သုံးချက်တည်းနဲ့သတ်ပြမယ်..
Vol. 45 Ch. 625
“ခင်ဗျား တိုက်ခိုက်ချင်ရင်တော့ တန်ရာတန်ကြေးပေးရမှာပဲ...”
မူလမှာ လှံကခရမ်းရောင်ဖြစ်သော်လည်း ယခုတစ်ကြိမ်တွင် ဆူမင်၏လက်၌ ပေါ်လာသောအခါတွင် အနက်ရောင်ပြောင်းသွားသည်။ ၎င်း၏ အနက်ရောင်ကိုယ်ထည်က သေခြင်းတရားကို ကိုယ်စားပြုပုံရလေသည်။ ပြင်းထန်သော သတ်ဖြတ်လို သောရောင်ဝါကြီးက စုမင် ပတ်ပတ်လည်မှ ဦးတည်ချက်အားလုံးဆီသို့ တဟုန်ထိုး ပျံ့နှံ့လာသည်။
ထိုသတ်ဖြတ်လိုသောအငွေ့အသက်က သာမန်မဟုတ်သလို ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်ကို ပိုင်ဆိုင်ထားပုံရသည်။ ထို့နောက်စုမင်နားတွင် ဝိုင်းရံနေသောဝဲဂယက်တစ်ခု ဖြစ်ပေါ်လာသည်။ထိုဝဲဂယက်က လေပွေလှိုင်းအသွင်ပြောင်းသွားပြီး ကောင်းကင်နှင့်မြေကြီးကို တစ်စစီဆုတ်ဖြဲပစ်တော့မည့်အတိုင်းပင်။
စုမင်၏ အသစ်ဆိုးထားသော အနက်ရောင်ဆံပင်ကလေပွေထဲတွင် ရပ်နေချိန်တွင် ဝိုင်းပြီး ခါယမ်းနေလေသည်။ သူခေါင်းမော့လိုက်သောအခါ မျက်နှာဖုံးအောက်တွင် အေးစက်နေသော အလင်းတန်းတစ်ခု ပေါ်လာသည်။ ထိုခဏတွင် သူ့ဆီသို့ ရွေ့လျားနေသော လူများ၏ ရင်ဘတ်ထဲတွင် တုန်ယင်နေသော နှလုံးခုန်သံများကို ခံစားလိုက်ရသည်။ သူတို့ခေါင်းထဲတွင် မိုးကြိုးသံများ မည်ဟည်း နေသကဲ့သို့ စုမင် ၏ရှေ့မှောက်တွင် သူတို့အားလုံး ခြေထောက်အထိ အေးခဲရပ်တန့်သွားကြသည်။
သူပြောခဲ့သောစကားများက သူ့အမူအရာနှင့် ထပ်ပေါင်းလိုက်သောအခါတွင် ကောင်းကင်ဘုံ၏ တန်ခိုးနှင့်တူသော အရှိန်အဝါပဲ့တင်သံများထွက်ပေါ်လာသည်။ထိုအသံဖြင့် တိုက်ခိုက်နေသူများကို လွှမ်းမိုးနိုင်ပုံရသည်။ စုမင်က သွေးဆာခြင်း၊ ဆာလောင်မွတ်သိပ်ခြင်း နှင့် အနိုင်ယူ၍မရသော နတ်ဆိုးအင်မော်တယ် ကဲ့သို့ အသွင်အပြင်ကို ဖြစ်ပေါ်စေသည် ။
သူ၏ နှုတ်ခမ်းများက အေးစက် လှောင်ပြောင်သည့်သရော်ပြုံးကို ပြုံးနေလေသည်။ သူက မကောင်းဆိုးဝါး၏ လှံတံတစ်ဝိုက်ကို တင်းတင်းဆုပ်ကိုင်ကာ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။စုမင်က ရှန်းတုန်နှင့် သွေးအန်နေသောသူမှလွဲ၍ ကျန်ခုနစ်ဦးစလုံးကို တစ်ယောက်တည်း တိုက်ခိုက်ရတော့မည်ဖြစ်သည်။
ဤလူခုနစ်ယောက်စလုံးက သွေးသန့်စင်အင်မော်တယ်များဖြစ်ကြပြီး မာန်မျိုးနွယ်စု များပြည်သို့ ဆင်းသက်လာခဲ့ကြသည်။ သူတို့က မာန်ကျင့်ကြံသူများမဟုတ်သလို နတ်ဆိုးဂိုဏ်းရှိ အခြားအင်မော်တယ် များထဲတွင်ပင် ၎င်းတို့က ထူးချွန်သော ကျင့်ကြံသူများဖြစ်သည်။ ၎င်းတို့အထဲမှ အားအနည်းဆုံးမှာပင် မာန်စိတ်ဝိညာဉ်နယ်ပယ် အလယ်အဆင့်ရှိကျင့်ကြံသူ နှင့် ညီမျှသော အင်မော်တယ်စိတ်ဝိညာဉ်အသွင်ပြောင်းလဲခြင်းနယ်ပယ်တွင်ဖြစ်သည်။
အထူးသဖြင့် သူတို့ထဲက တစ်ယောက်မှာ မီးခိုးရောင် ၀တ်စုံဝတ်ထားသော ဆံပင်ဖြူခေါင်းနှင့် အဘိုးကြီးဖြစ်သည်။ သူ့နောက်ကျောမှာ အဖုအထစ်တစ်ခုရှိနေတာက သူ့ကိုကုလားအုတ်တစ်ကောင်လိုဖြစ်စေသည်… ထို့ပြင် ရှန်းတုန်းပြီးလျှင် နတ်ဆိုးဂိုဏ်းမှာ စွမ်းအားအကြီးဆုံးဖြစ်သည်။
စုမင်ကို ဘဝင်လေဟပ်နေသူဟု စွပ်စွဲခဲ့ဖူးသူလည်း ဖြစ်သည်။
သူက စွမ်းအားကြီးနယ်ပယ်အဆင့် ရှိသည်။ သူက ကနဦးစွမ်းအားကြီးနယ်ပယ်တွင်သာရှိသော်လည်း ဤအဆင့်သို့ရောက်ရှိနိုင်သည့် အင်မော်တယ်က သာမန်လူမဟုတ်ပေ။ ကျောထောက်နောက်ခံရှိသော အဘိုးအို၏မျက်လုံးများက မျက်မှောင်ကြုတ်သွားသည်။ သူ့ပတ်ဝန်းကျင်ရှိ လူခြောက်ဦးက ချိတ်တံဆိပ်များဖန်တီးလိုက်သော် နတ်စွမ်းရည်အမျိုးမျိုးတို့သည် လေထဲတွင် ပေါ်လာသည်။
သူတို့၏ မြင့်မြတ်သောစွမ်းရည်ကို အသက်သွင်းလိုက်စဉ်တွင် စုမင်က မကောင်းဆိုးဝါး၏ လှံတံဖြင့် ရှေ့သို့ သုံးလှမ်းတက်ခဲ့သည်။ ပထမခြေလှမ်းဖြင့် သူက လှံကို ရှေ့သို့ လျင်မြန်စွာ ထိုးလိုက်သည်နှင့် စူးစူးဝါးဝါးပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ရှန်းတုန်မှလွဲ၍ ဤနေရာမှ အသန်မာဆုံးလူဖြစ်သည့် သူ့ရှေ့မှ ဆံပင်ဖြူရောင်အဘိုးကြီးဆီသို့ ဦးတည်သွားသော သေးငယ်သောလှံကွေးအလင်တန်းလေးထွက်ပေါ်လာသည်။
ဆံပင်ဖြူ အဘိုးအိုက ချိတ် တံဆိပ်ခတ်ပြီးနောက် သူ၏ညာလက်ကို မြှောက်ကာ ညာဘက်သို့ တွန်းလိုက်သည်။ ချက်ချင်းပင် သူ့လက်ပေါ်တွင် အပြာရောင်အလင်းတန်းများ ပေါ်လာသည်။ ထိုအလင်းတန်းက အပြာရောင်ငှက်အဖြစ်သို့ ပြောင်းလဲသွားကာ စုမင်၏လှံထိုးချက်ကို ထိပ်တိုက်တွေ့ခဲ့ သည်။
ထိုခဏ၌ မကောင်းဆိုးဝါး၏ လှံတံက ငှက်ကို ထိုးဖောက်သွားလေသည်။ ကျယ် လောင်သော ငှက်ဆိုးထိုးသံများက လေထဲသို့ ပျံ့နှံ့သွားသည်။ ငှက်ကလေး ချက်ချင်းပေါက်ကွဲသွားပြီး ထိုအချိန်မှာပင် စုမင်က ၎င်း၏ဒုတိယခြေလှမ်းကို ရှေ့သို့တိုးကာ ဒုတိယတွန်းအားကို ယူဆောင်လာသည်။ တဝီဝီမြည်သံနှင့်အတူ၊ လှံက လေထုထဲသို့ ထိုးခွင်းသွားပြီး ဆံပင်ဖြူ အဘိုးအို၏ မျက်နှာ
ရှေ့သို့ ရောက်ရှိလာသည်။
လှံ၏အရှိန်က မြန်ဆန်လွန်းလှသသည်။ တကယ်တော့ အဘိုးကြီးက သူ့ရှေ့မှာ ဖြစ်ပျက်နေတာကို ရှင်းရှင်းလင်းလင်း မြင်ရလေသည်။ လှံဖျားက အေးစက်သောအရှိန်အဝါများကိုထုတ်လွှတ်နေသောကြောင့် အဘိုးကြီး၏ဆံပင်များက နောက်သို့ လွင့်သွားလေသည်။ သူ့မျက်နှာသည် ချက်ချင်းပင် တုန်လှုပ်ခြောက်ခြားသွား၏။ အစောပိုင်းက သူက ဤလူ၏ ကျင့်ကြံမှုအဆင့်ကို အထင်သေးခဲ့သည်။ သူတို့၏ပစ္စည်းကို လုယူရန် သတ္တိရှိသောကြောင့် သူနှင့်အတူ စွမ်းရည်အချို့ ရှိမည်ဟု ယုံကြည်ခဲ့သသည်။ ဤလူသည် ဤမျှ အားကောင်းလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
သူ၏ ပထမခြေလှမ်းနှင့် ပထမတွန်းအားက အဖိုးအို၏ ခံနိုင်ရည်အား ပျက်စီးစေခဲ့ပြီး သူ၏ ဒုတိယခြေလှမ်းနှင့် ဒုတိယတွန်းအားက သူ့မျက်နှာရှေ့တွင် လှံထွက်ပေါ်လာခဲ့သည်။ လောကကြီးကို ဖျက်ဆီးပစ်နိုင်သော စွမ်းအားလှိုင်းတစ်ခုက ထိုလှံထိပ်မှာ ပေါ်လာသည်။ အဖိုးအိုက သူ့အရေပြားများ ကျွတ်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ ထိတ်လန့်မှုအလယ်တွင်၊ ထိုဒုတိယမြောက်တွန်းအားမှ အင်မော်တယ်တို့၏ ဒုတိယခြေလှမ်းနှင့် သက်ဆိုင်သည့် တည်ရှိမှုကိုပင် ခံစားခဲ့ရသည်။
သူကြောက်နေသော်လည်း သူကစွမ်းအားကြီးနယ်ပယ်အဆင့်ရှိ အစွမ်းထက်သော အင်မော်တယ်တစ်ယောက်ပင်။သူ့နှလုံးသားက ကြောက်လန့်တကြား ခုန်နေသော်လည်း မဆိုင်းမတွ နောက်ပြန်ဆုတ်သွားကာ သူ့လက်နှင့် ချိပ်တံဆိပ်များ ဖန်တီးလိုက်သသည်။ထိုစဉ် သူ၏ သိုလှောင်အိတ်ထဲမှ ဧရာမဒိုင်းကြီးတစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။ ထိုဒိုင်းကာက လုံးဝစိမ်းနေပြီး အတွင်းမှ အသက်စွမ်းအားများဖြင့် ပြည့်လျှံနေသော လှိုင်းလုံးကြီးတစ်ခု ပျံ့နှံ့လာသည်။ ဒိုင်းက အဝိုင်းဖြစ်ပြီး၊ ၎င်းပေါ်တွင် ထွင်းထုထားသည့် မှော်သင်္ကေတများစွာ ရှိနေသည်။ ထိုအရာ ပေါ်လာသည်နှင့် တပြိုင်နက် တောက်ပသော အစိမ်းရောင်အလင်းတန်းကြီး ထွက်ပေါ်လာသည်။
“ဗုန်းးးးးး”
ဆံပင်ဖြူ အဘိုးအိုက သူ၏ ခံစစ်ကို ထုတ်သုံးလိုက်သည်နှင့် ချက်ချင်းပင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သူ့အော်သံက လေထဲတွင် ပဲ့တင်ထပ်နေချိန်တွင် ဒိုင်းက ချက်ချင်းပြောင်းလဲသွားသည်။ မူလက တစ်ခုနှင့်တစ်ခု ထပ်နေသော အလွှာများစွာဖြင့် ဖွဲ့စည်းထားသကဲ့သို့ပင်..အလွှာမြောက်မြားစွာက ပြန့်ကျဲသွားကာ စုမင်၏ ဒုတိယလှံထိုးခြင်းကို ချက်ချင်းတားဆီးရန် အလားတူဒိုင်းကိုးခုအဖြစ် ပြောင်းလဲသွားသည်။
ထိုအချိန်တွင် ဆံပင်ဖြူ အဘိုးကြီး၏ နှလုံးသားက ထိတ်လန့်တုန်လှုပ်သွားလေသည်။ စုမင်ကို မည်သို့တိုက်ခိုက်ရမည်ကို မသိတော့ပေ။ ယင်းအစား စုမင်ဧယ်အမျက်ရှမှုမှ လွတ်မြောက်ရန်စဉ်းစားနေလေသည်။
သူ့ဒိုင်းကို အကြာကြီး ထိန်းထားနိုင်ရန် အချိန်ခဏတာ လိုသည်။ထိုမှသာ သူ ထိုနေရာကနေ ချက်ချင်း ရုန်းထွက်နိုင်မည်။
စုမင်က သူ့ပထမခြေလှမ်းကို စတင်လိုက်ကတည်းက အဘိုးအိုမှ ဒိုင်းကိုထုတ်လိုက်သည်။ ဤအရာအားလုံးက အသက်ရှိုက်စာ အနည်းငယ်သာကြာနေခဲ့သည်။ ထိုလှံချက်ကို တုံ့ပြန်ဖို့ ဘယ်သူမှ အချိန်မရှိလောက်အောင် မြန်ဆန်လွန်းသည်။ အခြားလူများက ကျင့်စဉ်များထုတ်သုံးနေဆဲဖြစ်သော်လည်း စုမင်၏ လှံနှစ်ချက်ဆက်တိုက်ထိုးခြင်းက စစ်တပ်ကြီးတစ်ခုလုံးနှင့် ရင်ဆိုင်ရသည်ဟူသော ခံစားချက်ကို ပေးစွမ်းနေဆဲဖြစ်သည်။
ထိုခံစားချက်က အဆုံးမသတ်ခဲ့သလို စုမင်၏ လှုပ်ရှားမှုမျာကလည်း ခဏမျှ ခေတ္တရပ်မနေခဲ့ပေ။ စုမင်က သူ့လှံကို ဒိုင်းအတွင်းသို့ တွန်းထုတ်လိုက်သည်။ ထိုအချိန်တွင် ပို၍ပင် ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခု ကောင်းကင်ယံသို့ ထွက်ပေါ်လာသည်။ ကိုးလွှာဒိုင်း၏ ပထမအလွှာ ဒုတိယ၊ တတိယ၊ စတုတ္ထနှင့် ပဉ္စမတို့နှင့်အတူ ချက်ချင်း ကွဲအက်သွားသည်။ ထိုခဏချင်းတွင် သူတို့အားလုံး ကွဲကြေသွားကာ ပေါက်ကွဲသွားကာ စုမင် အနီးသို့ ချဉ်းကပ်လိုသော သူများသည် သူတို့၏ နှလုံးသားကို ထိတ်လန့်သွားစေသည်။
ဆူမင်၏လှံက ထောပတ်ကိုဖြတ်သော ဓားပူတစ်လက်ကဲ့သို့ ဆဋ္ဌမ၊ သတ္တမ၊ အဋ္ဌမ၊ ကိုးခုမြောက် ဒိုင်းလွှားများကို ထိုးဖောက်သွားလေသည်။
ကျယ်လောင်သော အသံများနှင့်အတူ ကိုးလွှာဒိုင်း ကွဲအက်သွားသည်။ ဒိုင်းလွှာများမှ အဆုံးမရှိသော အပိုင်းအစများ ပြန့်ကျဲသွားသည်။ ထို့နောက် စုမင်က သူ၏ တတိယခြေလှမ်းကို ရှေ့သို့ လှမ်းခဲ့သည်။
သူက သူ၏ တတိယမြောက်လှံထိုးချက်ကို အသက်သွင်းခဲ့သည်။ လူတို့၏ နားကို နာကျင်စေသည့် ဆူညံသော အသံကို ယူဆောင်လာစဉ် လှံက ဆုတ်ခွာသွားသော ဆံပင်ဖြူ အဘိုးအို၏ မျက်နှာဆီသို့ တည့်တည့် တိုးဝင်သွားသည်။
ဤတွန်းအား၏အမြန်နှုန်းက ဒုတိယတစ်ခု၏ထက်သာလွန်လေသည်။ လူအားလုံးက သူတို့၏နတ်ဘုရားအာရုံများနှင့်အတူ သိရှိနိုင်သည်ထက် ပိုမြန်သည်။ ၎င်းအတွင်းမှ လူသတ်ရောင်ဝါနှင့် အေးခဲနေသော အရှိန်အဝါတို့က နောက်ပြန်ဆုတ်သွားသော ဆံပင်ဖြူအဘိုးအိုကို သူ့အလိုလို အေးခဲရပ်တန့်သွားစေသည်။ အေးခဲနေသော ခံစားချက်တစ်ခုကအဘ်ုးအို၏ခန္ဓာကိုယ်ကို ချက်ချင်းပင် ပြည့်စေခဲ့သည်။ သူ့နားက အာဃာတဝိညာဉ်များ၏ ကျယ်လောင်စွာ အော်ဟစ်သံများကို ကြားလိုက်ရသည်။ သူ့မျက်နှာ သူ့မျက်လုံးများ ပြူးကျယ်သွားကာ စိတ်ထဲတွင် မကောင်းဆိုးဝါးလှံအောက်၌ သေဆုံးနေသော လူများ၏ စိတ်ကူးယဉ်ဆန်ဆန် ပုံများကို မြင်လိုက်ရသည်။ ထိုနေရာတွင် အဆုံးမရှိ ဝမ်းနည်းကြေကွဲစွာ သေဆုံးနေရသော လူပေါင်းများစွာ ရှိခဲ့သည်။
“မကောင်းဆိုးဝါးအစောင့်အရှောက်လှံ ကြောင့် သေဆုံးသွားတဲ့ ဝိညာဉ်တွေဟာ လူပြန်မဝင်စားနိုင်.. ဒါမှမဟုတ် ပျောက်ကွယ်သွားလို့ မရပါဘူး.. သူတို့ဟာ ထာဝရအထဲမှာ ပိတ်မိနေပြီး ဒီလှံရဲ့ ဝိညာဉ်ဖြစ်လာမှာပါ...”
ဤစကားက ဆံပင်ဖြူ အဘိုးအို၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားလေသည်။ တိုက်ပွဲဝင်နေသော ရာနှင့်ချီသော ဝိညာဉ်များကို အော်ဟစ်ဆူညံနေသော သတ်ဖြတ်လိုစိတ်များဖြင့် မြင်လိုက်ရသည်။ သူတို့က ထိုလှံဖြင့် သူ့ဆီသို့ တိုးဝင်လာကြပြီး အားလုံးက သူ့ကို ဝါးမျိုချင်နေပုံရသည်။
“ငါ့ကိုကယ်ပါ..
ထိုလှံထိုးချက်တွင် အသက်လမ်းစဥ်ဧ။်အငွေ့အသက် တည်ရှိနေပြီးသားဖြစ်သည်။ အထူးသဖြင့် အေးခဲကောင်းကင်ကလန်၏ကောင်းကင်ဘုံနယ်နမိတ်တွင် အသက်သွင်းခံပြီးနောက် ၎င်း၏စွမ်းအားက အထူးသဖြင့် ကောင်းကင်နှင့်မြေကြီးကို လှုပ်ခတ်သွားစေနိုင်လောက်အောင် ကြီးမားပါသည်။ ဝိညာဉ်အသစ်များစွာရရှိပြီးနောက် ထိုလှံ၏စွမ်းအားက ပို၍ကြီးမားလာသည်။
သို့ပေမယ့် ဆံပင်ဖြူ အဘိုးကြီးကတော့ စွမ်းအားကြီးနယ်ပယ်အဆင့်ရှိအင်မော်တယ်တစ်ယာက်ပင်။ မကောင်းဆိုးဝါးလှံက သူ့အပေါ်ကို ပိမိသွားသလို လှံယ။်လှည့်စားမှုတွေကို ရုန်းကန်ရင်း သတိပြန်ကပ်လာလေသည်။ထို့နောက် အကူအညီကို လှမ်းတောင်းလိုက်သည်။ ဤလူ၏ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာ သာလွန်ထူးခြားသည်မဟုတ်ကြောင်း သက်သေပြခဲ့သည်။
သို့သော်သူ စုမင်နှင့် ထိပ်တိုက်တွေ့သွားသည်မှာ သနားစရာပင်။ သူ အော်ဟစ်အကူအညီတောင်းသော် သူ့ပတ်ဝန်းကျင်ရှိ ရှန်းတုန်နှင့်ဂိုဏ်းသားများက ကူညီရန် ရှေ့တိုးလာသည်။
အဘိုးအိုက တုန်လှုပ်ချောက်ချားမှုများနှင့် ပြည့်နှက်နေပြီး မာန်မျိုးနွယ်စုများဧ။် နယ်မြေကို ဆင်းသက်ရန်ရွေးချယ်ခဲ့သည့်အတွက် နောင်တရနေလေသည်။ အဘိုးအို၏ မျက်ခုံးအလယ်မှာ အပေါက်ကြီးတစ်ခုပေါ်လာပြီး သွေးများပန်းထွက်လာသည်။ အဘိုးအိုက နောက်ဆုံးထွက်သက်ကိုထုတ်လွှတ်ပြီး ငြိမ်ကျသွားလေသည်။ သူ့မျက်လုံးရှေ့ရှိ လောကကြီးက ရပ်တန့်သွားသည်။ အနက်ရောင် လှံရှည်တစ်ချောင်းက သူ၏မျက်ခုံးအလယ်တည့်တည့်တွင် ထိုးဖောက်ဝင်ရောက်ခဲ့ပြီး လှံတစ်ခြမ်း၏ကိုယ်ထည်မှာ အဘိုးအို၏ ဦးခေါင်းနောက်ဘက်မှ ထွက်လာခဲ့သည်။
အဘိုးကြီး၏ ပါးစပ်မှ သွေးများ ထွက်ကျလာပြီး သူ့မျက်လုံးများထဲတွင် နီရဲနေသော်လည်း သူ့တပည့်များက အာရုံမစိုက်ကြပေ။ ထိုအချိန်တွင် သူ၏အခြေတည်ဝိညာဉ်က မလွတ်မြောက်နိုင်ဘဲ မကောင်းဆိုးဝါး၏လှံမှ စွမ်းအားဖြင့် ဖြိုခွဲခံခဲ့ရပြီး ၎င်းထဲသို့ စုပ်ယူသွားခဲ့သည်။
အဖိုးအို၏ဦးခေါင်းကို ထိုးဖောက်ပြီးနောက် လှံထိပ်မှ သွေးစိမ်းများ စီးကျလာသည်။လှံက မြေပြင်ပေါ်သို့ ဆင်းသက်လာသောအခါ တီးမှုတ်သံများ ထွက်လာသည်။ ထိုအသံများက လေထဲတွင် ဆက်တိုက် မြည်နေပြီး လှံမှ သွေးများ မြေပြင်ပေါ်သို့ ကျသွားသောအခါ ချက်ချင်း ငြိမ်သက်တိတ်ဆိတ်သွားစေသည်။
ရှန်းတုန်က ပေပေါင်းများစွာအကွာမှ ပေါ်လာသည်။ သူ့မျက်နှာက မိုးတိမ်တောင်များကဲ့သို့ မည်းမှောင်နေပြီး မယုံနိုင်လောက်အောင် ခက်ထန်နေလေ သည်။ တစ်ချိန်တည်းမှာပင် စုမင်
ကိုကြည့်ရင်း သူ့မျက်လုံးထဲတွင် သတိရှိ လာသည်။ သူ့မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်သောအကြည့်ကိုလည်း တွေ့နိုင်သည်။
အခြားလူများ အားလုံးက သူတို့၏ကျင့်စဉ်များကို အသက်သွင်းနေစဉ် အေးခဲရပ်တန့်သွားကြသည်။ သူတို့က နေရာများတွင် ရပ်ကာ စုမင်ကို ထိတ်လန့်စွာ ကြည့်နေသည့်အပြင် ဆံပင်ဖြူအဘိုးအို၏ မျက်ခုံးအလယ်တည့်တည့်တွင် ထိုးဖောက်ထားသည့် သူ၏လှံရှည်များ၊ လှံဖျားမှ သွေးများ မြေပြင်ပေါ်သို့ ကျသွားသံကို သူတို့ ကြားနေရသည်။
ပေါင်ချိုး ၏ နှလုံးသားက ပေါက်ထွက်မတက် ခုန်နေလေသည်။ စုမင်က အလွန် အစွမ်းထက်သည်ကို သူမ သိ၏။သိူ့သော် စွမ်းအားကြီးနယ်ပယ်ရှိအင်မော်တယ်တစ်ယောက်ကို သတ်နိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။ လျှပ်တစ်ပြတ်သတ်ဖြတ်ခြင်းဟုလည်း ခေါ်ဆိုနိုင်သည်။
အစမှအဆုံးတိုင်အောင် စုမင်က ခြေလှမ်းသုံးလှမ်းမျှသာ လှမ်းပြီး လှံသုံးချက်၏ အစွမ်းကို အသက်သွင်းခဲ့သည်။
သူအလယ်တွင် နတ်ဆိုးဂိုဏ်းနှင့် စွမ်းအားကြီး သောရန်သူများ ဝိုင်းရံထားလေသည်။ ရန်သူများက ၎င်းတို့၏ကျင့်စဉ်များကို အသက်သွင်းနေစဉ် စုမင်က ခြေသုံးလှမ်းတည်းနှင့် လူတစ်ဦးကို သတ်ပစ်ခဲ့သည်။
သူသတ်ခဲ့သောလူက နတ်ဆိုးဂိုဏ်းရှိ အစွမ်းထက်အင်မော်တယ် တစ်ဦးဖြစ်သောကြောင့် အထူးတုန်လှုပ်စရာပင်။
“ခင်ဗျား တိုက်ခိုက်ချင်ရင်တော့ တန်ရာတန်ကြေးပေးရမှာပဲ..”
စုမင်က အေးအေးဆေးဆေး မေးလိုက်ပြီး ဆံပင်ဖြူအဘိုးကြီး၏ မျက်ခုံးအလယ်ကနေ လှံရှည်ကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။ အဘိုးအိုက မြေပြင်ပေါ်သို့ ငြိမ်ဝပ်စွာ လဲကျသွားခဲ့သည်။
“လောကနိယာမကျင့်စဥ်ရဲ့ဒုတိယအဆင့် .. တိုက်ခိုက်ရေးစွမ်းအားရဲ့ ဒုတိယအဆင့်ပဲ”
“ဒါက လောကနိယာမလမ်းစဉ် မဟုတ်ဘူး.. သူက မာန်ကျင့်ကြံသူတစ်ယောက်ပဲ.. သူပြသခဲ့တဲ့ချီက မာန်ကျင့်ကြံသူ တစ်ယောက်ရဲ့ ပိုင်ဆိုင်မှုပဲ..”
“အသက်လမ်းကျင့်စဉ်...”
အင်မော်တယ်တို့၏အမူအရာများ ပြောင်းလဲသွားသည်ကို ချက်ချင်းတွေ့လိုက်ရသည်။ စုမင်ကိုကြည့်သောအခါ သူတို့၏ ယခင်အမူအရာအားလုံးက ထိတ်လန့်တုန်လှုပ်ခြင်းများဖြင့် အစားထိုးသွားခဲ့သည်။
ရှန်းတုန်က စုမင်၏လက်ထဲက လှံကို စိုက်ကြည့်ပြီး တိုးတိုးလေးပြောလိုက်သည်။
“မကောင်းဆိုးဝါးလှံ ...”