← Chapters

သွေးစတေးခြင်း

Vol. 45 Ch. 622

သွေးစတေးခြင်း

Vol. 45 Ch. 622

ညက အပ်ကျသံမကြားရအောင် တိတ်ဆိတ်နေခဲ့သည်။ နတ်ဆိုးဂိုဏ်းအတွင်းမှ လူရာပေါင်းများစွာသာ လေထဲ၌ လွင့်မျောနေပြီး အဝေးရှိ မြစ်တစ်ထောင်ချိုင့်ဝှမ်းကို ကြည့်နေကြသည်။

ဖြူဖျော့ပြီး တုန်လှုပ်နေသော ပြင်ပဂိုဏ်းတပည့်များနှင့် နှိုင်းယှဉ်ပါက အတွင်းဂိုဏ်းတပည့်အားလုံးက ၎င်းတို့၏ မျက်နှာများတွင် အေးစက်သော အမူအရာများ ရှိနေသည်။ သူတို့၏ ခန္ဓာကိုယ်အနှံ့ လေရိုင်းများ စိမ့်ထွက်နေပါသည်။ စိတ်လှုပ်ရှားခြင်းနှင့် တပ်မက်ခြင်း အမူအရာကိုလည်း ၎င်းတို့အတွင်း၌ တွေ့ရှိနိုင်သည်။

၎င်းတို့က နတ်ဆိုးဝိညာဉ်ဆိုးဂိုဏ်းနှင့် နတ်ဆိုးဂိုဏ်း၏ တပည့်များဖြစ်သည်။ ယခုအချိန်တွင် ထိုအငွေ့အသက်များကို အတွင်းဂိုဏ်းတပည့်များထံမှ ခံစားနိုင်သောအရာဖြစ်သည်။

ဤမှောင်မိုက်သောညတွင် ဤနတ်ဆိုးဂိုဏ်းဝင်များကို ဝိုင်းရံထားသည့် မြူအလွှာတစ်ခုရှိသည်။ စုမင်က သူ့ပတ်ဝန်းကျင်ရှိ မြူခိုးများကို ကျော်ဖြတ်ကာ သူ့မျက်နှာကို မထီမဲ့မြင်ပြုသည့်အမူအရာဖြင့် လူအုပ်ကြားတွင် ရပ်နေသည်။

မြူခိုးလွှာက နတ်ဆိုးဂိုဏ်းမှ လူအားလုံးကို ဖုံးအုပ်ထားပြီး ၎င်းက ပတ်ဝန်းကျင် အမှောင်ထုနှင့် ပေါင်းစပ်သွားပုံရသည်။ အတွင်းရှိ မည်သည့်အရာကိုမဆို ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘဲ၊ ထိုသူ၏ နတ်ဘုရားအာရုံက ရှန်းတုန်ထက်သာလွန်ခြင်းမရှိပါက ထိုမြူခိုးများပေါ်တွင် မည်သည့်အရာက ကင်းလွတ်နေသည်ကို တွေ့ရန် ခက်ခဲပေလိမ့်မည်။

စုမင်မှာ ထိုမြူခိုးလွှားက ဒေါသစိတ်ဖြင့် ဖွဲ့စည်းထားသည်ကို မြင်နိုင်သည်။ အခိုးအငွေ့များ လွင့်မျောနေရင်း အသံတိတ်အော်သံတွေ ထွက်လာသည်။

“ဒီအင်မော်တယ် တွေက သူတို့ကိုယ်သူတို့ ဖြောင့်မတ်ဟန်ဆောင်ပြီး ငါတို့ကို မကောင်းဆိုးဝါးလို့ ခေါ်ကြတယ်... သူတို့က ငါတို့ထဲကို တွေ့ရင် ငါတို့ကို သေတဲ့အထိ တိုက်ခိုက်လိမ့်မယ်.. အခု မင်းရဲ့စိတ်နှလုံးကို သတ်ပစ်နိုင်တယ်..”

ရှန်းတုန်၏ အသံက အေးစက်နေပြီး အထဲမှာ ရက်စက်ကြမ်းကြုတ်ပြီး ကြက်သီးထစရာ ကောင်းသော လေသံပင် ရှိနေသည်။

“ငါတို့အရင်ဆုံး သွေးစတေးပူဇော်မယ်.. ကျန်တဲ့သူတွေက ဒီနေရာမှာရှိတဲ့ တံခါးတွေအားလုံးကို ပိတ်ပြီး ပုန်းလျှိုးနဂါးဂိုဏ်း ထဲက တစ်ယောက်မှ မလွတ်မြောက်နိုင်ဘူးဆိုတာ သေချာအောင် လုပ်ရမှာ”

ထိုစကားကို ဂိုဏ်းအကြီးအကဲက ပြောလိုက်သည်နှင့် တပြိုင်နက် အတွင်းစည်း တပည့်သုံးကျိပ်က ထူးဆန်းသောမှော်စီးယာဉ်ထဲမှ တပည့်နှစ်ရာကို လျင်မြန်စွာ လှည့်ကြည့်လိုက်သည်။

ကြက်သီးထဖွယ်အအေးလှိုင်းတစ်ခုဖြစ်ပေါ်လာပြီးနောက် ပြင်ပဂိုဏ်းတပည့် နှစ်ရာ၏ အမူအရာများက ရုတ်တရတ် ပြောင်းလဲသွားသည်။

မီးခိုးရောင် ၀တ်စုံဝတ်ထားသော ထိုလူများ၏အဝတ်များက ၎င်းတို့၏ သရုပ်မှန်ကို ရှင်းရှင်းလင်းလင်းပြသထားသည်။ သူတို့အားလုံးက သူတို့၏ သွေးမျိုးဆက်ကို ပြောင်းလဲခဲ့သော ကျင့်ကြံသူများပင် သူတို့အားလုံးက ကျောက်ချုံး ကဲ့သို့ ပြင်ပဂိုဏ်း၏ အကြီးအကဲများဖြစ်သည်။

သွေးယဇ်ပူဇော်ပွဲသို့ ရောက်လာသောအခါ အတွင်းစည်းတပည့်များက အလွယ်တကူ ရန်စရဲမည်မဟုတ်ပေ။

ပြင်ပဂိုဏ်းဝင်တပည့်အားလုံးကလည်း မကြောက်ကြပေ။ရက်စက်ကြမ်းကြုတ်စွယ ရယ်မောနေကြသော သို့မဟုတ် ၎င်းတို့၏ မျက်နှာပေါ်တွင် မည်းမှောင်သော အမူအရာများ သို့မဟုတ် ၎င်းတို့၏ စွမ်းအား၏ လှိုင်းဂယက်များကို ၎င်းတို့၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်စေရန် လျှို့ဝှက်စွာ လွှတ်ချထားသော အတွင်းလူ ဒါဇင်ပေါင်းများစွာ ရှိသည်။ ထိုလှိုင်းလုံးများက လေထုထဲတွင် ရွေ့လျားသွားသော်လည်း ၎င်းတို့အနီးတစ်ဝိုက်တွင် မြူခိုးများက ဖုံးကွယ်ထားကာ အပြင်သို့ မပျံ့နှံ့အောင် တားဆီးထားသည်။

သို့သော် ပြင်ပဂိုဏ်း၏ တပည့်အများစုက သွေးစတေးခြင်းအကြောင်း ကြားလိုက်သည်နှင့် တုန်လှုပ်သွားကြသည်။

စုမင်က ပေါင်ချိုးထံမှ သွေးစတေးမှုအကြောင်း ကြားဖူးသည်။ ဤသည်မှာ နတ်ဆိုးဂိုဏ်းမှ နတ်ဆိုးများ၏ တိုက်ခိုက်ရေးစွမ်းရည်ဖြစ်သည်။ ရန်သူတို့ကို စစ်တိုက်သောအခါ အပေါင်းအဖော်များ၏ အသွေးအသားကို ယာယီခွန်အားနှင့် လဲလှယ်၍ ဝါးမျိုကြလိမ့်မည်။ ၎င်းတို့အတွင်း၌ ယဇ်ပူဇော်ခံရသူများ၏ ဝိညာဉ်များကို ထောင်ချောက်ဆင်ထားကာ ၎င်းတို့၏ နာကျင်မှုကို ခံစားရစေပြီး ကြီးမားသော အလားအလာများစွာကို ထုတ်ပေးမည်ဖြစ်သည်။

လူများစတေးလေလေ၊ ၎င်းတို့၏ အလားအလာ ကြီးမားလေလေ၊ အနစ်နာခံမှုများတွင် ကျင့်ကြံမှုအဆင့် မြင့်မားနေပါက၊ ၎င်းတို့ကို စားသုံးမိသူများကလည်း အလားအလာကောင်းများ ထွက်လာနိုင်ပေလိမ့်မည်။

ထိုစွမ်းရည်ကို လေ့ကျင့်ရာတွင် အတိုင်းအတာတစ်ခုအထိ ရောက်သွားပါက၊ ဤသွေးစတေးမှုကို အသက်သွင်းသူများက ၎င်းတို့၏စွမ်းအားကို ထိန်းသိမ်းရန် သို့မဟုတ် ၎င်းတို့၏ခန္ဓာကိုယ်ကို ခိုင်ခံ့စေရန်အတွက် ၎င်းတို့ပတ်ဝန်းကျင်ရှိ သက်ရှိဝိညာဉ်အားလုံးကို ကိုက်စားနိုင်မည်ဖြစ်သည်။ သို့သော် ယင်းအတွက် အားနည်းချက်တစ်ခု ရှိခဲ့သည်။ နောက်ဆုံးတွင် စွမ်းရည်အားလုံးတွင် ၎င်းတို့၏ ကန့်သတ်ချက်များရှိပြီး၊ ဤသွေးစတေးမှု၏ ကန့်သတ်ချက်မှာ ကျင့်ကြံသူ၏ စွမ်းအားကို အဆင့်တစ်ခုဖြင့် တိုးမြှင့်နိုင်ကာ ကြာရှည်မခံပေ။

ရှန်းတုန်က သွေးစတေးမှုစတင်ကြောင်းကြေညာပြီးခါနီးတွင် အတွင်းဂိုဏ်းဝင်တပည့်များက ရန်လိုသောအကြည့်များဖြင့် ကြည့်နေကြသည် ။ ပြင်ပဂိုဏ်း၏ တပည့်အများစုမှာ စိုးရိမ်ထိတ်လန့်မှုများနှင့် နစ်မြုပ်နေချိန်တွင် အတွင်းဂိုဏ်းဝင် တပည့်သုံးကျိပ်တို့က ထူးဆန်းသော ပျံသန်းနေသော မှော်စီးယာဉ်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားကြသည်။

မြူခိုးငွေ့တွေ ဖုံးလွှမ်းသွားပြီး အပြင်သို့ မထွက်နိုင်သော နာကျင်စွာအော်ဟစ်သံများက စုမင် နားထဲမှာ ပဲ့တင်ထပ်နေ လေသည်။ ချမ့်ချန်၏မျက်နှာက ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် သွေးစင်သွားသည် ။ အတွင်းစည်း တပည့်အများစုက သူ့ကို လျစ်လျူရှုထားသောကြောင့် သူက အလုပ်သမားတစ်ဦး၏ စွမ်းအားကို စည်းရုံးခြင်းမှ ရလဒ်အချို့ကို ရရှိခဲ့ခြင်း ဖြစ်နိုင်သည်။

ပျံဝဲနေသော ထူးဆန်းသောမှော်စီးယာဉ် ပေါ်ရှိ အလင်းတန်းများက ပြင်ပဂိုဏ်းဝင် တပည့်များအားလုံး ထွက်ပြေးခြင်းကို ရပ်တန့်စေပြီး လှောင်အိမ်အဖြစ်သို့ ပြောင်းလဲသွားသော လျှိုမြောင်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

စုမင်က သူ့နေရာတွင် ရပ်နေပြီး မျက်မှောင်ကြုတ်လိုက်သည်။ ဤ ပြင်ပဂိုဏ်းဝင် တပည့်များ ဝမ်းနည်းကြေကွဲ နာကျင်စွာ သေဆုံးနေကြသည်ကို မြင်ရ၏။ သူတို့က ၎င်းတို့၏ ဂိုဏ်းဝင်များ လက်အောက်တွင် သေဆုံးသွားကြသည်။ သူတို့၏ အသွေးအသားတို့က တကွဲတပြားစီ ဖြစ်ခဲ့ကြပြီး အတွင်းဂိုဏ်းဝင် တပည့်များက စုပ်ယူထားသော အငြိုးကြီးသော ဝိညာဉ်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။ အသားအပိုင်းအစများ ပြိုကွဲမသွားပေ။ယင်းအစား ထိုလူများကို ဝန်းရံကာ ဖောက်ထွက်နေသော သွေးနီရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ပြင်ပဂိုဏ်းမှ ဂိုဏ်းဝင်တစ်ဦးကို အသတ်ခံရသည်နှင့် ထိုသူများ၏ မျက်နှာများက ပုံပျက်သွားကာ သွေးနီရောင်အလင်းတန်းအဖြစ်ပြောင်းလဲသွားကြသည်။ သူတို့၏ကျင့်ကြံမှုက ခန္ဓာကိုယ်အတွင်း ပျံ့နှံ့သွားခဲ့သည်။ ၎င်းတို့အားလုံးက ယခင်ကထက် အနည်းငယ် ပိုမိုအားကောင်းလာပြီး ၎င်းတို့ထံမှ သတ်ဖြတ်လိုသောအငွေ့အသက်များက လေထဲတွင် လွင့်နေပါသည်။

မီးခိုးရောင် ၀တ်စုံဝတ်ထားသော ဂိုဏ်းအကြီးအကဲများက ယခင်ကကဲ့သို့ အေးဆေးတည်ငြိမ်နေလေသည်။ ၎င်းတို့ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည့်အရာများကို သူတို့ကိုယ်သူတို့ သိပ်အနှောက်အယှက်မဖြစ်စေဘဲ လျစ်လျူရှုနိုင်နေလေသည်။ ပြင်ပဂိုဏ်းအတွင်းမှ ထူးချွန်သောတပည့်များ၏ မျက်လုံးများ တောက်ပလာကာ အတွင်းစည်းဝင် တပည့်များကို တိုက်ထုတ်ရန် လျင်မြန်စွာ ချီတက်လာကြသည်။

အတွင်းဂိုဏ်းဝင် တပည့် နှစ်ယောက် သို့မဟုတ် သုံးယောက်က လျင်မြန်စွာ နာကျင်၍ ကြောက်စရာကောင်းသော သေခြင်းဖြင့် သေဆုံးခဲ့ပြီး အခြားသူတစ်ဦး၏ သွေးစတေးမှု ဖြစ်လာခဲ့သည်။

စုမင်က ဤအရာအားလုံးကို မြင်သောအခါတွင် တပည့်အချင်းချင်း သတ်ဖြတ်ခြင်းကို မတားမြစ်သော နတ်ဆိုးဂိုဏ်း၏ စည်းမျဉ်းများကို သတိရမိသည်။ သို့မှသာ သူက ဤအထူးစည်းမျဉ်းကို နက်နဲစွာ နားလည်သဘောပေါက်လာခဲ့သည်။

“ဒါဆို ဒီဂိုဏ်းက မကောင်းဆိုးဝါးပဲ…”

ဟု တိုးတိုးလေးပြောသည်။

စုမင်က အဝေးတွင်ရှိသောမြစ်တစ်ထောင်ချိုင့်ဝှမ်းဆီသို့ လှမ်းမျှော်ကြည့်သောအခါ၊ ဤအရာက အထင်နှင့်အမြင်တစ်ခြားစီဖြစ်နေကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။ ပုန်းလျှိုးနဂါးဂိုဏ်းသို့မရောက်ခင် အချင်းချင်းတိုက်ခိုက်ခြင်း ကြောင်း သေဆုံးမှုအများအပြားဖြစ်စေခဲ့သည်။

သို့တိုင်၊ အားနည်းသူများ၏သေဆုံးမှုသက သန်မာသူများကို ပို၍ခွန်အားဖြစ်စေသည်။

အထူးသဖြင့် အတွင်းစည်းဂိုဏ်းဝင် တပည့်သုံးကျိပ်အချို့တို့တွင်သက် ရောက် နေသည်။ ၎င်းတို့ထဲမှ ရှစ်ဦးခန့်က ပြင်ပဂိုဏ်းဝင်တစ်ဦးကို သတ်ဖြတ်ပြီးနောက် မရပ်တန့်ဘဲ ဆက်လက်သတ်ဖြတ်ခဲ့သည်။ သူတို့ထဲက တစ်ယောက်က စုမင်နှင့် အနီးကပ်ဆုံး ရပ်နေသော အတွင်းဂိုဏ်း၏ တပည့်ပင်။ ဤလူသည် မယုံနိုင်လောက်အောင် နုနယ်ပြီး အရပ်ရှည်ပုံရသော်လည်း သူ၏ စွမ်းအားမှာ လုံးဝမအားနည်းဘဲ၊ သူ၏ သွေးဆာခြင်းကို ပထမတစ်ချက်တွင် ထင်ရှားပေါ်လွင်စေသည်။

ပြင်ပဂိုဏ်းဝင် တပည့်သုံးဦးက သူ့လက်၌ သေဆုံးသွားခဲ့ပြီ။ လက်ရှိတွင် သူက လူ့ဦးခေါင်းကို ကိုင်ထားပြီး သူ့ကိုယ်ထက် မြင့်တင်လိုက်သောအခါတွင် သွေးစိမ်းများက သူ့မျက်နှာပေါ်တွင် အားစိုက်ထုတ်စရာမလိုဘဲပင် ရက်စက်ကြမ်းကြုတ်ပြီး အကျည်းတန်နေသည်။ ထို့နောက် စုမင် အား စူးစူးစိုက်စိုက်ကြည့်သည်။

ထိုလူက ရက်စက်သောအပြုံးဖြင့် ရှေ့သို့ ခြေလှမ်းကို ကျယ်ကျယ်လှမ်းကာ စုမင် ဆီသို့ ဦးတည်လိုက်သည် ။ နီးကပ်လာသည်နှင့်အမျှ သူ့မျက်လုံးက သတ်ဖြတ်လိုစိတ်များဖြင့် တောက်ပလာသည်။ ငြိမ်သက်သောအမူအရာဖြင့် စုမင်က လူဦးခေါင်းကိုကိုင်ထားသောသူကို ကြည့်လိုက်သည်။ သူ့သေတွင်းသူတူးနေသောကြောင့် စုမင်၏ရက်စက်ကို အပြစ်တင်စရာ အကြောင်းမရှိတော့ပေ။

တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း… အတွင်းစည်းတပည့်က စုမင်နား ရောက်ခါနီးတွင်၊ ရှန်းတုန်၏ အေးစက်သောအသံက ရုတ်တရက် ပဲ့တင်ထပ်သွားသည်။

“သွေးစတေးမှု ပြီးဆုံးသွားပြီ.. သွေးစတေးမှုမှာ အောင်အောင်မြင်မြင် ပါဝင်ခဲ့သူတွေအားလုံး ငါနဲ့အတူ လာပြီးတော့ ပုန်းလျိုးနဂါးဂိုဏ်းကို တိုက်ခိုက်ကြ...”

ရှန်းတုန်၏ စကားများက လေထဲတွင် ပဲ့တင်ထပ်နေပြီး စုမင်ဆီသို့နီးကပ်လာသော အတွင်းစည်း တပည့်က ရပ်တန့်သွားသည် ။ စုမင်ကို ညစ်ကျယ်ကျယ်ပြုံးပြပြီးနောက် လှည့်ကြည့်ကာ ရှန်းတုန်ဆီသို့ သွားလေသည်။

အတွင်းဂိုဏ်းဝင်တပည့်သုံးဆယ်နှင့် သွေးစတေးမှုတွင်ပါဝင်ခဲ့ကြသော ပြင်ပဂိုဏ်းတပည့်အနည်းငယ်တို့က ပျံတက်လာပြီး ရှည်လျားသောအလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက်တွင် ရှန်းတုန်၏ ဦးဆောင်မှုအောက်တွင် နတ်ဆိုးဝိညာဉ်ဂိုဏ်းမှ ဆင်းသက်လာသော အင်အားကြီး စစ်သည် ရှစ်ဦး၏နောက်တွင် လိုက်လာကြသည်။မြစ်တစ်ထောင်ချိုင့်ဝှမ်းဆီသို့ ဖြတ်သွားသော ထူးဆန်း ရှည်လျားသော အလင်းတန်းလေးဆယ် ရှိလေသည်။

ဤနေရာ၌ သွေးထွက်သံယို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီး ဖြစ်တော့မည်။

တစ်ချိန်တည်းမှာပင် ပျံသန်းနေသောမှော်စီးယာဉ်ရိ မီးခိုးရောင် ၀တ်ထားသော လူတစ်စု၏မျက်နှာက ခက်ထန်နေလေသည်။ သူတို့က ရှေ့သို့ ခြေတစ်လှမ်း တိုးကာ လက်နှစ်ဘက်ဖြင့် တံဆိပ်တစ်ခု ဖွဲ့စည်းလိုက်သည်။ချက်ချင်းက မှော်စီးယာဉ်က မြစ်တစ်ထောင်ချိုင့်ဝှမ်းဆီသို့ ပျံတက်သွားသည်။ စူးရှ နက်မှောင် အလင်းတန်းတစ်ခုက ယာဉ်မှ လျင်မြန်စွာ ထွက်ပေါ်လာသည်။

၎င်းက ချက်ချင်းပင် အောက်ဘက်ရှိ ရာနှင့်ချီသော နေရာကို ဖုံးလွှမ်းသွားကာ အောက်ရှိနေရာက အလုံပိတ်ခံထားရသလို ထင်ရစေပြီး လွတ်လမ်းမရှိရာနေရာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

များမကြာမီတွင်၊ နောက်မှနေခဲ့သော မီးခိုးရောင်ဝတ်ရုံမှ လူခုနစ်ဦးက ထူးဆန်းသောမှော်စီးယာဉ်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေလေသည်။ ကျန်တစ်ဦးမှာ ထွက်လာပြီး ပုန်းလျိုးနဂါးဂိုဏ်းဆီသို့ အရှိန်တင်လေသည်။

ထိုအချိန်တွင် ချမ့်ချန် အပါအဝင်ယာဥ်ပေါ်ရှိ လူများအားလုံးက အချိန်အတန်ကြာမှပင် ချမ့်ချန်အနားတွင် ရပ်နေသော စုမင်က သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားသည်ကို သတိပြုမိခဲ့သည်။

တုန်လှုပ်ချောက်ချားစရာ အသံတစ်ခုက လေထဲသို့ ရုတ်တရက် ထွက်ပေါ်လာသည်။ ၎င်းက မြေပြင်မှ ဆင်းသက်လာပြီး ချိုင့်ဝှမ်းရှိ ပုန်းလျှိုးနဂါးဂိုဏ်းခွဲမှ ဖြစ်သည်။

ထိုမှော်အစီအရင်ကို ပုံမှန်နေ့များတွင် ဖော်ထုတ် ပြသခြင်း မရှိပေ။ ထိုအချိန် လေထုထဲတွင် ပေါက်ကွဲသံများ ကျယ်လောင်စွာ ပဲ့တင်ထပ်နေချိန်တွင် ဧရာမရေတံခွန်ကြီးကို ထုတ်ဖော်ပြသလိုက်ခြင်း ဖြစ်သည်။ ၎င်းက လက်စွပ်ပုံသဏ္ဍာန်ရှိပြီး မြစ်တစ်ထောင်ချိုင့်ဝှမ်းကို လုံး၀ဝန်းရံထားသည်။ တဟုန်းဟုန်းရေစီးသံများ နေရာတစ်ခုလုံး ပြည့်သွားပြီး ထိုရေတံခွန်အတွင်းရှိ ချိုင့်ဝှမ်းအတွင်းမှ ဒေါသတကြီး အသံတစ်ခု ထွက်ပေါ်လာသည်။

“ရှန်းတုန်..နတ်ဆိုးနဲ့အင်မော်တယ်ကြားက သဘောတူညီချက်ကို မင်း ချိုးဖောက်ရဲတယ်ပေါ့.. ဒီနေ့ ငါတို့ရဲ့ဖုံးကွယ်နဂါးဂိုဏ်းကို ဝိုင်းရဲရင် နောင်တစ်ချိန်မှာ မင်းရဲ့ နတ်ဆိုးဂိုဏ်းတစ်ခုလုံးကို သေချာပေါက် ဖျက်ဆီးပစ်မယ်...”

ဤဒေါသသံ၏အဖြေမှာ ရိုင်းစိုင်းသောလေထုဖြင့် ပြည့်နှက်နေလေသည်။ ခပ်ကျယ်ကျယ်ရယ်မောသံတစ်ခုက နောက်က ကပ်ပါလာ‌ လေသည်။ ရှန်းတုန်က ဂိုဏ်း၏တောင်တံခါးအဖြစ် တည်ရှိသော ထိုရေတံခွန်ရှိ လေထုကိုသိမ်းပိုက်ရန် သူ၏ညာလက်ကို မြှောက်ထားလိုက်သည်။ ချက်ချင်းပင်၊ ကြီးမားသော တစ္ဆေခြေသည်းက ရေတံခွန်ဘက်သို့ ဆန့်ထွက်လာပြီး ဖမ်းဆုပ်လိုက်သည်။

၎င်းနှင့်အတူ ကျယ်လောင်သော ပေါက်ကွဲသံများက ကောင်းကင်နှင့် မြေကြီးကြားမှာ ပျံ့လွင့်လာလေသသည်။လူတိုင်းမျက်စိရှေ့မှာတင် ရေတံခွန်ထဲကရေများက အပေါ်ကိုတက်ပြီး ကောင်းကင်သို့ စီးဆင်းလာသည်။ ရေတံခွန်ကြီးက တုန်လှုပ်သွားပြီး အဆုံးမရှိ ကျဆင်းနေသော ရေထဲတွင် ကြီးမားသော ကွာဟချက်တစ်ခု ပေါ်လာသည်။

“ဒါက ငါဖျက်ဆီးခဲ့တဲ့ ပထမဆုံးဂိုဏ်းလည်း မဟုတ်ဘူး..နောက်ဆုံးလည်း မဟုတ်ဘူး… ချီတက်ကြ.. ဘယ်သူ့ကိုမှ အရှင်မထားနဲ့.. လူကိုတွေ့ရင် အလောင်းကိုတွေ့ရင် သူတို့ရဲ့ ဝိညာဉ်ကို ယူလိုက်..အခြေတည် ဝိဥာဉ်ကို မြင်ရင် ဝါးမျိုပစ်လိုက်.. ဤနေရာကို လုံးဝပျက်သုဉ်းသွားအောင် လုပ်ကြ...”

ရှန်းတုန်၏အသံက လေထဲတွင် ပဲ့တင်ထပ်နေချိန်တွင် သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ ရေတံခွန်၏ ကွက်လပ်ကိုဖြတ်ကာ ညာဘက်သို့ လှမ်းကြည့်လိုက်သည်။ ပေါင်ချိုး အပါအဝင် သူ့အနောက်မှာ ရပ်နေသောနတ်ဆိုးဂိုဏ်းဝင်များက ထွက်လာပြီး ဖုံးကွယ်နဂါးဂိုဏ်းထဲသို့ ဝင်သွားကြလေသည်။

ပေါင်ချိုးက ကွက်လပ်ကို ဖြတ်ကျော်သွားသောအခါ သူမ ခေါင်းကို မော့ပြီး ထူးဆန်းသောစီးယာဥ်ကို လှမ်းကြည့်လိုက်သည်။ စုမင်က ဘယ်အချိန်မှာ စလှုပ်ရှားမလဲဆိုတာ သူမ မသိပေ။ ယခုအချိန်မှာ စမလှုပ်ရှားလျှင် အရမ်းနောက်ကျသွားလိမ့်မည်။

ထိုအချိန်တွင် စုမင်က မြစ်တစ်ထောင်ချိုင့်ဝှမ်း ရှိ မိုးပျံတံတားပေါ်တွင် ရပ်နေသည်။ သူ့မျက်နှာတွင် တည်ငြိမ်သော အမူအရာဖြင့် ရှေ့သို့ လျှောက်သွားသည်။ သူက လျင်မြန်စွာ မလှုပ်ရှားသော်လည်း သူ့ခန္ဓာကိုယ်က မည်သူမျှ ရှင်းရှင်းလင်းလင်း မမြင်နိုင်သော မြင်ကွင်းတစ်ခုနှင့်တူသည်။ လွန်ခဲ့သည့် အသက်ရှိုက်စာတွင် မိုးပျံတံတားပေါ်တွင် ရှိနေဆဲဖြစ်သော်လည်း ခဏအကြာတွင် ချိုင့်ဝှမ်း၏ဘယ်ဘက်ရှိ ခန်းမကြီးတစ်ခု၏ အပြင်ဘက်သို့ ရောက်နေပြီဖြစ်သည်။

ထိုအချိန်တွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု သူ့ပတ်ဝန်းကျင်တွင် ထွက်ပေါ်လာသည်။သူ့ရှေ့တွင် ကြီးမားသော ကွာဟချက်ကြီးတစ်ခုဖြစ်လာအောင် လေထဲတွင် ဆုတ်ဖြဲနေသည်ကို တွေ့လိုက်ရသည်။ ရှန်းတုန်က ခြေလှမ်းတစ်လှမ်းဖြင့် လျှောက်သွားကာ သူ့နောက်ကွယ်မှ နတ်ဆိုးဝိညာဉ်ဂိုဏ်းဝင်များအားလုံး ချိုင့်ဝှမ်းထဲတွင် သူတို့ကိုယ်သူတို့ ထုတ်ဖော်ပြသရန် တည့်တည့်ပင် အရှိန်တင်လိုက်ကြသည်။

လုပ်ကြံသတ်ဖြတ်မှုကြီး အစပြုလာပြီဖြစ်သည်။ ဒေါသတကြီး အော်ဟစ်သံနှင့်အတူ၊ ရှည်လျားသော အလင်းတန်းများစွာက ဖုံးကွယ်နဂါးဂိုဏ်းမှ ပျံတက်သွားပြီး ကောင်းကင်ရှိ နတ်ဆိုးဂိုဏ်းဝင်များဆီသို့ ဦးတည်သွားလေသည်။ လူသတ်ပွဲစပြီးသည်နှင့် သွေးထွက်သံယို မိုးရွာသည့်ပုံစံဖြင့် ကောင်းကင်မှ သွေးများ မြေပြင်ပေါ်သို့ ကျဆင်းလာခဲ့သည်။

All Chapters