ယုံကြည်ချက်။
Vol. 142 Ch. 1978
“ အစ်ကို ပိုင်က ... ဝူရှောင် အကြောင်း သိတာလား။ ”
လင်းယွန်က အံ့သြ သွားသည်။ ပိုင်ရှောင် သည်ပင် ထိုလူအကြောင်း သိနေခဲ့ သဖြင့်၊ ဂုဏ် သိက္ခာ ကြီးမားသူ ဖြစ်ရ မည်ကို ယုံကြည် လာသည်။ ဝမ်ယွဲ့ လိမ်ညာပုံ မရချေ။
ပိုင်ရှောင်က ပြုံးပြီး၊
“ မင်း ... ငါ့နာမည်ကို မေ့နေပြီ ထင်တယ်၊ ငါက ပိုင်မိသားစုရဲ့ တိုက်ရိုက် မျိုးဆက်ပါ။ ”
-ဟု ပြန်လည် ဖြေကြား လာ၏။
“ အရှေ့ဘက် ပျက်စီးမြေရဲ့၊ မြင့်မြတ်မြေ ခြောက်ပါးက အပြန်အလှန် ဆက်ဆံရေး ရှိကြ တယ်၊ တကယ်တော့ ဒါက ပြိုင်ဆိုင်မှုနဲ့ ရန်ပွဲ ဆိုလည်း အမှားဘူး။ ”
ပိုင်ရှောင် စကားကို၊ လင်းယွင်က ခေါင်းညိတ် သည်။ ဤသည်မှာ ကျင့်ကြံရေး လောက ဖြစ်ပြီး၊ မျိုးဆက်သစ် လူငယ်များ ကြား၌ ပြိုင်ဆိုင်မှု ရှိပေမည်။
အပေါ်ယံ ဖော်ရွေ ပုံပြ သော်လည်း၊ အားနည်းချက်ကို နင်းချေ ပစ်ရန် လူတိုင်းမှ ပြင်ဆင် ထားကြ၏။
အဆုံးတွင် ကောင်းကင် တာအို ဂိုဏ်း ဟူသည် အရှေ့ဘက် ပျက်စီးမြေ၏ အသန်မာ ဆုံး ဂိုဏ်းဖြစ်သည်။ စိန်ခေါ်သူ ရှိသော် ရှောင်လွှဲ၍ မရပေ။
“ ဒါပေမယ့် ... ဒီတစ်ခါတော့ မတူဘူး၊ သခင်ငယ် ဝူရှောင်က ... ငါတို့ မျိုးရိုးရဲ့ သန့်ရှင်း သော သမီးတော်ဆီ လာတာ ဖြစ်နိုင်တယ်၊...
... ပိုင်-မိသားစုရဲ့ စီနီယာ တွေက သူမကို ဝူရှောင်နဲ့ သဘောတူ ကြတယ်၊ ဝူရှောင်က ဂီတ မျိုးနွယ်စု မို့ပဲ၊ သူတို့က သန်မာပြီး မြင့်မြတ် ကြတယ်။ ”
လင်းယွန် ပြုံးသည်။ ဂီတ မိသားစု များကို၊ သူ စိတ်မ၀င်စားချေ။ ထိုအမူ အရာကို မြင်ပြီး၊
“ ဂီတ မျိုးနွယ်စု တွေကို ... ၊ လျှော့ မတွက်နဲ့။ ”
-ဟု ပိုင်ရှောင်က သတိ ပေးသည်။
သို့သော် လင်းယွန်က ပြုံးရုံသာ ပြုံး၏။ နိဗ္ဗာန်ပွဲ အတွင်း မိန်ဇီဟွာကို အနိုင်ယူ ပြီးချိန်မှ စကာ၊ ဂီတ မိသားစုများ အပေါ်၊ စိတ် မဝင်စား တော့ချေ။
ဤသခင်ငယ် ဝူရှောင်သည် ထိုလူမိုက် မိန်ဇီဟွာထက် သန်မာမည်ဟု မထင်ချေ။ ဂုဏ် သတင်း ၌လည်း မိန်ဇီဟွာ သာပေမည်။
ဂီတ မျိုးနွယ်စုများ အားကောင်း သည်မှာ မှန်သော်လည်း၊ ၎င်းတို့၏ သခင်ငယ် များသည်၊ ပြိုင်ဘက် ကင်းများ မဟုတ်ပေ။
“ သခင်ငယ် ဝူရှောင်က ဂီတကို ကျွမ်းကျင်ပြီး၊ အဲဟူ အပေါ်၊ အထူးပြု လေ့လာ ထားတယ်၊ သူ့ရဲ့ အရည်အချင်းက စိတ်ကူး ယဉ်လို့ မရဘူး၊ မင်း အထင် မသေးနဲ့။ ”
“ ဂီတ အကြောင်း ... တစ်ခု-နှစ်ခု လောက်တော့ ... သိထား ပါတယ်။ ”
လင်းယွန်မှ ကျိုးနွံစွာ ပြန်ပြော လိုက်သည်။ ထိုစကား များကြောင့် ပိုင်ရှောင်က လင်းယွန်ကို လူရိုင်း တစ်ယောက် အလား၊ ပြန်ကြည့်၏။
“ မဟုတ်ဘူး၊ မင်းက ဓားသမားပဲ၊ ဂီတ တာအိုကို နား မလည် နိုင်တာ သဘာဝပါ၊ အဲဟူ ဆိုတာ ဘာလဲတောင် မင်းသိမှာ မဟုတ်ဘူး၊ သူက ခွန်လွန်မှာ ကာလ ရှည်ကြာ ...
... ပျောက်ဆုံး နေတဲ့ တူရိယာ တစ်မျိုးပဲ၊ ပန်းသင်္ချိုင်းရဲ့ ကျေးဇူး ကြောင့်သာ နိဗ္ဗာန် ပွဲမှာ ပြန်ပေါ် လာတာ။ ”
“ ပန်းသင်္ချိုင်းက သန်မာ လို့လား။ ”
ဤမေးခွန်းကို ပိုင်ရှောင်မှ မလို လားချေ။ လင်းယွန်အား အထင်သေးစွာ လှမ်းကြည့်လာ တော့၏။
“ သန်မာ တာပေါ့ ... ၊ သူနဲ့ မင်းကို ယှဉ်ရမယ် ဆိုရင် ... ၊ မင်းက ဘာကောင်မှ မဟုတ်သေး ပါဘူး။ ”
( ဟား ဟား ဟား ... ။ )
ခရမ်းငယ်မှ သဘောကျစွာ ရယ်မော လေသည်။
“ ဒါက ချဲ့ကား နေတာ မဟုတ်လား။ ”
လင်းယွန်မှ တွန့်ဆုတ်စွာ ပြောကြား လိုက်သည်။
“ အဲဒါကြောင့် ပန်းသင်္ချိုင်းနဲ့ ယှဉ်ရင် ... ၊ မင်းက ဘာကောင်မှ မဟုတ်ဖူးလို့ ပြောတာပေါ့၊ မင်းက ကောင်းကင် တာအို ဂိုဏ်းမှာပဲ နာမည် ရှိတာပါ၊ ပန်းသင်္ချိုင်းက ခွန်လွန် တစ်ခုလုံးကို သိမ်းထား ပြီးပြီ၊ ...
... နဂါး သွေးလွှတ် ကြော နယ်ပယ်နဲ့ ရှေးဟောင်း စစ်မြေပြင် အပြင်မှာ သူတော်စင် တွေကို သတ်ပစ် ခဲ့တယ်။ ”
“ ဒါက သူ့ခွန်အား အစစ်အမှန် မဟုတ် ပါဘူး၊ အုပ်စိုးရှင် သူတော်စင် လက်ရာကို သုံးခဲ့ တာ မဟုတ်လား၊ ဘေးထွက် ဆိုးကျိုး အဖြစ် ဒုက္ခိတ ဖြစ်လု နီးပါးပဲ မဟုတ်လား။ ”
“ ဟမ့် ... ၊ အုပ်စိုးရှင် သူတော်စင် လက်ရာက ... ဘယ်လို ရတနာ အမျိုးအစားလဲ မင်း သိလား၊ သူတော်စင်ကို သတ်ဖို့ မပြောနဲ့ နဂါး သွေးလွှတ်ကြော နယ်ပယ်နဲ့ စွမ်းအား အပြည့် ထုတ်နိုင်မယ် ထင်လား။ ”
ပိုင်ရှောင်က အနည်းငယ် ဒေါသ ထွက် လာသည်။ လင်းယွန်မှ သူ့အား ပြန်၍ ငြင်းခုန် ရန် ပြင်နေ သည်ကို မြင်ပြီး၊ ပြုံးလျက် ခေါင်းယမ်း လိုက်၏။
“ ငါ့စကားကို အရင် နားထောင် ပါဦး၊ ပန်းသင်္ချိုင်းက နဝမမြောက် ကောင်းကင်လမ်း ချန်ပီယံပဲ၊ ကောင်းကင်လမ်း ချန်ပီယံ တွေကို၊ ရွှေမျိုးဆက်ရဲ့ အခမ်းနားဆုံး၊ ...
... ပါရမီရှင် အဖြစ် ... သတ်မှတ် ထားကြ တယ်၊ အဲဒီထဲမှာ ဘယ်သူ ... ထိပ်ဆုံး ရပ်နေလဲ မင်းသိလား၊ ပန်းသင်္ချိုင်း ဆိုတဲ့ ...
... နဝမမြောက် ကောင်းကင် လမ်း ချန်ပီယံပဲ၊ ဒါကို မယုံချင် ရင်တောင် ... ကျန်တဲ့ ရှစ်ယောက် လုံးက လက်ခံ ထားရတယ်၊ ...
... လူတိုင်းက ပန်းသင်္ချိုင်း သေပြီလို့ ထင်ခဲ့ကြ ပေမယ့်၊ ဂီတ တာအိုနဲ့ နိဗ္ဗာန် ပွဲရဲ့ ချန်ပီယံ ဆုကို ရယူပြီး ... ၊ ဘဝ-သုံးပါး သစ်ပင်ကို ပွင့်စေ ခဲ့တယ်၊ ...
... ဂီတ မျိုးနွယ်စု ဆယ်ပါးက မိန်ဇီဟွာတောင် အိမ်ဖော် ရှစ်ဦးကို ပေးပြီး သူ့အရှုံးကို ဝန်ခံလိုက် ရတယ်။ ”
ပိုင်ရှောင်က စကား ပြောနေစဉ်၊ အထင်အမြင် သေးစွာဖြင့် လင်းယွန်ထံ ကြည့် လာပြီး၊
“ သန့်ရှင်းသော သမီးတော်ကို ... ၊ မင်း ချောင်းကြည့်ဖို့ ကြိုးစား နေချိန်မှာ၊ သူက နိဗ္ဗာန် ပွဲတော်ရဲ့ ပထမ ဖြစ်နေပြီ၊ ကျန်းယွီကို အသက် ချမ်းသာ ပေးဖို့ တောင်းဆို နေချိန် ...
... သူက နဂါး သွေးလွှတ်ကြော အဆင့် သတ်မှတ် ချက်မှာ၊ ပထမ နေရာကို ရခဲ့တယ်၊ အခု သူက ...
... အမည်ခံ သူတော်စင် နယ်ပယ်ကို တက်ရောက်ဖို့ ကြိုးစား နေချိန်၊ သန့်ရှင်းသော သမီးတော်ကို ... ၊ မင်းက ထပ်ပြီး ချောင်းကြည့် နေတုန်းပဲ၊ ဒီတော့ မင်းနဲ့ သူ ယှဉ်လို့ ရလား စဉ်းစားကြည့်။ ”
-ဟု တရစပ် ပြောကြား လာတော့သည်။
လင်းယွန်မှ ရှင်းပြချင် သော်လည်း၊ စကားလုံးများ ပျောက်ဆုံး နေခဲ့၏။
“ ဘာလဲ ... မကျေနပ် ဖူးလား၊ ငါပြောတာ ဘယ်နေရာ မှားနေလဲ။ ”
“ မဟုတ် ပါဘူး ... မှန်ပါတယ်။ ”
“ ဒါဆို ... ငါတို့ရဲ့ ... ၊ သန့်ရှင်းသော သမီးတော် အကြောင်း မတွေးခင် ... ၊ မင်းဒီက ထွက်ဖို့ပဲ အရင် ကြိုးစား ကြည့်လိုက် ပါဦး၊ မင်း ကသာ ပန်းသင်္ချိုင်း ဆိုရင်တော့ ... ဖြစ်ကောင်း ဖြစ်နိုင် မှာပါ။ ”
ပိုင်ရှောင်မှ ပြုံးကာ ပြောကြား လာသည်။ လင်းယွန် တစ်ယောက် ကူကယ် ရာမဲ့ သွား၏။ ပိုင်ရှောင် တစ်ယောက် ပန်းသင်္ချိုင်း အမည်ကို ပြောနေ ချိန်တွင်၊ လေးစားမှု အပြည့် ရှိ၏။
“ နောက် တစ်လှမ်း ဆုတ်ကြ ရအောင်၊ မင်းက အစီရင်ကို ဖြတ်ကျော် နိုင်ရင်တောင်၊ ပန်းသင်္ချိုင်း မဟုတ်လို့ ... သခင်ငယ် ဝူရှောင် ရှေ့မှာ ဘာများ လုပ်နိုင်ဦး မှာလဲ၊ ...
... ဂီတ တာအို အကြောင်း မင်း သိလား၊ အဲဟူ ကစား နိုင်လား၊ ဒါတွေကို မသိရင် အပြင် မထွက်တာ ကမှ၊ မင်းအတွက် ကောင်းပါ သေးတယ်။ ”
ဤအကြောင်း အရာကို လင်းယွန်မှ ရပ်တန့်လို သော်လည်း၊ ပိုင်ရှောင်က မပြောင်း လဲ ခဲ့ချေ။
“ ဒီနေရာရဲ့ အစီရင်က ... ၊ ငါ့ကို တားနိုင်တယ် ဆိုတာ သေချာလား ... အစ်ကို ပိုင်။ ”
“ မင်း ထွက်သွား နိုင်ရင်၊ ငါတားမှာ မဟုတ်ဘူး၊ ဒါကြောင့် စမ်းကြည့်လို့ ရတယ်။ ”
“ ကြည့်ရ သေးတာပေါ့ ... ။ ”
“ ဟား ဟား ဟား ... ။ ”
ဤနေရာမှ ထွက်သွားသော် ပိုင်ရှုရင်၏ အထင်မြင် လွဲမှားမှုကို ပို၍ ဆိုးရွား သွားစေ နိုင် မည်။ ထို့ကြောင့် လင်းယွန်မှ မထွက်လို သဖြင့်၊ ဂူအတွင်း ပြန်လှည့် လာမိ တော့သည်။
“ ကြောက်သွား ပြီလား ... ။ ”
ပိုင်ရှောင်မှ ပြုံးပြီး နောက်ပြောင်သည်။ လင်းယွန်က လှည့် မကြည့် တော့ဘဲ၊ ‘ ဂီတကို ငါ နည်းနည်း သိပါတယ်၊’ -ဟု ပြောလိုက်၏။
“ ဟား ဟား ဟား ... ။ ”
ယဲ့ချင်းရှန် ဟူသည် သူတော်စင် သခင် ကိုပင် ပါးရိုက်ဝံ့ သူ ဖြစ်၏။ သို့သော် သူ့ရှေ့တွင် ခေါင်းငုံ့ ထားရန်မှ တပါး အခြား မရှိချေ။
၎င်းသည် သခင်ငယ် ဝူရှောင်အား၊ လျစ်လျူရှု ရအောင်၊ သူ့ကိုယ်သူ ပန်းသင်္ချိုင်းဟု ထင်နေပုံ ပေပင်။
ထို့ကြောင့် ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ၊ သူ့စကားများ အောက်၌ ခေါင်းငုံ့ထား ရပေမည်။ ထိုအတွေးကြောင့် ပိုင်ရှောင် တစ်ယောက် ကျေနပ် သွားသည်။
နောက်နှစ်ရက် အကြာတွင် နတ်တာအို ခန်းမ၏ သခင်ငယ် ဝူရှောင် ရောက်ရှိ လာခဲ့၏။ ဤသည်မှာ မြင့်မြတ်မြေ နှစ်ခုကြား အလည်အပတ် ခရီး ဖြစ်သည်။
ကောင်းကင် တာအို ဂိုဏ်း၏ မိသားစုကြီး လေးခုမှ ဝူရှောင်အား ဧည့်ခံ ရ၏။ အထူးသဖြင့် ပိုင်ယိဟွာ၊ ကျန်းခွိုက်နှင့် ယဲ့ချင်းဟုန် ပေပင်။
၎င်းတို့သည် ရှေးဟောင်း သူတော် မျိုးရိုး ဖြစ်သဖြင့်၊ အခြားသော သူတော်စင် တပည့်များ အပေါ်၊ အာရုံ မရှိချေ။
သခင်ငယ် ဝူရှောင် ကဲ့သို့သော လူမျိုး သည်သာ၊ သူတို့နှင့် အဆင့် တူသည်ဟု ခံယူ ထား ကြသည်။
ဂီတ မိသားစုတွင် နတ်နဂါး အသံကို ဆုပ်ကိုင် ထားနိုင်သော ကျွမ်းကျင် ပညာရှင်များ ရှိသည်။
၎င်းတို့သည် ဧကရာဇ် များကို ယှဉ်နိုင်သည့် တန်ခိုးရှင်များ ဖြစ်၏။ နတ်နဂါး အင်ပါယာ၌ မြင့်မြတ်သော အသရေမျိုး ရှိသည်။
သူတို့၏ ကျွမ်းကျင်မှုကြောင့်၊ ဧကရီမှ သူမ အတွက် ကစား ပေးရန်၊ မကြာ ခဏ တောင်းဆို ခံရသည်။ ထို့ကြောင့် သခင်ငယ် ဝူရှောင်သည် ငယ်စဉ် ကပင် ဧကရီကို မြင်ဖူး ချေ၏။
ဧကရီ ဟူသည် ဤခေတ်၏ တန်ခိုး ဩဇာ အရှိဆုံး ပုဂ္ဂိုလ် တစ်ပါး ဖြစ်သည်။ နတ်ဘုရား တစ်ပါး အလား လေးစား ကြရ၏။
ဝူရှောင်က ပိုင်ယိဟွာ တို့ဖြင့်၊ စကား ပြောနေ ချိန်တွင်၊ မာန်မာန လုံးဝ မပြသ ခဲ့ခေျ။ ၎င်းတို့ သုံးယောက် အနက် ပိုင်ယိဟွာမှာ ဝူရှောင်ကို အလေး စားဆုံး ဖြစ်သည်။
“ မနက်ဖြန် ပွဲမှာ ... ၊ မြင့်မြတ်မြေ နှစ်ခု ကြား ဖလှယ် ရမှာမို့ ... ၊ ငါ လွန်သွားရင် ကြိုပြီး တောင်းပန် ရအောင် ခေါ်လိုက် တာပါ၊ မင်း တို့ကို တိုက်ခိုက် လိုလို့ မဟုတ် ပါဘူး။ ”
ဝူရှောင်၏ တောင်းပန် စကားကြောင့်၊ ပိုင်ယိဟွာက ကျေနပ်စွာ ပြုံးပြီး၊
“ သခင်ငယ် ဝူရှောင် ... မင်းက ယဉ်ကျေး လွန်းနေပြီ၊ ငါတို့က ... ရှေးဟောင်း သူတော်စင် မိသားစု ပါပဲ၊ မင်းရဲ့ ... ဂီတ မိသားစု လိုပဲ မြင့်မြတ် ပါတယ်၊ ဒါကြောင့် ...
... မြင့်မြတ်မြေတွေ ကြားက၊ ပြိုင်ဆိုင်မှု ဆိုတာ၊ ငါတို့ရဲ့ ဆက်ဆံရေးကို သက်ရောက်မှု မရှိ ပါဘူး။ ”
-ဟု အဓိပ္ပါယ် ပါပါ ပြန်ပြော လိုက်၏။
ဆိုလို သည်မှာ ရှေးဟောင်း သူတော်စင် မိသားစုများသည်၊ ကောင်းကင် တာအို ဂိုဏ်း၏ အထက်တွင် ရှိသည်။
ထို့ကြောင့် သူတို့ အနေဖြင့်၊ ဂိုဏ်း၏ ဂုဏ်သိက္ခာ အပေါ်၊ ဂရု မစိုက် နိုင်ဟု အဓိပ္ပါယ် ရပေ၏။
“ မကြာသေး မီက၊ ဓားသမား ပါရမီရှင် တစ်ယောက် ပေါ်လာ တယ်လို့ ကြားတယ်၊ သူ့ နာမည်က ယဲ့ချင်းရှန် မဟုတ်လား။ ”
ဝူရှောင်မှ လှောင်ပြောင် သရော် လိုသော အပြုံးအား ထိန်းလျက်၊ မေးမြန်း လာသည်။
“ သူ သေသွားပြီ ... ၊ အဲဒီ လူက ငါတို့ ယဲ့မိသားစုဝင် တစ်ယောက်ပဲ၊ လွန်ခဲ့တဲ့ (၁၅) ရက်က တားမြစ် မြေကို၊ ...
... ကျူးကျော် ဝင်ရောက် ခဲ့လို့၊ ကျောက်စိမ်းဓား သူတော်စင်က ရိုက်နှက် ပစ်ခဲ့တယ် ... ။ ”
ယဲ့ချင်းဟုန်က ဝင်ပြော၏။
“ ဒါဆို သနားစရာ ပါပဲ၊ ငါ သူနဲ့ ရင်းနှီးချင် သေးတယ်။ ”
“ မသနား ပါနဲ့ ... ၊ သူက ... ဂိုဏ်းရဲ့ အမှိုက်ပဲ၊ မသေ ရင်တောင် ဆွံ့အ သွားပါပြီ၊ နောက်ဆုံးတော့ သိုင်းအဒေါ်ရဲ့ ဒေါသက၊ ဘယ်လိုလုပ် သက်သာ နိုင်မှာလဲ။ ”
ကျန်းခွိုက်က ပြုံးကာ၊ ပြောကြား သည်။ ပိုင်ယိဟွာ မှလည်း ခေါင်းညိမ့်လျက်၊
“ ဒဏ်ရာ မရ ရင်တောင်၊ သခင်ငယ် ဝူရှောင်ကို ... ဒီကောင်က ဘယ်လိုလုပ် ယှဉ်နိုင် မှာလဲ၊ သူက ... သူတော်စင် မူလကို သန့်စင်ပြီး ကံကောင်း လာတဲ့ လူပါ။ ”
ဝူရှောင်မှ ပြုံး၏။ ပိုင်ရှုရင်ထံ လာခြင်း ဖြစ်သော်လည်း၊ ၎င်းနှင့် တွေ့ဆုံ လိုသေးသည်။ သို့သော် သူ မြင်ခွင့် မရနိုင် တော့ချေ။
ထိုအချိန်တွင်၊ ဂီတသံများ ထွက်ပေါ် လာသဖြင့်၊ ဝူရှောင်၏ မျက်ဝန်းများ လင်းလက် သွားတော့၏။
“ ဒါ အဲဟူ ... အသံပဲ။ ”
“ ဟုတ်ပါတယ် ငရဲ သစ်ခွ ခြံဝင်းရဲ့ သန့်ရှင်းသော သမီးတော် တီးခတ် နေတာပါ၊ သခင်ငယ် ဝူရှောင်ရဲ့ အဲဟူ သံက၊ ...
... ပန်းသင်္ချိုင်း ကို ကျော်ပြီး၊ ခွန်လွန်မှာ အကောင်းဆုံး ဖြစ်နေလိမ့် မယ်လို့၊ ယုံကြည် ပါ တယ်၊ မနက်ဖြန် ငါတို့ တွေ့ကြ ရအောင်။ ”
ပိုင်ယိဟွာ စကားကို ဝူရှောင်က တုန့်ပြန်ခြင်း၊ သို့မဟုတ် ငြင်းဆန်ခြင်း မပြုဘဲ၊ ပြုံးရုံသာ ပြုံးနေ ခဲ့လေသည်။
***