← Chapters

ကောင်းကင်နတ်အရှင်လင် သေကို သေရမည်

Vol. 75 Ch. 975

ကောင်းကင်နတ်အရှင်လင် သေကို သေရမည်

Vol. 75 Ch. 975

ဖန်ဆင်းရှင်ကိုးယောက်၏ အသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်းများ တိုက်ခိုက်သည့်အချိန်တွင် ချင်မူ မြင်ယောင်ဖန်ဆင်းထားသော ရှေးဟောင်းနတ်ဘုရားများမှာ အသွင်သဏ္ဍာန် စတင်ဖွဲ့တည်လာရုံသာ ရှိသေးသည်။

ဤဖန်ဆင်းရှင်ကိုးယောက် ငြိမ်သက်စွာ ထိုင်နေစဉ် သူတို့၏အသိစိတ်အလျဉ်များက နဂါးများ၊ ဖုန့်ဟွမ်ဇာမဏီငှက်များ၊ တောင်တန်းများ၊ မြစ်ချောင်းများအသွင် ပြောင်းလဲ၍ ချင်မူ့ဆီသို့ ပြေးလာကြသည်။ ချင်မူ၏အသိစိတ်အလျဉ် လှုပ်ရှားလိုက်သည့်အခါ ယဇ်ပလ္လင်ထက်ရှိ ရှေးဟောင်းနတ်ဘုရားများက သူ့ဆီ ပြေးဝင်လာနေသော ကောင်းကင်နတ်သိုင်းများအား ဟန့်တားပိတ်ဆို့ပေး၏။

သူ မြင်ယောင်ဖန်ဆင်းထားသည့် ကောင်းကင်နယ်စားမင်းတစ်ယောက်က နတ်နဂါးတစ်ကောင်ကို ဆွဲဖြဲပစ်လိုက်သည်။ နတ်နဂါးသည် အသိစိတ်အလျဉ်အဖြစ် လွင့်စင်ပြိုကဲသွားပြီး ဓားအသွင် ဖွဲ့တည်လိုက်ကာ ကောင်းကင်နယ်စားမင်း၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်ခုတ်ပိုင်းလိုက်၏။

ကောင်းကင်နယ်စားမင်း နှစ်ပိုင်းပြတ်သွားသည့်အချိန်တွင် ဓားကား စကြာသဖွယ် လည်လာ၏။ ချင်မူ မြင်ယောင်ဖန်ဆင်းထားသော ကောင်းကင်နယ်စားမင်းမှာ ပြာကျသွားပြီး အသိစိတ်အလျဉ် စုပ်ယူခံလိုက်ရသည်။

ချင်မူ အံ့အားသင့်သွားသည်။ သူ တန်ပြန်မတိုက်ခိုက်နိုင်ခင် သူ မြင်ယောင်ဖန်ဆင်းထားသော ရှေးဟောင်းနတ်ဘုရားများမှာ ဖန်ဆင်းရှင်ကိုးယောက်၏ ရှင်းလင်းဖယ်ရှားခြင်း ခံလိုက်ရချေပြီ။

မြေအောက်ဘုံအရှင်သခင်မှာ ချိုများ ပြတ်ထွက်ပြီး မျက်လုံးများလည်း ပေါက်ထွက်သွားသည်။ အမိကမ္ဘာမြေလည်း သေအောင် အရိုက်ခံလိုက်ရကာ လောင်ကျွမ်းပြာကျသွား၏။ ကျန်ရှေးဟောင်းနတ်ဘုရားများလည်း ရက်ရက်စက်စက် သေကုန်ကြသည်။ အလွန်ဆုံးတစ်ယောက်၊ နှစ်ယောက်သာ ကျန်ခဲ့ပြီး ဖွတ်ဖွတ်ညက်ညက် ကြေကုန်ကြပြန်သည်။

ချင်မူ့နဖူးမှ ချွေးပြန်လာသည်။ သူ မြင်ယောင်ဖန်ဆင်းထားသည့် ရှေးဟောင်းနတ်ဘုရားများက အစွမ်းထက်သော်လည်း ဖန်ဆင်းရှင်များ၏ အသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်းများလောက် အစွမ်းမထက်ပေ။ အဆိုပါအသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်းများအား သူ လျှော့တွက်ထားမိသည်။ ရှုကျွင်းကလည်း သူ့ကို အသိစိတ်အလျဉ်ကောင်းကင်နတ်သိုင်းတစ်ကွက်မှ သင်မပေးထားသဖြင့် ရှေးဟောင်းနတ်ဘုရားအခင်းအကျင်းမှာ တမုဟုတ်ချင်း ပြိုကွဲသွားခြင်း ဖြစ်သည်။

ဖန်ဆင်းရှင်တို့၏ အသိစိတ်အလျဉ်များသည် ထူးဆန်းပြီး ခုခံရခက်သည်။ သူတို့၏ ကောင်းကင်နတ်သိုင်းများက ပုံသဏ္ဍာန် အတိအကျမရှိပေ။ သူတို့ မြင်ယောင်ဖန်ဆင်းထားသော နဂါး သို့မဟုတ် ဇာမဏီငှက်သည် သူ မြင်ယောင်ဖန်ဆင်းထားသည့် ရှေးဟောင်းနတ်ဘုရားများ၏ အားနည်းချက်တို့ကို ပစ်မှန်ထားရန် အခြားအသွင်သဏ္ဍာန်များသို့လည်း တမုဟုတ်ချင်း ပြောင်းလဲနိုင်၏။ ချီစွမ်းအင်သင်္ကေတအမှတ်အသားများမှ ဆင်းသက်လာသော ကောင်းကင်နတ်သိုင်းများနှင့် ယှဉ်လျှင် လုံးလုံးလျားလျား ကွဲထွက်နေသည်။

ချင်မူအနေဖြင့် ဤရှေးဟောင်းနတ်ဘုရားများကို ထိန်းချုပ်၍ သူတို့မှတစ်ဆင့် ကောင်းကင်နတ်သိုင်းများပင် ထုတ်လွှတ်နိုင်သော်လည်း ဤဖန်ဆင်းရှင်တို့၏ အသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်းများကို တောင့်ခံနိုင်လောက်သည်အထိ အင်အားမကြီးပေ။

သူ မြင်ယောင်ဖန်ဆင်းထားသည့် ရှေးဟောင်းနတ်ဘုရားတို့၏ သိုင်းစွမ်းရည်မှာ နတ်ဘုရားအဆင့် ရောက်ထားသော နတ်ဘုရားတို့အောက် အားနည်းသည်။

ချင်မူမှာ ဖန်ဆင်းရှင်တို့၏ အသိစိတ်အလျဉ်ကောင်းကင်နတ်သိုင်းများကို ဟန့်တားပိတ်ဆို့ရန် ရှေးဟောင်းနတ်ဘုရားတစ်ယောက်ပြီး တစ်ယောက်အား အသည်းအသန် ဖန်ဆင်းနေသည်။

သို့တိုင်အောင် သူတို့ကလည်း ကောင်းကင်နတ်သိုင်းတစ်ကွက်ပြီး တစ်ကွက် မြင်ယောင်ဖန်ဆင်းနေကြ၏။ သူတို့အတွက် သူ၏ခံစစ်ကို ချိုးဖျက်ရန် အချိန်တစ်ခုသာ လိုသည်။

‘အသိစိတ်အလျဉ်ကောင်းကင်နတ်သိုင်းတွေက ဒီလောက် ရင်ဆိုင်ရခက်တယ်လား’

ချင်မူမှာ သူတို့ကို ရင်ဆိုင်ရန် အလျင်အမြန် တွေးနေသဖြင့် အတွေးပေါင်းများစွာ သူ့စိတ်ထဲတွင် ဖြတ်ပြေးနေသည်။ သို့သော် ဤအသိစိတ်အလျဉ်ကောင်းကင်နတ်သိုင်းများကို ဖြိုခွင်းနိုင်မည့် နည်းလမ်းအား သူ မစဉ်းစားနိုင်တော့ပေ။

အထူးသဖြင့် ဖန်ဆင်းရှင်ကိုးယောက်ကို တစ်ပြိုင်နက် ရင်ဆိုင်နေရသည့်အချိန်တွင် ဖြစ်သည်။

“နတ်ဘုရင်ရှုကျွင်း... ကမ္ဘာဦးခေတ်က ဘုရင်သုံးပါးရဲ့ ကောင်းကင်နတ်သိုင်းတွေက ဒီလောက်ပဲလား”

နတ်ဘုရင်လန်ဝူက ခုံပေါ်ရှိ ခေါင်းကြီးထံ ငုံ့ကြည့်၍ ခပ်တိုးတိုး ရယ်ကာ ပြောသည်။ “အထွတ်အမြတ်ကလေးငယ်က အသိစိတ်အလျဉ်ကောင်းကင်နတ်သိုင်းတွေကို နားမလည်တဲ့ ကလေးလေးအတိုင်းပဲ... သူ အသိစိတ်အလျဉ်တွေကို သုံးတဲ့ပုံစံက ရယ်စရာကောင်းနေတယ်... ကမ္ဘာဦးဘုရင်သုံးပါးထဲက တစ်ပါးဖြစ်တဲ့ ရှုကျွင်းက ဒီလောက်အဆင့်အတန်း မမှီတာ မထင်မှတ်ထားစရာပဲနော်”

ရှုကျွင်းသည် အေးစက်စက် နှာမှုတ်၍ သိသိသာသာပင် မကျေမနပ် ဖြစ်သွား၏။ “ငါ သူ့ကို အသိစိတ်အလျဉ်ကောင်းကင်နတ်သိုင်းတွေ မသင်ပေးရသေးဘူး.... ငါ သင်ပေးခဲ့ရင် သူက ဖန်ဆင်းရှင်ကိုးယောက်အသာထား၊ အယောက်တစ်ရာကို အလွယ်လေး အနိုင်ယူနိုင်တယ်”

နတ်ဘုရင်လန်ဝူက မျက်မှောင်အနည်းငယ်ကြုတ်ကာ ရေရွတ်လိုက်သည်။ “အထွတ်အမြတ်ကလေးငယ်က အခုထက်ထိ အသိစိတ်အလျဉ်ကောင်းကင်နတ်သိုင်းတွေကို မသင်ရသေးဘူးပေါ့”

ရှုကျွင်းက တိတ်ဆိတ်နေ၏။

နတ်ဘုရင်လန်ဝူ မျက်မှောင်ပိုကြုတ်သွားသည်။ မထင်မှတ်ဖွယ်ကောင်းစွာနှင့် ချင်မူသည် အသိစိတ်အလျဉ်ကောင်းကင်နတ်သိုင်းများအား မသင်ယူရသေးပေ။ ရှုကျွင်းက ချင်မူ၏ဆရာဖြစ်သည့်အတွက် သူ၏ကောင်းကင်နတ်သိုင်းများကို ချင်မူ့ဆီ သင်ပေးမည်ဟု သူမ တွေးထားမိခဲ့သည်။ ထိုသို့သာ သင်ထားခဲ့လျှင် ချင်မူအနေဖြင့် မလွယ်ကူလျှင်တောင်မှ ဤစမ်းသပ်မှုကို အောင်မြင်နိုင်၏။

ချင်မူ အသိစိတ်အလျဉ်ကောင်းကင်နတ်သိုင်းတစ်ခုမှ မသိဘဲ နေလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။

‘ဒီအတိုင်း ဆက်သွားနေရင် သူ ကြာကြာတောင့်ခံနိုင်မှာ မဟုတ်တော့ဘူး’

နတ်ဘုရင်လန်ဝူက စိတ်အေးအေးထားလိုက်သည်။ ‘သူ သေသွားရင်လည်း မဟာကမ္ဘာဦးအစ မူလကျောက်တုံး၊ မဟာဧကရာဇ်ရဲ့ တံဆိပ်တော်နဲ့ ယဇ်ပလ္လင်ကို ထုတ်ပြီး အထွတ်အမြတ်ကလေးငယ် နောက်တစ်ယောက် ဖန်ဆင်းလိုက်ရုံပေါ့’

သူမ ထိုသို့တွေးလိုက်သည့်အချိန်မှာပင် ယဇ်ပလ္လင်ထက်တွင် ချင်မူက ရုတ်တရက် ဘေးတစောင်း လှဲ၍ အိပ်ပျော်သွားသည်။

နတ်ဘုရင်လန်ဝူ မှင်သက်သွား၏။ ‘ဒီလိုအခြေအနေမှာ အိပ်နေတယ်...’

ယဇ်ပလ္လင်ထက်တွင် ချင်မူက အနန္တကပ်ဘေးသုတ္တန်ကို အသုံးပြုလိုက်သဖြင့် မရေမတွက်နိုင်သော ချင်မူသေးသေးလေးများ ပေါ်ထွက်လာသည်။ သူတို့က ဆူဆူညံညံဖြင့် တိုက်ခိုက်နေကြလေသည်။

ဤချင်မူသေးသေးလေးများက ဖန်ဆင်းရှင်များ၏ ကောင်းကင်နတ်သိုင်းများကို တုပရင်း ဖန်ဆင်းရှင်တို့နည်းတူ အဆက်မပြတ် ပြောင်းလဲနိုင်သော အသိစိတ်အလျဉ်ကို ရရှိရန် ကြိုးစားနေကြ၏။ မကြာမီ ဤချင်မူသေးသေးလေးများ၏ အလောင်းများ မြေပြင်ထက်တွင် ဖွေးဖွေးလှုပ်သွားသည်။

တချို့က တစ်ဖက်လူ၏ အသိစိတ်အလျဉ်ကောင်းကင်နတ်သိုင်းများကြောင့် ပေါက်ကွဲကြသည်။ တချို့က ခေါင်းများ ပြတ်ထွက်ကုန်ကြသည်။ တချို့မှာ တောင်ကြီးများအောက်တွင် ပြားပြားကပ်ကုန်ကြ၏။ တချို့မှာ နဂါးနှစ်ကောင်ကြောင့် ထက်ပိုင်းပြတ်ကုန်ကြသည်။ တချို့မှာ ခန္ဓာကိုယ်များမှ မီးထတောက်ပြီး လောင်ကျွမ်းသေဆုံးကုန်ကြ၏။ တချို့ကတော့ ခန္ဓာကိုယ်၏ မွေးညင်းပေါက်တိုင်းမှ ရေများပန်းထွက်လာကာ မွန်းကြပ်သေဆုံးကုန်ကြလေသည်။ အဖြစ်အပျက်များက အတိုင်းထက်အလွန် ပြင်းထန်ပြီး ရက်စက်လှ၏။

ယဇ်ပလ္လင်တစ်ခုလုံး ဆူညံပွက်လောရိုက်နေသည်။ သို့ရာတွင် ဖန်ဆင်းရှင်များ၏ ကောင်းကင်နတ်သိုင်းများကလည်း အင်အားအကြီးဆုံးသို့ ရောက်ရှိလာပြီဖြစ်သည်။

ရုတ်တရက် ချင်မူ မျက်လုံးဖွင့်လိုက်သည့်အခါ အိပ်မက်ကမ္ဘာ ပြိုကွဲသွားသည်။ နည်းလမ်းပေါင်းစုံဖြင့် သေဆုံးသွားသော ချင်မူသေးသေးလေးများလည်း အိပ်မက်သဖွယ် ပျောက်ကွယ်သွားကြ၏။

ချင်မူက ထရပ်၍ မျက်လုံးနှစ်လုံး ပိတ်ကာ တတိယမျက်လုံးကို ဖွင့်လိုက်ရင်း ယဇ်ပလ္လင်ထက်တွင် လျှပ်စီးများ၊ မိုးကြိုးများ ဖန်ဆင်းလိုက်၏။ လျှပ်စီးမိုးကြိုးတို့က ဧရာမမိုးကြိုးတိမ်တိုက်ကြီးအသွင် ဖွဲ့တည်သွားပြီးနောက် မိုးပေါက်များ ရွာကျသကဲ့သို့ မိုးကြိုးလျှပ်စီးတန်းများ တဂျုန်းဂျုန်း ရွာကျလာတော့သည်။

မကြာမီ ယဇ်ပလ္လင်၏ပတ်ပတ်လည်မှာ လျှပ်စီးပင်လယ်ကြီး ဖြစ်သွားပြီး ဖန်ဆင်းရှင်တို့၏ ကောင်းကင်နတ်သိုင်းများအား ဖြိုခွင်းဖျက်ဆီးပစ်ကြ၏။

လျှပ်စီးအလင်းတန်းများက ကျရောက်လာသည့်အခါ မရေမတွက်နိုင်သော အပင်ပေါက်လေးများသဖွယ် ပြောင်းလဲသွားပြီးနောက် ယဇ်ပလ္လင်တစ်ခုလုံးအား စိမ်းစိုနေသော ကမ္ဘာဦးတောအုပ်သဖွယ် ဖြစ်လာစေသည်။

ဖန်ဆင်းရှင်ကိုးယောက် သူတို့၏အသိစိတ်အလျဉ်များအား ထိန်းချုပ်နိုင်တော့မည့်အချိန် လေပြင်းတစ်ချက်က သဲမှုန်များကို သယ်ဆောင်၍ သူတို့ဆီ တိုက်ခတ်ရင်း တောအုပ်တစ်အုပ်လုံး လွှမ်းခြုံသွားသည်။

လေပြင်းမုန်တိုင်းတို့က တဟုန်းဟုန်း တောက်လောင်နေသော နတ်မီးတောက်မီးလျှံများကို ပင့်သယ်ရင်း သူတို့ဆီသို့ လိမ့်ဆင်းလာသည်။ မီးပင်လယ်ကား အနားသို့ တမုဟုတ်ချင်း ရောက်လာတော့သည်။

ဖန်ဆင်းရှင်ကိုးယောက်၏ မျက်ခုံးနှစ်ဖက်ကြားမှ အစိမ်းရောင်အလင်းတန်းများ ဖြာထွက်လာသည်။ သူတို့က အတူတူပူးပေါင်းရင်း ပြန်လည်တိုက်ခိုက်နေကြသော်လည်း ဟင်းလင်းပြင်မှာ အက်ကွဲလာသည်။ အက်ကွဲကြောင်းထဲမှာ မရေတွက်နိုင်သော ကြယ်များ ပေါ်ထွက်လာကာ ကြယ်အစုအဝေးတစ်စုသည် သူတို့အရှေ့တွင် ဖွဲ့တည်လာ၏။

ကြယ်များက ကြယ်အစုအဝေးဆီမှ ဒရဟော ထွက်လာရင်း ချင်မူနှင့် မီးပင်လယ်အား တဖြည်းဖြည်း ဝေးကွာသွားစေသည်။

ထိုအခိုက်အတန့်တွင် မီးပင်လယ်သည် ငှက်ကျားများအသွင် ပြောင်းလဲသွားပြီးနောက် ဆူဆူညံညံ အော်ဟစ်လျက် ကြယ်အစုအဝေးကို ဖြတ်၍ ပျံသန်းလာသည်။ ထို့နောက် ကြယ်တာရာများအကြား သွယ်တန်းနေသော ငှက်ကျားတံတားပမာ ဖွဲ့တည်သွား၏။

ငှက်ကျားများက တံတားအသွင် ဖွဲ့တည်ပြီးသည့်အခါ ခေါင်းမော့လိုက်ကြသည်။ တစ်ကောင်ချင်းစီသည် မြွေကြီးများအသွင် ပြောင်းလဲ၍ ပါးစပ်ဟကာ ဖန်ဆင်းရှင်ကိုးယောက်ထံ လှမ်းကိုက်ကြသည်။

ဖန်ဆင်းရှင်ကိုးယောက်မှာ တုန်လှုပ်သွားကြပြီး သူတို့၏အသိစိတ်အလျဉ်များဖြင့် ကောင်းကင်နတ်သိုင်းများအား ပိုက်ကွန်ကြီးတစ်ခုအသွင် ပြောင်းလဲကာ မြွေကြီးများကို ဖမ်းချုပ်လိုက်ကြသည်။ မြွေကြီးကိုးကောင်က ပိုက်ကွန်အတွင်း ၀င်ရောက်သွားပြီးနောက်၌ ရုတ်တရက် အသိစိတ်အလျဉ်လှိုင်းများအသွင် ပြိုကွဲကာ သူတို့၏ခေါင်းထဲသို့ ထိုးဖောက်၀င်ရောက်လာတော့သည်။

ဖန်ဆင်းရှင်ကိုးယောက်စလုံး မျက်လုံးပြန်ဖွင့်၍ မလှုပ်ရဲကြတော့ပေ။ သူတို့၏နဖူးမှ ချွေးများကျလာသည်။ ချင်မူ၏အသိစိတ်အလျဉ်က သူတို့၏ရုပ်ခန္ဓာထဲသို့ ကျူးကျော်၀င်ရောက်ပြီဖြစ်၏။ သူ သတ္တဝါကြီးတစ်ကောင်အား မြင်ယောင်လိုက်ရုံမျှဖြင့် သူတို့၏ရုပ်ခန္ဓာများ ပေါက်ကွဲသွားလိမ့်မည်။

”လုံလောက်ပြီ” နတ်ဘုရင်လန်ဝူ၏အသံက အချိန်ကိုက် ထွက်လာသည်။ ချင်မူ၏ အသိစိတ်အလျဉ်သည် ချက်ချင်းဆိုသလို ဖန်ဆင်းရှင်ကိုးယောက်၏ ခန္ဓာကိုယ်ထဲမှ ပျံထွက်လာပြီး မမြင်ရသော လှိုင်းကိုးလှိုင်းအသွင်ဖြင့် ယဇ်ပလ္လင်ထက်ရှိ ချင်မူ၏မျက်ခုံးနှစ်ဖက်ကြားသို့ ပြန်လည်၀င်ရောက်သွားကြ၏။

နတ်ဘုရင်လန်ဝူက ခန္ဓာကိုယ်ကို ကိုင်း၍ သူမဘေးရှိ ခေါင်းကြီးထံ ပြောသည်။ “ကမ္ဘာဦးဘုရင်သုံးပါးထဲက နတ်ဘုရင်ရှုကျွင်းဆိုတဲ့အတိုင်းပါပဲ.... ရှင် သူ့ကို ဘာမှမသင်ပေးဘူးလို့ ပြောခဲ့တာက လိမ်ခဲ့တာမဟုတ်လား... သူ့ရဲ့အသိစိတ်အလျဉ်ကောင်းကင်နတ်သိုင်းက သိပ်တော့မဆိုးလှပါဘူး”

ရှုကျွင်းမှာ မှင်သက်နေပြီး တစ်ယောက်တည်း ဗလုံးဗထွေး ပြောနေသည်။ “ငါ တကယ်မသင်ထားပါဘူးဟ... နေပါဦး ငါ သင်ပေးထားတယ်.... ကမ္ဘာခေတ်ဦးနတ်ဘုရင်ဆိုတဲ့အတိုင်း ငါ့မှာလည်း ငါ့လှည့်ကွက်လေးတွေ ရှိတယ်လေ... ငါက သူ့ကို အခုလို ပေါ့တီးပေါ့ပျက် ကောင်းကင်နတ်သိုင်းတွေပဲ သင်ခဲ့ပေးမိလို့ လိုအပ်သွားပေမယ့် မင်းရဲ့ ကောင်းကောင်းလေ့ကျင့်ပေးထားတဲ့ ဖန်ဆင်းရှင်တွေကို ရင်ဆိုင်ဖို့ကတော့ မခက်ဘူး”

သူ့မျက်နှာက တစ်ချက်မပျက်ပေ။

နတ်ဘုရင်လန်ဝူက ပြုံး၍ မတ်တပ်ရပ်ကာ ပြောသည်။ “အထွတ်အမြတ်ကလေးငယ်က စမ်းသပ်မှုကြီးသုံးခုကို အောင်မြင်သွားပြီ... စမ်းသပ်မှုတွေက ခက်ခဲခဲ့ပေမယ့် အထွတ်အမြတ်ကလေးငယ်ရဲ့ အစွမ်းအစတွေအရ အောင်မြင်ခဲ့တာ မထူးဆန်းပါဘူး... နောက်ဆုံးစမ်းသပ်မှုကတော့ သူ့ရဲ့အသိပညာပဲ”

သူမက ယဇ်ပလ္လင်အပေါ်သို့ အေးအေးလူလူ တက်လာသည်။ သူမ၏ မျက်ခုံးနှစ်ဖက်ကြားမှ အလင်းရောင်က ဖြာထွက်လာကာ နယ်ပယ်တစ်ခု ဖွဲ့တည်နေသကဲ့သို့ ချင်မူ့အား လွှမ်းခြုံသွားသည်။

ချင်မူမှာ နယ်ပယ်ထဲမှ အပြင်သို့ ကြည့်ကာ ရင်ထဲ လှုပ်ခတ်သွားသည်။ ယဇ်ပလ္လင်၏အပြင်တွင် ဖန်ဆင်းရှင်များသည် ဖြတ်ပြေးနေသော အရိပ်များသဖွယ် မယုံနိုင်လောက်အောင် လျင်မြန်နေ၏။

သူ မော့ကြည့်လိုက်သည့်အခါ ကောင်းကင်ထက်ရှိ နေကလည်း ကြောက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့် ရွေ့လျားနေသည်။ ၎င်းက ၀င်လိုက်ထွက်လိုက်ဖြင့် လှုပ်ရှားနေပြီး လနှင့်နေ၏ ၀င်ခြင်း၊ ထွက်ခြင်းက တစ်စက္ကန့်တိုင်း လဲလှယ်နေသည့်အလား ထင်ရပေသည်။ တခဏလေးအတွင်း နေနှင့်လကား အကြိမ်သုံးကြိမ် နေရာပြောင်းလဲသွားပြီဖြစ်သည်။

“အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်...” ချင်မူ တုန်လှုပ်သွားသည်။

နတ်ဘုရင်လန်ဝူက သူ့ဘေး၌ လာရပ်ကာ ခပ်တိုးတိုး ပြောသည်။ “ဒီကောင်းကင်နတ်သိုင်းနယ်ပယ်က ငါတို့ရန်သူရဲ့ ပြိုင်ဘက်ကင်းကျင့်စဉ်ပဲ... နင့်အသိပညာနဲ့နင် ဒါကို ဖြတ်ကျော်နိုင်မှ ငါ့စမ်းသပ်မှုတွေကို အောင်လိမ့်မယ်... မဟုတ်ရင်တော့ အထွတ်အမြတ်ကလေးငယ်ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ဒီမှာ သေရလိမ့်မယ်”

ချင်မူ ခပ်တိုးတိုး ပြန်မေးလိုက်၏။ “မဟာဧကရာဇ်လား”

နတ်ဘုရင်လန်ဝူ ရင်ထဲတွင် ထိတ်သွားကာ သူ့ဆီသို့ လှမ်းငုံ့ကြည့်သည်။

သူမနှင့် ယှဉ်လျှင် ချင်မူမှာ အလွန်သေးငယ်နေသည်။

သူမသည် ဖန်ဆင်းရှင်တို့၏ နတ်ဘုရင်ဖြစ်သည့်အလျောက် ကောင်းကင်ယင်နတ်ဘုရားမကဲ့သို့ ကြီးမားလှသည့် ရုပ်ခန္ဓာအား ပိုင်ဆိုင်ထား၏။ ချင်မူမှာ သူမဘေးတွင် ရပ်နေသည့်အလား ပိစိသေးကွေး ဖြစ်နေသည်။

“ဟုတ်တယ် မဟာဧကရာဇ်ရဲ့ ကောင်းကင်နတ်သိုင်းပဲ”

နတ်ဘုရင်လန်ဝူက မငြင်းပေ။ “မဟာဧကရာဇ်က ငါတို့ကို သစ္စာဖောက်ပြီး မျိုးတုံးလုနီးနီး ဖြစ်စေခဲ့တယ်... ငါ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် သူ့ကို ကလဲ့စားချေမှာ... ဒါပေမဲ့ သူ့ ကောင်းကင်နတ်သိုင်းကို ငါ တုပနိုင်ပေမယ့် ချိုးဖျက်နိုင်တယ်လို့ မပြောရဲဘူး”

ချင်မူ မျက်မှောင်ကြုတ်ကာ သွေးတိုးစမ်းမိသည်။ “ဒါဆို မဟာဧကရာဇ် အသက်ရှင်နေသေးတယ်လို့ ပြောချင်တာလား... မဟာလေဟာနယ်မှာ သူ သေနေတာ ကျွန်တော် တွေ့ခဲ့ရပါတယ်... သူ့ရုပ်ခန္ဓာက ကောင်းကင်နတ်အရှင်ယွင်နဲ့ ဖန်ဆင်းရှင်တွေရဲ့ အဆင့်မြင့်အသိစိတ်အလျဉ်နယ်ထဲမှာ ပိတ်မိနေတာလေ”

နတ်ဘုရင်လန်ပိုက ခေါင်းယမ်း၍ ချင်မူနှင့် ခန္ဓာကိုယ်အရွယ်အစားတူအောင် ကိုယ်ကို ချုံ့လိုက်သည်။ ထို့နောက် ပြော၏။ “မဟာဧကရာဇ် အသက်ရှင်နေသေးတယ်... သူ့ကို ကိုးကွယ်တဲ့ ဖန်ဆင်းရှင်တွေက နည်းတာမှမဟုတ်တာ.... သူက အသန်မာဆုံး ရုပ်ခန္ဓာနဲ့ အစွမ်းထက်ဆုံး အသိစိတ်အလျဉ် ပိုင်ဆိုင်ထားတဲ့ ဖြစ်တည်မှုပဲ.... သူ အဲဒီမှာပဲ ပိတ်မိမနေနိုင်ဘူး”

သူမက ခပ်တိုးတိုး ပြောသည်။ “သူ့မှာ မသေဆုံးနိုင်တဲ့ အသိစိတ်အလျဉ် ရှိတယ်... ရုပ်ခန္ဓာ၊ ဝိညာဉ်၊ အသိစိတ်အလျဉ်မပါဘဲတောင် အသွင်သဏ္ဍန်မျိုးစုံနဲ့ ရှင်သန်နိုင်တယ်... မဟာလေဟာနယ်မှာ သေဆုံးသွားတဲ့ မဟာဧကရာဇ်က သူ့တစ်စိတ်တစ်ပိုင်းလေးပဲ... ကျန်တဲ့တစ်စိတ်တစ်ပိုင်းတွေက ဘိုးဘေးးနန်းတော်မှာ အသက်ရှင်နေလောက်သေးတယ်”

ချင်မူ မျက်မှောင်ကြုတ်သွားသည်။ ထာဝရနတ်ဘုရား အသိစိတ်အလျဉ်ကို ကျင့်ကြံပြီးမှ ချိဧကရာဇ်လို ထာဝရ တည်ရှိနိုင်၏။ ချိဧကရာဇ်ကို သုတ်သင်ချင်လျှင် ထာဝရနတ်ဘုရားအသိစိတ်အလျဉ်အား ဖယ်ရှားနို်ငမှ ရမည်။

မဟာဧကရာဇ်လို ဖန်ဆင်းရှင်ပေါင်းမရေမတွက်နိုင်အောင် စုဝေး၍ မြင်ယောင်ဖန်ဆင်းထားသော ဖြစ်တည်မှုသည် ချိဧကရာဇ်ထက် သန်မာအားကောင်းသော အသိစိတ်အလျဉ်ကို ပိုင်ဆိုင်ထားလိမ့်မည်။ သူ့ကို ရှင်းပစ်ရန် ခက်ချေသည်။

“သူက ဘာလို့ ဖန်ဆင်းရှင်တွေကို သတ်ချင်တာလဲ”

ချင်မူမှာ နားမလည်နိုင်စွာ မေးလိုက်မိ၏။ “မျိုးနွယ်အတူတူပဲ မဟုတ်လား”

“ဖန်ဆင်းရှင်တွေ သူ့ကို ဖန်ဆင်းခဲ့တဲ့ ပုံစံကြောင့်ပဲ... သူ့ကို သူတို့ ဖန်ဆင်းနိုင်ရင် သူလို ဖြစ်တည်မှုတွေကို ထပ်ဖန်ဆင်းနိုင်မှာမဟုတ်လား.. သူက သူ့အာဏာ သက်ဆိုးရှည်ဖို့ ဖန်ဆင်းရှင်တွေမှန်သမျှ သတ်ပစ်ချင်ခဲ့တာပဲ”

နတ်ဘုရင်လန်ဝူက သူ့ကို ကြောက်စရာအချက်တစ်ချက်အား ပြောပြသည်။ “အခု နှစ်၀က်ကုန်သွားပြီ... နင် မြန်မြန်လုပ်မှ ဖြစ်မယ်... နင့်အတွက် ဒီနယ်ပယ်ကို ချိုးဖျက်ဖို့ အချိန်အကန့်အသတ်မရှိဘူး.. ငါတောင်မှ ဒီနယ်ပယ်ကနေ ထွက်လို့မရဘူး”

ချင်မူမှာ ရင်ထဲတွင် လှုပ်ခတ်သွားပြီး သူ့ဘေးမှ မိန်းကလေးဆီသို့ ကြည့်လိုက်သည်။ ထို့နောက် ရုတ်တရက် အသိစိတ်၀င်သွားပြီး သူမရင်သားများဆီမှ အကြည့်ခွာကာ သူ့ကိုယ်သူ သတိပေးလိုက်၏။ ‘ချင်မူ ချင်မူ... ဖက်တီးနဂါးမပါဘဲနဲ့ မင်း ကောင်းကောင်းသည်းခံနိုင်ရမယ်’

သူက သူ့စိတ်သူထိန်း၍ ကျောက်စိမ်သားကဲ့သို့ ဖြူဆွတ်နေသော အသားအရည်နှင့် မိန်းကလေးအား မကြည့်မိအောင် ကြိုးစားလိုက်သည်။

ချင်မူသည် မဟာဧကရာဇ်၏ တံဆိပ်တော်နှင့် မဟာဧကရာဇ်၏ ယဇ်ပလ္လင်ကို ထုတ်လိုက်၏။

နတ်ဘုရင်လန်ဝူက ပြောသည်။ “နင် မဟာဧကရာဇ်ရဲ့အရှေ့မှာ ဒီပစ္စည်းနှစ်ခု ထုတ်လိုက်ရင် သေချာပေါက် သေမှာပဲ”

ချင်မူက သိမ်းပြီးနောက် အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်ကို ဂရုတစိုက် လေ့လာနေ၏။

သူ့မှာ ထိုရတနာနှစ်ခုကို သုံး၍ မဟာလေဟာနယ်ထဲရှိ အသိစိတ်အလျဉ်နယ်ပယ်ကို ချိုးဖျက်နိုင်ခဲ့ချေရာ ၎င်းတို့မရှိလျှင် မည်သို့မှ မတတ်နိုင်ပေ။

‘နည်းလမ်းတစ်ခုတော့ ရှိရမယ်.... နည်းလမ်းတစ်ခုတော့ ရှိရမယ်’

သူ လျှောက်သွားနေစဉ် သူ့ခေါင်းအထက်ရှိ နေက ၀င်လိုက်၊ ထွက်လိုက် ရွေ့လျားနေသည်။ နေနှင့်လက အကြိမ်ပေါင်းများစွာ နေရာလဲပြီးချေပြီ။

“တစ်နှစ်ကြာသွားပြီ” နတ်ဘုရင်လန်ဝူက သူ့ကို သတိပေးသည်။

ချင်မူ ပျာယာခတ်လာ၏။ ရုတ်တရက် သူ့ခေါင်းထဲတွင် အတွေးတစ်ချက် ပေါ်လာပြီး သူ့လက်ထဲ၌ မက်မွန်သားဆံထိုး ရောက်လာသည်။

နတ်ဘုရင်လန်ဝူမှာ ဆံထိုးကို ကြည့်ကာ ဇဝေဇဝါ ဖြစ်သွားသည်။

ချင်မူက ချီစွမ်းအင်ကို အသုံးပြု၍ ဆံထိုးကို အသက်သွင်းရင်း တစ်ချက်ဝှေ့ယမ်းလိုက်သည့်အခါ အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်တစ်ခုလုံး ပွင့်သွားသည်။ ရွေ့လျားနေသော လ ရပ်တန့်သွားပြီး ကြယ်များသည် ငြိမ်သက်စွာ လင်းလက်နေကြ၏။ အပြင်ရှိ အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားချေပြီ။

နတ်ဘုရင်လန်ဝူမှာ ထိုမြင်ကွင်းကို မှင်သက်စွာ ကြည့်ရင်း စကားပင် မပြောနိုင်တော့ပေ။

ချင်မူလည်း မှင်သက်သွားပြီး ကျောရိုးထဲ စိမ့်အေးသွား၏။ “သိပြီ... ကောင်းကင်နတ်အရှင်လင်ကို ဘယ်သူ သတ်ခဲ့တာလဲ သိပြီ... သူ့အတွက် ကောင်းကင်အရှင်လင်က သေမှကို ရမှာ”

All Chapters