အတူတူ ကစား ကြရအောင်။
Vol. 142 Ch. 1979
သခင်ငယ် ဝူရှောင်မှ ကြွားဝါခြင်း မရှိကြောင်းကို မြင်သော အခါ၊ ပိုင်ယိဟွာက ပြုံးပြီး၊
“ ငါတို့ ပိုင်-မျိုးနွယ်ရဲ့ ... သန့်ရှင်းသော သမီးတော်က၊ ဂီတ အပေါ် စိတ်ဝင် စားတယ် ဆိုတာ ... အားလုံး သိကြ ပါတယ်၊ သူက အဲဟူကို မကြာခဏ တီးလေ့ ရှိတယ်၊ ...
... ဒါကြောင့် မနက်ဖြန် ပွဲမှာ၊ လမ်းညွှန်မှု တစ်ခု ပေးဖို့၊ သခင်ငယ် ဝူရှောင်ကို တောင်းဆို ရတော့မယ် ထင်တယ်။ ”
-ဟု ထပ်လောင်း ပြောကြား လိုက်သည်။
ဝူရှောင်က သူ့ဖန်ခွက်ကို မြှောက်ပြီး၊
“ ငါက တခြား လူတွေ အပေါ် ... မှတ်ချက် မပေးဝံ့ ပါဘူး၊ ဒါပေမယ့် ဂီတ မှာတော့ အတွေ့ အကြုံ နည်းနည်း ရှိပါတယ်၊ ဥပမာ ... ငရဲ သစ်ခွ ခြံဝင်းရဲ့၊ သန့်ရှင်းသော သမီးတော် တီးခတ် နေတဲ့ ... ဂီတ ကိုပဲ ကြည့်၊ ...
... သီချင်းက ကောင်းပေမယ့် ... ၊ အနှစ်သာရ မရှိိဘူး ဖြစ်နေတယ်၊ အဲဟူ ဆိုတာ နူးညံ့ပြီး ကဗျာ ဆန်တယ်၊ သဘာဝ ကိုက ဝမ်းနည်း ပူဆွေးမှု အပေါ် ...
... အခြေခံတယ်၊ ဒီအချက် နှစ်ချက်ကို မဆုပ်ကိုင် နိုင်ရင် ... အနှစ်သာရ ပျောက်နေမှာ အမှန်ပဲ၊ သူ့ကို ကစားနိုင်မှာ မဟုတ်ဘူး။ ”
ပိုင်ယိဟွာနှင့် အဖွဲ့က ခေါင်းညိတ်ပြ လိုက်သော်လည်း၊ သူတို့ နားမလည် ကြချေ။ သို့တိုင် ပြုံးပြီး၊
“ နားလည် ပါပြီ ... ၊ မနက်ဖြန် ပွဲကို၊ စောင့်မျှော် နေပါတယ်၊ သခင်ငယ် ဝူရှောင်က အဲဒီပွဲမှာ တောက်ပ နေမယ် ဆိုတာ သေချာ ပါတယ်။ ”
“ မနက်ဖြန် ပွဲက ... ငါ့အတွက် ပထမဆုံး ခရီးစဉ်ပဲ၊ ဒီကနေ အရှေ့ဘက် ပျက်စီးမြေ အနှံ့၊ ငါ့ အမည်ကို ဖြန့်ကျက်ဖို့ ... ရည်ရွယ် ထားတယ်၊ မင်းတို့ ကူညီ ပေးပါ။ ”
ပိုင်ယိဟွာက၊ ကျန်းခွိုက်နှင့် ယဲ့ချင်းရှန် တို့က အပြုံးဖြင့် အကြည့်ချင်း ဖလှယ် လိုက်ကြ သည်။
သခင်ငယ် ဝူရှောင် စကားကို သူတို့ နားလည်၏။ ၎င်းသည် ကောင်းကင် တာအို ဂိုဏ်းမှ စကာ၊ မြင့်မြတ်မြေ တိုင်းကို၊ အနိုင် ယူရန် ကြံရွယ် ထားချေပြီ။
“ ဒါက လွယ်ပါတယ် ... ၊ ငါတို့ နတ်နဂါး အင်ပါယာကို သွားတဲ့ အခါ၊ သခင်ငယ် ဝူရှောင် အပေါ်၊ အားကိုး ရလိမ့်မယ် ထင်တယ်။ ”
သုံးယောက်သား ဝူရှောင်နှင့် အပေး အယူ လုပ်လိုက်၏။ နောက်နေ့တွင် သန့်ရှင်းသော ရင်ပြင်၌ လူများဖြင့် စည်ကား နေခဲ့သည်။
သန့်ရှင်းသော ရင်ပြင်သည် ငရဲ သစ်ခွ ခြံဝင်း၏ တားမြစ် ထားသော နေရာ ဖြစ်သည်။ ဤအရပ်၌ အထူး ဧည့်သည် တော်များ လက်ခံ တွေ့ဆုံခြင်း မရှိသော်၊ ပိတ်ထား ပေမည်။
ယနေ့ ဧည့်ခံပွဲ ရှိသဖြင့်၊ ကောင်းကင် တာအိုဂိုဏ်း၏ ကျော်ကြားသော တပည့်များ အားလုံး တက်ရောက် လာခဲ့ ကြ၏။
အတွင်း တပည့် များစွာ သည်လည်း သခင်ငယ် ဝူရှောင်အား ကြည့်ရှုရန် ရောက်ရှိ နေကြသည်။
ဤပွဲသည် ဂိုဏ်း နှစ်ခု၏ မျိုးဆက်သစ် လူငယ်များကြား ပြိုင်ဆိုင်မှု ဖြစ်သည်ကို သူတို့ သိ၏။
သခင်ငယ် ဝူရှောင် ဟူသည်၊ နတ်တာအို ခန်းမ၏ သူတော်စင် တပည့် ဖြစ်ပြီး၊ ၎င်းတို့၏ မျိုးဆက် အတွင်း၊ အထူးချွန်ဆုံး ဖြစ်သည်။
ဂိုဏ်းကြီး နှစ်ဂိုဏ်း၏ တပည့် များက မျက်နှာချင်းဆိုင် ထိုင်နေ ကြ၏။ ပိုင်ရှုရင်မှ ကောင်းကင် တာအို ဂိုဏ်းကို၊ ကိုယ်စားပြု သည်။
ဤနေရာသို့ ဝင်ရောက် လာသူ များသည်၊ အနည်းဆုံး နိဗ္ဗာန်-ပဉ္စမ အသွင် ကူးပြောင်းမှု တွင် ဖြစ်ပြီး၊ အများစုမှာ ဆဌမ အသွင် ကူးပြောင်းမှုသို့ ရောက်ရှိ နေ၏။
သတ္တမ အသွင် ကူးပြောင်းမှု နယ်ပယ် လူငယ် များမှာ အသန်မာဆုံး ဖြစ်ပြီး၊ အဌမ အသွင် ကူးပြောင်းမှု ကိုမူ၊ မြင်တွေ့ရ ခဲသည်။
နိဗ္ဗာန်-အဋ္ဌမ အသွင် ကူးပြောင်းမှုရှိ သူတော်စင် တပည့် များသည် အသက်အားဖြင့်၊ ငါးဆယ်ကျော် နေကြပြီ ဖြစ်သဖြင့်၊ လူငယ်များ ကြားတွင် ပါ၀င် လာခြင်း မရှိတော့ချေ။
ဝမ်ယွဲ့က ယဲ့ချင်းရှန်အား ရှာဖွေ နေ၏။
“ ဒီကောင် မလာ ဖူးလား ... ၊ သူ ... အစီရင် ကနေ၊ ထွက် မရဖူး လို့တော့ ... ငါ့ကို မပြောနဲ့။ ”
“ ဘယ်သူ့ အကြောင်း ပြောနေ တာလဲ။ ”
ချန်ကျန့်မှ မေးသည်။ သို့မှသာ ဝမ်ယွဲ့ တစ်ယောက် သတိ ဝင်လာပြီး၊ ပြုံးလျက် ခေါင်း ယမ်းပြ လိုက်၏။ လူစုံပြီ ဖြစ်သဖြင့်၊ ပိုင်ရှုရင်မှ ဝူရှောင်နှင့် အဖွဲ့ကို ကြိုဆို ဧည့်ခံသည်။
ဝူရှောင်က ပွဲစ သည်နှင့် နူးညံ့ သိမ်မွေ့စွာ ပြုံးပြီး၊
“ ငါမှာ ပြောစရာ ရှိတယ်။ ”
-ဟု ပြောကြား လာသည်။
“ သခင်ငယ် ဝူရှောင် ... ဆန္ဒ ရှိရာ ပြောလို့ ရပါတယ်။ ”
ပိုင်ရှုရင်က ယဉ်ကျေးစွာ လမ်းကြောင်း ပေးလိုက်သည်။
“ ငါတို့ ဂိုဏ်းကြီး နှစ်ဂိုဏ်းဟာ ... ရှည်လျားတဲ့၊ ပြိုင်ဆိုင်မှု သမိုင်းကြောင်း ရှိပါ တယ်၊ ဒီနေ့က ငါ့ရဲ့ ပထမဆုံး အကြိမ် ပြင်ပ ခရီး ဖြစ်တာမို့၊ ...
... ငရဲ သစ်ခွ ခြံဝင်းရဲ့ သန့်ရှင်းသော သမီးတော် အတွက်၊ သီချင်း တစ်ပုဒ် တီးပြဖို့ ... ၊ ဆန္ဒ ရှိပါတယ်။ ”
ဝူရှောင်က ယုံကြည်မှု အပြည့်ဖြင့် ပြောကြားလာ တော့၏။ ကောင်းကင် တာအို ဂိုဏ်း၏ တပည့် များမှာ၊ မျက်မှောင် ကြုတ် ကုန်သည်။
“ သေချာ ပါတယ်၊ အဲဒီလူက ငရဲ သစ်ခွ ခြံဝင်းရဲ့ သန့်ရှင်းသော သမီးတော် ရှေ့မှာ ... ၊ ဟန်ရေး ပြမလို့ ... လာတာပဲ။ ”
“ ဒါဆို ... ဂီတ မျိုးနွယ်ရဲ့ သခင်ငယ် ဖြစ်တော့ရော ဘာ ... အရေးလဲ ... ၊ သူ့ကိုယ်သူ သန့်ရှင်းသော သမီးတော်နဲ့ ... ထိုက်တန် တယ်လို့များ၊ တကယ် ထင်နေလား။ ”
လူအများက မကျေမနပ်ဖြင့် ရေရွတ် လာတော့၏။
“ ဟား ဟား ဟား ... ၊ သခင်ငယ်က ဂီတတာအိုမှာ ... ကျွမ်းကျင် တယ်လို့ ကြားဖူး ပါတယ်၊ ဒါဆို ကျေးဇူးပြုပြီး ဆက်သွားပါ။ ”
ပိုင်ယိဟွာက ဝူရှောင် ရှေ့တွင် မျက်နှာ လိုချင် သဖြင့်၊ ပိုင်ရှုရင် အစား လက်ခံ စကား ဝင်ပြော ပေးလိုက် လေသည်။
“ သခင်ငယ် ဝူရှောင်ရဲ့ ... ဂီတ အရည် အချင်းက၊ ဧကရီ ရှေ့မှောက်မှာ ... တီးခတ်ဖို့ အဆင့် မီကြောင်း၊ ငါတို့ ကြားသိထား ပါတယ်၊ ဆက်သွားပါ သခင်ငယ်။ ”
ယဲ့ချင်းဟုန်မှ ပြုံးကာ ထပ်မံ ဝင်ပြော လိုက်သည်။ ကျန်းခွိုက်က မပြော သော်လည်း၊ ခေါင်းညိမ့် ပြ၏။
ထိုအပြုအမူ များကြောင့် ကောင်းကင် တာအို ဂိုဏ်း၏ တပည့် အများအပြားက ၎င်းတို့ သုံးဦး အပေါ်၊ အမြင် အကြည် တော့ချေ။
ထိုအချင်း အရာကို မြင်ချိန်၌ ပိုင်ရှုရင်က
“ ကောင်းပြီ ဆက်လုပ်ပါ။ ”
-ဟု ပြောကြား လိုက်ရသည်။
“ ဒင် ... ။ ”
ဝူရှောင်က ဗျပ်စောင်းအား ထုတ်ကာ၊ လူတိုင်းသိသော ရှေးဟောင်း အချစ် သီချင်း တစ်ပုဒ်ကို တီးခတ် လိုက်၏။
သူ့ဂီတတွင် ပိုင်ရှုရင်အား ရည်ရွယ်သော ခံစားချက်များ ပါဝင်သည်။ ကောင်းကင် တာအို ဂိုဏ်း၏ တပည့်များမှာ၊ မပျော် တော့ချေ။
သီချင်းသည် ရည်ရွယ်ချက်၊ တိကျမှု၊ နည်းစနစ်နှင့် ရစ်သမ် မိပေ၏။ အသံသည် သူတော်စင် အဆင့် ဖြစ်သည်။
“ ဒင် ... ။ “”
သီချင်း ပြီးဆုံး သွားသော အခါတွင်၊ ဝူရှောင်ကို ဝမ်ယွဲ့မှ အလေး အနက်ထား ပြန် ကြည့်မိ လာ၏။
ဤသခင်ငယ် အပေါ် အထင် သေး၍ မရကြောင်း သူ ပြောနိုင်သည်။
“ ဆောင်းဦး လေရူး တွေကြောင့်၊ မြက်ပင် လေးတွေ လွမ်းဆွေး နေပါတယ်၊ အဆုံး မရှိတဲ့ ဒီကမ္ဘာ ကြီးရဲ့ ... ဘယ်နေရာ မှာများ ... ၊ မင်း ရောက်နေလဲ၊ အချစ်မီး ဆိုတာ ငြိမ်းရ ခက်လိုက်တာ။ ”
ဝူရှောင်က သီချင်းကို လက်စသပ်ကာ၊ ပြုံးလျက်၊
“ ငါ့ရဲ့ စွမ်းဆောင်မှုကို ကြိုက်မယ်လို့ မျှော်လင့် ပါတယ်။ ”
-ဟု ပြောကြား လိုက်တော့သည်။
ပိုင်ရှုရင် ခမျာ၊ သူမထံ လာခဲ့ မည်ဟု ကတိပေး ထားသော ချစ်သူ အကြောင်း တွေးမိ သွားပြီး၊ ခဏကြာ ငြိမ်သက် သွား၏။
၎င်းအား မည်သည့် အရပ်၌ သွားရောက် ရှာဖွေရ မည်ကို မသိ သဖြင့်၊ စောင့်ဆိုင်း နေရ ပေသည်။
“ သခင်ငယ် ဝူရှောင်က ဂုဏ်သတင်းနဲ့ ထိုက်တန်ပါ ပေတယ်။ ”
ပိုင်ရှုရင် အသံက တည်ငြိမ်စွာ ထွက်ပေါ် လာသည်။
“ သန့်ရှင်းသော သမီးတော် ... ၊ မင်းက ယဉ်ကျေး လွန်း ပါတယ်။ ”
ဝူရှောင်မှ ဂုဏ်ယူစွာ ပြုံး၏။
“ ဒါဟာ အထင်ကြီး စရာလည်း ဘာမှ မရှိပါဘူး၊ ဂီတ တာအို အကြောင်း ငါ နည်းနည်း သိတယ်၊ သခင်ငယ် ဝူရှောင်က အကြံဉာဏ် ပေးနိုင် မလား။ ”
ရုတ်တရက် ကောင်းကင် တာအို ဂိုဏ်းမှ တစ်စုံ တစ်ယောက်က ဒေါသ များဖြင့် ထရပ် စိန်ခေါ် တော့၏။
၎င်းသည် သန့်ရှင်းသော ဝိညာဉ်တော် ခြံဝင်းမှ ကျိုးရှ ဖြစ်သည်။ အဆိုပါ ခြံဝင်းသည်၊ ဝိညာဉ် ရေးရာ ရူရ် များကို ကျွမ်းကျင် ကြပြီး၊ ဂီတ ကိုလည်း လေ့လာ လိုက်စား ကြ၏။
ကျိုးရှ၏ ဂီတ တာအိုမှာ၊ ၎င်းတို့ ခြံဝင်း၌ အကောင်းဆုံး ဖြစ်ပြီး၊ မျက်စိ ရှေ့တွင် တစ်ဖက် လူမှ ငရဲ သစ်ခွ ခြံဝင်း၏ သမီးတော်ကို၊ ပိုးပန်း နေသည့် အပေါ်၊ ပျော်ပုံ မရချေ။
“ အိုး ... မင်းက စမ်းကြည့်ချင် တာလား။ ”
ဝူရှောင်မှ ပြုံးကာ မေး၏။
“ ဟုတ်တယ်။ ”
ကျိုးရှက ပြန်ဖြေသည်။ သူသည် ဂီတ၌ ဝူရှောင်ထက် အနည်းငယ် နိမ့်ကျ သော်လည်း၊ စိတ်စွမ်းအင်မှာ သာလွန်၏။
“ ဂီတ တာအိုမှာ ... သခင်ငယ်နဲ့ ယှဉ်ချင် တာလား၊ ဘယ်လို လူမိုက် မျိုးလဲ၊ ဟား ... ဟား ... ဟား ... ။ ”
နတ်တာအို ခန်းမ၏ တပည့် များက အထင်အမြင် သေးစွာဖြင့်၊ လှောင်ရယ် လာကြ တော့သည်။
သူတို့၏ သခင်ငယ်သည် သန့်ရှင်းသော သမီးတော်ကို အနိုင် ယူရန် လာခဲ့ခြင်း ဖြစ်ရာ၊ ဤအမှိုက်အား သင်ခန်းစာပေး ပေ လိမ့်မည်။
ကောင်းကင် တာအို ဂိုဏ်းမှ သူတော်စင် တပည့် အများ အပြားက၊ ကျိုးရှတွင် ရှုံးနိုင်ခြေ များကြောင်း သူတို့ သိ၏။
သို့သော် ၎င်း၏ ရဲစွမ်း သတ္တိ အပေါ်၊ သဘောကျ ချေပြီ။ ဖလှယ်ပွဲမှာ စတင် လာပြီ ဖြစ်၏။
“ ဒင် ... ။ ”
ကျိုးရှ တီးခတ်သော သီချင်းသည် စစ်မြေပြင်တွင် မြင်းစီးကာ ပြေးလွှား နေသော စစ်သူရဲ တစ်ဦး အလား၊ လူသတ် လိုသည့် ရည်ရွယ်ချက်များ အပြည့် ရှိ၏။
ဤသည်မှာ အသူရာ မြေခွေး၏ ဒေါသ ဟူသော စစ်သီချင်း တစ်ပုဒ် ဖြစ်သည်။ ကျိုးရှ လက်၌ သူတော်စင် အသံဖြင့် မြူးကြွစွာ ထွက်ပေါ် လာခဲ့၏။
“ စိတ်ဝင်စား စရာပဲ … ။ ”
ဝူရှောင်က အံ့အားသင့် သွားပြီး၊ ကျိုးရှ နှင့်အတူ လိုက်ပါ တီးခတ် တော့သည်။ သူတို့ နှစ်ယောက် လုံးက၊ သန့်ရှင်းသော ရင်ပြင်အား စစ်မြေပြင် အဖြစ် ပြောင်းလဲ လိုက်၏။
“ ဝူး ... ။ ”
အပြာရောင် ဝံပုလွေ နှစ်ကောင်က ဂီတကို နောက်ခံပြုလျက်၊ အချင်းချင်း မျက်နှာ ချင်းဆိုင် ပြေးလွှား တိုက်ခိုက် တော့သည်။
“ အု ဝူး ... ။ ”
နာရီဝက် ကုန်လွန် ပြီးနောက်၊ ကျိုးရှ ဝံပုလွေက အသာစီး ရလာ၏။ သူ့စိတ် စွမ်းအင် သည် သန်မာပြီး၊ ဒွါဒသမ အဆင့်၌ ရှိသည်။
ထို့ကြောင့် သီချင်းဖြင့် ဖန်တီး ထားသော ဖြစ်စဉ်များက၊ ဝူရှောင်၏ ဖြစ်စဉ်ကို ဖျက်ဆီး နိုင်ခဲ့၏။
“ မလုံလောက် သေးဘူး။ ”
“ ဒင် ... ။ ”
သို့သော် ဝူရှောင်က မထီမဲ့မြင် ပြုကာ ဗျပ်ဆောင်း ကြိုးအား လက်ညှိုးဖြင့် တောက် ထုတ် လာသည်။ ကျိုးရှ၏ ဖြစ်စဉ်ထံ ရွှေရောင် အလင်းတန်း တစ်ခု ပြေးဝင် သွား၏။
ဤသည်မှာ မဟာ သူတော်စင် အသံ ဖြစ်သည်။ ထို့ကြောင့် ရွှေရောင် အလင်း များက ကျိုးရှ ဖန်တီး ထားသော ဖြစ်စဉ် များကို၊ အပြီးသတ် ချေမွှပစ် တော့၏။
“ ဝေါ့ ... ။ ”
ကျိုးရှ ခမျာ သွေးတစ်လုတ် အန်လျက်၊ မျက်နှာ ဖြူဖျော့ သွားသည်။ သခင်ငယ် ဝူရှောင် သည်၊ ခွန်အားကို နက်ရှိုင်းစွာ ဖုံးကွယ် ထားကြောင်း သိရှိ လိုက်၏။
“ ဟား ဟား ဟား ... ၊ ဒါက ... မင်းရဲ့ အကောင်းဆုံး လုပ်နိုင်တာ ဆိုရင်၊ ကိုယ့်ကိုယ် ကို အရှက် မခွဲမိ စေနဲ့။ ”
နတ်တာအို ခန်းမ၏ သူတော်စင် တပည့်များက ကဲ့ရဲ့ လှောင်ပြောင် လိုက်ကြ သည်။
ထိုစကားကြောင့် ပိုင်ရှုရင် မျက်နှာ သည်လည်း ပြောင်းလဲ သွား၏။ နတ်တာအို ခန်းမသည် ကောင်းသော ရည်ရွယ် ချက်ဖြင့် လာခြင်း မဟုတ်မှန်း နားလည် လိုက်သည်။
ကောင်းကင် တာအို ဂိုဏ်း ဟူသည် အရှေ့ဘက် ပျက်စီးမြေ၌ အသန်မာဆုံး ဂိုဏ်း ဖြစ်သဖြင့်၊ ကျန်တပည့် များက သည်းမခံ နိုင် တော့ချေ။ ထရပ် လာကြ၏။
ထိုမြင်ကွင်းကြောင့် ဝူရှောင်က ပြုံးပြီ၊
“ အားလုံးပဲ အလျင် မလိုကြ ပါနဲ့၊ မင်းတို့ အားလုံးနဲ့ တစ်ခါတည်း အတူတူ ကစား ပေးနိုင် ပါတယ်။ ”
-ဟု ပြောကြား လိုက်တော့သည်။
***