ငါ မင်းကို နားလည် ပေးနိုင် ပါတယ်။
Vol. 142 Ch. 1976
“ စီနီယာ အစ်မ ... ။ ”
လင်းယွန် တစ်ယောက် တုန်လှုပ် သွား၏။
“ ဘာလဲ ... မင်းက မဟာ သူတော်စင်ရဲ့ သီးသန့် တပည့် ဖြစ်လို့ ... ငါ့ကို စီနီယာ အဖြစ် မခေါ်ချင် ဖူးလား။ ”
သူ့ အမူအရာကို ကြည့်ကာ၊ မြောင်ရင်က ဟာသဖြင့် မေးလိုက်သည်။ ယဲ့ချင်းရှန် ပြန်လာ သော အခါတွင်၊ မာနကြီးလွန်း သည်ဟု သူမ ကြားသိ ထား၏။
သူတော်စင် သခင် တစ်ပါး ကိုပင် ပါးရိုက် ခဲ့သည်။ ယင်းက သူ မည်မျှ သတ္တိ ရှိသည်အား ပြသရာ ရောက်ပေသည်။
ထို့ကြောင့် သူ့အား ‘စီနီယာ အစ်မ၊’ ဟု ခေါ်ရန် ဆန္ဒ မရှိဟု သူမ ထင်မိ ခဲ့၏။ သို့မှသာ လင်းယွန်က အသိစိတ် ဝင်လာပြီး၊
“ လုံးဝ မဟုတ်ဘူး၊ သန့်ရှင်းသော သမီးတော် မြောင်ရင်သာ ... ဆန္ဒ ရှိလျှင်၊ ငါ့ တစ်သက်လုံး စီနီယာ အစ်မ အဖြစ် ခေါ်နိုင် ပါတယ်။ ”
“ ..... ။ ”
ဘေးမှ နားထောင် နေသော ပိုင်ရေှာင် အပါအဝင်၊ မြောင်ရင် သည်ပင် အံ့သြ သွား တော့၏။
ယဲ့ချင်းရှန် အနေဖြင့်၊ တစ်စုံ တစ်ယောက် အပေါ် ယဉ်ကျေးကာ၊ အရမ်း ဂရုစိုက် ပြနေပုံက အိမ်မက် မက်နေ သလို ပေပင်။
“ သန့်ရှင်းသော သမီးတော် မြောင်ရင်၊ ဘာအတွက်များ ဒီကို ရောက်လာ ရတာလဲ၊ ဒါက တားမြစ် နယ်မြေပါ။ ”
တာဝန်အရ ပိုင်ရှောင်မှ မေးခွန်း ထုတ်လိုက်သည်။ မြောင်ရင်က သူ့အား၊ ဆေး ပုလင်း တစ်လုံးကို ထုတ်ယူ ပြ လာ၏။
“ ငါ့ ဆရာက ... ယဲ့ချင်းရှန်ရဲ့ ဒဏ်ရာတွေ အတွက်၊ ဆေးတစ်လုံး ပေးခိုင်း လိုက်တယ်။ ”
သူတော်စင် နဂါး ဆေးလုံးအား မြင်ပြီး၊ ပိုင်ရှောင် တစ်ယောက် နှလုံးခုန်သံ မြန်လာ၏။ ထိုဆေးသည် မည်သည့် ဒဏ်ရာကို မဆို ပျောက်ကင်း နိုင်၏။
အသက် ကယ်ဆေး တစ်မျိုး ပေပင်။ လင်းယွန်က တုန်လှုပ် သွား၏။ ဤသည်မှာ ကျန်းယွီကို တိုက်သော ဆေး ဖြစ်သည်။
သူတော်စင် တစ်ပါး တွင်ပင် အများကြီး မရှိချေ။ ရှားပေ၏။ အလွန် အဖိုးတန် သဖြင့်၊ ပိုင်ရှောင် ခမျာ မှင်တတ် နေမိသည်။
သည့်အပြင် သန့်ရှင်းသော သမီးတော် မြောင်ရင် ကိုယ်တိုင်၊ လာရောက် ပေးကမ်းခြင်း ဖြစ်ရာ၊ လိုအပ် သည်ထက် ပိုနေ၏။
လင်းယွန် မျက်နှာပြောင်း သွားသည်။ အကြောင်း ရင်းကို အကြမ်းဖျင်း ခန့်မှန်း လာမိ ၏။
ဆိုလို သည်မှာ သတ်ဖြတ်ခြင်း မဟာ သူတော်စင်သည်၊ မူလ နဂါး မဟာ သူတော်စင် ထံမှ၊ သူ့အကြောင်း ကြားသိ ထားပုံ ရသည်။
“ ဟုတ်ကဲ့ ... သတ်ဖြတ်ခြင်း မဟာ သူတော်စင်ကို ကိုယ်စား ကျေးဇူး တင်ကြောင်း ပြောကြား ပေးပါ။ ”
လင်းယွန် တစ်ယောက် အသိ ပြန်ကပ်လာပြီး၊ ရှင်းယန်အား မကြည့်မိ စေရန် ထိန်းထား လိုက်သည်။
တစ်ဖက်တွင် ကောလ ဟာလများ ကဲ့သို့ မောက်ခြင်း မရှိသော ယဲ့ချင်းရှန် အသွင်ကြောင့် မြောင်ရင်မှ အံ့သြ သွားသည်။
“ နောင်တ ကမ်းပါးမှာ ... ၊ မင်း စိတ်အေးအေး နေဖို့ ... ငါ့ဆရာက ပြောလိုက် တယ်၊ သူရှိတဲ့ အတွက် ... ကျောက်စိမ်းဓား သူတော်စင်ကို ကြောက်စရာ မလို ဖူးလို့၊ မှာကြား လိုက်တယ်။ ”
ထိုစကားကြောင့် ပိုင်ရှောင်က လင်းယွန်ကို ကြည့်သည်။ ဤယဲ့ချင်းရှန်သည် သတ်ဖြတ်ခြင်း မဟာ သူတော်စင်နှင့် ရင်းနှီးကြောင်း သူ မသိ ခဲ့ချေ။
နောက်ဆုံးတွင် သတ်ဖြတ်ခြင်း မဟာ သူတော်စင်သည်၊ တပည့်များ အပေါ် လွန်ကဲစွာ အကာအကွယ် ပေးတတ်သူ ဖြစ်မှန်း လူသိ များ၏။
လင်းယွန်က ကျေးဇူးတင် ကြောင်း အလေးအနက် ပြန်ပြော မိသည်။ ဆရာ သခင် ၏ ချစ်သူများကြား ဆက်ဆံ ရေးသည်၊ အနည်းငယ် ထူးဆန်း နေ၏။
မြောင်ရင်က ပိုင်ရှောင်အား တစ်ချက် ကြည့်ကာ၊
“ မင်း ... နစ်နာ ခဲ့ရင် ... ၊ ငါနဲ့ ပြော လိုက်လို့ရတယ်၊ ငါ့ဆရာက မင်းအတွက် တရား မျှတမှုကို ရှာပေး လိမ့်မယ်။ ”
-ဟု လင်းယွန်ထံ လှည့်ပြော လိုက်သည်။
ထိုစကားက ပိုင်ရှောင်ကို မျက်နှာပျက် သွားစေသည်။ မြောင်ရင်၏ ဆရာသည် ဒေါသ ကြီးပြီး၊ ယဲ့ချင်းရှန်သာ တိုင်ကြားသော် ချက်ချင်း တိုက်ပွဲ ဖြစ်လာ နိုင်မည်။
မဟာ သူတော်စင် ကြီးများ ကြား တိုက်ပွဲသည် ကောင်းကင် တာအို ဂိုဏ်းအား စစ်တလင်း အဖြစ် ပြောင်းလဲ စေနိုင်၏။
“ မရှိပါဘူး ... ၊ ငါက တားမြစ်မြေကို တကယ် ကျူးကျော် ခဲ့တဲ့ သူပါ၊ ကျောက်စိမ်း ဓား သူတော်စင် မှန်ပါတယ်။ ”
“ ကောင်းပြီ ... ။ ”
မြောင်ရင်မှ ပြုံးပြီး လှည့်ထွက် သွား၏။ နောက်ကျောကို ကြည့်လျက် လင်းယွန်က နုံးချိ လာတော့သည်။
သူ့ဘေးတွင် ရပ်နေသော ပိုင်ရှောင်က သက်ပြင်းချကာ၊
“ ကျေးဇူး တင်ပါတယ် ... ညီလေး။ ”
-ဟု ပြောကြား လိုက်သည်။
“ ဘာအတွက်လဲ အစ်ကို ပိုင်။ ”
လင်းယွန်မှ ပြန်မေးသည်။
“ မင်းသာ ... ၊ တစ်ခုခု ပြောလိုက်မယ် ဆိုရင်၊ သတ်ဖြတ်ခြင်း မဟာ သူတော်စင်က ကျောက်စိမ်းဓား သူတော်စင်ရဲ့ တံခါးကို နေ့တစ်ဝက် အတွင်း၊ ...
... သွားခေါက် လိမ့်မယ်၊ အဲဒီ လိုသာ ဆိုရင်တော့ ငရဲ သစ်ခွ ခြံဝင်း တစ်ဝက် လောက် ပျက်စီး သွားမှာ သေချာတယ်။ ”
“ ဒီလောက် တောင်လား။ ”
လင်းယွန်က အံ့အားသင့် သွားသည်။
ပိုင်ရှောင်မှ ခေါင်းညိတ် လိုက်ပြီး၊
“ သတ်ဖြတ်ခြင်း မဟာ သူတော်စင်ပဲ ဖြစ်ဖြစ်၊ ကျောက်စိမ်းဓား သူတော်စင်ပဲ ဖြစ်ဖြစ် ဒေါသ ကြီးကြတယ်။ ”
ချစ်ခြင်း၏ ပြိုင်ဖက် ဟူသည် ရိုးရှင်းသော အရာ မဟုတ် သဖြင့်၊ လင်းယွန်မှ စကား မပြော နိုင် ဖြစ်လာ ရတော့သည်။
“ အစ်ကိုပိုင် ... ၊ ငါ ဒီမှာ ဘယ်လောက် ကြာကြာ နေရမှာလဲ။ ”
“ မသိဘူး၊ အများစုကို ခုနစ်ရက် ကနေ သုံးလလောက် ထားတယ်၊ မင်းကိုတော့ မူလ နဂါး မဟာ သူတော်စင် ပြန်လာတဲ့ အချိန်ထိ ဒီမှာ ထားဖို့ ပြောခဲ့ တာပဲ။ ”
ပြစ်ဒဏ်သည် မပြင်းထန် သော်လည်း မူလ နဂါး မဟာ သူတော်စင် တစ်ယောက် မည်သည့် အချိန် ပြန်လာ မည်ကို သူ မသိချေ။
“ ငါ ထွက်သွားရင်၊ မင်း ... တားမှာလား အစ်ကိုပိုင်။ ”
“ မတားဘူး ... ၊ မင်း စွမ်းရင် ထွက်သွားပါ။ ”
ပိုင်ရှောင်က ပြုံးလိုက်၏။ လင်းယွန်မှ သံသယဖြင့် လှမ်းလိုက်သည်။ မမြင် ရသော အတား အဆီး တစ်ခုအား ရုတ်တရက် ခံစားမိ သဖြင့်၊ ရပ်လိုက်၏။
လေထဲ၌ ငရဲ သစ်ခွ ပန်းများ ပွင့်လန်း လာပြီး၊ အားကောင်းသော အသက် စွမ်းအား ပျံ့နှံ့ လာသည်။
ထိုအသက် စွမ်းအား အောက်တွင် လင်းယွန်၏ နိဗ္ဗာန် ရောင်ဝါမှာ သမုဒ္ဒရာထဲ နစ်မြုပ်သွား သကဲ့သို့ ခံစား လိုက်ရ၏။
ဓား ရည်ရွယ်ချက်ကို အသုံး ချရန် ကြိုးစားခဲ့ သော်လည်း မအောင်မြင်ချေ။
“ ဘဝ-ရည်ရွယ်ချက် ... ။ ”
-ဟု အံ့သြစွာ ရေရွတ် မိသည်။
“ ဒါ ကျောက်စိမ်းဓား သူတော်စင် ... ကိုယ်တိုင် ဖန်တီးထားတဲ့ ငရဲ သစ်ခွ ဓား အစီရင်ပဲ၊ အမည်ခံ သူတော်စင် တောင်မှ မလွတ်မြောက် နိုင်ဘူး။ ”
ပိုင်ရှောင်က ပြုံးပြီး ပြောလာသည်။
( ဒီလောက်လည်း .. မဟုတ်သေး ပါဘူး၊ ငါလိုချင်ရင် အလွယ် တကူ ချိုးဖြတ် နိုင်တယ်။ )
ခရမ်းငယ် အသံ ထွက်ပေါ် လာသည်။ ထို့ကြောင့် လင်းယွန်မှ ခေါင်းညိတ်ကာ စိတ်ချ သွား၏။
ထိုအချိန်တွင် ဝမ်ယွဲ့ တစ်ယောက် တောင်ပေါ် ပြေးတက် လာသည်ကို သတိထား မိလိုက်သည်။
“ ယဲ့ ချင်း ရှန် ... ။ ”
“ ဝမ်ယွဲ့ ... ၊ မင်း ဘာလာ လုပ်တာလဲ။ ”
“ အစ်ကို ပိုင် ... ၊ ငါ သူနဲ့ ပြောစရာ နည်းနည်း ရှိတယ်။ ”
ဝမ်ယွဲ့က လင်းယွန် မေးခွန်းကို မဖြေ သေးဘဲ၊ ပိုင်ရှောင်ထံ လှည့်ကြည့်ကာ တောင်း ဆို လိုက်သည်။
“ အဆင် ပြေပါတယ်၊ ဒါပေမယ့် မင်း ရှေ့ဆက် မသွားနဲ့ ... အဲဒီ နေရာက ပြော ... ။ ”
“ ကျေးဇူး တင်ပါတယ် ... ။ ”
ဝမ်ယွဲ့က ခေါင်းညိမ့် လိုက်၏။ ပိုင်ရှောင် ထွက်သွား ပြီးနောက် ဝမ်ယွဲ့မှာ ဒေါသတကြီးဖြင့်၊
“ ငါ့ မှာတော့ ... မင်းကို လိုက်ရှာ နေတာ လဝက် ရှိပြီ၊ မင်းက တကယ်ပဲ ကောင်းကင် ရေကန်မှာ ပုန်းနေ တာကိုး။ ”
-ဟု အပြစ်တင် တော့၏။
“ ဘာအတွက် ... ရှာနေ တာလဲ။ ”
လင်းယွန်မှ စိတ်ဝင်တစား မေးသည်။
“ ငါတို့က သူငယ်ချင်းတေွ မဟုတ်လား၊ ကျောက်စိမ်းဓား သူတော်စင်ကို ရိုင်းပျ ခဲ့တဲ့ အတွက်၊ မင်း အပြစ်ပေး ခံရ တယ်လို့၊ ငါ ကြားတာကြောင့် လိုက်ရှာ မိတာ။ ”
ထိုစကားကို ကြား ပြီးနောက် လင်းယွန် တစ်ယောက် အဆင်မပြေ ဖြစ်သွား၏။ ဝမ်ယွဲ့ နေရာ၌ သူ ဆိုလျှင်လည်း စိုးရိမ် မိပေမည်။
သို့သော် ‘သူငယ်ချင်း၊’ ဟူသည့် အသုံး အနှုန်းအပေါ် ပို၍ ခံစားရ စေ၏။ အထူး သဖြင့် သူသည် ယဲ့ချင်းရှန် မဟုတ် သောကြောင့် ဖြစ်သည်။
“ ကျေးဇူး တင်ပါတယ် ... ၊ တကယ်တော့ ကျောက်စိမ်းဓား သူတော်စင်က၊ ငါ့ကို ဓားရေး သင်ပေးဖို့ ခေါ်သွား တာပါ။ ”
“ ငါသိတယ် ... ၊ ယဲ့ချင်းဟုန် စကား တွေက အဓိပ္ပါယ် မရှိဘူး ဆိုတာ၊ သူက မင်း သေသွားပြီ၊ ဒုက္ခိတ ဖြစ်သွား ပြီနဲ့၊ အခု မင်း အဆင်ပြေ နေတာကို တွေ့ရတော့ ဝမ်သာတယ်။ ”
“ ယဲ့ချင်းဟုန်က ငါ့ကို သေစေချင်နေ တာလား။ ”
လင်းယွန်မှ ပြုံးမိ၏။
“ အိုး ... ၊ ငါမင်းကို ပြောစရာ တစ်ခု ရှိသေးတယ်၊ ဒါက အရမ်း အရေး ကြီးတယ်၊ အဲ့ဒါကြောင့် သင်းထောက် ပိုင်ရှောင်ကို သွားခိုင်း လိုက်တာ။ ”
“ ဘာ လဲ ... ။ ”
လင်းယွန်က စိတ်ဝင်စား လာသည်။
“ နတ်တာအို ခန်းမရဲ့ ... သခင်ငယ် ဝူရှောင်က၊ လဝက် နေရင် ဂိုဏ်းကို အလည် လာမယ်၊ သိတဲ့ အတိုင်း ပိုင်-မိသားစုက သူ့ကို သဘောကျ နေတာ ဆိုတော့ ... ပိုင်ရှုရင် အတွက် ဖိအား ဖြစ်နေတယ်။ ”
ဝမ်ယွဲ့က လင်းယွန်အား အလေးအနက် ပြန်ကြည့်ကာ ပြော လိုက်သည်။ တစ်ချိန်တည်း မှာပင်၊ တစ်ဖက် လူ မျက်နှာ၌ ပြောင်းလဲမှု တစ်စုံ တစ်ရာ ရှိ-မရှိ ရှာဖွေ နေမိ၏။
“ ဒါက ... ငါနဲ့ ဘာဆိုင် လို့လဲ။ ”
“ မင်း ဟန်ဆောင် နေတာကို ရပ်လိုက်၊ ပိုင်ရှုရင်ကို မင်း သဘောကျ နေတာ ဂိုဏ်းရှိ လူတိုင်း သိတယ်။ ”
ဝမ်ယွဲ့မှ လှောင်ပြုံးဖြင့် ပြန်ပြော လိုက်သည်။ သူ့ အကြည့်တွင် လေးစားမှု အပြည့် ရှိပြီး၊
“ အခြား လူတွေက နားမလည် ပေမယ့်၊ ငါတော့ မင်းအပေါ် ကောင်းကောင်း နားလည် ပါတယ်၊ တစ်စုံ တစ်ယောက်ကို ချစ်မိတာ အပြစ်မှ မဟုတ်တာ၊ ...
... အဲဒီ စကားက မင်း လုပ်ရပ်နဲ့ လိုက်ဖက်တယ်၊ တားမြစ် မြေလား ... ၊ ချစ်သူ အတွက်ဆို၊ ဖြတ်သင့်ရင် ဖြတ်ရမှာပဲ၊ ဟုတ်တယ် မဟုတ်လား၊ ...
... အဲဒီတုန်းက လူတွေ ငါ့ကို မမြင်နိုင်လို့ အရူး အဖြစ် လှောင်ပြောင် ရယ်မော ကြတယ် ဆိုတဲ့၊ မင်း စကားရဲ့ အဓိပ္ပါယ်ကို ငါ သိပြီ။ ”
“ မင်း ... အဓိပ္ပါယ် ကောက်လွဲ နေပြီ။ ”
လင်းယွန်က အဆင် မပြေသော အသွင်ဖြင့် ပြန်လည် ငြင်းဆန် လိုက်သည်။
“ ဟမ့် ... မလွဲ ပါဘူး၊ ဒါက ... မင်းပြော ခဲ့တဲ့ စကားတွေ ပဲလေ။ ”
“ ဟုတ်တော့ ဟုတ်ပါတယ်၊ ဒါပေမယ့် ... ။ ”
လင်းယွန်က ရှင်းပြရန် ကြိုးစား သည်။ သို့သော် ဝမ်ယွဲမှ နား မထောင်ချေ။
“ မင်း ... ဟန်ဆောင်ဖို့ မကြိုးနဲ့ ယဲ့ချင်းရှန် ... ။ ”
“ ငါ တကယ် ပြောနေတာ ဟန်ဆောင် နေတာ မဟုတ်ဘူး။ ”
“ ငါ မင်းကို ကောင်းကောင်း သိတယ်၊ မင်းက ဓားအပေါ် ... ရူးသွပ် သလိုမျိုး၊ အချစ် ကိုလည်း စွဲလမ်းတဲ့ လူမျိုးပဲ။ ”
ထိုစကားကို ကြားသောအခါ လင်းယွန်မှ ရှင်းပြရန် မကြိုးစား တော့ချေ။
“ လဝက် နေလို့မှ ... ပေါ်မလာရင် ... ၊ မင်းကို ငါ အထင် သေးရ လိမ့်မယ်။ ”
လင်းယွန်က ဝမ်ယွဲ့ စကား အပေါ်၊ ဖြေရှင်းရန် မကြိုးစား တော့ဘဲ၊ ဦးတည်ချက် ပြောင်း လိုက်သည်။
“ မင်း ရောက်လာပြီး မှတော့ ... ကနဦး ဓားကို သင်သွားလိုက်။ ”
“ လာပြန်ပြီ ... ၊ မင်း အကြောင်း အရာ ပြောင်းဖို့၊ မကြိုး စားနဲ့၊ နောက်လဝက် နေရင် ရောက်အောင် လာပါ။ ”
ဝမ်ယွဲ့မှ ပြောပြီး လှည့်ထွက် သွား၏။ သူ့အထင် မမှားကြောင်း၊ အတည်ပြု နိုင်ခဲ့ပြီ ဖြစ်သည်။ ယဲ့ချင်းရှန် မသေဘဲ၊ ကောင်းစွာ ရှင်သန် နေပေသည်။
သည့်အပြင် ချောက်ကမ်းပါးမှ မထွက် နိုင်မည် ကိုလည်း စိတ်မပူချေ။ ဆန္ဒသာ ရှိသော် ထွက်ရန် နည်းလမ်း ရှာနိုင် ပေမည်။
အဆုံးတွင် ယဲ့ချင်းရှန်သည် ကောင်းကင် ရေကန်ကို ကျူးကျော် ဝင်ရောက်ရန် သတ္တိ ရှိသူ ဖြစ်သည်။
နောင်တ ကမ်းပါးမှ သူ့အား ဖမ်းထား နိုင်မည် မဟုတ်ချေ။ တစ်ဖက်တွင် ဝမ်ယွဲ့၏ နောက်ကျောကို ကြည့်ပြီး၊ လင်းယွန် ခမျာ အတွေးများ ရှုပ်ထွေး လာတော့သည်။
***