အဆင့် ချိုးဖြတ်ခြင်း။
Vol. 142 Ch. 1977
ဝမ်ယွဲ့ ထွက်ခွာ သွားပြီးနောက် လင်းယွန် တစ်ယောက်တည်း ငေးငိုင် ကျန်ရစ် နေခဲ့သည်။
( ဟား ဟား ဟား ... ဒီတစ်ခါတော့ နားလည်မှု လွဲတာ တော်တော် လေးနက် သွားပြီ။ )
ခရမ်းငယ်မှ လှောင်ပြောင် လိုက်၏။
( ဟုတ်တယ် ... ။ )
လင်းယွန်မှ ရှုံ့မဲ့စွာ ပြုံးသည်။
( အခု ဘာလုပ်ဖို့ စိတ်ကူး ထားလဲ၊ လဝက် နေရင် သွားမှာလား၊ ငါနင့်အတွက် ပြင်ဆင်ပေး ရမလား။ )
( ဘာလို့ သွားရ မှာလဲ၊ ငါနဲ့မှ မဆိုင်တာ။ )
လင်းယွန်မှ ငြင်းပယ် သည်။ နားလည်မှု လွဲမှား ခြင်းကို ပို၍ နက်ရှိုင်း လာအောင် မလုပ် ချင် တော့ချေ။
ယဲ့ချင်းရှန်နှင့် တူညီစေရန် အဓိပ္ပါယ် မဲ့သည့် အရာ များစွာကို၊ ဤကာလ အတွင်း၊ သူ ပြုလုပ် ပြခဲ့ ရသည်။
ထိုလုပ်ရပ် များက လူတချို့ အမြင်၌ အလေးအနက် ဖြစ်သွားပုံ ရသည်။ ယင်းကြောင့် ထပ်မံပြီး၊ မလုပ်လို တော့ချေ။
ပိုင်းရှုရင်နှင့် ပတ်သတ်ပြီး အပြစ်များ ပြုထားမိ သည်ကို သူ သိသည်။ ကောင်းကင် ရေကန်မှ အဖြစ် အပျက်သည်၊ သူ့အား မျက်နှာပူ စေ၏။
ခရမ်းငယ်က ရယ်၏။
( ဘာရယ် တာလဲ ... ငါ ဒီလို ကိစ္စ တေွနဲ့ အချိန်ဖြုန်း နေလို့ မရဘူး၊ ကောင်းကင် တာအို ဂိုဏ်းကို လာတာ သန်မာဖို့ အတွက်ပဲ၊ ...
... ငါ့ဆရာက အောင်မြင်မှု ရယူဖို့ လုပ်နေတယ်၊ သူ့ကို ကာကွယ်ဖို့ ဓားဂိုဏ်းဆီ ပြန်သွား ရမယ်။ )
လင်းယွန် အကြည့်က ပြတ်သား လာသည်။ သူသည် ယဲ့ချင်းရှန်၏ ကံကြမ္မာနှင့် မပတ်သက် လို တော့ချေ။
ဆရာ သခင် တစ်ယောက် ဧကရာဇ် နယ်ပယ်ထဲ ဝင်ရောက်ရန် ကြိုးစား နေစဉ်၊ ထျန်ရွှမ်ဇီ လှုပ်ရှား လာနိုင်သည်။
ထိုအတွေးကြောင့် သက်ပြင်းချကာ ခေါင်းငိုက်စိုက် ကျသွား၏။ မည်သို့ပင် ဆိုစေ ကာမူ၊ ဤနေရာ၌ ကျင့်ကြံခွင့် ရပေမည်။
ဂူထဲ လှမ်းဝင် လိုက်ပြီး၊ ဝိညာဉ် ရေးရာ အစီရင် တစ်ခုကို၊ ခရမ်းငယ်အား ခင်းကျင်း စေ မိသည်။
သည့်နောက် ဘဝ-သုံးပါး သစ်သီးအား ထုတ်လိုက်သည်။ သစ်သီးတွင် သေးငယ်သော အက်ကွဲကြောင်း များစွာ ဖြစ်ပေါ် နေပြီ ဖြစ်၏။
( ဘဝ-သုံးပါး သစ်သီးက တစ်ကြိမ်သာ သုံးရတဲ့ ပစ္စည်းပဲ၊ နင့် ... အသုံး ပြုမှု ကာလကို သူက ရေတွက် ထားတယ်၊ ပြပါဦး ငါ ကြည့် ပါရစေ။ )
( ဘယ် နှစ်ခါ သုံးလို့ ရဦးမလဲ။ )
( နှစ်နှစ် နှစ်ကြိမ် ... ။ )
ခရမ်းငယ်မှ လင်းယွန်ထံ သစ်သီး ပြန်ပေးပြီး၊ ဖြေကြား လာသည်။
( သစ်သီးက သက်တမ်း နုနေရင် သက်ရောက်မှု ပိုနည်းတယ်၊ နင့် ... သစ်သီး ကတော့ အရည် အသွေး အမြင့်ဆုံးပဲ။ )
( ဒါဆို ... ငါ ကောင်းကောင်း သုံးရမှာပေါ့။ )
လင်းယွန်က ဘဝ-သုံးပါး အသီးကို တင်းတင်း ကြပ်ကြပ် ဆုပ်ကိုင်လျက် ပြန်ပြော လိုက်သည်။
ကောင်းကင် တာအို ဂိုဏ်း၏ အရင်း အမြစ်များ အပြင်၊ ဤသစ်သီး ကြောင့်လည်း၊ သူ့ခွန်အားမှာ အရှိန်အဟုန်ဖြင့် အားကောင်း သန်မာ လာခြင်း ဖြစ်သည်။
( နင့်ရဲ့ ... အရင်း အမြစ်တွေ ... အကုန် နီးပါး သုံးခဲ့ ပြီးပြီ မဟုတ်လား ... ၊ ဒီသစ်သီးကို သုံးချင်တာ သေချာ လား။ )
အရင်း အမြစ် မပါဘဲ ဘဝ သုံးပါး နယ်ပယ်တွင် နေခြင်းသည် အချိန် ဖြုန်းခြင်း မည်၏။
“ သွေ့ရော် မဟာ သူတော်စင်ရဲ့ ... သူတော်စင် မူလကို နှစ်ကြိမ် သုံးနိုင် ပါသေး တယ်။ ”
လင်းယွန်မှ ပြန်ဖြေ၏။ ယဲ့ချင်းရှန်သည် သူတော်စင် မူလကို သန့်စင်ထားသည် ဟူသော ကောလ ဟာလများ ပေါ်ထွက် ခဲ့သည်။
အမှန်ပင် သူ့၌ သူတော်စင် မူလ ရှိနေမှန်း မည်သူမျှ မသိချေ။ ၎င်းမှာ တောင်ပိုင်း ဧကရာဇ် တပည့် ဖြစ်သော သွေ့ရော် မဟာ သူတော်စင် သူတော်စင် မူလ ပေပင်။
( နင် ... တကယ် မသွား ဖူးလား။ )
ခရမ်းငယ်မှ မေး၏။
( အင်း ... ။ )
လင်းယွန်မှ ခေါင်းညိတ်ကာ ဘဝ သုံးပါး ဘုံသို့ ဝင်ရောက် ခဲ့သည်။ မဟာ သူတော်စင် မူလကို သန့်စင်ရန် အချိန် လုံလောက်သင့် ပေမည်။
သူတော်စင် မူလအား ကိုးဆင့် ကန့်သတ် ထားသည်။ တစ်ဆင့်ချင်း စီသည် စွမ်းအင်များ ပိုမို များပြား လာပေမည်။
အဋ္ဌမ တံဆိပ်၏ စွမ်းအင်သည် ယခင် ခုနစ်ကြိမ် စလုံးထက် ပိုများ၏။ နဝမ အဆင့်ကို ဖွင့်သော်၊ ပထမ ထို(၈)ကြိမ် ပေါင်းထား သည်ထက် ပို၍ အားကောင်း ပေမည်။
သူတော်စင် နဂါး ဆေးလုံးအား ထုတ်ယူလျက်၊ ချက်ချင်း မျိုချကာ၊ ခန္ဓာကိုယ် အတွင်း ဖြန့်ကျက် လိုက်သည်။
ဤစွမ်းအင်များ အထွတ် အထိပ် ရောက်သော အခါ၊ နဂါး ဟောက်သံ နှင့် အတူ သွေးလည်ပတ်မှု အားကောင်း လာသည်။
“ ဖရူး ... ။ ”
ရွှေတောင်ပံ တစ်စုံ ပွင့်ထွက် လာ၏။ နဂါး မူလ စွမ်းအင်၏ ထိန်းချုပ်မှု အောက်တွင် ဆေး အာနိသင်မှာ၊ ခန္ဓာကိုယ်နှင့် လုံးလုံး လျားလျား ပေါင်းစပ် ကုန်တော့သည်။
တောင်ပံများ ပေါ်၌ သူတော်စင် ရူရ် ပွင့်လာပြီး၊ ပတ်ဝန်းကျင်ရှိ ဝိညာဉ် စွမ်းအင် များကို ဝါးမြို လေသည်။
သူတော်စင် နဂါး ဆေးလုံးသည်၊ ရွှေကျီးကန်း တောင်ပံ များကို ပြီးပြည့်စုံအောင် ကူညီ ပေးနေ၏။
အံ့သြ စရာ ပေပင်။ နေ နတ်ဘုရား ဖမ်းဆီးခြင်း ဟူသည် ထိုတောင်ပံ များကို ပြုပြင် ပေးခြင်း ဖြစ်၏။
၎င်းတောင်ပံ များက၊ အရှိန်ကို တိုးမြှင့် နိုင်သည်သာ မက၊ အနန္တ သူတော်စင် လက်ရာ အဆင့် ထိလည်း သန်မာလာ နိုင်မည်။
အဆုံးတွင် ဘုန်း ဝိညာဉ် သူတော်စင် ရူရ်များကိုပင် ရေးထွင်း နိုင်၏။ လက်ရှိတွင် သူတော်စင် ရူရ်ပေါင်း နှစ်သောင်းကျော် ရှိပြီး၊ ရွှေကျီးကန်း အမွေး များစွာနှင့် ပေါင်းစပ် ထားသည်။
ထို့ကြောင့် အတောင်ပံ များသည် သူတော်စင် လက်ရာ ဓားများ ကဲ့သို့ ထက်မြက် လှချေ၏။
တံဆိပ် တစ်ခု ဖန်တီးပြီး၊ နှလုံးသားရှိ သေွ့ရော် သော့အား ဖွင့်လိုက်သည်။ အကန့် အသတ်မဲ့ စွမ်းအင်များ တိုးထွက် လာ၏။
ချွေးပေါက် များမှ အငွေ့များ စိမ့်ထွက် ကုန်ပြီး၊ ဘဝ သုံးပါးဘုံ တစ်ခုလုံးကို ပြည့်နှက် သွားစေသည်။
ပတ်ဝန်းကျင်ရှိ စွမ်းအင် သိပ်သည်းဆမှာ၊ ထိတ်လန့် တုန်လှုပ်ဖွယ်ရာ အမြင့်သို့ ရောက်ရှိ သွား၏။
ဘဝ-သုံးပါးဘုံ ဖြစ်သည်မှာ ကံကောင်း သွားသည်။ မဟုတ်သော် ဤမျှ များပြားသော သူတော်စင် ရောင်ဝါအား သတိ ထားမိ ကြပေ လိမ့်မည်။
ထို့ကြောင့် နောက်ဆုံး တံဆိပ်ကို ဖျက်လိုသော အခါတွင်၊ ဝိညာဉ်ရေး အစီရင်အား လုံခြုံရေး ထပ်မံ တိုးမြှင့် ရမည်ဟု၊ တေးမှတ် ထားလိုက်သည်။
ဤနည်းဖြင့် ဘဝ-သုံးပါးဘုံ အတွင်း၌၊ အချိန် သုံးလ ကုန်လွန် သွားသည်။ သူ့တွင် နဂါး သွေးလွှတ်ကြော ဆယ်ခု ရှိ သဖြင့်၊ အခြားသော လူများထက် များစွာ အုတ်မြစ်ခိုင် မာသည်။
နိဗ္ဗာန်-ပထမဖြင့်၊ နိဗ္ဗာန်-ပဉ္စမ အဆင့် အသွင် ကူးပြောင်းရေး နယ်ပယ်မှ ပြိုင်ဘက်ကို ရင်ဆိုင် နိုင်၏။
တစ်ဖက် တွင်လည်း နိဗ္ဗာန် ရောင်ဝါ သိပ်သည်းမှု များပြား လေလေ၊ သူတော်စင် ဘုံသို့ တက်ရောက်ရန် ခက်ခဲ လေလေ ပင်။
ခြောက်လ ကုန်လွန်သွား ပြီးနောက် အောင်မြင်မှု ရယူရန်၊ ပြင်ဆင်မှုများ ပြုလုပ် မိသည်။
ယင်းက ချောမွေ့ပြီး သူ၏ ခရမ်းရောင် နန်းတော် အတွင်း အမြုတေကို ကောင်းစွာ ပေါင်းစည်း လာနိုင်သည်။
နိဗ္ဗာန် ရောင်ဝါ ကြိုးတစ်သောင်းက အမြုတေများ ပတ်လည်၌ ရစ်ပတ်လျက် ခမ်းနားမှုကို ပေးစွမ်း လာ၏။
နိဗ္ဗာန် အဆင့်သည် မရဏ ရောင်ဝါကို ဖျက်ဆီးကာ၊ သူတော်စင် လမ်းသို့ ကူးပြောင်း ခြင်း ဖြစ်သည်။
အချိန်များ လျင်မြန်စွာ ကုန်လွန် နေ၏။ ဘဝ-သုံးပါး ဘုံတွင် တစ်နှစ် ကုန်လွန် သွားပြီ ဖြစ်သည်။
ကျင့်ကြံမှုသည် နိဗ္ဗာန်-ဒုတိယ အဆင့် အသွင် ကူးပြောင်း ခြင်းသို့ ရောက်ရှိ လာသည်။ အမြုတေတွင် နိဗ္ဗာန် ရောင်ဝါ ကြိုး နှစ်သောင်း ဖွဲ့တည် လာနိုင်၏။
အမြုတေမှာ နှစ်လုံး ဖြစ်၏။ ယင်းက ကြမ်းတမ်းသော နန်းတော် အတွင်း၊ ကြယ် နှစ်ပွင့် အလား လင်းလက် နေသည်။
ထိုအချိန်တွင် ပိုင်ရှောင်က ဂူကြီး ဆီသို့ တစ်ချက်-တစ်ချက် လှည့်ကြည့်ကာ၊ ပျင်းရိနေ တော့သည်။
“ ဒီကောင် ဂူထဲမှာ ခုနစ်ရက် လုံးလုံး မထွက်ပဲ ... တကယ် နေနိုင် တာပဲ။ ”
အစောပိုင်းတွင် ယဲ့ချင်းရှန်နှင့် စကား ပြောခြင်းဖြင့် သူ့အချိန် များအား ကုန်ဆုံးစေရန် ကြံရွယ် မိ၏။
ဤအတိုင်းသာ ဆိုက မူလ နဂါး မဟာ သူတော်စင် ပြန်လာမည့် အချိန်ထိ ပျင်းရိဖွယ် နေ့ရက်များ ဖြစ်လာ ပေတော့မည်။
ဘဝ-သုံးပါးဘုံ အတွင်း၊ လင်းယွန် မျက်လုံးများ ဖွင့်ကာ၊ ကျင့်ကြံမှုကို ရပ်လိုက် လေသည်။
ပတ်ဝန်းကျင်၌ စွမ်းအင် များစွာ ကျန်နေ သေးသည်။ လက်ရှိ အချိန်၌ နိဗ္ဗာန်-တတိယ အထွတ် အထိပ်သို့ ရောက်ရှိ နေကာ၊ ရောင်ဝါ ကြိုး ခုနစ်သောင်း ရှရိထားသည်။
အချိန် ကာလ အားဖြင့်လည်း၊ နှစ်နှစ် ကုန်လွန်ခဲ့ပြီ ဖြစ်သောကြောင့်၊ စတုတ္ထ အသွင် ပြောင်းရန် ကြိုးစားမှုမှာ ကျရှုံး သွားသည်။
နိဗ္ဗာန် အဆင့်တွင် အသွင် ကူးပြောင်းမှု ကိုးကြိမ် ရှိသည်။ ပထမ လေးကြိမ်၌ မခက်ချေ။ စိန်ခေါ်မှုမှာ ပဉ္စမ အသွင် ကူးပြောင်းမှုမှ စတင် သည်။ အထူးသဖြင့် သတ္တမ၊ အဋ္ဌမနှင့် နဝမ အကြိမ်များ ဖြစ်၏။
နိဗ္ဗာန်-စတုတ္ထ အဆင့်သို့၊ တက်ရောက် လိုသော်၊ ဘ၀နှင့် သေခြင်း ဆိုင်ရာ အတွေ့ အကြုံများ လိုနေ ပေသည်။
ထို့ကြောင့် ဂူထဲမှ ထွက်လာ ခဲ့သည်။ အပြင်တွင် ပိုင်ရှောင်က တရားထိုင် နေ၏။ ၎င်းအား နဂါးကြီး အလား၊ သူတော်စင် ရောင်ဝါများ ရစ်ပတ် ထားသည်။
ယင်းသည် သေမျိုး ကမ္ဘာကို ကျော်လွန် သွားသည့် မြင့်မြတ်မှုမျိုး ဖြစ်၏။ ခြိမ်းခြောက်မှု အနည်းငယ် ကိုပင်၊ ခံစားလာ ရသည်။
အမည်ခံ သူတော်စင် နယ်ပယ်တွင်၊ အဆင့် ကိုးဆင့် ရှိ၏။ ၎င်းတို့၏ စွမ်းအားမှာ သေမျိုးဘုံ ကို ကျော်လွန် သွားသည်။
ထိုအဆင့် များအား၊ မူလ မိုးပြာ အဆင့်၊ မူလမရဏ အဆင့်နှင့်၊ မူလ ကောင်းကင် အဆင့် ဟူ၍ အုပ်စုကြီး သုံးခု သတ်မှတ် ထား၏။
“ နောက်ဆုံးတော့ မင်း ထွက်လာပြီ။ ”
ပိုင်ရှောင်က အပြုံးဖြင့် မျက်လုံး ဖွင့် ကြည့်၏။ သူ့ဝန်းကျင်ရှိ ခရမ်းရောင် ရောင်ဝါ များ၊ ခန္ဓာ ကိုယ်ထဲ ပြန်ဝင် ကုန်သည်။
သို့သော် သူ့အကြည့်တွင် အံ့သြရိပ်များ ထင်ဟပ်လျက်၊ လင်းယွန်အား စစ်ဆေး တော့ သည်။
လင်းယွန်၏ နိဗ္ဗာန် ရောင်ဝါမှာ ပို၍ သန့်စင်လာ သည်ကို ခံစားမိ သောကြောင့် ဖြစ်၏။
“ အစ်ကိုပိုင် ... မူလ မရဏ အဆင့်မှာ၊ ရှိနေလိမ့် မယ်လို့ မမျှော်လင့် ထားဘူး၊ အရင်က မရို မသေ ဖြစ်ခဲ့ရင် ... တောင်းပန် ပါတယ်။ ”
လင်းယွန်က ပြုံးပြီး လျှောက်လှမ်း လာခဲ့သည်။ ပိုင်ရှောင်အား မူလ မိုးပြာ အဆင့် ၌သာ ရှိမည်ဟု သူ ထင်ခဲ့ မိ၏။
“ ငါက မင်းနဲ့ ယှဉ်လို့ မရပါဘူး။ ”
“ အစ်ကိုပိုင် ... အရမ်း နှိမ့်ချ လွန်းတယ်၊ မင်းရဲ့ အသက် အရွယ်နဲ့ ... မူလ ကောင်းကင် အဆင့်ကို ရောက်ပြီး၊ ...
... သူတော်စင် နယ်ပယ်ကို ရောက်နိုင် ပါတယ်၊ ဒါက အချိန် တစ်ခုပဲ ... လိုလိမ့်မယ်လို့၊ ငါ ယုံကြည်တယ်။ ”
“ ဒီလော်ကလည်း မြှောက်ပင့် နေစရာ မလို ပါဘူး၊ ပုံမှန်ဆို .. ငါ့ကို ပါရမီရှင် အဖြစ် ယူဆနိုင် ပါတယ်၊ ဒါပေမယ့် ... ရွှေခေတ် ရောက်လာ တော့မယ်၊ ...
... အဲဒီ အချိန်မှာ၊ ငါ့ အလား အလာက ကုန်နေပြီ၊ ဒါကြောင့် သူတော်စင် ဖြစ်ရင်တောင် အထင် ကြီးစရာ မရှိတော့ ပါဘူး။ ”
ပိုင်ရှောင်က ပြုံးကာ ပြန်ပြော၏။ ၎င်းထံမှ စိတ်ပျက် အားငယ်မှုကို သဘာဝ အတိုင်း သတိ ပြုမိ နိုင်မည်။
“ အခု ... ၊ အချိန် ဘယ်လောက် ကြာသွားပြီလဲ ... ။ ”
ထို့ကြောင့် လင်းယွန်က ခေါင်းစဉ် ပြောင်းလိုက်၏။
“ ဆယ့်သုံးရက် ... ။ ”
ပိုင်ရှောင်မှ ပြန်ဖြေသည်။ လင်းယွန် တစ်ယောက် အနည်းငယ် တိတ်ဆိတ် သွား တော့၏။
“ နတ်တာအို ခန်းမ ရောက်လာ ပြီလား။ ”
“ သခင်လေး ဝူရှောင် အကြောင်း ... ၊ မေးချင်လို့လား၊ မင်းက ငါ့မျိုးရိုးရဲ့ သမီးတော် နောက်ကို လိုက်နေ တယ်လို့ မပြောနဲ့။ ”
ပိုင်ရှောင်က မျက်ခုံးပင့်ပြီး ရယ်မော လာတော့သည်။
***