← Chapters

တောက်ပသောယန်ကျောက်တုံး

Vol. 45 Ch. 624

တောက်ပသောယန်ကျောက်တုံး

Vol. 45 Ch. 624

ထိုနတ်ဆိုးဂိုဏ်းသားသုံးယောက်က ဖုံးကွယ်နဂါးဂိုဏ်း၏ တပည့်လေးယောက်ကို တိုက်ခိုက်ရန် မည်သည့်နည်းလမ်းကို အသုံးပြုခဲ့သည်ကို စုမင် မသိခဲ့ပေ။ သူသည် သူတို့၏အပြောအဆိုများနှင့် စိတ်ခံစားချက်များကို အတွင်းကျကျမသိပေ။ သူ၏လှည့်ဖြားလုယက်မှုကြောင့် သူတို့ကို စိတ်ဒါဏ်ရာရမှုကိုလည်း ဂရုမစိုက်ပေ။

သူက မိုးပျံတံတား၏ ဘယ်ဘက်အခြမ်းကို နတ်ဘုရားသဘောအာရုံဖြင့် စစ်ဆေးထားလေသည်။ ၊ သူက အင်မတန်အကျိုးအမြတ်ရခဲ့သည်။ အကယ်၍ နတ်ဆိုးဂိုဏ်းဝင်များက အဆောက်အဦများကို ဖျက်စီး၍ လုယက်သတ်ဖြတ်နေသောကြောင့် မိုးပျံတံတား၏ညာဘက်ရှိ လှိုဏ်ဂူကို သူမသွားပေ။

သို့သော် စုမင်က နတ်ဆိုးဂိုဏ်းဝင်များ ရှိနေသော်လည်း တံတားညာဘက်မှ အချို့သောအရာများကို လုယူရန် စိတ်ကူးကို ချုပ်နှောင်ထားဆဲဖြစ်သည်။ပုန်းလျိုးနဂါးဂိုဏ်း အဖွဲ့ဝင် ဒါဇင်မှ ကာကွယ်ထားသည့် အဘိုးအိုက သူ့အာရုံကို စွဲဆောင်သွားခဲ့သည်။

စုမင်က ရှေ့သို့ အရှိန်တင်လိုက်သောအခါတွင် အလောင်းအများအပြား မြေပြင်ပေါ်တွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့က ယောက်ျားနှင့်မိန်းမများဖြစ်ပြီး အများစုမှာ ဖုံးကွယ်နဂါးဂိုဏ်းမှ ဖြစ်သော်လည်း အချို့မှာ နတ်ဆိုးဝိညာဉ်ဂိုဏ်းမှလည်းဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ နတ်ဆိုးဝိညာဥ်နှင့်သက်ဆိုင်သော အလောင်းများက ရှားပါးပါသည်။

အလားတူပင် သေဆုံးသွားသူ၏ ဝိညာဉ်များ ပျောက်ကွယ်သွားခြင်း မရှိဘဲ ကောင်းကင်သို့ စုပ်ယူခံထားရသည်ကို တွေ့မြင်ရလိုက်သည်။ ဝိညာဉ်များကို စုပ်ယူနိုင်သည့် တစ်စုံတစ်ရာ ရှိနေကြောင်း သူ့အတွက် ထင်ရှားပါသည်။

စုမင်ခေါင်းကို မော့ကြည့်လိုက်သော် သူ့မျက်လုံးထဲမှာ အရိပ်တစ်ခု ပေါ်လာသည်။ အဆုံးမဲ့ ကောင်းကင်တွင် ထိုင်နေသော မထင်မရှားပုံရိပ်ကို သူမြင်လိုက်ရသည်။ သူ့ရှေ့တွင် ပုလင်းငယ်တစ်ခုရှိကာ ၎င်းက သေဆုံးသွားသော ဝိညာဉ်အားလုံးကို စုပ်ယူနေသည့်အရာဖြစ်သည်။

မြေပြင်ပေါ်တွင် သေဆုံးသွားသော ဖုံးကွယ်နဂါးဂိုဏ်း အဖွဲ့ဝင်များက မယုံနိုင်လောက်အောင် သနားစရာကောင်းပြီး ရုပ်ပျက်ဆင်းပျက်အခြေအနေတွင် ရှိနေသည်။ ၎င်းတို့၏‌တန်ထျန်(ချီပင်လယ်)များကို ၎င်းတို့၏အလောင်းများထဲမှ တူးဖော်ပြီး ၎င်းတို့၏ရွှေအမြုတေ များကို ဖယ်ထုတ်မည်။ သို့မဟုတ် ၎င်းတို့ကိုယ်ကို မဖျက်ဆီးမီ ၎င်းတို့၏အလောင်းများကို ကွဲကြေစေခဲ့သည်။

၎င်းတို့ထဲမှ အချို့က ဦးခေါင်းခွံထိပ်တွင် အက်ကွဲကြောင်းများ ပေါ်နေလေသသည်။ ၎င်းမှာ အခြေတည်ဝိညာဉ် အား အတင်းအကြပ် ထုတ်ယူခြင်း၏ လက္ခဏာများဖြစ်သည်။ ထိုအချိန်တွင်၊ အဆိုပါ ထုတ်ယူထားသော အခြေတည် ဝိညာဉ်များသည် တစ်စုံတစ်ဦးမှ ဝါးမျိုသွားခြင်း ဖြစ်နိုင်ချေများသည်။

အမျိုးသမီး ကျင့်ကြံသူများသည် ပို၍ပင် သနားစရာကောင်းသော အခြေအနေတွင် ရှိနေပါသည်။ သူတို့က လှပပါက မီးပြင်းဖိုအဖြစ်သို့ ပြောင်းလဲခြင်း၏ ကံကြမ္မာကို မလွန်ဆန်ရဲကြပေ။

စုမင်က ရှေ့သို့ တိုးလာသည်နှင့်အမျှ ထိုသို့သော မြင်ကွင်းများထဲမှ တစ်ခုကို သူမြင်လိုက်ရသည်။ ပြုလုပ်သူမှာ ဟကါဟက်ပက်ပက် ရယ်မောရင်း မတ်တပ်ရပ်နေသော နတ်ဆိုးပြင်ပဂိုဏ်း၏ တပည့်ဖြစ်သည်။ သူက အမျိုးသမီး၏ ခေါင်းကို မြေပြင်ပေါ်သို့ ကန်ချလိုက်သည်။ သူ့နားထဲတွင် သက်ပြင်းချသံကို ကြားရသောအခါ တောက်ပသော မျက်လုံးများဖြင့် သေဆုံးသွားသည်။

ဤသည်မှာ သူ့ဘဝတွင် နောက်ဆုံးကြားရသော အသံဖြစ်သည်။ ထိုသက်ပြင်းချပြီးနောက် သူ့မျက်လုံးများ ပြူးကျယ်သွားကာ သူ့နဖူးအလယ်ဗဟိုတွင် သွေးထွက်သံယို အပေါက်တစ်ခု ပေါ်လာသည်။ ဦးခေါင်းမှာ သွေးစွန်းနေသော အမျိုးသမီးအလောင်းကို ဘေးချင်းကပ်လျက် လဲကျသွားသည်။

သေဆုံးသောအမျိုးသမီး၏ မျက်လုံးများထဲရှိမြင်ကွင်းက သူ့မဘေးရှိ လူသေကို ထာဝရ စိုက်ကြည့်နေမည်ဖြစ်သည်။

စုမင်က သူ့လမ်းအတိုင်း ဆက်သွားသည် ။

မကြာခင်မှာပဲ ဖုံးကွယ်နဂါးဂိုဏ်း၏ တပည့်တစ်ဒါဇင်က ထိုအဘိုးအိုကိုညကာကွယ်ပေးနေသသည်ကို သူ့နတ်ဘုရားအာရုံမှမြင်လေသည်။ သူတို့က မြစ်တစ်ထောင်ချိုင့်ဝှမ်းသို့ ဆင်းခဲ့ကြပြီး တောင်ခြေရင်း၌ ရှိကြကုန်၏။ ၎င်းတို့က ရှေ့သို့ချီတက်နေစဉ် ရှေ့ရှိ လည်ပတ်နေသော တည်နေရာရွေ့ပြောင်းအစီအရင်နားသို့ ရောက်ရှိသွားသည်။

ယခင်ကတည်းက မှော်အစီအရင်ကို သေချာ လျို့ဝှက်ထားခဲ့ပြီးဖြစ်သောကြောင့် နတ်ဆိုးဂိုဏ်းမှ သတိမပြုမိကြပေ။ အကယ်၍ ထွက်ပြေးသွားသူများက တည်နေရာရွေ့ပြောင်းအစီအရင်သို့ ဝင်ရောက်လာပါက၊ ၎င်းတို့ကို အခြား‌နေရာသို့ပို့ဆောင်ခံရမည်ဖြစ်သည်။

သို့သော် လူတစ်ဒါဇင်က သူတို့၏လွတ်မြောက်ရာဆီသို့ အပြေးအလွှားသွားနေလေသည်။ သူတို့အလယ်တွင် အဘိုးအိုရှိနေသည်။ထိုစဉ် သူတို့၏ခြေလှမ်းများက ရုတ်တရတ် အေးခဲသွားသည်။ သူတို့၏အမူအရာများက စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့သည်။

သူတို့ ရှေ့ရှိ လူတစ်ယောက်က လေထဲကနေ ပျံသန်းလာပြီး မှော်အစီအရင်ရှေ့တွင် ရောက်ရှိနေသောကြောင့် ဖြစ်သည်။ သူက အပြာရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး လူလတ်ပိုင်းတစ်ဦး ဖြစ်ပုံရသည်။ သူ့အမူအရာက ခက်ထန်နေပြီး သူ့မျက်လုံးများက အေးစက်ပြီး ဆိုးသွမ်းနေလေသည်။... သူကတော့ နတ်ဆိုးဂိုဏ်းဧ။်ဂိုဏ်းချုပ်ကြီး

ရှန်းတုန် ပင်။

“တာအိုပညာရှင်ကူ...ခင်ဗျားဘာလို့ဒီလောက်အလျင်လိုနေတာလဲ”

“ရှန်းတုန်”

အဖွဲ့၏ကာကွယ်မှုခံရသော အဘိုးအိုက ရှန်းတုန် ကို စိုက်ကြည့်ရင်း ချက်ချင်းပင် ဒေါသအမျက်ထွက်သွားသည်။

“ နတ်ဆိုးတွေနဲ့အင်မော််တယ်တွေကြားက သဘောတူညီချက်ကို ဘာလို့ချိုး ဖောက်ရတာလဲ...မင်းဘယ်လောက်ပဲဖုံးဖိဖိ...အင်အားကြီးတဲ့အင်မောတယ်ဂိုဏ်းတွေက သိသွားမှာပဲ.. အဲ့ဒီအခါမှ မင်းတိုက်ခိုက်ရမှာက မာန်မျိုးနွယ်စုတွေမဟုတ်ဘဲ အင်မော်တယ်တွေပဲ..”

“မင်းရဲ့နတ်ဆိုးဂိုဏ်းက အင်မော်တယ်ပြည်က ဂိုဏ်းအားလုံးရဲ့ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး...”

အဘိုးအိုက တိုးတိုးလေးပြောလိုက်သည်။

“ဒါက ကျုပ်အတွက် စိုးရိမ်စရာကိစ္စ မဟုတ်ဘူး...တာအိုပညာရှင်ကူ..ကျုပ်တို့ အချင်းချင်း သိပြီးကတည်းက တောင်ပတဲ့ယန် ကျောက်တုံးကို လွှဲပေးလိုက်ရင် ကောင်းမယ်...ဒါဆို ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို နဂိုအတိုင်း သေခွင့်ပြုလိုက်မယ်... ခင်ဗျားရဲ့ နတ်ဘုရားအာရုံကိုပဲ ဝါးမျိုမယ်”

“တောက်ပတဲ့ယန်ကျောက်တုံးတစ်တုံးကို ဖန်ဆင်းတာက အင်မော်တယ်ဝိညာဉ်တစ်သောင်းလိုတယ်.. အဲ့ဒီကျောက်တုံးက ငါတို့အတွက်အရေးကြီးတယ်..ငါတို့ကို အင်မော်တယ်ပြည်ကိုပြန်ဖို့ ကူညီပေးတယ်..ဒီနေရာမှာ ငါတို့ရဲ့ဂိုဏ်းတွေကိုတည်ထောင်တဲ့အခါ အခြေခံအုတ်မြစ်အဖြစ်လည်း သုံးတယ်...”

“ငါက အဆင့်နိမ့်နေသေးတယ်..

ဒီလိုပစ္စည်းမျိုး ငါဘယ်လိုရနိုင်မှာလဲ”

အဖိုးအိုက ပြတ်ပြတ်သားသားပြောပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ဖုံးကွယ်နဂါးဂိုဏ်းက ဂိုဏ်းခွဲ‌တွေကို ထူထောင်တဲ့အခါ တောက်ပတဲ့ယန်ကျောက်တုံးအပိုင်းအစတစ်ခုစီ ပေးတယ်မလား...ခင်ဗျားဝန်မခံချင်လည်း ရတယ်.. ဒါပေမဲ့ ခင်ဗျားကိုသတ်ပြီးရင်တော့ ကျုပ်ကျောက်တုံးရမှာပဲ..”

ရှန်းတုန်က စကားပြောနေစဉ် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ ထိုအချိန်တွင် အဘိုးအို၏ နောက်ကွယ်မှ အစောင့်အရှောက်အားလုံးက ၎င်းတို့၏ကျင့်စဥ်များကို စတင်အသက်သွင်းလိုက်သည်။

ရှန်းတုန် ဆင်းသက်လာချိန်တွင်

သူ့ခန္ဓာကိုယ်မှ ညည်းတွားသံတစ်သံ ထွက်လာသသည်။ထိုအခါ ထူးဆန်းသော ကိုယ်ပွားနှစ်ဆယ် ပေါ်လာသည်။ ဤကိုယ်ပွားများ အားလုံးက အသွင်အပြင်နှင့် အတူတူပင်။ သူတို့ ရှေ့ကို ချီတက်လိုက်ရင်း ရေစီးရေလာ စီးဆင်းသွားသကဲ့သို့ အဘိုးအိုကို ဖြတ်ကျော်ပစ်လိုက်သည်။

ကျယ်လောင်သော အော်ဟစ်သံများ မကြားရပေ။ တဝီဝီမြည်သံတစ်ခုသာကြားရပြီး တဖြည်းဖြည်းမှေးမှိန်သွားသောအခါ ရှန်တုန် ၏ကိုယ်ပွားများမှာလည်း ပျောက်ကွယ်သွားခဲ့သည်။ အဘိုးအိုနှင့် ဆယ်ပေအကွာတွင် ရပ်တည်နေသူတစ်ဦးသာ ကျန်ရှိတော့သည် ။

သူ့နောက်ကွယ်က အစောင့်အရှောက်များက အသက်မဲ့မျက်နှာနှင့် မြေပြင်ပေါ် သို့လဲကျသွားသည်။ သူတို့၏ ခန္ဓာကိုယ်များက မြေပြင်ပေါ်ရှိ သဲများထဲသို့ သွေးအိုင်များအဖြစ်သို့ ပြောင်းလဲသွားသည်။

ထူထပ်သော သွေးနံ့က နယ်မြေကို လွှမ်းခြုံထားသည်။ ဤမြင်ကွင်းကြောင့် ထိုလူကြီး၏မျက်နှာက ဖြူဖျော့သွားစေသည်။

“ကြီးကျယ်ခမ်းနားတဲ့ သွေးကိုယ်ပွားခြင်းစွမ်းရည်… ဒီနတ်ဆိုးကျင့်စဉ်ကို တကယ်အောင်မြင်အောင် ကျွမ်းကျင်ပိုင်နိုင်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး…”

ထိုလူကြီးက ကြေကွဲစွာ ရယ်မောကာ နောက်သို့ ခြေလှမ်းအနည်းငယ်လှမ်းကာဆုတ်သွားခဲ့သော်လည်း ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်က ပေါက်ကွဲသံနှင့်အတူ ပေါက်ကွဲသွားခဲ့သည်။

ကိုယ်တိုင် ဖျက်ဆီးခြင်းမှာ မယုံနိုင်လောက်အောင်ပင် ရုတ်တရက်ဆန်သွားပြီး သူ၏ ခန္ဓာကိုယ်က ချက်ချင်း ပြိုကျသွားသည်။ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော သက်ရောက်မှုက နေရာတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပြီး ထိုအချိန်တွင် အဘိုးအို၏ အခြေတည်ဝိညာဉ်က ပြိုကျနေသောခန္ဓာကိုယ်မှ သိုလှောင်အိတ်ကို ကိုင်ဆွဲကာ အရူးအမူး ထွက်‌ ပြေးခဲ့သည်။

သို့သော် ပေတစ်ရာကျော်မှ မလွတ်မြောက်မီတွင် သူ့ရှေ့မှ လေထုက ချက်ချင်းပင် ပုံပျက်သွားလေသည်။ပေါင်ချိုးက လေထုထဲမှ ထွက်လာခဲ့သည်။ အဘိုးအို၏ အခြေတည်ဝိညာဉ်သည် ကျယ်လောင်စွာအော်ဟစ်ကာ ချက်ချင်းဦးတည်ရာသို့ ပြောင်းသွားလေသည်။ထိုစဉ် အခြားလူတစ်ယောက် လေပေါ်မှ တစ်ခါပြန်မထွက်လာခင် အဘိုးအိုက ပေတစ်ရာကျော်အထိ ပျံသန်းနိုင်ခြင်းမရှိသေးပေ။ အဆုံးတွင်၊ ထိုအဘိုးအို၏ အခြေတည်ဝိညာဉ်က လမ်းကြောင်းများစွာကို ပြောင်းလဲလိုက်သည်နှင့် ရှန်တုန် ၏နောက်မှ လိုက်နေသော နတ်ဆိုးဂိုဏ်းဝင်ရှစ်ဦးက ပေါ်လာပြီး အေးစက်စွာ တားဆီးလိုက်ကြသည်။

“ခင်ဗျား..မပြေးနိုင်ပါဘူး..တာအိုပညာရှင်ကူ..”

ရှန်းတုန်က ထိုအဘိုးအို၏ကိုယ်တိုင်ဖျက်ဆီးမှုကြောင့် ဖြစ်ပေါ်လာသော မြေပြင်ပေါ်ရှိ ဖုန်မှုန့်များကို နင်း၍ ထွက်ခွာသွားခဲ့သည်။ နတ်ဆိုးဝ်ညာဉ်ဂိုဏ်းချုပ် ၏အမူအရာက ယခင်အတိုင်းခက်ထန်နေပြီး စကားပြောလိုက်သည်။

အဘိုးအို၏ အခြေတည်ဝိညာဉ်တွင် စိတ်ပျက်အားငယ်မှု ပေါ်လာသည်။ သူပြေးခါနီးတွင် ခဏမျှတွေဝေသွားသော်လည်း ခဏလေးအတွင်းမှာပဲ ပျောက်သွားသည်။ထို့နောက် သူ့လက်ထဲက အိတ်ကို အဝေးကို လွှင့်ပစ်လိုက်သည်။

သူချက်ချင်း ဆန့်ကျင်ဘက်ဘက်ကို ပြေးသွားသည်။ ထို့အတွက်ကြောင့် ရှန်တုန် အပါအဝင် လူများ၏အကြည့်အားလုံးက သိုလှောင်အိတ်ဆီသို့ ရောက်ရှိသွားခဲ့သည်။

ထိုသိုလှောင်အိတ်နှင့် အနီးဆုံးရှိခဲ့သော မကောင်းဆိုးဝါးဝိညာဉ်ဂိုဏ်း၏အကြီးအကဲက ဤနေရာသို့ ဆင်းသက်လာခဲ့သည်။ မသေ ထိုအချိန်တွင် သူ့မျက်လုံးများ တောက်ပလာကာ လျင်မြန်သော ခြေလှမ်းတစ်ခုဖြင့် ရှေ့ကို တိုးလာသည်။ သူနီးကပ်လိုက်သည်နှင့် ညာလက်ကို မြှောက်လိုက်ပြီး အိတ်ကို လှမ်းကိုင်လိုက်သည် ။

သူ့လက်ချောင်းများက ထိုသိုလှောင်အိတ်ကို ထိတော့မည့်အချိန်မှာ သူ့ဘေးနားရှိ နေရာလွတ်ကနေ နောက်ထပ်လက်တစ်ဖက် ထွက်လာသည်။ဂိုဏ်းအကြီးအကဲက အိတ်ကို မဖမ်းခင်မှာ ထိုလက်က အိတ်ကို ဆွဲယူသွားသည်။

ဤသည်မှာ ရုတ်တရက် ဖြစ်ပျက်သွားသဖြင့် လူအများ၏ အကြည့်များကို ဆွဲဆောင်ထား သည်။ တစ်ချိန်တည်းမှာပင် သူ့လက်ထဲရောက်ခါနီး သိုလှောင်အိတ်ကို တစ်စုံတစ်ယောက်က လုယူသွားသည်ကိုမြင်သည်နှင့် ဂိုဏ်းချုပ်က ဒေါသတကြီး ဟောက်သံကို ထုတ်လွှတ်ပြီး ညာလက်နှင့် ချိတ် တံဆိပ်ဖန်တီးလိုက်သည်။ သူ့အတွက် စဉ်းစားဖို့ အချိန်မရှိ။ သူ၏လက်နှစ်ဘက်လုံးကို ဓားပုံစံ ထားလိုက်ပြီး သူ့ဘေးရှိ လေထုထဲမှ ဆန့်ထွက်လာသော လက်ကို လျင်မြန်စွာ ခုတ်လှဲလိုက်သည်။

အေးစက်စွာ နှာမှုတ်ထုတ်လိုက်သောအသံတစ်ခူက နေရာတစ်ဝိုက်ပဲ့တင်ထပ်သွားလေသည်။ လူတိုင်းမျက်စိရှေ့မှာတင် သိုလှောင်အိတ်ကို ဆုပ်ကိုင်ထားသော လေထဲရှိလက်က ထိုရိုက်ချက်ကို အလွယ်တကူ ရှောင်တိမ်းသွားရုံသာမက ပြန်လည် ခုခံလိုက်သည်။

ကျယ်လောင်သောအသံများ လေထဲတွင် ချက်ချင်း ထွက်ပေါ်လာပြီး နတ်ဆိုးဝိညာဉ်ဂိုဏ်းမှ လူက သွေးအန်လိုက်ရပြီး ချက်ချင်းပင် တုန်လှုပ်သွားသည်။ သူ့ခန္ဓာကိုယ်က ချက်ချင်းဆိုသလို နောက်ပြန်ဆုတ်သွားလေသည်။ ထိုလက်၏နောက်ကျောမှ စွမ်းအားက သူ့ကို ပြားချပ်ချပ်ဖြစ်စေနိုင်လောက်အောင် ပြင်းထန်နေသကဲ့သို့ပင်။

ဤမြင်ကွင်းက ဖြည်းညှင်းစွာ ဖြစ်ပျက်သွားပုံရသော်လည်း အမှန်မှာ တိုက်ပွဲစတင်ကတည်းက အသက်ရှိုက်စာအနည်းငယ်သာ ကုန်ဆုံးသွားခဲ့သည်။ ဂိုဏ်းချုပ် ခ နောက်ပြန်ကျသွားသောအခါ လူတစ်ဦး လေထဲမှ ထွက်သွား၏။

သူက အရပ်မြင့်မြင့်နှင့် တောင့်တောင့်ကြီး ရပ်နေ၏။ သူ့မျက်နှာတွင် အနက်ရောင်မျက်နှာဖုံးတစ်ခုရှိပြီး အနက်ရောင်ဝတ်ရုံကို ၀တ်ထားသည်။ သူ၏ဆံပင်ရှည်များက သူ့ခေါင်းနောက်တွင် ခါယမ်းနေပြီး သိုလှောင်အိတ်ကို လက်ထဲတွင်ကိုင်လျက် လူအုပ်ကို အေးစက်စွာ စိုက်ကြည့်နေသည်။

ထို ‌ နေရာရှိလူများက ဤမျက်နှာဖုံးနှင့်လူ မရင်းနှီးပေ၊ သို့သော် သူက ရှာမန် နယ်မြေတွင်ရှိနေပါက၊ မျက်နှာဖုံးပိုင်ရှင်ကို မှတ်မိနိုင်သူ အများအပြားရှိမည်မှာ သေချာပါသည်။

ထိုမျက်နှာဖုံးဝတ်ထားသူမှာ ထုံးစံအတိုင်းစုမင် ဖြစ်သည်။

နတ်ဆိုးဝိညာဉ်ဂိုဏ်းကဲ့သို့ သူ့ကို ပြန်လည်ကောင်းမွန်လာမည့်နေရာကို မစွန့်လွှတ်ချင်သေးပေ။ ထို့ကြောင့် သူပေါ်လာသောအခါ မျက်နှာဖုံးတပ်ရန် ဆုံးဖြတ်ခဲ့သည်။ ၎င်းတွင် အက်ကွဲကြောင်းများစွာရှိပြီး ယခင်ကလည်း ကွဲအက်သွားခဲ့ဖူးသည်။သို့သော်လည်း သူ့မျက်နှာကို ဖုံးကွယ်ထားရန် အသုံးပြုနိုင်သေးသည်။

“မင်းဘယ်သူလဲ...”

ရှန်တုန်က မျက်မှောင်ကြုတ်လိုက်သည်။ သူက စုမင်ကို စိုက်ကြည့်ကာ ဖြည်းညှင်းစွာ မေးလိုက်သည်။

ပေါင်ချိုးက စုမင်ကို သူမနေရာမှ လှမ်းကြည့်လိုက်သည်။ သူတို့၏စိတ်ဝိညာဉ်များကြားတွင် မျှဝေခဲ့ကြသည့် ဆက်စပ်မှုနှင့်အတူ သူမက ဤလူမှာ သူမ၏သခင်ဖြစ်သည်ကို တစ်ချက်မျှပင် ပြောပြနိုင်သည်။ သူမ မျက်တောင်တဖျပ်ဖျပ်ခတ်ပြီး တိတ်ဆိတ်နေခဲ့သည်။

“ဘာလို့ အချိန်ကုန်ခံပြီးငါ့နာမည်ကိုပြောပြရမှာလဲ..”

စုမင်က သိုလှောင်အိတ်ကို ဖယ်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။

“တော်တော်ဘဝင်မြင့်နေတဲ့ကောင်..”

နတ်ဆိဂိုဏ်းမှ အင်မော်တယ်ခေါင်းဖြူအဘိုးအိုကြီးထံမှ ဆဲဆိုသံတစ်ခု ထွက်ပေါ်လာသည်။ ဤနေရာသို့ ဆင်းသက်လာခဲ့ကြသော အင် မော်တယ်များအနေနှင့် သူတို့ကိုယ်သူတို့ အမြဲတမ်း ဂုဏ်ယူဝံ့ကြွားစွာ ဆုပ်ကိုင်ထားကြသည်။ ထိုအချိန်တွင် တစ်စုံတစ်ယောက်က ၎င်းတို့၏ ဥစ္စာများကို လုယူရန် သတ္တိရှိနေလေသည်။ သူ့ဘေးတွင် လူများ များပြားနေသောကြောင့် သူ့တွင် အားသာချက် ရှိနေသည်။ ထို့ကြောင့် သူက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

ထို နေရာတွင် ကျန်နေသေးသော သူများသည်လည်း အလားတူ လုပ်ဆောင်ခဲ့ပြီး ပေါင်ချိုးကိုလည်း အလားတူ အရေးယူခိုင်းခဲ့သည်။ ရှန်းတုန်သာလျှင် မျက်မှောင်ကြုတ်သွားပြီး စိုးရိမ်နေလေသည်။

အင်မော်တယ်များ ရောက်လာပြီး ချိတ်တံဆိပ်ဖန်တီးနေစဉ် မ စုမင်၏ မျက်လုံးများတွင် တောက်ပသော အလင်းတန်းတစ်ခု ပေါ်လာသည်။

မာန်အရိုးစွမ်းအားက သူ့ခန္ဓာကိုယ်မှ လျင်မြန်စွာ ထွက်ပေါ်လာသည်။သူ့ ညာလက်ကိုမြှောက်ပြီး မြေပြင်ဆီသို့ တည့်တည့်ထိုးချလိုက်သည်။ သူ့လက်သီးကျလာချိန်မှာတော့ မြေကြီးတစ်ခုလုံးက မြေနဂါးတွေ တလှုပ်လှုပ်လှုပ်လှုပ်နဲ့ တုန်လှုပ်သွားပါတော့တယ်။ မြေပြင်က လှိုင်းလုံးများကဲ့သို့ မြင့်တက်လာပြီး ပြိုကျလာသောအခါတွင် အနက်ရောင်မီးခိုးလုံးများက မြေပြင်မှ စိမ့်ထွက်လာလေသည်။ စုမင်၏ ညာလက်ကို မြှောက်လိုက်သောအခါ အနက်ရောင် မီးခိုးများက ပေသုံးဆယ်ရှည်လျားသော လှံတစ်ချောင်းအဖြစ်သို့ လျင်မြန်စွာ စုရုံးလာကြသည်။

“မကောင်းဆိုးဝါးအစောင့်အရှောက်လှံ..”

“မင်းတို့မှတိုက်ချင်တယ်ဆိုရင်တော့ တိုက်ကြတာပေါ့..

စုမင်က ခေါင်းကို မော့လိုက်ပြီး မျက်နှာဖုံးနောက်ကွယ်မှာ အေးစက်

သောအပြုံးတစ်ခု ပေါ်လာသည်။

All Chapters