← Chapters

အလှလေး၏ ပခုံးပြင်

Vol. 75 Ch. 978

အလှလေး၏ ပခုံးပြင်

Vol. 75 Ch. 978

ချင်မူ ရင်တဒိန်းဒိန်း ခုန်လာသည်။ အမိကမ္ဘာမြေ၏စကားအရ ကမ္ဘာဦးရေကြည်သည် သူမအမြစ်ချပြီးနောက် သူမကိုယ်သူမနှင့် အမြစ်များအား အားဖြည့်ပေးရန် အသုံးပြုသည့် ထူးခြားသောအရည်တစ်မျိုး ဖြစ်၏။ ၎င်းက အလင်းရည်ကြည်ကဲ့သို့ ဖြစ်ပြီး အလွန်အားအင်ပြည့်ဝစေသည်။

အမိကမ္ဘာမြေက ကမ္ဘာဦးရေကြည်ကို အားကိုးကာ ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

ပရမတ္တကမ္ဘာထဲရှိ ဖန်ဆင်းရှင်များတွင်လည်း ရှိနေသည်မှာ မထင်မှတ်ထားဖွယ်ပင်။

ခန်းနွီက ပြောသည်။ “ကမ္ဘာဦးရေကြည်က ဘိုးဘေးနန်းတော်ထဲက ရေကန်ကနေ ဆင်းသက်လာတာ… တအားလှတဲ့ အရည်ပေ့… အဲဒါနဲ့ မျိုးနွယ်စုအားလုံးက အဲဒီအရည်ကို လာခပ်ပြီး သူတို့ရဲ့ အထွတ်အမြတ်ရတနာအမျိုးမျိုးအပေါ် လောင်းကြတာနဲ့ တဖြည်းဖြည်း နည်းနည်းသွားတာ… ကျွိမျိုးနွယ်စု နေရာပြောင်းရွှေ့တုန်းက ကန်ထဲကနေ အကုန်လုံး သယ်သွားကြတယ်တဲ့… နောက်ပိုင်း သူတို့က အဲဒီမှာ နေပြီး သာယာနေတယ်တဲ့လေ… အခုဆို ရေကြည်က နည်းနည်းပဲ ကျန်တော့တာ… လိုချင်ရင် နတ်ဘုရင်ဆီ သွားလိုက်.. ကျန်တဲ့အရည်တွေ သူ ထိန်းသိမ်းထားတယ်”

သူမသည် ပတ်ဝန်းကျင်ကို ကြည့်ကာ ခပ်တိုးတိုး ပြော၏။ “နင် နည်းနည်းလောက် ရရင် ငါ့လည်း နည်းနည်း ပေးပါဦး… ငါတို့မျိုးနွယ်စုရဲ့ ဝိညာဉ်ခုနစ်သွယ်မြက်က နေမကောင်းလို့ အားနည်းနေတာ”

ချင်မူ ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်သည်။

ခန်းနွီမှာ ပျော်ရွှင်သွားပြီး ပူဇော်ပွဲပြင်ဆင်ရန် အဖြူရောင်ပိုးကောင်ကြီးတစ်ကောင်အား စီးနင်းရင်း ထွက်ခွာသွား၏။

‘အာ… တိုက်ပွဲအခြေအနေ ဘယ်လိုဖြစ်သွားလဲ မေးဖို့ မေ့သွားတယ်’

ချင်မူ ငှက်တောင်စိမ်းခန်းမဆီ လျှောက်ရင်း တွေးနေသည်။ ‘နတ်ဘုရင်လန်ဝူကို မေးလိုက်ရင် ငါ့ကို ပြောပြလောက်ပါတယ်… စဉ်းစားကြည့်တော့မှ ဖန်ဆင်းရှင်တွေက တော်တော် ရှေးကျတယ်ဆိုတော့ သူတို့မှာ ရတနာတွေအများကြီး ရှိပြီး တော်တော်ချမ်းသာမှာပဲ… ကမ္ဘာဦးရည်ကြည်၊ မဟာကမ္ဘာဦးအစ မူလကျောက်တုံးနဲ့ မဟာကမ္ဘာဦးအစ နတ်ကျောက်တုံး… နောက်ပိုင်းမျိုးဆက်တွေ လိုက်ရှာရခက်တဲ့ ရတနာတွေအများကြီး သူတို့မှာ ရှိတယ်… တခြားအဖိုးထိုက်ရတနာတွေလည်း ရှမှာပဲ… ငါက အထွတ်အမြတ်ကလေးငယ်ဆိုတော့ ဒီရတနာတွေက…”

ငှက်တောင်စိမ်းခန်းမသည် အမှန်တွင် တောင်ပံကြီးများဖြင့် အလွန်ကြီးမားသော ဘုရားကျောင်းတစ်ခုသာ ဖြစ်သည်။ ခန်းမ၏တစ်ဖက်တစ်ချက်စီတွင် အသွေးအသားဖြင့် တည်ဆောက်ထားသော အစိမ်းရောင်ငှက်မွှေးများ ရှိသည်။ အတောင်ပံတို့က အမှန်တကယ် ပျံသန်းနိုင်ပုံရ၏။

ထိုကဲ့သို့ ထူးခြားသော အဆောက်အအုံများအား အပြင်တွင် ရှာတွေ့ရန် မဖြစ်နိုင်သလောက်ပင်။ သို့တိုင်အောင် ဖန်ဆင်းရှင်တို့၏ ပရမတ္တကမ္ဘာထဲ၌ ထိုကဲ့သို့ အဆောက်အအုံများစွာ ရှိနေသည်။

ဥပမာ ဖန်ဆင်းရှင်တို့သည် ရွှေ့ရပြောင်းရ လွယ်ကူအောင် ခြေထောက်များပါရှိသည့် အဆောက်အအုံများအား မြင်ယောင်ဖန်ဆင်းလေ့ရှိ၏။ ထို့အပြင် နွားခန္ဓာကိုယ် ရှိသည့် အပင်များကို မြင်ယောင်ဖန်ဆင်း၍ အသီးအရွက်လည်း ခူး၊ အသားလည်း ရနိုင်အောင် လုပ်ထားတတ်သည်။

ချင်မူ ခန်းမအရှေသို့ လျှောက်သွားပြီး တောင်ပံများကို သေသေချာချာ ကြည့်မိသည်။ တောင်ပံများအကြားနှင့် ခန်းမများအကြားရှိ အရိုးအဆစ်များမှာ ကျောက်သားကျောက်စိုင်အသွင်နှင့် အသားအစိုင်အသွင် ပေါင်းစည်းရောစပ်ထားခြင်း ဖြစ်ရာ ရင်သပ်ရှုမောဖွယ် ကောင်းနေ၏။

“နတ်ဘုရင်က အထွတ်အမြတ်ကလေးငယ်ကို ခန်းမထဲ ဖိတ်ခေါ်လိုက်ပါတယ်” တံခါးစောင့် ဇာမဏီငှက်က တောင်ပံခတ်ရင်း ချင်မူ့ဆီ လှမ်းပြောသည်။

ချင်မူလည်း ကျေးဇူးတင်စကားဆိုကာ ဇာမဏီငှက်၏ အနောက်မှ လိုက်၍ ခန်းမထဲ ဝင်လိုက်သည်။

ခန်းမသည် အလွန်ကျယ်ဝန်းမြင့်မားသဖြင့် အထဲရောက်သွားသည့်အခါ မိမိကိုယ်ကို သေးငယ်သွားသလို ခံစားလိုက်ရပြီး ကြောက်စိတ်ဝင်လာစေနိုင်၏။

သို့သော် ချင်မူက ဖန်ဆင်းရှင်တို့၏ ဧရာမအဆောက်အအုံကြီးများဖြင့် အသားကျနေပြီဖြစ်ရာ သက်တံရောင်ဇာမဏီငှက်အနောက်မှ ခပ်သွက်သွက် လိုက်သွားသည်။ နတ်ဘုရင်လန်ဝူက သူ့ကို အရှေ့အဆောင်များဆီ မဆင့်ခေါ်ဘဲ အနောက်ဆောင်သို့ ဆင့်ခေါ်ခဲ့သည့်အချက်က သူ့ကို အံ့ာအးသင့်စေသည်။

ခန်းမမှာ အလွန်ကျယ်ဝန်းလှသောကြောင့် ဇာမဏီငှက်နှင့်အတူ အတော်လေး လျှောက်ပြီးနောက်မှ အနောက်အဆောင်သို့ ရောက်သွားသည်။

“မမကြီး၊ ဘာလို့ လူအသွင် မပြောင်းထားတာလဲ” ချင်မူ မေးလိုက်မိသည်။

လှပခံ့ညားသော အတောင်များဖြင့် ဇာမဏီငှက်က လှည့်လာပြီး စပ်စုသလို မေးလေသည်။ “လူအသွင် ပြောင်းရမယ်ဟုတ်လား.. နင်ဆိုလိုတာ ဖန်ဆင်းရှင်တစ်ယောက်အသွင် ပြောင်းတာမျိုးလား”

ချင်မူလည်း တွေးကြည့်ပြီးနောက် ခေါင်းညိတ်လိုက်၏။ ဖန်ဆင်းရှင်တို့၏ အသွင်သဏ္ဍာန်များက လူသားနှင့် တူသော်လည်း အရပ်ပိုမြင့်သည်။ သူတို့၏မျက်ခုံးနှစ်ဖက်ကြားတွင် ဆဋ္ဌဂံသဏ္ဍာန်မျက်လုံးတစ်လုံး ရှိသည်။

သက်တံ့ရောင်ဇာမဏီငှက်က ခေါင်းယမ်းသည်။ “ငါက မြင်ယောင်ဖန်ဆင်းခံထားရတာဆိုတော့ င့ါဘာသာငါ မကျင့်ကြံနိုင်သလို၊ လူအသွင်လည်း မပြောင်းနိုင်ဘူး... မြင်ယောင်ဖန်ဆင်းခံလိုက်ရတဲ့ အချိန်ကတည်းက ငါ့အစွမ်းက ကန့်သတ်ခံထားရပြီးပြီ”

ချင်မူ အံ့အားသင့်သွားကာ ခေါင်းယမ်းလိုက်ရသည်။ “ပြန်ပြောလို့ရမလား မမကြီး”

ဇာမဏီငှက်က ပြန်ပြောသည်။ “ငါ့အစွမ်းက အကန့်အသတ် ခံထားရတော့ ပြောင်းလဲဖို့ ခက်တယ်... ငါ ကောင်းကင်တံတား ကောင်းကင်ရတနာ မဖွင့်နိုင်သလို၊ အသိစိတ်အလျဉ်ကိုလည်း မကျင့်ကြံနိုင်ဘူး... ဒါပေမဲ့ ငါ့ရဲ့ အထွတ်အမြတ်မီးလျှံအစွမ်းကိုတော့ မြှင့်တင်လို့ ရတယ်”

ချင်မူ ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။ “ရှေးဟောင်းနတ်ဘုရားတွေနဲ့ သွားဆင်နေသလိုပဲ...”

“နတ်ဘုရင်က အရှေ့မှာ”

သက်တံရောင်ဇာမဏီငှက်သည် သူ့ကို အနောက်ဆောင်သို့ ခေါ်သွားပေး၍ ရေကန်ဘေးတွင် ရေခပ်ရင်း ဒဏ်ရာများဆေးကြောနေသော နတ်ဘုရင်လန်ဝူအား ချင်မူ လှမ်းမြင်လိုက်ရသည်။ သူမသည် ပခုံးတွင် ဒဏ်ရာရထားသဖြင့် အင်္ကျီကို ပခုံးအောက်သို့ လျှောချထား၏။ ဒဏ်ရာမှာ ဓားရာကဲ့သို့ ရှည်မျောမျော ဖြစ်ရာ ခိုင်ဧကရာဇ်ကြောင့် ရခဲ့သော ဒဏ်ရာ ဖြစ်မည်။

ရှည်လျားသော သူမ၏ဆံနွယ်တို့သည် ရေတံခွန်ပမာ အိစက်ညက်ညောစွာ ပြေကျနေပြီး တံလျှပ်ရောင် လာဟပ်သည့်အခါ လင်းလက်ရွှန်းစိုနေသည့်အလား ထင်ရ၏။ ချင်မူမှာ အသက်ရှူရန်ပင် မေ့သွားတော့သည်။

ထို့နောက် သူ၏ ရင်ခုန်သံများ မြန်လာသည်။ ရေကန်ထဲတွင် ကမ္ဘာဦးရေကြည်များ ပြည့်နေချေသည်။

မည်မျှ ကြီးမားလှသည့် ရေကန်ကြီးနည်း။

ဤကန်သည် ဖန်ဆင်းရှင်များအတွက် အိုင်တစ်အိုင်ပမာ ရှိသော်လည်း ချင်မူ့အတွက်မူ ကန်အကြီးကြီး ဖြစ်၏။ တစ်ကန်လုံးတွင်လည်း ကမ္ဘာဦးရေကြည်များ ပြည့်နေသည်။

သူ့မှာ ကန်ထဲ ခုန်ချလိုစိတ်ပင် ပေါ်လာ၏။

“နင်က အသက်သုံးနှစ်တောင် မပြည့်သေးဘူး... အမျိုးသမီးတစ်ယောက်ရဲ့ ပခုံးကို မြင်လိုက်ရလို့ ရင်ခုန်သံတွေ မြန်လာတယ်ပေါ့လေ” နတ်ဘုရင်လန်ဝူသည် သူ့ကို မြင်လျှင် အင်္ကျီကို အပေါ်ပြန်တင်ကာ လှမ်းမေး၏။

ချင်မူက ကန်ကိုသာ စိတ်ဝင်တစား စိုက်ကြည့်နေလေသည်။

နတ်ဘုရင်လန်ဝူမှာ သူ့ကို ရင်ခုန်နေစေသည်က သူမမဟုတ်ဘဲ ရေကန်ဖြစ်ကြောင်း သတိထားမိလိုက်၍ မျက်နှာအမူအရာ တစ်မျိုးဖြစ်သွားသည်။ သူမက လက်ဝှေ့ယမ်း၍ ဇာမဏီငှက်ကို ပြန်လွှတ်လိုက်ပြီးနောက် ပြော၏။ “နောက်က လိုက်ခဲ့ပါ အထွတ်အမြတ်ကလေးငယ်”

ချင်မူက သူမနောက်မှ လိုက်သွားရင်း ကမ္ဘာဦးရေကြည်ကန်ကိုသာ ကြည့်နေသည်။ ကန်၏ တံလျှပ်ရောင်တို့က သူ့ကို ဆွဲဆောင်နေသည်။

နတ်ဘုရင်လန်ဝူက ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် ခန္ဓာကိုယ်ကို ချုံ့လိုက်သည်။ သူမ၏ဆံပင်က ပခုံးကို ကျော်၍ ကျနေပြီး ရေမခြောက်သေးသကဲ့သို့ ရွှန်းစိုဝင်းပြောင်နေသည်။

“ခင်ဗျားရဲ့ ဒီဆံပင်ကို ကမ္ဘာဦးရေကြည်နဲ့ လျှော်လာတာလားဗျ”

ချင်မူမှာ အတိုင်းထက်အလွန် မနာလိုဖြစ်နေတော့သည်။ “ဒီအရည်က တော်တော်ကောင်းတယ်နော်... ကျွန်တော်လည်း တစ်ကန်လောက် ရှိချင်လိုက်တာ”

သူမ၏ဝတ်ရုံက ခြေထောက်ကို ဖုံးထားသဖြင့် သူမလမ်းလျှောက်သည့်အခါ ဖြူဖွေးနေသော ခြေဖမိုးကိုသာ မြင်ရသည်။ သူမက ခြေဗလာဖြင့် လျှောက်နေပြီး ချင်မူ့အတွက် သူ၏ခြေထောက်က လှလေသည်။

“ဒီခြေထောက်တွေကိုလည်း ကမ္ဘာဦးရည်ကြည်နဲ့ ဆေးထားတာမလား... တော်တော် ကောင်းတာပဲနော်” ချင်မူက ကမ္ဘာဦးရေကြည်ကန်ဘက်သို့ ပြန်လှည့်ကြည့်နေသည်။

နတ်ဘုရင်လန်ဝူက ရပ်လိုက်သဖြင့် ချင်မူလည်း သူမကို ဝင်တိုက်မိတော့မလို ဖြစ်သွားကာ အလျင်အမြန် ရပ်လိုက်ရသည်။

နတ်ဘုရင်လန်ဝူက ပြုံးလေသည်။ “နင့်ကြည့်ရတာ ငါ့ထက် ရေကန်ကို ပိုစိတ်ဝင်စားနေတဲ့ ပုံပဲ... နင်လို ယောက်ျားမျိုး ရှားတယ်... ငါ နတ်ဘုရင်တစ်ပါး မဖြစ်ခင်တုန်းက ငါ့ကို ပိုးပန်းခဲ့တဲ့ ဖန်ဆင်းရှင်တွေ မနည်းဘူး... အကုန်လုံးက နည်းလမ်းပေါင်းစုံနဲ့ ငါ့နှလုံးသားကို ရဖို့ ကြိုးစားခဲ့ကြတယ်... ငါ နတ်ဘုရင်တစ်ပါး ဖြစ်လာတော့မှ ရပ်သွားကြတာ... ဒါပေမဲ့ နင်ကတော့ အဲဒီကန်ကို ပိုစိတ်ဝင်စားတဲ့ပုံပဲ”

ချင်မူ သွေးတိုးစမ်းကြည့်သည်။ “ကျွန်တော် ခင်ဗျားကို စိတ်ဝင်စားရင် ဘာလုပ်မှာလဲ”

“နှစ်ပိုင်းဖြတ်ပစ်မှာပေါ့”

နတ်ဘုရင်လန်ဝူက ဆက်ပြောသည်။ “နင်က သုံးနှစ်ပဲ ရှိသေးတယ်၊ ဒီလိုအတွေးမျိုး တွေးတတ်နေပြီ... အဲဒါနဲ့များ အထွတ်အမြတ်ကလေးငယ်လို့ ခေါ်နေသေးတယ်... ငါ နင့်ခန္ဓာကိုယ် ဖွင့်ပြီး နင့်ထဲက ရတနာတွေ ယူလိုက်ရင် မဟာဧကရာဇ်ကို ငါတို့ဘာသာ ကလဲ့စားချေနိုင်ပြီ”

ချင်မူ တုန်လှုပ်သွားပြီး အလေးအနက် ပြောလိုက်၏။ “နတ်ဘုရင်၊ အဲဒါကြောင့်ပဲ ကျွန်တော် ကန်ကို ပိုသဘောကျတာပါ.. ကျွန်တော်က အသက်သုံးနှစ်ပဲ ရှိသေးတာမလို့ နတ်ဘုရင်က သိပ်ကို ချောမောလှပပေမယ့် မဟုတ်တဲ့အတွေးတွေ မတွေးဝံ့ပါဘူး”

နတ်ဘုရင်လန်ဝူသည် ပြုံးလိုက်ပြီး ရှေ့ဆက်လျှောက်သွား၏။ သူမက နူးညံ့ချိုသာစွာ ပြောသည်။ “မကြောက်ပါနဲ့.. နင် ငါတို့အတွက် တွေးပေးနေသရွေ့ နင့်ကို ငါဘာမှမလုပ်ပါဘူး... နင်က ငါတို့မျိုးနွယ်ရဲ့ အထွတ်အမြတ်ကလေးငယ် မဟုတ်လား”

ချင်မူ သူမနောက်မှ အလျင်အမြန် လိုက်သွားရင်း ကြားဖြတ်ပြောလိုက်သည်။ “နတ်ဘုရင် ဒဏ်ရာရထားတာက ဆိုးရွားလား... ကျွန်တော်က ဆေးကုတတ်တယ်... နတ်ဘုရင်သာ စိတ်မရှိရင် အဝတ်ချွတ်လိုက်ပါ... ကျွန်တော် ဆေးကုပေးမယ်”

“ပရမတ္တကမ္ဘာထဲမှာ ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်တာ ခိုင်ဧကရာဇ်ချင်ယဲ့တစ်ယောက်ပဲ ရှိတယ်”

နတ်ဘုရင်လန်ဝူက ဆက်ပြောသည်။ “သူ ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ပေမယ့် သူလည်း ထိသွားတယ်... ရက်ပိုင်းလောက်တော့ သူ အိပ်ရာထဲ လှဲနေရမှာ... ပြီးတော့ ငါ့ဒဏ်ရာကိုလည်း နင် မကုပေးနိုင်ဘူး ... ရေကန်ပဲ ကုပေးနိုင်တယ်”

သူမသည် အတန်ငယ် တိတ်ဆိတ်သွားပြီးနောက် ဆက်ပြော၏။ “ဒါပေမဲ့ ရေကန်ကလည်း အကန့်အသတ်ရှိတယ်.. တစ်နေ့ကျ ကုန်သွားမှာပဲ... အဲဒီအချိန် ငါ ဒဏ်ရာရရင် ငါ့ကို ကုပေးနိုင်တဲ့အရာ မရှိတော့ဘူး”

ချင်မူမှာ တောင်းသင့်၊ မတောင်းသင့် တွေးရင်း အကြပ်ရိုက်သွားသည်။

“နင် လိုချင်ရင်တော့ နင့်အတွက် နည်းနည်း ယူသွားပေါ့”

နတ်ဘုရင်လန်ဝူက သူ့စိတ်ကို ဖတ်နိုင်သကဲ့သို့ ပြောသည်။ “ရေကန်က ငါ့တစ်ယောက်တည်းဟာမှ မဟုတ်တာ... ငါတို့အပိုင်လေ.... ငါက တမင်သက်သက် ငါ့အတွက်ငါ ယူထားလိုက်တာ... နင်က အထွတ်အမြတ်ကလေးငယ်ဆိုတော့ နင်လည်း ရေကန်ကို သုံးလို့ရပါတယ်”

ချင်မူ ကျေးဇူးတင်လိုက်သည်။

နတ်ဘုရင်လန်ဝူသည် ဆက်ပြော၏။ “နင် ခိုင်ဧကရာဇ်ချင်ယဲ့ရဲ့ ဒဏ်ရာအကြောင်း မေးချင်လို့ ဝေ့လည်ကြောင်ပတ်နဲ့ ရောက်လာတာမဟုတ်လား.... ငါ့သတင်းမေးဖို့ နင်လာတာ မဟုတ်ပါဘူး... အသိစိတ်အလျဉ်ကောင်းကင်နတ်သိုင်းတွေ သင်ပေးခိုင်းဖို့လည်း လာတာ မဟုတ်ဘူး... ဟုတ်တယ်မလား”

ချင်မူ ဖြေရခက်သွား၏။

နတ်ဘုရင်လန်ဝူက ပန်းပင်များကို တိုးဝှေ့ရင်း ရှေ့ဆက်လျှောက်သွားသည်။ “နင်က သူနဲ့ အမျိုးတော်တယ်... နင့်ကိုယ်ထဲက သွေးက သူ့သွေးနဲ့ တူတာ ငါ ခံစားနေရတယ်... နင်က သူတို့ကို ရှာဖို့ ဒီကို ရောက်လာတာ... ငါတို့ကို ရှာဖို့ မဟုတ်ဘူး”

သူမက ရပ်၍ ချင်မူ့ဆီ လှည့်ကြည့်သည်။ “နင်က ဘာမှမသိဘဲ ငါတို့ရဲ့ အထွတ်အမြတ်ကလေးငယ် ဖြစ်လာတယ်.... ဒါက အခွင့်အရေးမလို့ လက်မလွှဝ်ချင်တာနဲ့ နင် ချင်ယဲ့နဲ့ အတူ ပြန်လိုက်မသွားဘဲ ဒီမှာ နေကျန်ခဲ့တာပဲ”

သူမသည် တည်ငြိမ်အေးဆေးနေ၏။ ချင်မူက သူမမမျက်နှာကို သေသေချာချာ အကဲခတ်နေသော်လည်း ထိုမျက်နှာလှလှလေး၏ နောက်ကွယ်၌ မည်သည့်အရာအား ဖုံးကွယ်ထားမှန်း မခန့်မှန်းနိုင်ပေ။

“ဟုတ်တယ်.. ခိုင်ဧကရာဇ်က ကျွန်တော့်ကို ပြန်ခေါ်ဖို့ ဒီရောက်လာတာ... ကျွန်တော် ပြန်မလိုက်တော့ ဒေါသထွက်ပြီး ခင်ဗျားနဲ့ တိုက်ခိုက်ခဲ့တာပဲ”

ချင်မူ ရိုးသားစွာ ပြောလိုက်သည်။ “အမှန်အတိုင်းပြောရရင် ကျွန်တော်က အပြင်လောကမှာ နာမည်တစ်ခု ရှိတယ်... ရွှင်ပျော်ပျော်ကျေးရွာကို ရှာဖို့ မဟာလေဟာနယ်ဆီ လာခဲ့ပြီး ရွှင်ပျော်ပျော်ကျေးရွာရဲ့ ရန်သူ့အခြေစိုက်စခန်းကို မတော်တဆ ရောက်လာခဲ့တာပါ.... အဲဒီလိုနဲ့ အထွတ်အမြတ်ကလေးငယ် ဖြစ်လာတယ်... ဒါပေမဲ့ ပိုပြီး မထင်မှတ်ထားစရာကောင်းတာက... ခင်ဗျားက သိပ်ချောပြီး သိပ်ဉာဏ်ကောင်းနေတာပဲ... ကျွန်တော့်ကို ဘယ်လိုရင်ဆိုင်မယ် တွေးထားလဲ နတ်ဘုရင်”

နတ်ဘုရင်လန်ဝူက ပြန်လှည့်ပြီး ရှေ့ဆက်လျှောက်သွားသည်။ “နင့်ကို ရင်ဆိုင်မယ်ဟုတ်လား... ငါက နင် ငါတို့ကို အန္တရာယ်ပြုမှ ရှင်းပစ်ဖို့ တွေးထားတာပါ.. နင့်ကို ရှင်းပစ်ပြီးရင် အထွတ်အမြတ်ကလေးငယ် အသစ်တစ်ယောက် ဖန်တီးလိုက်မယ်”

ချင်မူ ကျောရိုးထဲ စိမ့်အေးသွားသည်။

ထိုအခိုက်အတန့်တွင် သူ့ကို ဆင့်ခေါ်နေသော ရင်းနှီးနေသည့် အရှိန်အဝါကို ခံစားလိုက်ရ၍ ရှေ့သို့ ခပ်သွက်သွယ်က လျှောက်သွားမိသည်။

နတ်ဘုရင်လန်ဝူက ရယ်လိုက်သည်။ “နင် ခံစားလိုက်ရလား”

ချင်မူက လိုက်သွားချင်နေသော အတွေးများကို ထိန်းချုပ်ထား၏။ “အရှေ့မှာ ဘာလဲ”

“မဟာကမ္ဘာဦးအစ မူလကျောက်တုံးလို့လည်း အသိများတဲ့.... ဘိုးဘေးဝိညာဉ်ကမ္ဘာပဲ”

နတ်ဘုရင်လန်ဝူက ရယ်မောလျက် ရှေ့ဆက်လျှောက်သွားသည်။ “ဒါက ဘိုးဘေးဝိညာဉ်ကမ္ဘာဆီ ဝင်ပေါက်လေ”

ချင်မူ သူမနောက်မှ ဆက်လိုက်သွားနေစဉ် ဆင့်ခေါ်နေသော အရှိန်အဝါသည် အားကောင်းလာ၏။

“ဒီကမ္ဘာကို ဖန်ဆင်းတည်ဆောက်ခဲ့တဲ့ ဖန်ဆင်းရှင်တွေက မဟာကမ္ဘာဦးအစ မူလကျောက်တုံးအစအနတွေကို ယူလာခဲ့တယ်... အဲဒီအစအနေတွေက မဟာဧကရာဇ်ရဲ့ နဖူးပေါ်မှာ ရှိသင့်ပေမယ့် ပျက်စီးသွားတော့ အစအနတချို့ပဲ ရခဲ့တာ”

အလင်းရောင်တစ်ရောင် အရှေ့မှ ဖြာထွက်လာပြီး နတ်ဘုရင်လန်ဝူက အလင်းရောင်ဆီ လျှောက်သွားသည်။ “သူတို့ ဒီကမ္ဘာကို ဖွင့်လှစ်ခဲ့တုန်းက စွမ်းအင်တွေ ကုန်ခမ်းသွားလို့ ဝိညာဉ်တွေကို မထိန်းသိမ်းနိုင်ဘူး ဖြစ်လာခဲ့တယ်... အဲဒီအချိန်မှာ နံရံပေါ်က စာသားတွေကို မြင်လိုက်ရတာနဲ့ သူတို့ကိုယ်သူ မဟာကမ္ဘာဦးအစ မူလကျောက်တုံးနဲ့အတူ ပေါင်းစည်းပြီး ဘိုးဘေးဝိညာဉ်ကမ္ဘာ ဖြစ်လာခဲ့ကြတယ်”

သူတို့အရှေ့တွင် အလင်းရောင်ထွက်လာနေသော နေရာဟင်းလင်းပြင်အက်ကြောင်းတစ်ကြောင်းအား မြင်တွေ့လိုက်ရ၏။ အက်ကြောင်းသည် ဖန်ဆင်းရှင်တို့၏ မျက်ခုံးနှစ်ဖက်ကြားက မျက်လုံးသဖွယ် ဆဋ္ဌဂံသဏ္ဍာန် ရှိသည်။

“ဘိုးဘေးဝိညာဉ်ကမ္ဘာက ပရမတ္တကမ္ဘာရဲ့ အနက်ဆုံးအပိုင်းမှာ တိမ်မြုပ်နေတာပဲ... ငါတို့ သေရင် ငါတို့ရဲ့အသိစိတ်အလျဉ်က အဲဒီကမ္ဘာထဲ ဝင်ရောက်ရတယ်”

နတ်ဘုရင်လန်ဝူက ပြောသည်။ “ငါတို့ဖန်ဆင်းရှင်တွေဟာ ကပ်ဘေးအမျိုးမျိုး ကြုံတွေ့ပြီး အသက်ရှင်နိုင်ရုံလေး ရှင်နိုင်ခဲ့ကြတာ... ဘိုးဘေးဝိညာဉ်ကမ္ဘာက ငါတို့ရဲ့အမွေကို ထိန်းသိမ်းဖို့ နောက်ဆုံးအခွင့်အရေးပဲ... ဒါကြောင့် မဟာပူဇော်ပွဲရဲ့ ရည်ရွယ်ချက်က နင့်ခန္ဓာကိုယ်အစစ် ဘိုးဘေးဝိညာဉ်ကမ္ဘာထဲ ဝင်ရောက်နိုင်စေဖို့ပဲ... ဒါကြောင့် နင့်ခန္ဓာကိုယ်ကို အရင်ဆုံး ဆင့်ခေါ်ရလိမ့်မယ်”

သူမက ချင်မူ့ကို အလေးအနက် ကြည့်ကာ ပြောသည်။ “နင် မဝင်ခင် နှစ်ရက် အချိန်ရသေးတယ်... ဒီနှစ်ရက်အတွင်း ဘိုးဘေးဝိညာဉ်တွေကို စိတ်လှုပ်ရှားသွားစေမယ့် စကား ပြင်ဆင်ထားပါ... မဟုတ်ရင် နင် အဲဒီမှာ သေရလိမ့်မယ်... ဒါက အထွတ်အမြတ်ကလေးငယ်အဖြစ် အသိအမှတ်ပြုခံရဖို့ နောက်ဆုံး စမ်းသပ်မှုပဲ”

All Chapters