← Chapters

ငါ့ကို ... ဘာလို့ နားထောင်ခွင့် မပေး ရတာလဲ။

Vol. 142 Ch. 1980

ငါ့ကို ... ဘာလို့ နားထောင်ခွင့် မပေး ရတာလဲ။

Vol. 142 Ch. 1980

ဝူရှောင် တစ်ယောက်ပွဲ ခံနေစဉ်၊ လင်းယွန်မှာ အနန္တဓားများ ပေါင်းစည်းခြင်းကို ခွဲခြမ်း စိတ်ဖြာခြင်း အဆင့်သို့ ရောက်ရှိ ခဲ့၏။

ထိုအဆင့်သည် သရုပ်ဖော် အဆင့် အထက်တွင် ရှိသည်။ သူ့ ပတ်လည်၌ လင်းယွန် (၁၃) ယောက် စက်ဝိုင်းပုံ သဏ္ဍာန်၊ ဓားရေး ကစား နေသည်။

ယခင်နှင့် မတူဘဲ ကွဲပြားသော ဖြစ်စဉ်များ ရောထွေး နေ၏။ ဓားကို လွှဲချ လိုက်သော အခါ၊ ဓား ရည်ရွယ်ချက်က နောင်တ ကမ်းပါး တစ်ခု လုံးကို ဖုံးလွှမ်း သွားသည်။

“ ခရစ် ... ။ ”

ဓားရည်ရွယ်ချက်နှင့် ဓားအလင်း ထပ် သွားသော အခါ၊ လေဟာနယ်သည် မှန်တစ်ချပ် ကဲ့သို့ ကွဲအက် သွား၏။

“ ဒါပဲ ... ထပ်ပြီး လှုပ်ရှား နေပြန်​ပြီ။ ”

ပိုင်​​ရေှာင်က အစီရင် အပြင်ဘက်မှ နေ၍ မျက်မှောင် ကြုတ်ကာ ​လှမ်း​ကြည့် လိုက်သည်။ ဤယဲ့ချင်းရှန်သည် ဉာဏ်ကြီးရှင် ဓားသမား တစ်ဦး ဖြစ်ကြောင်း ဝန်ခံ ရပေမည်။

လွန်ခဲ့သည့် ရက်များ အတွင်း၊ မပျင်း မရိနှင့် အနန္တ ဓားများ ပေါင်းစည်း ခြင်းကို လေ့ကျင့်နေ ခဲ့ပြီး၊ လျင်မြန်စွာ တိုးတက် လာသည်။

လက်ရှိ အချိန်၌ ၎င်းဆန္ဒ အတိုင်း ထိန်းချုပ် နိုင်ပြီ ဖြစ်ရာ၊ ကျောရိုး တစ်လျှောက် အေးစက် သွား မိ၏။

“ ဒင် ... ။ ”

ရုတ်တရက် သန့်ရှင်း​သော ရင်ပြင်မှ၊ ဗျပ်စောင်း သံကို ကြားလိုက် ရ၏။ လင်းယွန်မှ ဓားအား သိမ်းကာ၊ မျှော်ကြည့် လိုက်သည်။

“ စ ... ပြီလား။ ”

“ ဘာလို့လဲ ... ၊ မင်းကိုယ်မင်း ပန်းသင်္ချိုင်းများ ထင်​နေလား၊ မတွေးနဲ့ ဒီပွဲက မင်းနဲ့ မထိုက် တန်ဘူး။ ”

“ ဘာလို့ မထိုက်တန် ရမှာလဲ ... ၊ ပိုင်ရှုရင် ဒါမှ မဟုတ် ... ဝူရှောင် သူတို့ထဲက ဘယ်သူများ ပန်းသင်္ချိုင်းနဲ့ ထိုက်တန် လို့လဲ။ ”

လင်းယွန်က ပြုံးကာ ပြန်မေး လိုက်သည်။ ယနေ့တွင် တစ်ဖက်လူ ထံမှ အစွမ်းထက်သော ရောင်ဝါများ ခံစား လိုက်ရ သဖြင့်၊ ပိုင်ရှောင် ခမျာ ထိတ်လန့် သွားသည်။

“ အစ်ကိုပိုင် ... ၊ မင်း ငါ့ကို မတားဖူး ဆိုတာ သေချာလား။ ”

လင်းယွန်မှ မေးသည်။

“ မင်းသာ ပန်းသင်္ချိုင်း ဆိုရင် ငရဲ သစ်ခွ ဓားအစီရင်က မတား နိုင်ဘူး၊ ဒါဆို ငါက ဘာလို့ တားနေရ ဦးမှာလဲ။ ”

ပိုင်ရှောင်က ပြန်ဖြေ၏။ ယဲ့ချင်းရှန် တစ်ယောက် မည်သို့ ကြံစည်နေ သည်ကို သူ မသိ သဖြင့်၊ မျက်ခုံးပင့် လိုက်မိသည်။

လင်းယွန်က သက်ပြင်းချ လိုက်ပြီး၊

“ တကယ်တော့ ... သွားဖို့ကို၊ ငါ ချီတုံချတုံ ဖြစ်နေတာ အစ်ကိုပိုင်၊ သွား သင့်လား ... မသွား သင့်ဖူးလား အဖြေ မရ သေးဘူး၊ ဒီကမ္ဘာ ပေါ်မှာ ဓားနဲ့ ဖြေရှင်းလို့ မရတဲ့၊ အရာ​တွေ ရှိတယ်။ ”

-ဟု ညည်းတွား လိုက်သည်။

“ ဒါဆို မသွား နဲ့ပေါ့။ ”

ပိုင်ရှောင် တစ်ယောက် အနည်းငယ် အပြစ် ရှိသလို ခံစား လိုက်ရ၏။ ထို့ကြောင့် ယဲ့ချင်းရှန် ထွက်သွား နိုင်သော်၊ သူ တားမည် မဟုတ်ချေ။

သို့သော် ထိုသို့ မတား ပါက သူ့အား အပြစ်ပေး ခံရ ပေလိမ့်မည်။ လင်းယွန်မှ သူ့ စကားကို ဂရု မစိုက် တော့ဘဲ၊ မျက်နှာ တဖြည်းဖြည်း အေးစက် လာသည်။

“ ငါ သွားသင့်လား ... မသွား သင့်ဖူးလား၊ တကယ် မသိ တော့ဘူး၊ ဒါပေမယ့် ရှင်း​​နေတာ တစ်ခုတော့ ရှိတယ်၊ ဝူရှောင်က ဘယ်လို လူလဲ၊ သူမှာ အရည်အချင်း ရှိလား၊ ဒါတော့ ... ငါ သိချင် နေတယ်။ ”

ယဲ့ချင်းရှန်မှ စကား ပြောနေစဉ်၊ လေထု ထဲရှိ၊ ငရဲ သစ်ခွ ပန်းများ ညှိုးနွမ်းလာ သည်ကို မြင်လိုက်ရ သဖြင့်၊ ပိုင်ရှောင် တစ်ယောက် မျက်လုံးပြူး သွားတော့သည်။

ထိုအချိန်တွင် သန့်ရှင်းသော ရင်ပြင်ရှိ၊ ကောင်းကင် တာအို ဂိုဏ်း၏ တပည့် များက မျက်နှာများ နီရဲ လာ၏။

ဝူရှောင်၏ လေသံသည် တည်ငြိမ်နေ သော်လည်း ရည်ရွယ်ချက်မှာ ရိုင်းစိုင်း ချေပြီ။ သူတို့ အားလုံးကို မျက်လုံးထဲ မထားချေ။

“ ငါ မင်းနဲ့ ရင်ဆိုင် ပါရစေ။ ”

ရုတ်တရက် အိုယန်ဟဲက လျှပ်စီးများ လက်လျက် ထရပ် လာ၏။ လွန်ခဲ့သော နှစ်(၂၀) က၊ နဂါးသွေး လွှတ်ကြော အဆင့် သတ်မှတ် ချက်တွင်၊ တတိယ ရရှိ ထားသူ ဖြစ်သည်။

လျှပ်စီး တာအို အထူးပြု ကျွမ်းကျင်၏။ ကျင့်ကြံမှုမှာ နိဗ္ဗာန်-စတုတ္ထ အသွင် ကူးပြောင်း ခြင်း၌ ရှိနေ ခဲ့သည်။

ကောင်းကင် တာအို ဂိုဏ်း အတွင်း ရက်စက်သူ တစ်ဦး အဖြစ်၊ နာမည် ဆိုးနှင့်၊ ကျော်ကြား လှ၏။

နိဗ္ဗာန် သတ္တမမြောက် အသွင် ကူးပြောင်းသော သူတော်စင် တပည့် အများ အပြား သည်ပင် သူ့ကို ကြောက်ရွံ့ သည်။

“ မင်း သေချာလား ... ၊ ငါ မင်းကို နာကျင်စေမှာ ကြောက်မိတယ်။ ”

ဝူရှောင်က ဖော်ရွေသော အပြုံးဖြင့် ထပ်ပြောသည်။

“ ဟုတ်လား ... ဒါဆို ခံစား ပါရစေ။ ”

အိုယန်ဟဲ က လက်ဖဝါးကို ဖြန်လိုက် တော့သည်။ လက်ဖဝါး၌ လျှပ်စီး လက်လာ​ပြီး၊ ပေ တစ်ထောင် ကျော်တိုင် လွင့်ပျံ သွား၏။

“ ဆဋ္ဌမတန်း လျှပ်စီး ရည်ရွယ်ချက်။ ”

လူတိုင်း ထိတ်လန့် သွားသည်။ အဘယ့်ကြောင့် အိုယန်ဟဲ ထွက်လာဝံ့ သည်ကို ချက်ချင်း နားလည် လာမိ၏။

သို့သော် သခင်ငယ် ဝူရှောင်က ခေါင်းယမ်းလျက် ပြုံးလိုက်ပြီး၊

“ မင်း ... ငါနဲ့ ဆယ်လှမ်း အကွာထိ လှမ်းဝင်လာ နိုင်ရင်၊ ငါ့ကို အရှုံး အဖြစ် မှတ်ယူ လိုက် ... ။ ”

-ဟု ပြောကြား လာသည်။

သူ့ စကားသည် မာန ကြီးလွန်း ခေျပြီ။ သူသည် ဂီတ မျိုးရိုးမှ ဆင်းသက်လာ သဖြင့်၊ ထိုမျှ သန်မာ နေစရာ အကြောင်း မရှိချေ။

“ မင်း ... အရမ်း​ တွေး​နေ တာပဲ။ ”

အိုယန်ဟဲ မျက်နှာ မည်းမှောင် လာပြီး လျှပ်စီး ရည်ရွယ်ချက်အား ကောင်းကင်တွင်၊ စုစည်း ပစ်လိုက်သည်။

“ ဝုန်း ... ဂျိန်း ... ။ ”

မိုးကြိုး တိမ်တိုက်များ မြည်ဟည်းလျက်၊ ရင်ပြင် တစ်ခုလုံး၊ တုန်လှုပ်စ ပြုလာ၏။ သို့တိုင် ဝူရှောင်က တည်ငြိမ် စွာဖြင့် ဗျပ်စောင်းအား တီးခတ် လိုက်သည်။

“ ဒင် ... ။ ”

ဤသည်မှာ ရှေးဟောင်း သီချင်း တစ်ပုဒ် ဖြစ်​သော ဂရုဏာ ကင်းမဲ့ခြင်း ဖြစ်၏။

“ ဂျိန်း ... ။ ”

မိုးခြိမ်း သံကြီးက ပတ်ဝန်းကျင် တစ်ခွင် ပဲ့တင်ထပ် လာပြီး၊ အိုယန်ဟဲ အပေါ် လျှပ်စီး များ ဖုံးအုပ် သွားတော့သည်။

“ အိုယန်ဟဲက ... မြင့်မားတဲ့ ကျင့်​ကြံမှု မရှိပေမယ့်၊ လျှပ်စီး တာအို မှာတော့ လေးစား စရာ ပါပဲ။ ”

အားလုံးက အိုယန်ဟဲ၏၊ စစ်မှန်သော ခွန်အားကို မြင်ချင် လာကြသည်။ ဝူရှောင်၏ ဂီတသည် သူ့အား တားဆီး နိုင်ပုံ မရချေ။

လူတိုင်း အကြည့် အောက်၌၊ တရွေ့ရွေ့ ဖြည်းညှင်းစွာ ချဉ်းကပ် သွားသည်။ သူ၏ နိဗ္ဗာန် ရောင်ဝါ စွမ်းအားဖြင့်၊ မရေမတွက် နိုင်သော ခရမ်းရောင် နဂါးများကို ဖွဲ့စည်း ထား၏။

တစ်ဖက်တွင် ဝူရှောင်က ဂရုမစိုက်ချေ။ မျက်လုံးများ မှိတ်လျက် တေးသွားကို စိတ်ပါ လက်ပါ တီးခတ် နေခဲ့သည်။

၎င်းလက်ချောင်း များမှ အ​ဖြူ​ရောင် အငေွ့ အသက်များ ထွက်လာ သည်ကို မည်သူမျှ သတိ မထားမိ ကြချေ။

“ အိုယန်ဟဲ ရပ်သွား​ပြီ။ ”

ဝူရှောင်နှင့် ဆယ်လှမ်း အကွာသို့ အရောက်တွင် မမြင်နိုင်သော အတား အဆီး တစ်ခုမှ သူ့အား တားထား သကဲ့သို့၊ အိုယန်ဟဲက ရပ်လိုက်သည်။

“ ဂျိန်း ... ။ ”

သိုင်း ရည်ရွယ်ချက်များ အချင်းချင်း ဆုံတွေ့သွားသော အခါ၊ မိုးခြိမ်း သံများ ပို၍ ကျယ်လောင် လာပြီး၊ ကြောက်မက်ဖွယ် ရောင်ဝါများ လွှမ်းခြုံလာ တော့၏။

“ ဝုန်း ... ။ ”

“ ဟား ဟား ဟား ... ။ ”

ကောင်းကင် တာအို ဂိုဏ်း၏ တပည့်များ တုန်လှုပ် ခြောက်ခြား နေချိန်တွင်၊ နတ်တာအို ခန်းမ၏ တပည့် များက လှောင်ပြောင် ရယ်​မော လိုက်ကြသည်။

အိုယန်ဟဲ တစ်ယောက် သူ့ အပေါ်၊ ဟန့်တား နေသော အရာကို ခံစားမိ သဖြင့်၊ မျက်မှောင် ကြုတ် လိုက်၏။

အစ ပိုင်းတွင် ဝူရှောင်ကို ဖိနှိပ်ပြီး၊ ဂီတကို နှောင့်ယှက် ပြလို ခဲ့သည်။ ထိုအချိန်၌ နိုင်သည် ဖြစ်စေ ရှုံးသည် ဖြစ်စေ၊ အရှက် ကွဲမည် ဖြစ်၏။

ယခုမူ မည်မျှပင် ကြိုးစား​စေ ကာမူ၊ နောက်ထပ် ခြေတစ်လှမ်း မလှမ်းနိုင် တော့​ချေ။ ဂီတ ဟူသည် မှော်ဆန်ကာ လျှပ်စီးထက် ပို၍ ကြောက်စရာ ကောင်းသည်။ ဝူရှောင်က ရုတ်တရက် မျက်လုံး ဖွင့်လာ၏။

ငရဲမှ လာ​သော နတ်ဆိုး တစ်ပါး ကဲ့သို့၊ သူ့အပြုံးက ကမ္ဘာ ပေါ်ရှိ နတ်ဆိုး အားလုံးကို ချေမှုန်း နိုင်သည်။

“ ဒင် ... ။ ”

ဝူရှောင်က သူ့လက်ချောင်းကို ခတ်ထုတ် ပစ်လိုက်သော အခါ၊ ဂီတ မှတ်စု များက မိုးကြိုး တိမ်တိုက်များအား ဖြိုခွဲ ပစ်၏။

ပြီးနောက် တိမ်တိုက်များ အက်ကွဲ သွားလျက်၊ နေရောင်ခြည်များ ဖြာကျ လာ တော့သည်။

ဗျပ်စောင်းကို နောက်တစ်ကြိမ် တီးခတ် လိုက်သော အခါတွင် ကြက်သွေးရောင် အလင်း တစ်ခု ထွက်ပေါ် လာ၏။

လူသတ်ရန် ရည်ရွယ်ချက်မှာ၊ ၎င်းအတွင်း၌ လုံးလုံး လျားလျား နစ်​မြုပ် နေပြီး၊ အိုယန်ဟဲ၏ ဖြစ်စဉ် များကို လုံးဝ ဖျက်ဆီး တော့၏။

“ ဒါ ... ဒါက ဘယ်လိုလုပ် ... ၊ ဖြစ်နိုင် မှာလဲ။ ”

အိုးယန်ဟဲ မျက်နှာ ပြောင်းသွား၏။ တစ်ဖက်လူသည် အကုန်​ မဟုတ်​ သေးချေ။ ကြိုး တစ်​ချောင်း တည်းကိုသာ တီးခတ် ရသေး သည်။ ယင်းမှ ကြက်​​​သွေးရောင်​​ အလင်းများ ထုတ်​လွှတ်​​ လာ၏။

အရှိန် မြင့်လာ​ပြီး၊ ကျောက်တုံး များဖြင့် ပစ်ပေါက်နေ သကဲ့သို့၊ အိုယန်ဟဲထံ ဂီတသံများ ကျရောက် ကုန်သည်။

“ ဝုန်း ... ။ ”

ခန္ဓာကိုယ်၌ ဒဏ်ရာ များစွာ ထွက်ပေါ် လာပြီးနောက်၊ လွင့်စဉ်လျက် စားပွဲ တစ်လုံးနှင့် တိုက်မိ ပြိုကျ သွားသည်။ ပါးစပ်မှ သွေးများ စီးကျကာ၊ ပြန်မထ နိုင်တော့ချေ။

“ နတ်ဆိုး တွေကို သုတ်သင်ဖို့ ... လောကကြီးမှာ ဂရုဏာ ကင်းမဲ့ ရမယ်။ ”

ဝူရှောင်က ပြုံးရယ်လျက်၊ သီချင်းကို ရပ်လိုက်သည်။ သူ့အကြည့်အား ကောင်းကင် တာအို ဂိုဏ်းထံ ဝေ့ဝဲ လိုက်၏။

အကြည့် ခံရသူ များမှာ၊ တုန်ယင်လျက် ကျောချမ်း ကုန်သည်။ ဤလူငယ်သည် အလွန် ကြောက်စရာ ကောင်းသည်ဟု ခံစား လာမိ၏။

“ ခြေလှမ်း ဆယ့်ငါး လှမ်းက ... မင်းတို့ အတွက်၊ အရမ်း ခက်ခဲ နေပုံပဲ ... ၊ ကောင်းပြီ ဘယ်သူ မဆို၊ ငါ့အနား ​ခြေလှမ်း သုံးဆယ်​ အတွင်း ဝင်နိုင်ရင်၊ ...

... ငါ လက်​​မြှောက်​​မယ်၊ စိတ်ဝင် စားတဲ့ လူတိုင်း၊ မင်းတို့ အားလုံး အတူတူ လာကြည့်လို့ ရတယ်။ ”

ဝူရှောင်မှ ပြုံးကာ ဖိတ်ခေါ် လေသည်။

“ ဒီကောင် အရမ်း လွန်နေပြီ ... ၊ ကောင်းကင် တာအို ဂိုဏ်းမှာ ... ဘယ်သူမှ မရှိ ဖူးလို့ ... တကယ် ထင်နေ တာလား။ ”

ကောင်းကင် တာအို ဂိုဏ်း၏ သူတော်စင် တပည့်များက နှိမ့်ချခြင်း ခံရ ပြီးနောက် မပျော် တော့ချေ။ ဒေါသ တကြီးဖြင့်၊ လူများစွာ လှမ်းထွက် လာ ကြသည်။

“ ဟား ဟား ဟား ... ကောင်းတယ်။ ”

ဝူရှောင်က ရယ်မောလျက်၊ ဂရုဏာ ကင်မဲ့ခြင်းကို ဆက်၍ တီးခတ် လိုက်တော့ ၏။

ဤတစ်ကြိမ်တွင် လူသတ် လိုသော ရည်ရွယ်ချက်ကို အပြည့်အဝ ထည့်သွင်း ထား သဖြင့်၊ ကြက်သွေးရောင် မြူများ လေထဲ ရစ်သိုင်း လာသည်။

“ ဒင် ... ။ ”

ရှစ်ယောက် တိတိကို အသံ လှိုင်းဖြင့် ရိုက်ထုတ် ပစ် လိုက်သည်။ သည့်နောက် ကျွံဝင် လာသူ အချို့အား၊ လက်ဖဝါး တစ်ချက် ရိုက်ကာ ဖယ်ရှား ပစ်တော့၏။

“ ဘယ်သူ ရှိသေးလဲ ... ။ ”

ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားသည်။ မည်သူမျှ အသံ မထွက်ရဲ တော့ချေ။ ဝမ်ယွဲ့မှ ညာလက်သီးကို တင်းတင်း ဆုပ်လျက် ဒေါသများ ပြည့်နှက် လာ၏။

“ ယဲ့ချင်းရှန် ... ၊ မင်း တကယ် မလာ ဖူးလား။ ”

ဝမ်ယွဲ့ ညည်းတွား နေစဉ်၊ လူတိုင်းက ယဲ့ချင်းဟုန်၊ ပိုင်ယိဟွာနှင့် ကျန်းခွိုက် တို့ထံ မျှော်လင့်ချက် ကြီးစွာ လှည့်ကြည့် မိ၏။

၎င်းတို့ သုံးဦးသည် လက်ရှိ မျိုးဆက်သစ် လူငယ်များ ကြားတွင် အသန် မာဆုံး ဖြစ်ကြပြီး ဝူရှောင်အား သင်ခန်းစာ တစ်ခု သင်ကြား ပေးနိုင် မည်ဟု ယုံကြည်သည်။

သို့သော် ထို(၃)ယောက်မှာ၊ ဝူရှောင်နှင့် သဘောတူညီချက် ရယူ ထားခဲ့ သဖြင့်၊ သူတို့၏ အကြည့် များကို လျစ်လျူရှု ထားတော့၏။

“ ဘယ်သူက ဒီမှာ လာပြီး၊ သရုပ်ဆောင် နေတာလဲ၊ တစ်ယောက် ယောက် ... ဗျပ်စောင်း တီးနေတာ လား၊ အဟက် ... ငါ့ကို ဘာလို့ နားထောင်ခွင့် မပေး ရတာလဲ။ ”

ရုတ်တရက် ရယ်မော လိုသော မေးမြန်း သံနှင့် အတူ၊ နန်းတော် ခေါင်မိုး ပေါ်သို့၊ လူရိပ် တစ်ရိပ် ဆင်းသက် လာတော့သည်။

***

All Chapters