← Chapters

နိဒါန်း

Vol. 1 Ch. 1

နိဒါန်း

Vol. 1 Ch. 1

"ကျလစ်"

"ကျလစ်"

အမျိုးအမည် ခွဲခြားနိုင်စွမ်း မရှိသော အသံ။ တစ်စုံတစ်ခုသည် ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ပါမကျန် ထိုးဖောက်သွားသည့်အပြင် ညတွင်တိုက်ခတ်လာသော နှင်းမုန်တိုင်းဒဏ်ကြောင့် လူတစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီ၍ ထွက်လာသည့် အသံလိုမျိုး … ။

တရွှီးရွီး တိုက်ခတ်နေသော မြောက်လေညှင်းနှင့်အတူ ကခုန်နေသော နှင်းစက်လေးများသည် ကမ္ဘာမြေနှင့် ဝေဟင်ကို ခြားနားထားသည့်စည်းအား အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားရန် ချိုးကြေဖျက်ဆီးလိုက်သကဲ့သို့ ကောင်းကင်နှင့် မြေပြင်ကို တစ်သားတည်း ဖြစ်သွားစေသည်။ အဝေးက မျှော်ငေးကြည့်လျှင် ဤလောကကြီးသည် အဖြူရောင် သီးသန့် ရပ်ဝန်းတခုအလားပင်။

အချိန်မှာ ညသန်းခေါင် မတိုင်သေး။ နေဝင်စ အချိန်သာ ရှိသေးသော်လည်း ကောင်းကင်ယံ တခွင်လုံး ညနက်တခုကဲ့သို့ မည်းမှောင်နေလေပြီ။ လူတို့၏ ရင်ဘတ်အား အသက်ရှူ ကျပ်မတတ် မွန်းကျပ်စေသည့် ခံစားချက်ကို သယ်ဆောင်လာသည့် အလားပင်။

အဖြူရောင် လွင်ပြင်၌ ကြီးမားလှသည့် အရိပ်တစ်ခု ငုပ်လျှိုးတွယ်ဝင်နေ၏။

၎င်းကား အမဲလိုက်ရန် လှည့်လည်နေသည့် သားရဲကြီး တစ်ကောင်ကဲ့သို့ ခမ်းနားလှသည့် မြို့ပြတခု၏ အရိပ် ဖြစ်လေသည်။

မြို့လယ်ခေါင်တွင် မျှော်စင်ပုံစံ ယဇ်တိုင်ရှည်ကြီးတခု ရှိနေသည်။ ၎င်းယဇ်တိုင်သည် သတ္တဂံပုံစံရှိပြီး အရှည်မှာ မိုးတိမ်များကိုပင် ခွင်းမိတော့မတတ် မြင့်မားလှချေ၏။

ယဇ်တိုင်ရှည်ကြီးသည် ကြမ်းတမ်းလှသော နှင်းမုန်တိုင်းများအောက် တည်တည်ငြိမ်ငြိမ်နှင့် မယိုင်မလဲ တည်ရှိနေသည်။ ယဇ်တိုင်အား ဖြတ်သန်းသွား၍ အဝေးသို့ သယ်ဆောင်သွားသည့် အသံလှိုင်းများထိတိုင် ၎င်းပွတ်တိုက်သံကို ပီပီသသ ကြားနေရလေသည်။

ထူးခြားသည့် ပြိုင်စံရှားအသံ ပေါင်းစပ်မှုများနှင့် ဒဏ်ဏ္ဍာရီထဲမှ မာန်ဟုန်များကို ထမ်းပိုးထားတဲ့ အသံများအလားပင်။

"မျှော်လင့်ချက် ဆိုတာရော ရှိသေးရဲ့လား ... မျှော်လင့်လို့ ရနိုင်ပါသေးလား"

ခါးခါးသီးသီး ရေရွတ်သံတခု ယဇ်တိုင်ကြီးမှ ထွက်ပေါ်လာသည် ... အသံမှာ တိုးလျလွန်း၍ ရုတ်တရက် မသိလျှင် လေတိုက်၍ ထွက်ပေါ်လာသည့် အသံမျိုး။

"မျှော်လင့်ချက်ဆိုတာ ရှိသေးရင် အဲဒါ ဘယ်မှာလဲ ... မရှိတော့ဘူး ဆိုရင် ဘာကြောင့် ငါ့ကို မြင်တွေ့ခွင့်ပေးခဲ့ရတာလဲ"

အသံရှင်၏ စိတ်ဝိညာဉ်နှင့် နှလုံးသည်းတိုင် တစ်ခုလုံး ရောသွန်းထားပြီး ရူးသွပ်နေသလို အော်သံကြောင့် ကောင်းကင်တစ်ခွင်လုံး တုန်ဟည်းသွားလေသည်။

ယဇ်တိုင်၏အောက်၌ ကောက်ရိုးနွယ် ဝတ်စုံများနှင့် မရေမတွက်နိုင်အောင်များပြားလှသော လူများ ရပ်နေကြ၏။ လူအားလုံး နှုတ်ဆိတ်နေကြသည်။ ခပ်လှမ်းလှမ်းထိ ဖြန့်ကြက် ကြည့်လိုက်လျှင် လူအုပ်ကြီးမှာ ထောင်သောင်းမက ရှိနေသည်ကို မြင်ရလေသည်။ ယဇ်တိုင်၏ ပတ်ပတ်လည်၌ ဝန်းရံထားသော အမျိုးသမီး၊ အမျိုးသားထုကြီးမှာ များပြားလွန်းလှသည်။ ၎င်းတို့သည် မလှုပ်မယှက် ငြိမ်သက်နေကြသော်လည်း ယဇ်တိုင် ပေါ်မှလူ စကားဆိုသည်ကို ကြားရဖို့အရေး အရာအားလုံး စတေးပစ်ဖို့ အသင့်ပြင်ထားသလို ခံစားချက် မျက်နှာပေးမျိုးနှင့် ရှိနေကြသည်။

နှင်းမုန်တိုင်းသည် ပို၍ ကြမ်းတမ်းစွာ တိုက်ခတ်လာလေသည်။

"မျှော်လင့်ချက် ရှိလို့သာ အဲဒါကို မြင်တွေ့ ခဲ့တာ မဟုတ်လား ဒါပေမဲ့ အခုတော့ ဘယ်ရောက် သွားပြီလဲ"

ကွဲအက်နေသည့် အသံ၌ မချိတင်ကဲ ကြေကွဲဝမ်းနည်းမှု အရိပ်အယောင်များ ရောယှက်နေသည်။ အသံသည် ကြာမြင့်စွာ ပဲ့တင်ထပ် နေတော့၏။

"ဒီနေ့ဟာ မင်ဧကရာဇ် ပြည်တော်ပြန်တဲ့နေ့၊ နယ်မြေ သုံးခုမှာ ရှိတဲ့ ဂိတ်တံခါး တွေပွင့်တဲ့နေ့၊ နှင်းမုန်တိုင်း တိုက်ခတ်တဲ့နေ့၊ အရာအားလုံး စတင်ဖြစ်ပေါ် ခဲ့တဲ့နေ့ရက်ပဲ။ မာန်စွမ်းအားရှင်တွေရဲ့ နေ့ရက်တွေ နောက်ထပ် တစ်ဖန်ပြန် ရောက်လာတော့မှာကို ငါကြိုတင် ဟောကိန်းထုတ်တယ်"

အမည်မသိ စွမ်းအင်တစ်ခု စီးဆင်းနေသော အသံသည် ပို၍ ကျယ်လောင်လာသလို ကောင်းကင်တခွင်မှ တိမ်ရောင်များလည်း ပြောင်းလဲလာသည်။ ရေတွက် မရနိုင်အောင် ကျဆင်းနေသည့် နှင်းမှုန်များက လမ်းခုလတ်တွင် ရပ်တန့်သွားပြီး လာရာလမ်းအတိုင်း ပြန်လည် လွင့်တက်သွားကြသည်။ တစ်နေရာတည်းတွင် စုစုစည်းစည်း ထွက်ပေါ်လာသည့် အံ့ဩမှင်တက်မှုအပြည်နှင့် ရေရွတ်လိုက်သည့် အာမေဍိတ်သံများကြောင့် ကောင်းကင်ဘုံရော လောကမြေ တစ်ခွင်ပါ ထစ်ချုန်း မြည်ဟည်းသွားလေတော့သည်။

မြေပြင်ပေါ် တဖွဲဖွဲ ကျဆင်းနေသည့် နှင်းစက်များ ရပ်တန့်သွားလေ၏။ နှင်းစက်များမှ ကြီးမားလွန်းလှသည့် နဂါးတစ်ကောင် ဖြစ်တည်လာလေသည်။ နဂါးတစ်ကောင်၏ ပုံစံ ပီပီပြင်ပြင် ဖြစ်ပေါ်လာသည်နှင့် နဂါးကြီးက ၎င်းခေါင်းကို ထူမတ်ပြီး စူးစူးရှရှ မာန်ဖီ ကြုံးဝါးလိုက်သည်။ မာန်ဖီကြုံးဝါးသံနှင့်ပင် တစ်ကိုယ်လုံး ကွဲထွက်သွား တော့မတတ် ကြားရသူအပေါင်း၏ နှလုံးအစုံ တုန်ခါသွားကြလေတော့သည်။

နှင်းနဂါးကြီးရဲ့ ကိုယ်ကို သွေးစက်များက ဖုံးလွှမ်းလာပြီ သွေးနဂါးကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားလေသည်။ ရင်ကွဲပက်လက် အော်ငိုသံများနှင့်အတူ ကောင်းကင် နယ်နိမိတ်ထဲ ဝင်ရောက်ကာ မျှော်လင့်ချက်လေး တစ်ခုလောက် ရှာဖွေချင်သည့် ပုံစံမျိုးဖြင့် ကြယ်ပျံတစင်းအလား ကောင်းကင်ထက်ဆီသို့ တစ်စိုက်မတ်မတ် ပျံတက်သွားလေတော့သည်။

မိုင်ပေါင်းများစွာ ခရီးပေါက်ပြီးနောက် ၎င်း၏အော်သံများ ကြား၌ပင် မမြင်နိုင်စွမ်းသော၊ ပုံသဏ္ဌာန် ကင်းမဲ့သော အတားအဆီး တိုင်ကို တိုက်မိသွားတော့သည်။ ကောင်းကင်ဘုံရော ကမ္ဘာမြေပါ တုန်ဟည်းသွားပြီး အော်သံကြီးမှာ နယ်မြေအနှံ့ ပဲ့တင်ထပ်သွားလေ၏။ သွေးနဂါးကြီးသည် တဖန် ငိုကြွေးလိုက်လေ၏။ ထို့နောက် အားလုံး၏ရှေ့မှောက်တွင် ၎င်း၏ခန္ဓာကိုယ်ကြီး ပြိုလဲကျလာတော့သည်။

နဂါးကြီး၏ ခန္ဓာကိုယ် တစ်စစီ ဖြစ်လုလု အခြေအနေ၌ ယဇ်တိုင်အောက်တွင် တိတ်တဆိတ် စောင့်ဆိုင်းနေကြသော လူအုပ်ထောင်ပေါင်းများစွာသည် ၎င်းတို့၏လက်တွင် ချည်နှောင်ထားသော ချုပ်နှောင်ဖွဲ့ ဂါထာအား ရွတ်ဆို၍ လျှာကိုကိုက်ဖြတ် လိုက်ကြရာ သွေးစိမ်းရှင်ရှင် အန်ထွက်လာကြလေသည်။ စွမ်းအား တစ်မျိုး၏ ပဲ့ကိုင်မှုကို ခံလိုက်ရသည့်အလား အန်ထွက်လာသော သွေးများသည် ပင်လယ်တစင်းပမာ ဖြစ်တည်သွားပြီး သွေးနဂါးနှင့် သွားရောက် ပေါင်းစပ်လေ၏။ ထိုအခါ ခပ်ယဲ့ယဲ့ အခြေအနေသာရှိသော နဂါးကြီးသည် အားအင်ပြည့်ဝသွားသည့်ဟန်နှင့် မိုးကုပ် စက်ဝိုင်းထံ တဖန် ပျံတက်သွားပြန်သည်။

နဂါးကြီး ပျံတက်သွားသည်ကို အားလုံးငေးကြည့်နေစဉ်တွင်ပင် ၎င်း၏ ခန္ဓာကိုယ်ကြီး တသိမ့်သိမ့် တုန်ခါလာလေ၏။ ကောင်းကင်အထက် ခရီးမိုင်ပေါင်း တစ်သောင်းမှ ကြုံးဝါးလိုက်သော်လည်း ရပ်တန့်နိုင်စွမ်း မရှိသည့်အလား နဂါးကြီး၏ ခန္ဓာကိုယ်မှာ အောက်သို့ အဆက်မပြတ် ပြုတ်ကျလာလေ၏။ နဂါးကြီးသည် သွေးနှင်းမှုန်များအဖြစ် ပြောင်းလဲသွားပြီး အောက်သို့ ကျဆင်းလာလေတော့သည်။ မြေပြင်နှင့်သွေးနှင်းမှုန်များ ရိုတ်ခတ်သွားသောကြောင့် လွင်ပြင်တစ်ခုလုံး သွေးလွှမ်းဒေသ ဖြစ်သွားတော့သည်။

နဂါးကြီး တစ်စစီ ဖြစ်မသွားခင် အချိန်လေးအတွင်း၌ စောနက ကြုံးဝါးသံနှင့် ဆန့်ကျင်ဘက် အသံပိုင်ရှင်က စကားဆိုလာတယ်။

"သေခြင်းတရား ... "

"သေခြင်းတရား ... "

ယဇ်တိုင်၏ ထိပ်တွင် ခရမ်းရောင် ဝတ်စုံကို ဆင်ယင်ထားသည့် အဘိုးအို တစ်ယောက်က ဒူးချိတ် ထိုင်လျက် ရှိသည်။ အဘိုးအို၏ မျက်နှာတွင် အရေးအကြောင်းများ၊ အညိုကွက်များက ပြည့်နှက်နေလေ၏။ တစ်စုံတစ်ရာကို ရေရွတ်နေသည့် အဘိုး၏ မျက်ဝန်းများမှာ အရောင်မှိန်လှသည်။ ကြည့်လိုက်ရုံနှင့် အဘိုးအိုမှာ မျက်မမြင်တယောက်မှန်း သိသာလှသည်။

အဘိုးအို၏ရှေ့တွင် ဆင်စွယ်ရောင် တောက်ပနေသော ကျောရိုးစု တစ်ခုရှိနေသည်။ ညာလက်တွင် ကျောက်လက်ခတ်တစ်ခုကို ကိုင်ဆောင်ထားပြီး ကျောရိုးစုရဲ့ ဆယ့်သုံးခုမြောက် ကျောရိုးဆစ်ကို ချိန်ရွယ်ထားလေသည်။

အဘိုးအိုသည် ဘာကိုမှ မမြင်ရသည့် အကြည့်များဖြင့် ကောင်းကင်အား တိတ်ဆိတ်စွာ ငေးမောကြည့်ရှုနေလေ၏။ တစ်ခဏအကြာ၌ သူက သက်ပြင်းမော အရှည်ကြီးတခုကို ချလိုက်လေသည်။

"ယွီဘုရင်ကို ပြောပေးပါ ... ကျုပ်အစွမ်း ရှိသလောက် ကြိုးစားခဲ့ပါတယ်လို့ "

ပြောပြီးပြီးချင်း သူ၏ ညာလက်နှင့် ကျောရိုးကို ခတ်လိုက်သည်။ တိရစ္ဆာန်၏ ကျောရိုးနှင့် ကျောက်ခတ် ထိတွေ့ သွားသည့်အခါ ဟိုးအဝေးကြီးက ခရီးနှင်လာရသည့် အသံလိုမျိုး ထွက်ပေါ် လာခဲ့လေသည်။ အသံများစွာ ခြံရံထားသည့် အဘိုးအိုသည် တကိုယ်တည်းသမား ဖြစ်သည်။ သူ၏ကိုယ်ပေါ်တွင် ဝမ်းနည်းမှု၊ အထီးကျန် ဆန်မှုနှင့် အားနည်းချက်များကို မြင်တွေ့နေရလေသည်။

"ယွီပြည်ထောင်ရဲ့ ရှေ့ဖြစ်ဟော ဆရာတစ်ယောက် အနေနဲ့တော့ မင်းဟာ ကျုပ်မြင်တာကို မြင်နိုင်မှာ မဟုတ်ပါဘူးလေ"

"မင်းဟာ ... မျှော်လင့်ချက်ကို ... မြင်နိုင်မှာမဟုတ်ဘူး"

*****

All Chapters