက်ပဲ ရမယ်..
“အဲဒီမှာ အကာအကွယ်စည်းချပါ... ဒီနေရာက ငါတို့ဂိုဏ်း အခြားအင်မော်တယ်တွေကို ကျူးကျော်တဲ့အခါ ခံတပ်တစ်ခုလာမယ်..”
ထိုအချိန်တွင် အပြာရောင် ၀တ်စုံကို ၀တ်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက အနက်ရောင် မီးခိုးငွေ့များထဲမှ ထွက်လာခဲ့သည်။ ပုံရိပ်ဆီသို့ ရိုသေစွာ ဦးညွှတ်သည်။
“ကျုပ် နားလည်ပါပြီ...”
ပုံရိပ်က စကားမပြောတော့ဘဲ တဖြည်းဖြည်း မှိန်ဖျော့သွားသည်။ နတ်ဆိုးဂိုဏ်းသားသုံးယောက်က ရှန်တုန်ဆီသို့ အရိုအသေပြုလိုက်သသည်။ သူတို့ထဲကနှစ်ဦးမှာ အရှိန်ပြင်းပြင်းဖြင့် မှော်အစီအရင်ကိုဖြတ် ပြေးသွားကာ ရှည်လျားသော အလင်းတန်းများအဖြစ် ပြောင်းလဲသွားသည်။
ရှန်းတုန်ကို လေးစားသည့်အနေဖြင့် အရိုအသေပေးပြီးနောက်တွင် နောက်ဆုံးလူက နေရာတွင် ရှိနေခဲ့သည်။ သူ စကားတစ်ခွန်းမှ မပြောခဲ့ပေ။