← Chapters

နောင်တ ကမ်းပါး။

Vol. 142 Ch. 1975

နောင်တ ကမ်းပါး။

Vol. 142 Ch. 1975

ထိုမြင်ကွင်းက လူတိုင်းကို အံ့သြ ထိတ်လန့်သွား စေ ခဲ့သည်။ ပိုင်ရှုရင် ခမျာ မျက်နှာ ပြောင်းသွား၏။

သို့သော် ယဲ့ချင်းရှန် ဒဏ်ရာမှာ ကြီးကြီး မားမား မဟုတ်ခဲ့ သဖြင့်၊ အနည်းငယ် စိတ် သက်သာရာ ရသွားသည်။

ပိုင်ရှုရင်က သက်ပြင်းလျက်၊ စိတ် ရှုပ်ထွေးစွာ ကြည့်မိသည်။ ဤလူငယ်သည် ထင်သလောက် မဆိုးချေ။

လူကောင်း တစ်ယောက် အဖြစ် ယူဆ နိုင်သည်။ ထို့ကြောင့် ရေကန်သို့ ကျူးကျော် ရသည့် အကြောင်းရင်း ရှိနေ ပေမည်။

“ ယဲ့ချင်းရှန် ... မင်းက အပြစ် ပေးခံရ ဖူးတာတောင် ... တားမြစ် မြေကို ကျူးကျော်ပြီး ငရဲ သစ်ခွ ခြံဝင်းရဲ့ သမီးတော် အပေါ်၊ စော်ကား ချင်နေ တာလား၊ ...

... သူ့ကို နောင်တ ကမ်းပါးမှာ၊ မူလ နဂါး မဟာ သူတော်စင် ပြန်လာတဲ့ အထိ၊ ချုပ်နှောင် ထားလိုက်၊ သူ့ ဆရာ ပြန်လာမှ ပြစ်ဒဏ်ကို ဆုံးဖြတ်မယ်။ ”

ကျောက်စိမ်းဓား သူတော်စင်မှ အမိန့်ပေး လိုက်သည်။ နောင်တ ကမ်းပါးသည် အပြစ်ရှိသူ များ အတွက်၊ ပြန်လည် ဆင်ခြင် စေလိုသော ရည်ရွယ် ချက်ဖြင့်၊ ပေးပို့ခြင်း ဖြစ်သည်။

၎င်းမှ လွတ်မြောက်သော် အလား အလာ ကောင်းပင် ပိုင်ဆိုင် နိုင်၏။ ကျင့်ကြံမှုကို အာရုံ မစိုက် သူများ၊ တာဝန် ပျက်ကွက် သူများ စသည် တို့အား၊ ချုပ်နှောင် ထားရန် ရည်ရွယ်သည့် အရပ် ဖြစ်သည်။

ယခု ယဲ့ချင်းရှန်၏ လုပ်ရပ်များသည် သေဒဏ်နှင့် မသင့်လျော် သော်လည်း၊ ညှဉ်းပန်း နှိပ်စက် ခြင်းမျိုး ဖြစ်သော ကောင်းကင် အပြစ်ဒဏ် အဆင့်တွင် ရှိသည်။

သို့သော် ကျောက်စိမ်းဓား သူတော်စင်မှ ၎င်းအား လက်ဖဝါး တစ်ချက် တည်းဖြင့် ပြီးစေ ခဲ့၏။

“ ရွှေသင်းထောက် ပိုင်ရှောင် ... ။ ”

ကျောက်စိမ်းဓား သူတော်စင်မှ နာမည် ခေါ်၏။

“ ကျွန်တော် ဒီမှာပါ ... ။ ”

ပိုင်ရှောင်က လက်ဝှေ့ ယမ်းကာ လှမ်းတက် လာသည်။

“ ယဲ့ချင်းရှန်ကို စောင့်ကြည့်ဖို့ မင်းမှာ တာဝန် ရှိတယ်၊ သူ့ကို အခု ချက်ချင်း ခေါ်သွား လိုက်ပါ။ ”

“ ဟုတ်ကဲ့ ... နားလည် ပါပြီ။ ”

ဤအရာ သည်သာ အသင့် လျော်ဆုံး အပြစ်ဒဏ် ဖြစ်သောကြောင့် ပိုင်ရှောင်မှ စိတ် သက်သာရာ ရသွားသည်။

အမိန့် အတိုင်း ဓားသေတ္တာနှင့် လင်းယွန်အား ထမ်းပိုးလျက်၊ နောင်တ ကမ်းပါး ဆီသို့ ဦးတည် လိုက်တော့သည်။

“ ရှက်စရာ ကောင်း လိုက်တာ၊ မင်း ငါနဲ့လိုက်ခဲ့၊ ကျန်တဲ့ သူတွေ ... လူစု ခွဲလို့ ရပြီ။ ”

ကျောက်စိမ်းဓား သူတော်စင်က ပိုင်ရှုရင်အား ခေါ်ပြီး၊ နေလ ကျောက်စိမ်း နန်းတော်သို့ ပြန်သွား သည်။

အခြားသော အမည်ခံ သူတော်စင် များက အကြည့်ချင်း ဖလှယ် လိုက်ကြပြီး၊

“ ယဲ့ချင်းရှန်ကို တကယ်ပဲ သတ်ပစ် တော့မယ် ထင်နေတာ။ ”

“ ဒါလည်း ... ၊ အကောင်းဆုံး အပြစ်ဒဏ် ပါပဲ၊ မဟုတ်ရင် ... မူလ နဂါး မဟာ သူတော်စင် ပြန်လာတဲ့ အခါ၊ မဟာ သူတော်စင် နှစ်ပါးကြား ပဋိပက္ခ တွေ၊ ဖြစ်ကုန် လိမ့်မယ်။ ”

“ ဒီကောင် လုံးဝ မပြောင်းလဲ သေးဘူး။ ”

“ သူက ကံကောင်းခြင်း တေွနဲ့ ... မွေးဖွားလာတာ၊ အရင် တစ်ခါတုန်း ကလည်း သူ့ အတွက် အသူရာ ဓား သူတော်စင် တောင်းပန် ပေးခဲ့တယ်။ ”

အမည်ခံ သူတော်စင် များက ထွက်ခွာ သွားလျက်မှ၊ အချင်းချင်း ဆွေးနွေး လာကြ သည်။

ထိုအချိန်တွင် တားမြစ် နယ်မြေ အတွင်း၌ အခြားသူ တစ်ယောက် ရှိနေ သည်ကို မည်သူမျှ သတိ မထား မိချေ။

ဤလူသည် ကောင်းကင်ဘုံ ယင် နန်းတော်၏ သန့်ရှင်းသော သမီးတော် ဝမ်မူယန် ဖြစ်သည်။

သူမက ပရမ်းပတာ အခြေ အနေကို အခွင့်အရေး ရယူကာ၊ လင်းယွန်နှင့် ပိုင်ရှုရင်တို့ တိုက်ပွဲ ဖြစ်ပွားသည့် နေရာသို့ ရောက်ရှိ လာ ခဲ့သည်။

ရေကန်ကို စစ်ဆေး ပြီးနောက်၊ ဖြစ်ပျက်နေသည့် အရာအား သဘောပေါက် သွား၏။

“ ငါသိပြီ ... နေလ နတ်ရူရ်ရဲ့ ရောင်ဝါကို ... ငါဘာလို့များ ခံစားလို့ မရ တာလဲ ဆိုတာ၊ အံ့သြ စရာ မရှိတော့ ပါဘူး။ ”

ဝမ်မူယန် နှုတ်ခမ်း ပေါ်၌ အပြုံး တစ်ပွင့် ဖြစ်ပေါ် လာပြီး၊

“ ဒီကောင်မလေးက ငါနဲ့ ပြိုင်ဖို့ နုပါ သေးတယ်။ ”

-ဟု ရေရွတ် လိုက်တော့၏။

နေလ ကျောက်စိမ်း နန်းတော်သို့ ပြန်ရောက်သော အခါ၊ ကျောက်စိမ်းဓား သူတော်စင်မှ၊

“ မင်းမှာ ... ပြောစရာ ရှိပုံပဲ။ ”

-ဟု ပိုင်ရှုရင်အား မေးမြန်း လိုက်သည်။

“ ဟုတ်ကဲ့ ... တပည့်မှာ ထင်ကြေး အချို့ ရှိပါတယ်။ ”

“ ပြော ... ။ ”

“ ယဲ့ချင်းရှန်က ... လိမ္မာ ပါးနပ်သူ တစ်ယောက်ပါ၊ ရေကန် ထဲကို ဝင်ရောက် ရတဲ့ ရည်ရွယ်ချက် သူ့မှာ ရှိရ ပါမယ်၊ သူက တခြား တစ်ယောက် ဖြစ်နိုင်တယ်။ ”

“ ဘာလို့လဲ ... ။ ”

ကျောက်စိမ်းဓား သူတော်စင်မှ ပိုင်ရှုရင်၏ ထင်ကြေးကို မအံ့သြချေ။ ယဲ့ချင်းရှန် မည်သူ ဖြစ်မှန်း သူမ သိပြီး ဖြစ်သည်။

“ သူ ... နေလ နတ်ရူရ် အတွက် လာတာလို့ ထင်ပါတယ်။ ”

“ မဖြစ်နိုင်ဘူး ... သူက နေလ နတ်ရူရ်ကို မလို အပ်ဘူး။ ”

ကျောက်စိမ်းဓား သူတော်စင် မျက်နှာ ပြောင်းလဲ သွားပြီး၊ ၎င်းထင်ကြေးအား ငြင်းပယ် တော့သည်။

နေ-လ နတ်ရူရ်ကို သူမနှင့် သက်တံဓား သူတော်စင် တို့က အတူ တွေ့ရှိ ခဲ့ခြင်း ဖြစ်၏။ သက်တံဓား သည်သာ တကယ် လိုအပ်သော် သူမထံ ပြောပေမည်။

“ ဒါပေမယ့် ... သူ စိတ်ပြောင်း သွား ရင်တောင် ... ၊ သူ့တပည့်ကို ခိုးယူဖို့ စေလွှတ် လာမှာ မဟုတ်ဘူး၊ ဒါက ကျန့်ဝူမင် ပုံစံမှ မဟုတ်တာ။ ”

ကျောက်စိမ်းဓား သူတော်စင် ထံမှ အာမေဋိတ် သံထွက်လာ သဖြင့်၊ ပိုင်ရှုရင်မှာ အံ့သြ သွားပြီး၊

“ ဆရာ ... ၊ တစ်ခုခု သိထား တာလား။ ”

-ဟု ခပ်တိုးတိုး မေးမြန်း လိုက်သည်။

“ ဒါက မင်းသိဖို့ မလိုဘူး၊ ဒီကိစ္စကို ငါကိုင်တွယ်မယ်၊ သူ ... ဒီကို နေလ ရူရ် အတွက် လာတာ မဖြစ်နိုင် လောက်ဘူး။ ”

ကျောက်စိမ်းဓား သူတော်စင်မှ အခိုင် အမာ ပြောကြား လာ၏။ ထိုစကားကြောင့် ယဲ့ချင်းရှန် နောက်တွင်၊ ဇာတ်လမ်း တစ်ပုဒ် ရှိနေကြောင်း ပိုင်ရှုရင် သိလိုက်သည်။

ဤသည်မှာ ဒေါသ ထွက်စရာ ဖြစ်၏။ ယဲ့ချင်းရှန်သည် သူမအား ‘ချစ်တယ်၊’-ဟု ပြော ခဲ့ခြင်းသည် အစစ်အမှန် မဟုတ်နိုင်ချေ။ လျှို့ဝှက်ချက်များ ရှိနေသည်။

“ ကောင်းကင် ရေကန်မှာ၊ သူ ဘာလုပ်ခဲ့ သေးလဲ၊ မကျေနပ်ချက် ရှိရင် ငါ့ကို ပြောပါ၊ မင်း အတွက် သူ့ကို ... အပြစ်ပေး လိုက်မယ်။ ”

“ ဘာမှ မလုပ် ပါဘူး၊ သူ့ ခွန်အားနဲ့ တပည့်ကို ဘာများ လုပ်နိုင် မှာလဲ။ ”

“ ရှုရင် ... ၊ မင်း သူ့လို လူတစ်ယောက် အပေါ် မချစ်တာ ကောင်းမယ်၊ အကောင်း ဆုံး က အချိန်ပြည့် ကျင့်ကြံပါ။ ”

ကျောက်စိမ်းဓား သူတော်စင်၏ စကားကြောင့် ပိုင်ရှုရင် ခမျာ မျက်လုံးပြူး သွားပြီး၊ ချက်ချင်း ငြင်းဆန်မိ တော့၏။

“ သူ့လို လူယုတ်မာ တစ်ယောက် အပေါ် တပည့် မချစ်ပါဘူး၊ နောက်ပြီး တပည့် နှလုံး သားမှာ တခြား တစ်ယောက် ရှိနေ ပါပြီ။ ”

ပိုင်ရှုရင် အသံက အဖျားခတ် တိုးညှင်း သွား၏။ အမူအရာ သည်ပင် နူးညံ့ သိမ်မွေ့ လာ တော့သည်။

ယနေ့ အဖြစ်အပျက် များကို၊ လုံးဝ မေ့ပေျာက် သွားပုံ ရသည်။ ထိုသူ အကြောင်း ပြောချိန်၌ သူမ နှုတ်ခမ်းတွင်၊ အပြုံး တစ်ပွင့် ပေါ်လာ၏။

“ အဲဒီ လူက ဘယ်သူလဲ၊ မင်း သူ့ကို ပြောပြော နေတာ ... ငါ ကြားဖူး ပေမယ့်၊ နှစ်နှစ် ရှိပြီ ... သူ ရောက်မလာ သေးဘူး။ ”

“ သူ လာမှာပါ ... ၊ ဒါက တပည့် တို့ရဲ့ သဘော တူညီချက်ပဲ၊ အခုတော့ သူ ဘယ်သူလဲ ပြောပြလို့ မရ သေးဘူး၊ ရောက်လာရင် ဆရာ သိပါ လိမ့်မယ်။ ”

ပိုင်ရှုရင်မှ ယုံကြည်ချက် ရှိစွာ ဆိုသည်။ ထိုလူသည် လာခဲ့ မည်ဟု ပြောထားဖူး သဖြင့်၊ လာမည်မှာ သေချာ၏။

တပည့်မ အမူအရာကို ကြည့်ပြီး၊ ကျောက်စိမ်းဓား သူတော်စင်က ပြုံးမိသည်။

“ ကောင်းပြီ ... ၊ မင်း ထိတ်လန့် သွားရပြီ ဖြစ်တဲ့ အတွက်၊ ဒီည ငါ့ရဲ့ နေလ ကျောက်စိမ်း နန်းတော် မှာပဲ၊ အနား ယူပါ။ ”

“ ကျေးဇူး တင်ပါတယ် ဆရာ ... ။ ”

မနက်လင်း သည်နှင့် ယဲ့ချင်းရှန် သတင်းသည် ကောင်းကင် တာအိုဂိုဏ်း တစ်ခု လုံးသို့ ပျံ့နှံ့ သွားလေသည်။

ဤမျှ အရှက် မဲ့သော လုပ်ရပ်ကို အဘယ်ကြောင့် ထပ်မံ ကျူးလွန် ရသည်အား၊ မည်သူမျှ တွေး မရချေ။

သူသည် ဒီ-အဆင့် ချန်ပီယံ ဖြစ်ပြီး၊ မူလ နဂါး မဟာ သူတော်စင်၏ အမွေကို ဆက်ဆံသူ တစ်ဦး ဖြစ်၏။ ၎င်းအမည်သည် ဂိုဏ်းမှတဆင့် အခြားသော မြင့်မြတ်မြေ များထံ ပျံ့နှံ့ နေပြီ ဖြစ်သည်။

ထို့ကြောင့် ကျန်မြင့်မြတ်မြေ များက ကောင်းကင် တာအို ဂိုဏ်း၌ ထက်မြက်သော ဓားသမား တစ်ယောက် ရှိနေ သည်ကို အသိ အမှတ် ပြုခဲ့ ကြ၏။

ယခုမူ သန့်ရှင်းသော သမီးတော် ရေချိုး နေသည်အား၊ ချောင်းကြည့် နေခဲ့သည် ဟူသော ဖြစ်ရပ်က၊ ထိုဂုဏ်ပုဒ်အား ဖျက်ဆီး သွားသည်။

အရှက် မဲ့သော ပြစ်မှုကို နှစ်ကြိမ်တိုင် ကျူးလွန် ခဲ့ခြင်း ဖြစ်၏။ လတ်တလော အလှုပ် ခတ်ဆုံး သတင်း ပေပင်။

အချို့က ယဲ့ချင်းရှန် ကွယ်လွန်ကာ၊ အလောင်းကို နောင်တ ကမ်းပါးတွင် ချိတ်ဆွဲ ထားကြ သည်ဟု ဆိုကြ၏။

ယမန်နေ့ ညက ဒေါသ ထွက်နေသော ကျောက်စိမ်းဓား သူတော်စင်၏ သူတော်စင် အငွေ့ အသက်ကို လူတိုင်း ခံစားမိသည်။

ယင်းက သာမန် သူတော်စင် သခင် တစ်ပါးပင်၊ အသက် ရှင်လျက် လွတ်မြောက်ရန် လမ်း မရှိချေ။

ဝမ်ယွဲ့၊ အိုယန်ဟဲ၊ ချန်ကျန့်နှင့် ယွမ်ချန် တို့မှာ၊ ကြားရသော သတင်းကြောင့် မျက်လုံး ပြူး ကုန်သည်။

ကောင်းကင် တာအိုဂိုဏ်း အနှံ့၊ ယဲ့ချင်းရှန်အား ခုနစ်ရက်- ခုနစ်ည တိုင်အောင် ရှာဖွေ ခဲ့ဖူးသည်။

သို့သော် ထိုလူသည် အမှန် တကယ် သန့်ရှင်းသော သမီးတော် ရေချိုး ချိန်အား ချောင်းမြောင်း နေခဲ့မှန်း သိလိုက်ရ သဖြင့် စိတ်ပျက်သွား ကြသည်။

“ ဒီကောင်က မျှော်လင့် ထားတဲ့ အတိုင်း ပါပဲ၊ သူ့ကို ဘယ်မှာမှ ... ရှာ မတွေ့တာ အံ့သြ စရာတော့ မဟုတ် ပါဘူး။ ”

ယွမ်ချန်က ပြုံးကာ ပြော၏။ ဝမ်ယွဲ့က အဆင် မပြေသော အမူ အရာဖြင့် ငြိမ်သက် နေ ခဲ့သည်။

သူသည် ယဲ့ချင်းရှန်၏ လုံခြုံရေး အတွက် စိုးရိမ် မိခဲ့၏။ သို့သော် တစ်ဖက် လူသည် ဤမျှ ရှက်ရွံ့ဖွယ် အမှုကို ကြံစည် နေလိမ့် မည်ဟု မထင် ထားချေ။

“ ဒီကိစ္စ နောက်ကွယ်မှာ ... ဇာတ်လမ်း တစ်ခုခု ရှိရမယ်၊ မဟုတ်ရင် နောင်တ ကမ်းပါး ကို ဘာအတွက် ပို့ဆောင် ထားမှာလဲ။ ”

အိုယန်ဟဲမှ ပြော၏။

“ ညီအစ်ကို ယဲ့က ပြောင်းလဲ နေပါပြီ၊ ငါအမြင် အရတော့ ... သန့်ရှင်းသော သမီးတော် နဲ့ သူ့ ကြားမှာ၊ ရှုပ်ထွေးတဲ့ ဆက်ဆံရေး ရှိ နိုင်တယ်။ ”

ယွမ်ချန်မှ သူ့ထင်ကြေးကို တိုးတိုးလေး ထပ်ပြော ပြန်သည်။

“ ဟုတ်တယ် ... ငါလည်း အဲဒီလို တူညီတဲ့ အမြင် ရှိတယ်၊ ဒါပေမယ့် အမည်ခံ သူတော်စင် တော်တော် များများက ... မျက်မြင် သက်သေ အ​ဖြစ် ရှိနေ ခဲ့တော့ ... ။ ”

ဝမ်ယွဲ့က စကားကို အဆုံး မသတ်နိုင် တော့ဘဲ၊ ရပ်လိုက်သည်။ ထို့နောက် ခေါင်းကို မော့​ကြည့် လိုက်ရာ၊ ရှောင်ကျင်းယန် တို့၏ ကျေနပ် နေသည့် အမူ အရာအား တွေ့လိုက် ရသည်။

ယင်းကြောင့် မျက်မှောင်ကြုတ် မိ၏။ ဤသတင်းကို ယဲ့ချင်းရှန်အား ကိုယ်တိုင် မေး ကြည့်ရန် ဆုံးဖြတ် လိုက်သည်။

တော်ဝင် သမီးတော် ခြံဝင်း၌၊ ယဲ့ချင်းရှန် ကိစ္စနှင့် ပတ်သက်ပြီး၊ သတ်ဖြတ်ခြင်း မဟာ သူတော်စင် ခမျာ၊ ဒေါသထွက် နေခဲ့၏။

“ ဝူမင်ရဲ့ တပည့်က ... ဒီလို ကိစ္စမျိုး ဘယ်အတွက် ပြုမူရ မှာလဲ၊ ပိုင်ရှုရင် .. ဒီကောင် မလေး ... အရမ်း တော်တယ်။ ”

“ ဝူမင်က ဘယ်သူလဲ ဆရာ ... ။ ”

သန့်ရှင်းသော သမီးတော် မြောင်ရင်က မေးသည်။ သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှ ပြန် မဖြေချေ။

မူလ နဂါး မဟာ သူတော်စင် ထံမှ လင်းယွန်၏ အထောက် အထားကို သိရှိ ခဲ့ သဖြင့်၊ စိတ်ပူ နေခဲ့သည်။

ကျန့်ဝူမင်၏ တပည့်သည် သူ့တပည့် ဖြစ်သည်။ ၎င်းမှ ကောင်းကင် တာအို ဂိုဏ်းသို့ ​စေလွှတ်လာ သည်မှာ၊ သူမအား စောင့်ရှောက် ရန် တောင်းဆိုခြင်း ဖြစ်၏။

“ ဒါကို ... မင်း သိစရာ မလိုသေး ပါဘူး၊ မင်းမှတ်ထား ရမှာက၊ ယဲ့ချင်းရှန် သေချာပေါက် အပြစ် ကင်းတယ်၊ မဟုတ်ရင် ကောင်းကင် အပြစ်​ စီရင်​ရေး စင်မြင့်မှာ၊ ...

... သူ့ကို အပြစ်ပေး မှာပေါ့ ... ၊ အခုလို နောင်တ ကမ်းပါးမှာ ... ထားနေစရာ မလိုဘူး၊ နောင်တ ကမ်ပါးမှာ ချုပ်နှောင် ထားတယ် ဆိုထဲက ... အဲဒီ ကောင်မလေး မှာလည်း အပြစ်ရှိ တယ်လို့ အဓိပ္ပါယ် ရတယ်။ ”

​သတ်ဖြတ်ခြင်း မဟာ သူတော်စင်က ကြည်လင် တောက်ပသော မျက်ဝန်း တစ်စုံဖြင့် အပြာရောင် ဝတ်ရုံကို ဆင်​မြန်း ထား၏။

သူမသည် ဗုဒ္ဓဘာသာကို ကျွမ်းကျွမ်း ကျင်ကျင် တတ်မြောက် ထားသော် ငြားလည်း၊ ဒေါသ တကြီး ပြုမူ နေထိုင်ဆဲ ဖြစ်သည်။

“ ဒါပေမယ့် ... သူ ကျူးကျော် ဝင်ရောက် ခဲ့တာ အမည်ခံ သူတော်စင်တွေ အများ ကြီးက၊ သက်သေ ခံနေ ကြတယ်။ ”

“ ဟုတ်ကောင်း ... ဟုတ်နိုင် ပါတယ်၊ ဒါပေမယ့် ယဲ့ချင်းရှန် ခိုးဝင်ခဲ့ တာက ပိုင်ရှုရင်ကို ချောင်းကြည့်ဖို့ မဟုတ်ဘူး၊ အဲဒီ ကောင်မ လေးက သူ့ဆရာ လိုပဲ ...

... မာယာ များတယ်၊ ဟမ့် ... သူ့ကို ယဲ့ချင်းရှန်က တကယ် ချောင်းကြည့် တော့ရော ဘာဖြစ် သေးလဲ၊ ဒီလောက် အထိ ဖြစ်စရာ လိုလို့လား။ ”

သူမ ဆရာ၏ စကားကြောင့်၊ သန့်ရှင်းသော သမီးတော် မြောင်ရင်က မျက်လုံးများ ပြူးလျက် ရယ်ချင် စိတ်ကို၊ ထိန်းလိုက် ရသည်။

သူမ ဆရာသည် တပည့် များကို စကား ကျယ်လောင်စွာ ပြော​ခြင်းအား တားမြစ်ကာ၊ ပျော်ရွှင်မှု အပေါ်၊ ထိန်းချုပ် စေသည်။

သို့သော် ဒေါသကြီးပြီး တပည့် များကို အလွန့်အကျွံ ကာကွယ် ပေး၏။ ကျောက်စိမ်း ဓား သူတော်စင်နှင့် ပတ်သက် ပါက၊ အရာ အားလုံးကို ရှုံ့ချ အပြစ်တင် ပေမည်။

“ ယဲ့ချင်းရှန်ကို ... ကောင်းကင် အ​ပြစ် ​ပေးခြင်း စင်မြင့်သာ ပို့ခဲ့ရင်၊ ငါ ကယ်တင်လို့ ရသေးတယ်။ ”

သတ်ဖြတ်ခြင်း မဟာ သူတော်စင်က မျက်မှောင် ကြုတ် လိုက်ပြီး၊

“ အခုတော့ ... နောင်တ ကမ်းပါးကို ပို့လိုက်တဲ့ အတွက် ... ငါ မလုပ်နိုင် တော့ဘူး၊ ပိုင်ဇီယွမ် ... ပိုင်ဇီယွမ် ... နင် အရင်လို ကောက်ကျစ် နေတုန်းပဲ။ ”

သတ်ဖြတ်ခြင်း မဟာ သူတော်စင်က ကျောက်စိမ်း ဓားသူတော်စင်အား ကျိန်ဆဲလျက် ပုလင်း တစ်လုံး ထုတ်ယူကာ မြောင်ရင်ထံ လှည့်ကြည့် ၏။

“ မြောင်ရင် ... ဒီအထဲမှာ သူတော်စင် နဂါး ဆေးလုံး ရှိတယ်၊ သူ့ဆီ သွားပေးလိုက်။ ”

သတ်ဖြတ်ခြင်း မဟာ သူတော်စင်၏ အပြုအမူကြောင့် မြောင်ရင်ခမျာ အံ့သြသွား၏။ သို့သော် ပြန်လည် မေးမြန်းခြင်း မပြုဘဲ၊ ​​ဆေးပုလင်းကို ယူလိုက်သည်။

လင်းယွန် သတိ ပြန်ရ လာသော အခါ မွန်းတည့် နေပြီ ဖြစ်၏။ သူ့ အနောက်၌ လှိုဏ်ဂူ တစ်လုံး ရှိပြီး၊ အဆုံးတွင် ချောက်ကမ်းပါးကြီး ကာရံ ထား၏။

အမှန်တွင် ကောင်းကင် အပြစ်ဒဏ် စီရင်ခြင်း စင်​​မြင့်​၌ သူ ရှိနေသင့်၏။ ထို့ကြောင့် မည်သည့် နေရာ ရောက်​နေမှန်း မသိ ဖြစ်သွား သည်။

ခန္ဓာ ကိုယ်ရှိ ပိုင်ရှုရင်ကြောင့် ရရှိထား ခဲ့သော ဒဏ်ရာ များမှာ ပျောက်ကင်း နေသည်။ ကျောက်စိမ်းဓား သူတော်စင်၏ သူတော်စင် ရောင်ဝါ အချို့ပင် ကျန်ရှိ နေခဲ့၏။

ဤသည်မှာ ‘သခင်မ’ဟု ခေါ်ဆို လိုက်သော အကျိုး ကျေးဇူး ပေပင်။ မဟုတ်သော် အသားပုံ အဖြစ် ပြောင်းလဲ သွားနိုင်၏။

“ နိုးပြီလား ... ။ ”

ပိုင်ရှောင်က စကား လှမ်းပြောသည်။ ၎င်းမျက်နှာတွင် ရယ်မော လိုသော အပြုံး တစ်ပွင့် ရှိနေ၏။

“ အစ်ကို ပိုင် ... ဒါက ဘယ်​နေရာလဲ။ ”

လင်းယွန်မှ မေးသည်။

“ ကိုယ့်ဘာသာ ဖတ်ကြည့် ... ။ ”

ပိုင်ရှောင်က ဦးတည်ရာ တစ်ရပ်ထံ မေးငေါ့ပြသည်။ ထိုအရပ်၌ ‘နောင်တ ကမ်းပါး’ ဟူသော စာလုံးများကို ​မြင်လိုက် ရ၏။

“ ဝှစ် ... ။ ”

အံ့သြသွား​ပြီး ပိုင်ရှောင်အား ပြန်ကြည့် မိသည်။ အဖြစ်အပျက်ကို ပြန်လည် မေးမြန်း တော့မည့် အချိန်တွင်၊ ဆွဲဆောင်မှု ရှိသော အသွင်ဖြင့်၊ မြောင်ရင်က ကောင်းကင်မှ ဆင်းလာသည်။

မြောင်ရင် ဟူသည် ကောင်းကင် တာအိုဂိုဏ်း၏ ရွှေမျိုးဆက် တစ်စိတ် တစ်ပိုင်း ဖြစ်သည်။

“ စီနီယာ အစ်မ ... ။ ”

သို့သော် လင်းယွန် အ​မြင်တွင်၊ လီဝူယုနှင့် သူ့အပေါ် ဓားနန်းတော်၌ ကာကွယ်ပေး ခဲ့သော စီနီယာ အစ်မသာ ဖြစ်ချေပြီ။

***

All Chapters