လုယက်ဖျက်ဆီးမှု
Vol. 45 Ch. 623
ကျူးကျော်ဝင်ရောက်လာသောနတ်ဆိုးဝိညာဉ်ဂိုဏ်းသားများနှင့်ယှဉ်လျှင် ဖုံးကွယ်နဂါးဂိုဏ်းက စွမ်းအားပိုင်းမှာ အများကြီး အားနည်းသည်။ အထူးသဖြင့် ၎င်းတို့၏ တိုက်ခိုက်သူများအပေါ် သွေးဆာမှုနှင့် ရူးသွပ်မှုများ မရှိသည့်အတွက်ကြောင့် ဖြစ်သည်။
သွေး၊အသားစများဖြင့် ဝန်းရံနေသော နတ်ဆိုးဝိညာဉ်ဂိုဏ်းမှ တပည့်များက သွေးဆာနေသော မျက်လုံးများဖြင့် ဟောက်ကြပြီး၊ သူတို့၏ ဟောက်သံများက ပုန်းလျှိုးနဂါး ဂိုဏ်းအတွင်းမှ ကြီးမားသော ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ဖြစ်ပေါ်စေခဲ့သည်။
ထို့အပြင် ရှန်းတုန်က သူ့အား ခွန်အားဖြင့် ရှေ့တိုးလာစဉ်တွင် ရပ်တန့်ရန် ကြိုးပမ်းသူအားလုံးကို ဆုတ်ဖြဲလိုက်သည်။ ထွက်ပြေးရန် ကြိုးစားသော အခြေအမြစ်ရှိသော ဝိညာဉ်အားလုံးကို ဖမ်းဆုပ်နိုင်ခဲ့သည်။ သူ့ပတ်ဝန်းကျင်ရှိ လူအားလုံး၏ တုန်လှုပ်ချောက်ချားမှုအလယ်တွင် သူက ထို အခြေတည်ဝိညာဉ်များကို သူ့ပါးစပ်ထဲသို့ ထည့်ကာ နှိပ်စက်ပြီးနောက် မျိုချလိုက်သည်။
ဖုံးကွယ်နဂါးဂိုဏ်းသို့ သူယူဆောင်လာခဲ့သည့် တုန်လှုပ်ချောက်ချားမှုက ၎င်းတို့ကို သွေးလန့်ဖွယ်ရာအဖြစ်သို့ တွန်းပို့လုနီးပါးပင်။
“တစ္ဆေလက်သည်းရှန်းတုန်...”
စုင်က မိုးပျံတံတား၏ ဘယ်ဘက်ရှိ ခန်းမအပြင်ဘက်တွင် ရပ်နေ၏။ သူ ခေါင်းမော့ပြီး ကောင်းကင်ကို မော့ကြည့်လိုက်ပြီး တော်ရုံတန်ရုံ အရှိန်အဟုန်နဲ့ ရှေ့ကို ဆက်လျှောက်လာခဲ့သည်။ သူ့ကို မည်သူမှ သတိမထားမိဘဲ ခန်းမထဲကို ၀င်ခွင့်ပြုလိုက်သည်။
အထဲမှာ ဧရာမရုပ်ပွားတော်များက ဝတ်ပြုရန်အတွက် အနည်းငယ် ထားရှိလေသည်။ ၎င်းတို့အားလုံးကို ဝိညာဉ်ကျောက်တုံးများ အသုံးပြု၍ ဖန်တီးထားသည်။ ထိုအချိန်တွင်၊ မိုးတိမ်တောင်ကဲ့သို့ မည်းမှောင်နေသော ထိုခန်းမအတွင်း၌ တရားထိုင်နေသော အဘိုးကြီးခုနစ်ယောက်ရှိသည်။ သူတို့က အချင်းချင်း လက်ကို ရောယှက်လျက်၊ သူတို့၏ အလယ်ဗဟိုတွင် ဆီမီးခွက်တစ်ခုရှိသည်။
ထိုအချိန်တွင် မီးမလင်းသေးသော်လည်း လူခုနစ်ဦး၏ စွမ်းအားကို ဖြန့်ထုတ်လိုက်သောအခါ မီးလောင်ကျွမ်းတော့မည့် အရိပ်အယောင်များ ရှိနေသည်။ အပြင်မှာ ကျယ်လောင်သော အသံများ၊ နာကျင်အော်ဟစ်သံများနှင့် ယှဉ်လျှင် ဤနေရာမှာ မယုံနိုင်လောက်အောင် တိတ်ဆိတ်နေလေသည်။
‘မာန်စိတ်ဝိညာဉ်နယ်ပယ် အလယ်အလတ်အဆင့်တွင်ရှိသူနဲ့ညီမျှတဲ့လူခုနစ်ယောက်...’
စုမင၏ အမူအရာက ခန်းမထဲသို့ ဝင်သွားသည်နှင့်အမျှ တည်ငြိမ်သွားသည် ။ အဘိုးကြီး ခုနစ်ယောက်က မျက်လုံးမှိတ်ထားဆဲဖြစ်ပြီး သူ့ကို သတိမပြုမိကြပေ။ သူက သူတို့ဆီသို့ လျှောက်မသွားဘဲ ခန်းမအတွင်းရှိ ရုပ်ပွားတော်သုံးဆူဘေးတွင် ရပ်ရန် ရွှေ့လိုက်သည်။ သူတို့ကိုကြည့်ရင်း မျက်လုံးထဲမှာ အလင်းတန်းတစ်ခုပေါ်လာသည်။
‘နည်းနည်းတော့ ဖြုန်းတီးရာကျတာပဲ...’
စုမင်ကခေါင်းကို ခါလိုက်သည်နှင့် ရုပ်ပွားတော် သုံးခုက အသံတစ်သံမျှမထွက်ဘဲ ခန်းမထဲမှ ချက်ချင်း ပျောက်ကွယ်သွားသည် ။
စုမင်က အခင်းပေါ်တွင်ထိုင်နေသော လူခုနစ်ယောက်ဝန်းရံထားသော ဆီမီးခွက်ကို တစ်ချက်ကြည့်လိုက်ရင်း စုမင် ထွက်သွားတော့မည်။ ထိုအခင်းများက ဆေးဖက်ဝင်အပင်များမှ ပေါင်းစပ်ပြုလုပ်ထားသောကြောင့် ၎င်းတို့ထံမှ မွှေးပျံ့လန်းဆန်းသောရနံ့များ ထွက်ပေါ်လာသည်။
‘ပင်စိမ်းဝိညာဉ်ဆေးပင်... ဒီ နဂါးဂိုဏ်းက တကယ်ပဲ အများကြီးရှိတယ်...’
စုမင်က သက်ပြင်းပြင်းပြင်းချလိုက်တယ်။ ဤဆေးဖက်ဝင်အပင်ကို အသိအမှတ်ပြုသည်။ ထိုအပင်တစ်ပင်က အနည်းဆုံး ဝိညာဉ်ကျောက်တုံးတစ်ရာလောက် ကုန်ကျပြီး ထိုအခင်းများ ဝိညာဉ်ကျောက်တုံး တစ်သောင်းလောက် ကုန်ကျသည်...
‘ဘယ်လောက်အလေအလွင့်များလဲ..”
စုမင် မျက်မှောင်ကြုတ်လိုက်သည်။ မျက်လုံးမှိတ်ပြီး တရားထိုင်ဆဲ အဘိုးကြီး ခုနစ်ယောက်ဆီသို့ လျှောက်သွားသည်။ သူ့လက်တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် လူခုနစ်ယောက်၏ ခန္ဓာကိုယ်က ကျောချမ်းဖွယ်အအေးဒါဏ်ကိုခံစားလိုက်ရသည်။ သူတို့မျက်လုံးများက အံ့သြပြီး သတိနှင့်ဖွင့်လိုက်ကြသော်လည်း ချက်ချင်းဆိုသလိုပင် ပါးစပ်အဟောင်းသားဖြစ်သွားသည်။
သူတို့ ပထမဆုံးမြင်လိုက်ရတာက သူတို့ ထွန်းညှိဖို့ ကြိုးစားနေသော ထူးဆန်းသည့် နဂါးမီးအိမ် ပျောက်ကွယ်သွားသည်။ ပိုလို့တောင် တုန်လှုပ်သွားတာက သူတို့အောက်မှာရှိသော ပင်စိမ်းဝိညာဉ်အပင်များဖြင့် လုပ်ထားသော အခင်းများ လည်း ပျောက်ကွယ်သွားသည်။
နောက်ဆုံးတွင် သူတို့ပတ်ဝန်းကျင်ကို အလိုလိုကြည့်မိသောအခါတွင် လူအိုခုနစ်ယောက်လုံး အံ့အားသင့်သွားခဲ့ကြပြီး ခန်းမအတွင်းရှိ ရုပ်ပွားတော်သုံးဆူလည်း ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသောကြောင့် သွေးအန်ရလောက်သည့်ထိနာကျင်မိသွားသည်။
စုမင်က ခန်းမကို ဖြတ် လျှောက်သွားသည်။ သူ့ရှေ့မှာ နောက်ထပ်ခန်းမတစ်ခုရှိလေသည်။ ကောင်းကင်တွင် တိုက်ပွဲသံများကြောင့် တဟုန်ထိုး တုန်ခါနေပြီး ရှည်လျားသော အလင်းတန်းများက မြေပြင်မှ လွင့်ပျံလာသည်ကို မြင်တွေ့နိုင်သည်။ ကောင်းကင်မှ ဆင်းသက်လာသော ရှည်လျားသော အလင်းတန်းများလည်း ရှိသည်။ တိုက်ခိုက်ခြင်း၊ လုယူခြင်း၊ ရူးသွပ်ရယ်မောခြင်းနှင့် နာကျင်စွာအော်သံများက လောကကြီးကို လွှမ်းခြုံသွားသည်။
ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်စုမင် ရုတ်ခြည်းရပ်သွားကာ ခြေဖဝါးအောက်ရှိ ကြမ်းခင်းကြွေပြားများကို ကြည့်ရန် ခေါင်းငုံ့ထားလိုက်သည်။
‘ဒီပုန်းလျှိုးနဂါး ဂိုဏ်းက တော်တော်ချမ်းသာတာပဲ..”
သူ ဝပ်တွားပြီး ကြမ်းပြင် ကြွေပြားတွေကို ပုတ်လိုက်သည်။ သူ့မျက်လုံးများက တောက်ပသော အလင်းရောင်များဖြင့် စတင်တောက်ပလာခဲ့သည်။ ညာလက်ကို မြှောက်လိုက်ပြီး လက်ဖဝါးကို မြေပြင်သို့ တွန်းလိုက်သည်။ သူ့ပတ်ဝန်းကျင်ရှိ ကြမ်းခင်းကြွေပြားများက ချက်ချင်းပင် တုန်ခါလာပြီး လေထဲတွင် ကွဲအက်သံများ ထွက်ပေါ်လာကာ လွင့်ပျံလာသည်။ စုမင်က သူ့လက်ကို ဝှေ့ယမ်းပြီး ကြမ်းပြင်ကြွေပြားတွေအားလုံးကို သူ့အိတ်ထဲမှာ ထည့်ထားလိုက်သည်။
သူ့မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပေါ်လာသည်။ ဤကြမ်းခင်းကြွေပြားများက ဝိညာဉ်ကျောက်တုံးများမဟုတ်၊ ဆေးဖက်ဝင်အပင်များမဟုတ်သော်လည်း ဆေးကြွင်းများဖြစ်သည်။
ဤဆေးကြွင်းများက ဆေးအမြုတေများဖန်တီးရန် ကြိုးပမ်းမှု မအောင်မြင်ပြီးနောက် ကျန်ရှိနေသည့်အရာဖြစ်သည်။ မူလက ၎င်းတို့ကို စွန့်ပစ်သင့်သည်။သို့သော်လည်း ထိုအကြွင်းအကျန်များတွင် ဆေးဖက်ဝင်အပင်များ၏ အနှစ်သာရအချို့ ကျန်ရှိနေသေးသည်။ထို့ကြောင့် ထိုအကြွင်းအကျန်များကို စုစည်းကာ ကြမ်းပြင်ပေါ်တွင် ခင်းရန် ဆေးဖက်ဝင်အုတ်ကြွပ်များအဖြစ် ပြောင်းလဲခဲ့ကြသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ၎င်းတို့က ဆေးဖက်ဝင်အပင်များ၏ ဆေးဖက်ဝင်ဂုဏ်သတ္တိများကို သဘာဝအတိုင်း ထုတ်ပေးနိုင်ပြီး၊ ၎င်းတို့သည် လောကမှ ဝိညာဉ်ရေးရောင်ဝါနှင့် ပေါင်းစပ်လိုက်သည်နှင့် အကျိုးသက်ရောက်မှုများ ပိုကောင်းလာမည်ဖြစ်သည်။
စုမင်၏ မျက်လုံးများတွင် ရမ္မက်ကြီးသော အကြည့်တစ်ခု ပေါ်လာသည်။ သူ့ရှေ့မှာ တည်ရှိနေသော ခန်းမအမျိုးမျိုးကို ကြည့်လိုက်သည်။ သူ့ရှေ့မှာ စောင့်နေသော အဆောက်အဦးများဆီ မြန်မြန် ရွေ့လျားသွားလေသည်။
ဒုတိယခန်းမတွင် မည်သူမျှမရှိသဖြင့် ၎င်းတို့အားလုံး အပြင်ဘက်တွင် နတ်ဆိုးဂိုဏ်းကို တိုက်ခိုက်နေကြကြောင်း ထင်ရှားသည်။ ဤခန်းမကြီးထဲတွင် ရှေးဟောင်းစာလိပ်များစွာ ထားရှိလေသည်။ထိုအလိပ်များမှ သေးငယ်သော အလင်းတန်းအလွှာ ပျံ့နှံ့လာသည်ကို မြင်တွေ့နိုင်သည်။ စုမငခက သူတို့အား ငေးကြည့်ကာ အားလုံးကို ဖယ်ထုတ်လိုက်ပြီး စာအုပ်စင်များကို ကြည့်လိုက်သည်။ သူက ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းကာ သူတို့ကို တို့ထိလိုက်ပြီး သက်ပြင်းရှည်ကြီး ချလိုက်မိသည်။
“မိုးကြိုးထိမှန်သစ်သား... ပုန်းလျှိုးနဂါးဂိုဏ်း..အော်.. ဖုံးကွယ်နဂါးဂိုဏ်း..”
သူ ခေါင်းယမ်းလိုက်ရင်း စုမင်က ခန်းမတွင်းရှိ အရာအားလုံးကို တစ်ချက်မျှပင် မကိုင်ဘဲ သူ့အိတ်ထဲသို့ ချက်ချင်းထည့်လိုက်သည်။ သူထွက်မသွားခင်မှာ အဆောက်အဦးကို တစ်ချက်ကြည့်လိုက်ရင်း သူ့မျက်နှာမှာ နောင်တရနေသော
အကြည့်များ ပေါ်လာသည်။
“ဒီခန်းမတွေဆောက်ဖို့သုံးတဲ့ပစ္စည်းတွေက တော်တော်ကောင်းတယ်.. ဒါပေမယ့် အရမ်းကြီးလွန်းတယ်..သယ်သွားရတာ လွယ်မှာမဟုတ်ဘူး”
စုမင်က စကားပြောနေစဉ် သူ့အကြည့်များက သူ့ပတ်ဝန်းကျင်နံရံတွေပေါ်မှာ ထွင်းထုထားသော ပန်းချီကားများကို စိုက်ကြည့်နေ လေသည်။ ၎င်းတို့က နူးညံ့သိမ်မွေ့ပြီး ကောင်းချီးပေးသောသားရဲများဖြစ်ပြီး သာလွန်ကောင်းမွန်သော ဝိညာဉ်ကျောက်တုံးများဖြင့် ပုံ ဖော်ထားသည်။
စုမင်က ချက်ချင်းပင် ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းကာ ထိုခန်းမပတ်လည်သို့ လျှောက်သွားသည်။ သားရဲမျက်လုံးများအဖြစ်ပုံဖော်ထားသော ဝိညာဉ်ကျောက်တုံးများအားလုံးကို ခြွေချလိုက်သည်။သူ မထွက်ခွာမီ ဖြတ်ကနဲ တစ်ဝက်တစ်ပျက်ကျန်နေသောကျောက်တုံးများကို ကြည့်မိသည်။ အားလုံးကို မသယ်ထုတ်နိုင်ခဲ့သည့်အတွက် နောင်တရစေခဲ့သည်။
တတိယမြောက်ခန်းမကို ထိတ်လန့်စွာ ကာကွယ်ပေးနေသည့် နဂါးဂိုဏ်းတပည့် လေးဦးရှိသည်။သူတို့က ကောင်းကင်ကို လေ့လာရန် ခေါင်းကို မော့ထားပြီး ကြောက်ရွံ့နေလေသည်။ ထိုလူလေးယောက်က စုမင်ရောက်လာသည်ကို သတိမထားမိပေ။ တကယ်တော့ သူ တတိယ ခန်းမထဲကို ရွှေ့လာတာတောင် အပြင်က လူလေးယောက်က သူ့ကို သတိမထားပေ။
စုမင်က ခန်းမကို ကြည့်လိုက်ရင်း စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း သူမြင်လိုက်ရသော အရာကို ထိတ်လန့်နေဆဲပင်။ သက်ပြင်းရှည်ကြီးသာ မှုတ်ထုတ်လိုက်သည်။
တတိယခန်းမတွင် မရေမတွက်နိုင်သော ဆေးဖက်ဝင်အပင်များဖြင့် ပြည့်နှက်နေ လေသည်။ ၎င်းတို့ကို နူးညံ့သိမ်မွေ့သော အလင်းစက်ဝိုင်းဖြင့် ဖုံးအုပ်ထားကာ အမှန်တကယ် ကြီးထွားနေဆဲဖြစ်သည်။ အပင်များကို ထိန်းသိမ်းရန် အသုံးပြုသည့် ခန်းမအတွင်း၌ ချိတ်တံဆိပ်များစွာ ထားရှိခဲ့သည်။
ဤနေရာက ဖုံးကွယ်နဂါးဂိုဏ်း၏ ဆေးဖက်ဝင်အပင်များ သိမ်းဆည်းထားသည့်နေရာဖြစ်သည်။ ရှေးယခင်က ဤ ဆေးဖက်ဝင်အပင်များကို အရောင်းအ၀ယ်အားဖြင့်သော်လည်းကောင်း၊ ထောက်ပံ့မှုအဖြစ်သော်လည်းကောင်း၊ တပည့်၏အောင်မြင်မှုအရလည်းကောင်း အမျိုးမျိုးသော တပည့်တို့အား ပေးကြ၏။
သို့သော် ဤအရာအားလုံးက ယခု စုမင် နှင့်သက်ဆိုင်သည်။
တတိယခန်းမမှ ထွက်သွားသောအခါတွင်မူ ခပ်မြန်မြန် ရွေ့လျားသွားကာ အဝေးမှ စတုတ္ထမြောက်ခန်းမဆီသို့ လျှပ်စီးလက်သလို ရွေ့လျားသွားလေသည်။ လမ်းခရီးတွင် သူက သူ၏ တန်ခိုးကြီးသော နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သည်။ မိမိရွေးချယ်ရာနေရာသို့ ချက်ချင်း မပြောင်းရွှေ့မီ နယ်မြေကို ဆန်းစစ်လေ့လာခဲ့သည်။ နတ်ဘုရားအာရုံထဲမှာ သူ့အာရုံကိုဖမ်းစားထား သောအရာအားလုံးက သူရောက်လာသည့်ခဏမှာ ချက်ချင်းယူခံလိုက်ရသည်။
မျက်နှာပေါ်တွင် ဒေါသထွက်နေသော အမူအရာဖြင့် ကောင်းကင်ပေါ်သို့ ခုန်တက်နေသော အဘိုးကြီးတစ်ယောက်ရှိသည်။ သူ့နောက်မှာ လူသုံးယောက်ရှိပြီးတော့ သူတို့အားလုံးက သူတို့လက်ထဲမှာ ဟောင်းနွမ်းပြီး ရိုးရှင်းသော ဓားရှည်တစ်ချောင်းကို ကိုင်ဆောင်ထားသည့် ကလေးများပင်။
အဖွဲ့ကို ဦးဆောင်နေသော အဘိုးကြီးက မြင်းမြီးရွက်ကို ကိုင်ထားတယ်။ ထိုလက်နက်၏ဆံပင်များထဲမှ အေးခဲနေသောလေလှိုင်းများ စိမ့်ထွက်လာပြီး မည်သူမဆို အနီးကပ်ကြည့်လျှင် ထိုအရာများသည် ဆံပင်မဟုတ်သော်လည်း အမှန်တကယ်တွင် ဆံပင်နှင့်တူသော ပါးလွှာသော ရေခဲချည်မျှင်များဖြစ်ကြောင်း တွေ့ရှိရမည်ဖြစ်သည်။
ထိုအခိုက်အတန့်တွင် အဖိုးအိုက ရတနာအုပ်ထိန်းသူအဖြစ် လုပ်ဆောင်နေသော ကလေးသုံးဦးကို ကောင်းကင်သို့ ခေါ်ဆောင်သွားလေသည်။ အေးစက်သောလေပြင်းများက သူတို့ကို ဖြတ်ကျော်သွားပြီးနောက် အဘိုးအိုက တခဏချင်း ထိတ်လန့်သွားလေသည်။ သူ့ခေါင်းကို လှည့်ကြည့်လိုက်သော် ကလေး သုံးယောက်၏ မျက်နှာမှာ အံ့ဩသင့် နေသော အမူအရာများကို တွေ့လိုက်ရပြီး သူတို့လက်ထဲက ဓားသုံးချောင်းကတော့ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။
“ဘယ်သူလဲ.. ဘယ်သူလဲ..”
အဘိုးအို၏ မျက်နှာက ဒေါသဖြင့် နီရဲနေသည်။ သူ အော်ဟစ်သည်နှင့် ရုတ်တရက် သူ့နားထဲသို့ တိုးညှင်းသောအသံတစ်ခု ဝင်လာသည်။
“ဒီ မြင်းမြီးနှင်တံ( မြင်းမြီးယပ်)က တော်တော်ကောင်းတာပဲ...ငါယူလိုက်မယ်...”
ထိုအသံ,က ရုတ်တရက် မယုံနိုင်လောက်အောင် ပေါ်လာသည်။ အဘိုးအိုက တုန်လှုပ်သွားပြီး ခေါင်းကို လှည့်ကြည့်လိုက်သော် သူ့၏ မြင်းမြီးယပ်ကို ဘယ်မှာမှ ရှာမတွေ့တော့ပေ။ စုမင်က ထိုလက်နက်နှင့် ချိတ်ဆက်ထားသော နတ်ဘုရားအာရုံကိုလည်း ချက်ချင်းဖြတ်တောက်ပစ်လိုက်သည်။
ဖုံးကွယ်နဂါးဂိုဏ်းရှိ လှိုဏ်ဂူတစ်ခုအတွင်းတွင် ဒေါသထွက်နေသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးရှိသည်။ အင်မော််တယ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်မှ စွမ်းအားလှိုင်းများကို သူ့ထံမှ ခံစားနိုင်သည်။ သူ့ရှေ့ရှိ ဆေးဖက်ဝင်ဒယ်အိုးကို စိုက်ကြည့်ရင်း တုံ့ဆိုင်းသွားကာ ညာလက်ကို မြှောက်ပြီး ရိုက်ချလိုက်သည်။ ချက်ချင်းပင် ထိုဆေးဖက်ဝင်အိုးကြီးကွဲသွားကာ အတွင်းမှ ဆေးအမြုတေသုံးလုံး လွင့်ထွက်လာသည်။
သူက သိုလှောင်အိတ်ထဲသို့ လျင်မြန်စွာ ထည့်လိုက်ပြီး ဂူအတွင်းရှိ အခြားအခန်းတစ်ခုဆီသို့ အမြန်ထွက်ခွာသွားခဲ့သည်။ သူ့နေရာအနှံ့ လျှောက်သွားပြီး သူ့ပစ္စည်းအားလုံးကို သိုလှောင်အိတ်ထဲ ထည့်လိုက်သည်ြအခါ ကောင်းကင်ယံမှာ တိုက်ခိုက်နေတဲ့ လူအုပ်ကြီးကို တစ်ချက်ကြည့်လိုက်သည်။ဖုံးကွယ်နဂါးဂိုဏ်းမှကျင့်ကြံ သူ အများအပြား သေဆုံးနေလေသည်။ထို့ပြင် နတ်ဆိုး ဝိညာဉ်ဂိုဏ်းမှ သူများက ၎င်းတို့၏ အရူးအမူး သတ်ဖြတ်ခြင်း နှင့် လုယက် သတ်ဖြတ်ရန် မိုးကောင်းကင်သို့ ပြန့်ကျဲနေပုံကိုလည်း သူမြင်ခဲ့သည်။
လူလတ်ပိုင်းအရွယ် အမျိုးသားက အံ့တင်းတင်းကြိတ်ကာ ဂူအနီးရှိ လျှို့ဝှက်လမ်းငယ်တစ်ခုဆီသို့ အရှိန်တင်လိုက်သသည်။သို့သော် အဝေးသို့ မရွေ့မီတွင် အေးစက်သောလေပြင်းက သူ့ဆီသို့ရောက်လာပြီးနောက် နာကျင်မှုကို ခံစားလိုက်ရသည်။ သူ့ခေါင်းက နာကျင်မှုကိုခံစားရပြီး ဘေး တစ်ဖက်ကို လဲကျသွားသည်။
စုမင်က တည်ငြိမ်သော အမူအရာဖြင့် ပေါ်လာသည်။ ထိုလူ၏ သိုလှောင်အိတ်ကို ကောက်ယူလိုက်သည်နှင့် သူ၏ နတ်ဘုရားအာရုံအရ အတော်ပင် ထူးဆန်းပုံရသည့် အခြားတစ်နေရာကို သူတွေ့လိုက်ရသည်။ ထိုနေရာတွင် အစောင့်အကြပ် ဒါဇင်များစွာရှိ၍ ကြောက်လန့်နေသော အဘိုးအိုတစ်ဦးကို အကာအကွယ်ပေးထားသည်။ ထိုလူကြီးက လျင်မြန်စွာ ထွက်ပြေးသွားလေသည်။
‘အကောင်းဆုံးအရာတွေဟာ များသောအားဖြင့် သိမ်းဆည်းလို့မရဘူး.. ချန်ထားခဲ့ရာတာ..ကပ်ဘေးကြီးတွေရောက်လာတဲ့အခါ အကုန်အသိမ်းခံရတာပဲ...”
စုမင်၏ မျက်လုံးတွေထဲမှာ အလင်းတန်းတစ်ခု ပေါ်လာပြီး ထိုလူများဆီ လျှောက်သွားခဲ့သည်။
ထိုအချိန်တွင် နတ်ဆိုးဂိုဏ်းဝင်များ လျင်မြန်စွာရောက်ရှိလာသည်။ သွေးစတေးမှုဖြစ်စဥ်အတွင်း စုမင်ကို သတ်ရန် ကြိုးပမ်းခဲ့သော ပိန်ပိန်ပါးပါး လူနှင့် နောက်ထပ်လူသုံးဦးက မိုးပျံတံတား၏ဘယ်ဘက်ရှိ ပထမခန်းမထဲသို့ တိုးဝင်လာသည်။ ခန်းမထဲက အဘိုးကြီး ခုနစ်ယောက်မှာ ထွက်ခွာသွားခဲ့သည်။
နတ်ဆိုးဂိုဏ်း၏ တပည့်များက ရုပ်ပွားတော်များ၊ အခင်းများနှင့် အခြားအရာအားလုံး ပျက်ပြယ်နေသည့် လွတ်နေသော ခန်းမကို ကြည့်လိုက်သည်။ အတွင်းစည်းဂိုဏ်း၏အကြည့်များက အေးစက်သော တုန်လှုပ်ခြောက်ခြားမှုကို ထုတ်လွှတ်ကာ ခန်းမနောက်သို့ လိုက်သွားကြသည်။ ကျန်နှစ်ယောက်က သူ့နောက်က အမြန်လိုက်သွားပြီး သုံးယောက် မြောက်လူကက ဒုတိယခန်းမကို သွားလေသည်။
သို့ပေမဲ့ သူတို့ ဆက်လျှောက်လာရင်း သူတို့၏ မျက်နှာများက တဖြည်းဖြည်း ထူးဆန်းသွားသည် ။
“ဟာ.. ငါတို့ရှေ့မှာ ဘယ်သူရောက်လာပြီး ကြမ်းခင်းအုတ်ကြွပ်တွေတောင် ယူသွားတာလဲ”
ပိန်လှီးသောလူ၏အမူအရာမှာ မည်းမှောင်လာပြီး အသက်ရှုသံများအောက်မှ ကျိန်ဆဲနေတော့သည်။ သူ့ဘေးနားရှိ အခြားလူနှစ်ယောက်သည် သူတို့၏ အမူအရာများ ပို၍ပင် ထူးထူးခြားခြား မပြောင်းလဲမီ မြင်လိုက်ရသော အရာကို ခဏတာ အံ့အားသင့်သွားခဲ့သည်။
“သူတို့ဆင်းရဲတာ ဒါမှမဟုတ် တစ်ခုခုကြောင့် ရူးသွားတာလား.. ကြမ်းပြင်ကြွေပြားတွေပေါ်မှာတောင် အလွတ်မပေးဘူး...”
သုံးယောက်သား ရှေ့တိုးလာရင်း ဒုတိယခန်းမကို အမြန်ရောက်သွားသော်လည်း သူတို့ဝင်သွားသည့်အခါ မျက်နှာများက ပိုသုန်မှုန်လာလေသည်။ ဗလာဖြစ်နေသော အဆောက်အဦးကို မြင်ကြ၏။
“ငါတို့ရှေ့မှာ ဘယ်သူရောက်လာတာလဲ.. ဒီကောင်... သူက... သူက ထွင်းထုထားတဲ့သားရဲ မျက်လုံးတွေကိုတောင် ယူပစ်လိုက်တယ်”
လူနှစ်ယောက်က ချက်ချင်းပင် ကျိန်ဆဲကြလေသည်။
“ကြည့်စမ်း..ဘာမှမရှိတော့ဘူး..”
အတွင်းစည်းတပည့်က သက်ပြင်းချလိုက်ပြီး အပေါ်ကို ညွှန်ပြသည်။ ကျန်နှစ်ယောက်က ခေါင်းမော့ပြီး ခန်းမထဲက အလင်းတန်းတစ်ဝက်လောက် ပျောက်နေတာကို တွေ့လိုက်တဲ့အခါမှာတော့ သူတို့ ချက်ချင်း ငြိမ်သွားတယ်။
“လိုက်စမ်းကွာ.. ဘယ်သူယူတာလဲ..ဘာပဲဖြစ်ဖြစ် သူယူထားတဲ့ပစ္စည်းတွေကို ငါတို့ပြန်လုမယ်..”
“တစ်စုံတစ်ယောက်က အဲဒီနေရာကို ကာကွယ်နေတယ်.. ဆိုလိုချင်တာက လောဘကြီးတဲ့ လုယက်သူက အဲဒီခန်းမကို ရှင်းပစ်မှာ မဟုတ်ဘူး..”
သူတို့ရင်ထဲမှာ စိတ်လှုပ်ရှားမှု အပြည့်နှင့် သုံးယောက်သား ရှေ့ကို ချက်ချင်းအရှိန်တင်လိုက်သည်။
Note ..
မိုးကြိုးထိမှန်သစ်သား.. နတ်ဆိုးများကို တွန်းလှန်နိုင်သည်ဟု ယုံကြည်ကြသည်။
ကောင်းချီးပေးသောသားရဲများ တိရစ္ဆာန်များ- သင့်အား ကံကောင်းစေသော သတ္တဝါများ။ ၎င်းတို့က ကြီးမားပြီး ကွဲပြားသော်လည်း အကျော်ကြားဆုံးမှာ နဂါးများ၊ ဖီးနစ်များ၊ လိပ်များနှင့် ကီရင်များဖြစ်သည်။