အင်အားကြီးကျင့်ကြံသူရဲ့လေးစားမှု
Vol. 45 Ch. 626
“ငါတို့အင် မော်တယ်မှာ ဒီလိုစကားမျိုး ရှိတယ်...တြိဂံပုံသဏ္ဌာန် ဦးခေါင်းရှိသည့် ပိုးကောင်တဲ့ ပုစဥ်းရင်ကွဲကို ဖမ်းဖို့ ချောင်းနေပေမဲ့ သူ့အနောက်က
ကမ္ဘာသစ်ဌက်ကိုသတိမမူမိဘူး...(.ထမင်းထုပ်ပဲ မြင်တယ်၊ဝရင်းတုတ်တော့ မမြင်ဘူး) မင်းကို တစ်ယောက်ယောက်က မှတ်မိမှာကို ကြောက်လို့ မင်းမျက်နှာကို ဝှက်ထားတာမလား.. ဒါဆိုမင်းကို တာအိုပညာရှင်လို့ခေါ်မယ်”
ရှန်းတုန်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ပြောသည်။
သူက စုမင်၏ မျက်လုံးများကို စိုက်ကြည့်နေလေသည်။ သူ့မျက်နှာက ဒေါသထွက်နေသော်လည်း သူ့အပေါ်၌ လေးနက်သော အမူအရာတစ်ခုလည်း ရှိနေသည်။ အမှန်မှာ၊ သူက သတိကြီးကြီးထားနေလေသသည်။ ဤလူနှင့်ပတ်သက်သည့် တစ်စုံတစ်ရာ လွဲချော်မှုတစ်ခုရှိကြောင်းတွေ့ရှိခဲ့သည်။ ထို့ကြောင့် ရှန်းတုန်က မတိုက်ခိုက်ဘဲ အခြားသူများကို စမ်းသပ်ခွင့်ပေးခဲ့သသည်။ ထိုလူက နတ်ဆိုးဝိညာဉ်ဂိုဏ်း၏ ဒုတိယစွမ်းအားအကြီးဆုံးလူကိုရန် ခြေသုံးလှမ်းမျှသာ လိုမည်ဟု မထင်ထားခဲ့ပေ။
ဤကိစ္စကို နတ်ဆိုးဂိုဏ်း၏အကြီးအကဲကျီအန်ကို သတင်းပို့ရန်ပင် ပြင်ဆင်ရပေလိမ့်မည်။ နောက်ဆုံးတွင်၊ သေဆုံးသွားသောလူက သူ၏သွေးမျိုးဆက်ကိုပြောင်းလဲခဲ့သော ကျင့်ကြံသူမဟုတ်ဘဲ နတ်ဆိုးဂိုဏ်းသို့ ဆင်းသက်လာခဲ့သည့် စသွေးသန့်စင်အင် မော်တယ်ဖြစ်သည်။
အထူးသဖြင့် သူက စွမ်းအားကြီးနယ်ပယ်ရှိအင်မော်တယ်တစ်ယောက်ဖြစ်သည်။ ထိုသို့သောလူသေဆုံးခြင်းက နတ်ဆိဂိုဏ်းအတွက် လုံးဝအသေးအဖွဲမဟုတ်ပေ။
“ တာအိုပညာရှင်..မင်းက လိမ္မာပါးနပ်တဲ့လူပဲ..ငါတို့ ဖုံးကွယ်နဂါးဂိုဏ်းကို ကျူးကျော်ဝင်ရောက်တုန်းက မင်း ခိုးဝင်ခဲ့တာတွေက ငါတို့ နတ်ဆိုးဂိုဏ်းရဲ့ လုယက်ထားတဲ့ အရာတွေအားလုံးထက် သေချာတယ် မဟုတ်ဘူးလား...”
“အထူးသဖြင့် ဒီတောက်ပတဲ့ယန်ကျောက်တုံး.. ဒါပေမဲ့..ဒီတိုက်ပွဲက မင်းအတွက် လုံးဝ မထိုက်တန်ဘူး..ကူယွမ်ဟိုင်အကြောင်း ကျုပ်သိတယ်..သူ့မှာ နောက်အစီအစဉ်တစ်ခု သေချာပေါက်ရှိတယ်.. သူယူလာတဲ့ သိုလှောင်အိတ်က လှည့်စားဖို့ဖြစ်နိုင်ချေများတယ်..”
“သူက တကယ့်တောက်ပတဲ့ယန်ကျောက်တုံး ကို ဖုံးကွယ်ထားမှာပဲ...”
ရှန်းတုန်က စကားပြောနေစဉ် သူ့မျက်လုံးများ တောက်ပလာသည်။စုမင်၏ မျက်လုံးများကို လှမ်းကြည့်ရင်း ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။
စုမင်က စကားမပြောဘဲ ငြိမ်နေလိုက်သည်။ သူက ရှေ့သို့ လျှောက်လှမ်းနေသော ရှန်းတုန်ကို လှမ်းကြည့်နေလေသည်။
“မင်းက နတ်ဆိုးဝိညာဉ်ဂိုဏ်းရဲ့အကြီးအကဲတစ်ယောက်ကို သတ်ခဲ့တယ်..ဒီကိစ္စကိုတော့ လွယ်လွယ်နဲ့ ကျော်သွားပေးလို့မရဘူး..နတ်ဆိုးဂိုဏ်းရဲ့လုပ်ကြံသတ်ဖြတ်တဲ့အဖွဲ့က မင်းကို ပိုက်စိပ်တိုက် ရှာမှာပဲ... ဒါပေမဲ့ အဲ့ဒီမတိုင်ခင်မှာ နှိမ့်ချတဲ့ ဒီရှန်းက မင်းကို တိုက်ခိုက်ရမှာပဲ..”
“ ဒီမှာ အချိန်မဖြုန်းချင်ဘူး...ကူယွမ်ဟိုင် လွတ်မြောက်ဖို့ အချိန်ပေးနိုင်အောင် မင်းက ငါတို့ကို ဒီမှာပြန်ချုပ်ထားတာပဲ.. ဒါဆို မင်းတို့နှစ်ယောက်စလုံးကြားမှာ အပေးအယူတစ်ခုလုပ်ထားတာပဲ..ဟုတ်တယ်မလား..”
“အဲဒီတောက်ပတဲ့ယန်ကျောက်တုံးက အဲဒီ သိုလှောင်အိတ်ထဲမှာ မပါပေမဲ့ ဖုံးကွယ်နဂါးဂိုဏ်းရဲ့ ဘဏ္ဍာတိုက်တွေထဲမှာပဲ ရှိလောက်တယ် ...ဒါမှမဟုတ် မင်းရဲ့ လိမ္မာမှုပါးနပ်မှုနဲ့ဆို မင်း သူရဲ့ ထောင်ချောက်ထဲကို ကျိန်းသေပေါက်ဝင်မှာ မဟုတ်ဘူး...”
“ဒီလိုဆိုရင် သိုင်းပညာသုံးကွက် ဖလှယ်ကြတာပေါ့.. ဒီသုံးကွက်အတွက် တိုက်ပွဲဝင်မယ်..တစ်ယောက်ကို သတ်နိုင်သည်ဖြစ်စေ မဖြစ်စေ..သုံးကွက်ပြီးရင် တစ်ယောက်ကို တစ်ယောက် မနှောင့်ယှက်တော့ဘူး...အဆင်ပြေလား...”
ရှန်းတုန်က ဖြည်းညှင်းစွာ ကမ်းလှမ်းသည်။ သူ့ပါးစပ်မှ ထိုစကားများထွက်သွားသည့်အခိုက်တွင် ပတ်ဝန်းကျင်ရှိ လူအချို့၏ မျက်နှာပေါ်တွင် နားမလည်နိုင်သည့် အကြည့်များကို ချက်ချင်းတွေ့လိုက်ရသည်။
စုမင်က သူ့မျက်လုံးတွေကို မှိတ်ထားလိုက်သည်နှင့် သူတို့အတွင်းတွင် အံ့အားသင့်မှုများ ထွက်ပေါ်လာသည်။ ရှန်းတုန်က အမှန်အတိုင်း လက်တွေ့ကျကျပြောခဲ့သည်ာ ဤသဲလွန်စများဖြင့် ဖြစ်ပျက်ခဲ့သည်များကို ပြောပြသည်ကိုကြည့်လျှင် သူ၏အသိဉာဏ်က နုံအအလူ
တစ်ယောက်မဟုတ်ပေ။
အမှန်က ရှန်းတုန်းပြောသည့်အတိုင်းဖြစ်သည်။ စုမင်က တောက်ပသောယန်ကျောက်တုံး ကို သိပ်စိတ်မပူခဲ့ပေ။ သူ့တွင် ထိုအရာနှင့်ပတ်သက်သည့် ဗဟုသုတများစွာမရှိခဲ့သဖြင့် ထိုအရာအတွက် သူ့လက်များကို သွေးများစွာဖြင့် စွန်းထင်းခံမည်မဟုတ်ပေ။ ဤအရာအတွက် လူအားလုံးကို သတ်ပစ်ရန်လည်း မဖြစ်နိုင်ပေ။ ထိုပစ္စည်းကို သူ့ရချင်လျှင် ရှာယူနိုင်သည်။
ထိုသို့ပြုလုပ်ခြင်းက သူ့အကျိုးစီးပွားကို ဆန့်ကျင်နေလေသည်။ဖုံးကွယ်နဂါးဂိုဏ်း အဘိုးအို၏ အခြေဝိညာဉ်က အန္တရာယ်ကျရောက်သောအခါ စုမင်ထံ သူ့နတ်ဘုရားအာရုံမှတစ်ဆင့် အသိပေးချက်တစ်ခု ပေးပို့ခဲ့သည်။
ထိုတောက်ပသော ယန်ကျောက်တုံးကို သူ မလိုချင်ခဲ့ပေ။ သူက ဖုံးကွယ်နဂါးဂိုဏ်း၏ ရတနာများနှင့် သူ၏ သိုလှောင်အိတ်ထဲတွင် သိမ်းသွားသော ပစ္စည်းများကိုသာ လိုချင်သည်။ ကူယွမ်ဟိုင်က စုမင်ကို ထိုပစ္စည်းများ ပေးလျှင် စုမင်က သူ့ကို အချိန်ဆွဲနိုင်အောင် ကူညီပေးပါလိမ့်မည်။
ထိုအရာက အပေးအယူတစ်ခုဖြစ်ပြီး အရေးကြီးသည့်အချက်မှာ ကူယွမ်ဟိုင်က သူ့အကျိုးအမြတ်နဲ့ အရှုံးများကို စဉ်းစားရန် အချိန်မရှိပေ။ထိုအရာကို သူသဘောတူရမည်။ ဆိုတော့ လွန်ခဲ့ တဲ့ အခိုက်အတန့် က အဲဒီ မြင်ကွင်း တွေ ပေါ်ထွက် လာ တယ်။
စုမင်က က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ ဤရှန်းတုန်က ဖြစ်ပျက်နေသည်ကို မြင်နိုင်သောကြောင့် ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။ ထို့ကြောင့် စုမင်ပြုံးရင်း ပါးစပ်ကို ဖွင့်ပြောလိုက်သည်။
“ကောင်းပြီလေ..ကျုပ်သဘောတူတယ်..သုံးကွက်လောက်တိုက်ကြတာပေါ့...”
ရှန်းတုန်၏ မျက်လုံးများက တောက်ပသော အလင်းရောင်ဖြင့် လင်းလက်သွားသည်။ သူက ဤစကားများကို စောင့်ဆိုင်းနေခဲ့သည်၊ သို့မဟုတ်ပါက သူသည် ဤမျှလောက်သော စကားများစွာကို ပြောပြီး အချိန်ကုန်မခံနိုင်ပေ။ထိုလူ၏ ခွန်အားကို အင်မတန်သတိကြီးကြီးထားရန်လိုသည်။ထိုကဲ့သို့ အစွမ်းထက်သော သူရဲကောင်းကို အနိုင်ယူနိုင်လိမ့်မည်ဟု မမျှော်လင့်ထားပေ။ ထိုလူက သူ့တာဝန်ကို ဆက်စွက်ဖက်နေလျှင် သူ့တာဝန်ကို ပြီးမြောက်ရန် လွန်စွာ ခက်ခဲပါလိမ့်မည်။
အချိန်တွေကြာလာတာသည်နှင့်အမျှ ကူယွမ်ဟိုင်က အဝေးကိုတောင် ထွက်ပြေး လွတ်မြောက်နိုင်တော့မည်။နတ်ဆိုးဂိုဏ်းက တည်နေရာအရွေ့အပြောင်းအစီအရင်များစွာကို ချိတ်ပိတ်ထား လေသည်။သို့သော်လည်း သူတို့ ဆက်ပြီးနှောင့်နှေးနေလျှင် ထိုအဘိုးကြီးက လွတ်မြောက်နိုင်ပါသေးသည်။ ထို့နောက် သူ့ကို ခြေရာခံရန် ကြိုးစားခြင်းက ခက်ခဲလိမ့်မည်။ မမျှော်လင့်ထားသော အခြေအနေများ ပေါ်လာသောကြောင့် အဘိုးအိုအတွက် ထွက်ပြေးခြင်းက လွယ်ကူသွားမည်ဖြစ်သည်။
“မင်းတို့အားလုံး ကူယွမ်ဟိုင်ကိုလိုက်ရှာကြ...”
ရှန်းတုန်က စကားပြောနေစဉ် စုမင် ဆီသို့ ခြေတစ်လှမ်းတိုးကာ ညာလက်ကို မြှောက်လိုက်သည်။ ချက်ချင်းဆိုသလိုပငခ သူ့လက်ဖဝါးမှာ အနီရောင်ကြာပွတ်တစ်ခု ပေါ်လာသည်။ သူ့လက်ကောက်ဝတ်ကို ဖျတ်ခနဲယမ်းလိုက်သော သူ့လက်နက်ကနေ ချက်ချင်းမိုးခြိမ်းသံများ ထွက်ပေါ်လာသည်။လေထဲတွင် လျှပ်စီးဘောလုံးများက ထွက်ပေါ်လာပြီး တဖျပ်ဖျပ်လက်နေလေသည်။စူးစူးဝါးဝါးအော်သံများ ထွက်လာပြီး စုမင်ဆီသို့ ဦးတည်သွားကြသည်။
ပေါင်ချိုး အပါအဝင် လူခုနစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် ခဏလောက်ကြည့်လိုက်သည်။ထို့နောက် ကောင်းကင်ယံသို့ ပျံတက်သွားသော ရှည်လျားသော အလင်းတန်းများအဖြစ်သို့ ချက်ချင်းပြောင်းသွားသည်။ မူလက ပေါင်ချိုးက မထွက်ခွာချင်ခဲ့သော်လည်း ယခုအချိန်တွင် သူမနေရခက်သောကြောင့် လူစုလူဝေးနှင့် ထွက်ခွာသွားခဲ့သည်။
သူမ နှလုံးသားကို တည်ငြိမ်အောင်လုပ်ရန် ခက်ခဲသည်။ ခြေလှမ်းသုံးလှမ်း၊ လှံတစ်ချောင်းဖြင့် လူတစ်ဦးကို သတ်လိုက်သော စုမင်၏ ပုံရိပ်က သူမ၏ စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း စွဲနေခဲ့သည်။
စုမင်က ထိုလူများကို ထွက်ခွာသည်ကို မတားခဲ့ပေ။ သူက ရှန်းတုန်ကိုသာ ကြည့်လိုက်ရင်း တိုက်ပွဲဝင်ချင်စိတ်က တဖြည်းဖြည်း ပေါ်လာသည်။ သူက သူ၏ညာလက်ကို မြှောက်လိုက်ရင်းမကောင်းဆိုးဝါးလှံကို ဆုပ်ကိုင်ထားသည်။ ထိုလှံမှ တဝီဝီမြည်သံများထွက်လာပြီး အနက်ရောင် မီးခိုးငွေ့များစွာ ထွက်လာသည်။ ခဏကြာသော် သူက လှံကို ရှန်းတုန်၏လျှပ်စီးဘောလုံးများနှင့်ကြာပွတ်ဆီသို့ ဦးတည်ပစ်ချလိုက်သည်။
ပေါက်ကွဲသံနှင့်အတူ မကောင်းဆိုးဝါးလှံက အနက်ရောင်မီးခိုးငွေ့အဖြစ်သို့ ပြောင်းလဲသွားပြီး လျှပ်စီး ဘောလုံးများနှင့် ချက်ချင်းနီးကပ်သွားသည်။ ကျယ်လောင်သောအသံများက နေရာအနှံ့ ပဲ့တင်ထပ်နေပြီး လေထဲသို့ ပစ်လွှတ်လိုက်သောလှံက ရှန်းတုန်ရှေ့မှာ ပေါ်လာသည်။
တစ်စုံတစ်ခုကို နားလည်သွားသလိုမျိုး ဂိုဏ်းအကြီးအကဲ၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။ သူက သူ့လက်ထဲက ကြာပွတ်ကို လွှဲယမ်းလိုက်ပြီး ထို့နောက် ပေါက်ကွဲသံနှင့်အတူ ကြာပွတ်က မြေပြင်သို့ ထိုးကျသွားသည်။
“ မြင့်မြတ်တဲ့ရတနာပစ္စည်း တွေနဲ့ယှဉ်ရင်မင်းငါ့ကို အနိုင်ယူလို့ မရဘူး...အစွမ်းထက်တဲ့ကျင့်စဉ်တွေကို သုံးပြီး တိုက်ခိုက်ကြရအောင်..”
စုမင်က ပြတ်ပြတ်သားသားပြောသည်။
ဤတိုက်ပွဲတွင် သူက မကောင်းဆိုးဝါးလှံကို အသုံးမပြုတော့ပေ။ ရှန်းတုန်ကဲ့သို့သော အင်အားကြီးသော စစ်သည်များနှင့် တွေ့ဆုံရန် အခွင့်အလမ်းက စုမင် အတွက် ရှားပါးသည်။ ယခု သူ ထိုလူ ကို တွေ့ သော် ပြင်ပစွမ်းအားများ၏ အကူအညီ မပါဘဲ မည်မျှ တိုးတက် လာ ခဲ့ သာ်ကို သူ့ကိုယ်သူသိချင်နေလေသည်။
“ထူးဆန်းတဲ့ ရတနာတွေမပါတဲ့ တိုက်ပွဲ... စွမ်းရည်တွေပဲထုတ်သုံးမယ်...”
ရှန်းတုန်က အများအားဖြင့် သုန်မှုန် နေတတ်သည်။သို့သော်လည်း သူက ဂိုဏ်းတစ်ခု၏အကြီးအကဲဖြစ်သောကြောင့် ပြဿနာများကို ဖြေရှင်းရာတွင် သတ္တိရှိပြီး သူ့ကိုယ်ပိုင်ဟန်အတိုင်း ဖြေရှင်းနိုင်မည်ဖြစ်သည်။ စုမင်၏စကားကိုကြားသည်နှင့် ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူ့ဧ။်ညာလက်နှင့် ချိတ်တံဆိပ်များကို စတင်ဖန်တီးခဲ့ပါသည်။ ကြိမ်ဖန်များစွာ ဖန်တီးပြီးသည်နှင့် သူ့ ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ နီညိုရောင်အလင်းတန်းတစ်ခုက သူ့ရှေ့မှ ထွက်ပေါ်လာသည်။ တောက်ပလာသောအခါ နီညိုရောင်ငှက်ကလေးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာပင် ၎င်း၏မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်သောအကြည့်တစ်ခု ပေါ်လာသည်၊ ၎င်း၏နောက်ကျောတွင် ကြီးမားသောအဖုအထစ်တစ်ခု စတင်ထွက်ပေါ်လာပြီး အနက်ရောင်လူတူလေးတစ်ဉီးက ထိုအဖုအထစ်ထဲမှ ထွက်လာပြီး ကောင်းကင်ဆီသို့ စူးစူးဝါးဝါးအော်ဟစ်လိုက်သည်။
၎င်း၏ခန္ဓာကိုယ်က ဥဩငှက်နှင့်ဆင်တူပြီး အင်မတန် ရက်စက်ကြမ်းကြုတ်ပြီး လူသတ်သည့်အသွင်အပြင်ဖြစ်သည်။ တစ်ချိန်တည်းမှာပဲ သူ့ဘေးမှာ နောက်ထပ် ငှက်တစ်ကောင် ပေါ်လာသည်။ ဤသည်မှာ ရူးသွပ်မှုဖြင့် တောက်ပနေသော သွေးနီရောင်မျက်လုံးများဖြင့် ကြက်သွေးရောင်လင်းယုန်တစ်ကောင်ဖြစ်သည်။ ၎င်း၏နောက်ကျောတွင် အဖုအထစ်တစ်ခုလည်း နောက်ထပ် အနက်ရောင်လူတူလေးများ ထွက်လာခဲ့သည်။
ထိုလင်းယုန်၏နောက်ကွယ်တွင် လင်းတငှက်တစ်ကောင်ပေါ်လာပြီး ၎င်းနောက်တွင် ဂဠုန်တစ်ကောင်ရှိသည်။ ဤငှက်တစ်ကောင်စီက နောက်ဆုံးငှက်များထက် အနည်းငယ်ပိုကြီးလေသည်။ လေးကောင်လုံးက ရှန်းတုန်းရှေ့မှ ပျံသန်းလာစဉ် စူးစူးဝါးဝါးအော်ဟစ်နေကြသည်။
“ဒါက ကျုပ်ရဲ့ငှက်လေးကောင်ရွေ့လျားစွမ်းရည်... ကျုပ်လို စွမ်းအားကြီးနယ်ပယ်အဆင့်မှာရှိတဲ့အင်မော်တယ်ငှက်လေးကောင်ကို သတ်ပြီးတာနဲ့ ဒီစွမ်းရည်ကို ဖန်တီးခဲ့တာ..သူတို့ရဲ့ ဝိညာဉ်တွေနဲ့ အခြေတည်နတ်ဘုရားအာရုံနဲ့ ဒီငှက်တွေကို ကျုပ် ဖန်တီးခဲ့တာ...”
ရှန်းတုန် က တည်ငြိမ်စွာ ပြောခဲ့သည်။ သူချက်ချင်းမတိုက်ခိုက်ဘဲ စုမင်ကိုကြည့်လိုက်သည်။
စုမင်က ငှက်လေးကောင်ကို ကြည့်လိုက်သည်။ ဤငှက်များပတ်ပတ်လည်တွင် နက်နဲသောအာဃာတကို သူ ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။ထို နာကြည်းမှုတွေကို အချိန်အတော်ကြာအောင် မျိုသိပ်ထားပုံရသည်။ သူတို့၏ စိတ်ပျက်မှုများကို ထုတ်မပြနိုင်တာကြောင့် အချိန်ကြာလာသည်နှင့်အမျှ အထိုဒေါသက ပိုနက်ရှိုင်းလာလေသည်။ ၎င်းတို့က ဤနေရာ အဆုံးမဲ့ နာကြည်းမှု ကို ခံစားခဲ့ရပြီး နေရာပေါင်းစုံမှ အငြိုးအာဃာတများက သူတို့ဆီ၌ လာ စုစည်းနေသကဲ့သို့ပင်။
“တော်တော် အာဃာတကြီးမားတာပဲ...”
စုမင်က ငှက်လေးကောင်ကို တစ်ချက်ကြည့်လိုက်သည်။မည်သို့ပင်ဆိုစေကာမူ ရှန်းတုန်က သူ၏နတ်ဘုရားစွမ်းရည်အမည်နှင့် သူဖန်တီးခဲ့ပုံကို ပြောပြသည့်ကိစ္စက စုမင် အပေါ် သူ့လေးစားမှုကို ပြနေလေသည်။
ဤသည်မှာ စွမ်းအားကြီးသောကျင့်ကြံသူများအား လေးစားမှုဖြစ်ပြီး ၎င်း၏အဆင့်အတန်းအပေါ် အသိအမှတ်ပြုမှုလည်းဖြစ်သည်။ စုမင်က ရှန်းတုန်၏မျက်လုံးများတွင် တန်းတူဆက်ဆံသင့်သူဖြစ်နေပြီဖြစ်သည်။ စုမင်က မာန်ကျင့်ကြံသူ တစ်ယောက်ဖြစ်ပြီး ၎င်းတို့နှစ်ဦးစလုံးက မတူညီသော လူမျိုးစုများမှဖြစ်လျှင်ပင် ထိုက်တန်သော လေးစားမှုကို ပေးနေဆဲဖြစ်သည်။
စုမင်က စွမ်းအားကြီးသော ကျင့်ကြံသူထံမှ လေးစားမှုကို ပထမဆုံးအကြိမ် ခံစားခဲ့ရသည်။ သူက ရှန်းတုန်ကို တစ်ချက်ကြည့်လိုက်သည်။သူ့ ညာလက်ကို မြှောက်လိုက်ပြီး လက်ချောင်းနှစ်ချောင်း ဓားတစ်ချောင်းအသွင် လုပ်လိုက်သည်။ ထိုလက်နှစ်ချောင်းက ဖောက်ထွင်းမြင်ရသော ဓားအဖြစ်သို့ ပြောင်းသွားသည်။ထို့မောက် သူ့ဘယ်လက်ကို ထိုဓါး၏ထိပ်မှ အဆုံးထိ ပွတ်ဆွဲလိုက်သည်။ သူ၏ ဘယ်လက်ကို လေထဲသို့ မြှောက်ထားဆဲဖြစ်သည်။ သူ၏ ဘယ်လက်က လက်နှစ်ချောင်း ဓါးပုံစံမှ ခုနစ်ပေအကွာတွင် ရှိပြီး ချက်ချင်းပင် ရွှေရောင်အလင်းတန်းတစ်ခု ထွန်းလင်းလာခဲ့သည်။
ထိုအလင်းတန်းက စူးစူးရှရှတောက်ပလာသည့်အချိန်တွင် စုမင်က သူ့ညာလက်ကို ဘယ်လက်နှင့်အကွာအဝေးတိုးချဲ့လိုက်သည်။ ထိုစဉ် ရွှေရောင်အလင်းတန်းများက စူမင်၏ဘယ်လက်နှင့်ညာလက်ကြား ရေစီးသလိုစီးဆင်းနေလေသည်။
သူ၏ညာလက်ဖြင့် နောက်ထပ်တံဆိပ်တစ်ခုကို ဖန်တီးလိုက်ပြီး သူ၏လက်ကောက်ဝတ်ကို တစ်ချက်လှည့်လိုက်ရာ ရွှေရောင်အလင်းတန်းက ပို၍တောက်ပလာသည်။ သူ၏ ညာလက်ကလည်း သူ့မျက်စိရှေ့တွင် အနည်းငယ် ညှိုးနွမ်းလာသည်။
ထို့နောက် သူ အခြားချိတ်တံဆိပ် ရှစ်ခုကို ဆက်လက်ဖန်တီးခဲ့သည်။ ကိုးခုမြောက်တံဆိပ်ကို ထုလုပ်သောအခါ၊ ရွှေရောင်အလင်းတန်းကလည်း အနက်ရောင်သို့ ပြောင်းလဲသွားသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် စုမင်၏ ညာလက်က အရိုးစုလက်အဖြစ်သို့ ပြောင်းလဲသွားပုံရသည်။
အနက်ရောင်လက် ချောင်းများနှင့် ရှည်လျားသောလက်သည်းများက သူ့လက်မောင်းနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။
“ဒီနတ်ဘုရားစွမ်းရည်မှာ နာမည်မရှိဘူး... ဖယောင်းနဂါးရဲ့ မသေနိုင်ပြီး မပျက်စီးတဲ့ထာဝရလောကမှာ
လူဝင်စားဘဝငါးဆယ်လောက်ဝင်စားပြီးမှ ရလာခဲ့တာ...ကို ဖြတ်သန်းပြီးနောက် ဒီလက်ထဲက ဆန့်ကျင်ဘက်ဒွိလောကဥပဒေဿကို နားလည်မှုနဲ့ ပေါင်းစပ်ထားတာ...ဒီစွမ်းရည်အောက်မှာသေသွားတဲ့သူတွေက ... မရေမတွက်နိုင်အောင်ပဲ...”
“အစကတည်းက မင်းမြင်တဲ့အတိုင်းပဲ..ဒါက ငါ့ရဲ့ အသွင်ကူးပြောင်းမှုကိုးသွယ်စွမ်းရည်အောက်မှာ ကိုးကြိမ်တိုင်တိုင် ပြောင်းလဲသွားခဲ့တယ်.. အခု သူ့ရဲ့စွမ်းအားအကြီးဆုံးပုံစံကို အကောင်အထည်ဖော်နိုင်ပြီ...”
စုမင် က သူ့စကားကို ဖြည်းညှင်းစွာ ရုတ်လိုက်ပြီး ရှန်းတုန် ကို မော့ကြည့်လိုက်သည်။
ဂိုဏ်းချုပ်ကြီးက မျက်မှောင်ကြုတ်သွားလေသည်။ သူ၏ မြင့်မြတ်သောစွမ်းရည်က အင်မော်တယ်စွမ်းအားကြီးနယ်ပယ်ရှိငှက်လေးကောင်ကို သတ်ဖြတ်ခြင်းမှ မွေးဖွားလာခဲ့သည်။ ၎င်းက ရှန်းတုန်နှင့် တူညီသော အဆင့်ရှိ သူများကြားတွင် အင်မတန် ထူးထူးခြားခြား စွမ်းရည်တစ်ခု ဖြစ်ခဲ့သည်။သို့သော်လည်း စုမင်၏ စကားကို ကြားလိုက်သောအခါ သူအသက်တောင် ကောင်းကောင်းမရှုနိုင်တော့ပေ။ အမှန်တော့ စုမင်က နတ်စွမ်းရည်ကို အကောင်အထည်ဖော်နေသည်ကို သူမြင်လိုက်သောအခါတွင် သူ့နှလုံးသားက ထိတ်လန့်တုန်လှုပ်သွားလေသည်။ သူ့စိတ်ထဲမှာ မရေမတွက်နိုင်သော မှတ်ဉာဏ်တစ်ခု ပေါ်လာသော်လည်း သူ့မှန်းဆချက်မသေချာနိုင်ပေ။
“ဖယောင်းနဂါး… အသွင်ကူးပြောင်းခြင်း ကိုးသွယ်…”
ရှန်းတုန်၏အမူအရာက မယုံနိုင်လောက်အောင် လေးနက်လာကာ မန်မျိုးနွယ်စု၏ ဘေးအန္တရာယ်ကို ရင်ဆိုင်ရချိန်ထက် သူပို၍သတိထားလာခဲ့သည်။
Note
ကူယွမ်ဟိုင် - စောစောက ကိုယ့်ကိုယ်ကို ဖျက်ဆီးခဲ့တဲ့ တောက်ပတဲ့ယန်ကျောက်တုံးရှိတဲ့ အဖိုးအို.. သူ့နာမည်မိသားစုနာမည်က “ ကူ...”