ငါ့ အလှည့် ရောက်ပြီ။
Vol. 142 Ch. 1981
ကောင်းကင် တာအို ဂိုဏ်းမှ လူတိုင်း အံကြိတ် နေကြစဉ်၊ မည်သူမျှ မမျှော်လင့်သော လူ တစ်ယောက် ရောက်ရှိ လာ၏။
၎င်းက လှောင်ပြောင် သရော် လိုသော အပြုံးကို ထုတ်ဖော်လျက် နန်းတော် ခေါင်မိုး ပေါ်တွင် ရပ်နေသည်။
“ ယဲ့ချင်းရှန် ... ၊ ဒီကောင် ဘယ်လို လွတ်လာ တာလဲ၊ သူ့ကို အကျဉ်းချ ထားတာ မဟုတ် ဖူးလား။ ”
ကောင်းကင် တာအို ဂိုဏ်းမှ တပည့်များ အံ့သြ သွားသည်။ ကျောက်စိမ်းဓား သူတော်စင် လက်ဖဝါးချက်ကြောင့် ဆွံ့အ သွားသည်ဟု၊ ကောလာ ဟလများ ထွက်ပေါ် လာခဲ့၏။
“ ငါ မမှားဖူး ဆိုတာ ... ငါ သိတယ်။ ”
ဝမ်ယွဲ့မှ စိတ်လှုပ်ရှား စွာဖြင့် ရေရွတ် လိုက်လေသည်။ ယဲ့ချင်းရှန်သည် အမှန်ပင် ရူးသွပ် နေသူ တစ်ယောက် ဖြစ်၏။
အများအမြင်၌ လူယုတ်မာ တစ်ယောက် ဖြစ်သော်လည်း ၎င်းရင်ဘတ်၌ ချစ်ခြင်း များဖြင့် ပြည့်နှက် နေသည်။
ယဲ့ချင်းရှန် ရောက်လာ သောကြောင့်၊ ပိုင်ရှုရင် မျက်နှာ ပြောင်းသွားသည်။ လွန်ခဲ့သော ရက် အနည်းငယ်က ဖြစ်ရပ်အား မေ့ပျောက်ရန် မနည်း ကြိုးစားခဲ့ ရ၏။
“ ကြည့်ရတာ ငါ့ကို ... ၊ ဘယ်သူမှ ကြိုဆိုချင်ကြ ပုံ မပေါ် ပါလား။ ”
“ ဝှစ် ... ။ ”
လင်းယွန်က ပြုံးလျက်၊ အိမ်ခေါင်မိုး ပေါ်မှ ခုန်ဆင်း လာသည်။ ပိုင်ယိဟွာ၊ ယဲ့ချင်းဟုန်နှင့် ကျန်းခွိုက် တို့က အလို မကျစွာ ကြည့်၏။
“ ယဲ့ချင်းရှန် ... တားမြစ် မြေကို ကျူးကျော်တဲ့ အတွက် ... ၊ မင်းကို နောင်တ ကမ်းပါးမှာ အပြစ်ပေး ထားတယ် မဟုတ်လား၊ ဘယ်လိုများ သတ္တိ ရှိလိုက်လဲ၊ စည်းမျဉ်း တွေကို လျစ်လျူရှု နေတာလား။”
ယဲ့ချင်းဟုန်မှ ဟောက် လိုက်သည်။ လင်းယွန်က ထိုင်ရန် နေရာ တစ်ခုကို ရှာနေ လျက်မှ ပြုံးကာ၊
“ တစ်ယောက် ယောက် ... ဗျပ်စောင်း ကစား နေတာကို ... ငါ ကြားလို့ ထွက်လာတာ၊ သန့်ရှင်းသော သမီးတော်လည်း ရှိနေ ပါလား၊ ဒါဆို မင်းက ဘယ်သူမို့၊ ...
... ငါ့ကို မေးခွန်း ထုတ်ရ တာလဲ၊ သန့်ရှင်းသော သမီးတော်ကို လျစ်လျူရှု နေတာလား။ ”
-ဟု ပြန်လည် မေးခွန်းထုတ် လိုက်၏။
ယဲ့ချင်းဟုန် တစ်ယောက် ချက်ချင်းပင် စကား မပြောနိုင် တော့ဘဲ၊ မျက်နှာ နီရဲလာ တော့ သည်။
အဘယ်ကြောင့် ဆိုသော် ယဲ့ချင်းရှန်နှင့် ငြင်းခုံတိုင်း၊ တစ်ကြိမ်မျှ သူ အနိုင် မရ ခဲ့သော ကြောင့် ဖြစ်၏။
“ သန့်ရှင်းသော သမီးတော် ... ၊ သူက ... ဒီပွဲကို တက်ဖို့ မထိုက်တန် ပါဘူး၊ ကျေးဇူးပြုပြီး သူ့ကို ပြန်ခိုင်းပါ။ ”
ယဲ့ချင်းရှန်မှ လက်သီး ဆုပ်လျက် တိုင်တမ်း တော့သည်။
“ မှန်တယ် ... ၊ သူ့လို အရှက်ကင်းမဲ့ လူ တစ်ယောက်က ဘယ်လိုလုပ်၊ ဒီပွဲနဲ့ ထိုက်တန် မှာလဲ။ ”
ပိုင်ယိဟွာ ကလည်း သဘောတူ၏။
“ ငါကို အပြစ်ရှိ တယ်လို့ ... ဘယ်သူ ပြောလဲ၊ ငါ့မှာ အပြစ် ရှိနေ ရင်တောင် မင်းတို့နဲ့ မဆိုင် ပါဘူး၊ ဒါက သန့်ရှင်းသော သမီးတော် ကိစ္စပဲ။ ”
လင်းယွန်နှင့် ပိုင်ယိဟွာတို့ စကားဝိုင်းကို နားထောင်လျက် ပိုင်ရှုရင် တစ်ယောက် ဒေါသ ထွက်လာ၏။ ဤမျှ အရှက် မရှိသော တစ်စုံ တစ်ယောက်အား မမြင် ဖူးချေ။
“ ဝူရှောင် ... မင်း လက်သံ မဆိုးဘူး၊ ဆက်ပါဦး ဘာလို့ ရပ်လိုက် တာလဲ၊ ငါ့အတွက် ... မလုံ လောက် သေးဘူး။ ”
လင်းယွန်က ဝူရှောင်ကို၊ တိုက်ရိုက် ပြောလိုက်သည်။ ဝူရှောင်က ပြုံးပြီး သူ့လက် နှစ်ဘက် လုံးကို ဗျပ်စောင်း ကြိုးပေါ် တင်၏။
စောစောက သူတီး ခဲ့သည့် သီချင်းသည် ကောင်းကင် တာအို ဂိုဏ်းမှ လူတိုင်းကို ချေမွ နိုင်ခဲ့သည်။
ယဲ့ချင်းရှန်သည် ထက်ရှသော ဓားသမား တစ်ယောက် ဖြစ်လျှင်ပင် နိဗ္ဗာန် သတ္တမမြောက် အသွင် ကူးပြောင်း မှုတွင် ရှိသော သူ့အား ရင်ဆိုင် နိုင်စရာ အကြောင်း မရှိချေ။
“ ကောင်းကင် တာအို ဂိုဏ်းကို မလာခင် တည်းက .. ၊ မင်းနာမည် ... ငါ ကြားဖူး ပါတယ်၊ ဒါပေမယ့် ရိုးရိုး သားသား ပြောရရင် ... မင်းက ငါ့ သီချင်းကို နားထောင်ဖို့၊ အရည် အချင်း မရှိ သေးဘူး။ ”
“ ဟုတ်လား ... ၊ ငါလည်း ရိုးရိုး သားသား ပြောပြစရာ တစ်ခု ရှိတယ်၊ ဂီတနဲ့ ပတ်သက်ပြီး ငါ့ မှာ ဗဟုသုတ တချို့ ရှိတယ်၊ မင်း ... မတီးသေး ဖူးလား။ ”
“ ဟား ဟား ဟား ... ၊ ယဲ့ချင်းရှန် ကိုယ့်ကိုကိုယ် အရှက်ခွဲချင် နေတာလား၊ မင်းက သခင်ငယ် ဝူရှောင်နဲ့ ဘယ်လိုလုပ် ယှဉ်နိုင် မှာလဲ၊ သခင်ငယ်က ဂီတ မျိုးနွယ်စုက ဆင်းသက်လာ သူပဲ။ ”
“ ကောင်းကင် တာအို ဂိုဏ်းကို အရှက် ရအောင် မလုပ်နဲ့ ... ၊ လူပြက်ကောင် နောင်တ ကမ်းပါးက မင်းကို ပြောင်းလဲ မပေးနိုင် တော့တဲ့ ပုံပဲ။ ”
ပိုင်ယိဟွာနှင့် ယဲ့ချင်းဟုန်မှ ဝင်ပြောသည်။ ဝူရှောင် ဘေးရှိ တပည့် တစ်ယောက် ကလည်း၊ ဝင်ရောက် လှောင်ပြောင် လာ၏။
“ ငါတို့ သခင်ငယ် အတွက် ဖိနပ် တိုက်ပေးဖို့တောင် ... မင်းက အဆင့် မမီသေး ပါဘူး၊ သခင်ငယ် ရှေ့မှာ ဂီတ အကြောင်း ပြောချင် နေတာလား၊ ဟာသ ပဲ။ ”
“ ကြည့်ရတာ ... ငါ့ကို အထင်သေး နေကျ ပုံပဲ။ ”
လင်းယွန်က ပြုံးကာ လူအုပ်ထံ လှည့်ကြည့်သည်။ တော်ဝင် သမီးတော် ခြံဝင်းမှ တပည့်မ များက ဂီတ တူရိယာများ ယူလာ ကြသည်ကို၊ သူ သတိ ပြုမိ၏။
“ ကျွန်တော့်ကို ... ဂီတ တူရိယာ တစ်ခုလောက် ဘယ် ... အစ်မကြီး ကများ ငှားချင်လဲ။ ”
“ ငါ ... ငှားမယ် ... ။ ”
“ ဂျူနီယာ မောင်လေး ယဲ့ ... ၊ ငါ့ဆီက ယူ။ ”
တော်ဝင် သမီးတော် ခြံဝင်း၏ တပည့်မ များစွာက လင်းယွန်အား သဘောကျ နေကြပြီး ဖြစ်ရာ၊ ၎င်းတို့၏ တူရိယာ များကို ချက်ချင်း ငှားလာ ကြသည်။
ထိုမြင်ကွင်းကြောင့် ကောင်းကင် တာအို ဂိုဏ်းမှ သူတော်စင် တပည့် အများအပြား ခမျာ၊ သဘာဝ အတိုင်း မနာလို ဖြစ်လာ တော့၏။
လင်းယွန်က ဗျပ်စောင်း တစ်လက်ကို လှမ်းယူကာ စစ်ဆေးလျက် သူ့ရှေ့ စားပွဲပေါ် တင် လိုက်၏။
“ ဘယ်လိုများ သတ္တိရှိ လိုက်လဲ ... ၊ ငါ့ သခင်ငယ် ရှေ့မှာ ... ဗျပ်စောင်း ကစားဖို့ မင်းကို ဘယ်သူ ခွင့်ပြု လို့လဲ။ ”
နိဗ္ဗာန်-ပဉ္စမ အသွင် ကူးပြောင်း ရေး၌ ရှိသော တပည့်ငယ် တစ်ဦးက ရှေ့လှမ်းတက် လာသည်။ သို့သော် လင်းယွန်မှ သူ့ထက် မြန်၏။
“ ဒင် ... ။ ”
ဂီတ မှတ်စုများ ပေါက်ကွဲ လာပြီး၊ ထိုလူငယ်အား အဝေးသို့ ရိုက်ထုတ် ပစ်လိုက် တော့သည်။
“ ဝေါ့ ... ။ ”
မြေပြင် ပေါ်သို့ ပြုတ်ကျ သွားစဉ် သွေးတစ်လုတ် အန်ထွက်လျက် ဒဏ်ရာ အပြင်း အထန် ရရှိ သွားချေပြီ။
ဤမြင်ကွင်းက လျင်မြန် လွန်းသဖြင့်၊ မည်သူမျှ အသေးစိတ် မမြင် လိုက်ရချေ။ သူတို့ အားလုံး မှင်တတ် ကုန်သည်။
“ ဆိုရိုး စကား တစ်ခွန်း ရှိတယ်၊ ခွေးရိုက် ချင်ရင် ခွေးပိုင်ရှင်ကို ကြည့်ရ မယ်လို့၊ ဒါပေမယ့် ခွေးက အရမ်း ဟောင်တဲ့ အခါ၊ ငါ သည်းမခံ နိုင်ခဲ့ဘူး၊ တောင်းပန် ပါတယ်၊ သခင်ငယ် ဝူရှောင်။ ”
“ အဆင်ပြေ ပါတယ်။ ”
ဝူရှောင်မှ အပြုံး မပျက် ထိန်းထားနိုင် သော်လည်း၊ လူသတ်ရန် ရည်ရွယ်ချက်အား ထုတ်ဖော် ပြသ လိုက်သည်။
“ ဟား ... ဟား ... ဟား ... ၊ သခင်ငယ် ဝူရှောင်က သဘောထား ကြီးမြတ် ပါပေတယ်၊ ကဲ ... စလိုက် ရအောင်။ ”
လင်းယွန် လက်က ဗျပ်စောင်း ကြိုးပေါ်၊ ကျရောက် လာသော အခါ၊ သူထံမှ ရောင်ဝါများ ပြောင်းလဲ သွား၏။
ဤအခိုက်တွင် သူ့ အသွင်သည် ဂီတ ကျွမ်းကျင် ပညာရှင် တစ်ပါး ကဲ့သို့၊ အမျိုးသမီး အများ အပြားကို ဆွဲဆောင် လေသည်။
အသွင် အပြင်မှာ ဝူရှောင် ထက်ပင် ကျက်သရေ ရှိနေ၏။ ထိုစဉ် ဗျပ်စောင်း သံက ရုတ်တရက် ထွက်ပေါ် လာသည်။
“ ဒင် ... ။ ”
ကြိုးတစ်ချောင်း တည်းသာ တီးခတ် လိုက်ပြီး၊ ပေါက်ကွဲ စေတတ်သော အသံကြောင့် လူတိုင်း သတိ ပြန်ဝင် လာ၏။
လင်းယွန်က မျက်လုံး မှိတ်ကျ လိုက်ပြီး၊ ခွန်လွန် စရောက် သည့် နေ့ထံ ပြန်ရောက် သွား ၏။ ဂီတသည် ဓားတစ်လက် ကဲ့သို့၊ ဝူရှောင်ထံ ပြေးဝင် သွားတော့သည်။
“ ဒင် ... ။ ”
လျှပ်စီး တိမ်လွှာဓား ဂိုဏ်း၌ သူသည် မျှော်လင့်ချက်များ ပြည့်နှက် နေခဲ့ပြီး၊ ဆရာ သခင်၏ သက်တမ်း အကြောင်း မသိချေ။
လပြည့် နေ့တွင် ပန်းသင်္ချိုင်း ဟူသော ကျက်သရေကို အပြည့်အ၀ ပြသကာ၊ ဂီတဖြင့် လူသတ်ပွဲ ဆင်နွှဲ ခဲ့သည်။
မျက်လုံး ပြန်ဖွင့် လိုက်သော အခါတွင် ပျင်းရိခြင်းများ ပျောက်ကွယ်လျက် ထက်ရှမှု အစားထိုး လာသည်။
“ သူတော်စင် အသံ ... ။ ”
လူတိုင်း အံ့ဩ သွားကုန်သည်။ ယဲ့ချင်းရှန် တစ်ယောက် သူတော်စင် အသံကို ဆုပ်ကိုင်နိုင် လိမ့် မည်ဟု၊ မည်သူမျှ မထင် ထားချေ။
ထိုအသံသည် ကျိုးရှထက် သာလွန်ကာ၊ ဝူရှောင် အဆင့်တွင် ရှိသည်။ ဝူရှောင်နှင့် ၎င်း၏ ဂီတ သံများ ရိုက်မိ သွားပြီး၊ ကောင်းကင်က ရုတ်တရက် မှောင်လာသည်။
လင်းယွန်၏ သီချင်းသည် ဝူရှောင်၏ အသံလှိုင်းကို ရပ်တန့် နိုင်ခဲ့၏။ ယင်းကြောင့် ဝူရှောင် ခမျာ မျက်မှောင်ကြုတ် သွားသည်။
“ သနား စရာ ... ကောင်းလိုက်တာ။ ”
ဝူရှောင်က ဒေါသဖြင့် ဟစ်အော် လိုက်ပြီး၊ မဟာ သူတော်စင် အသံသို့၊ တိုးမြှင့် လိုက်တော့ သည်။
“ ဖျစ် ဖျစ် ... ။ ”
လျှပ်စီးများ လင်းလက် လာကာ၊ လင်းယွန် ခေါင်းထက်၌ မိုးကြိုး တိမ်တိုက်များ တဟုန်ထိုး စုဖွဲ့ လာ၏။
ဤတိုက်ခိုက်မှုသည် ကျိုးရှအား အနိုင် ယူခဲ့သော ဖြစ်စဉ် ဖြစ်သောကြောင့်၊ လူတိုင်း၏ နှလုံးသားများ တဒိတ်ဒိတ် ခုန်လာသည်။
ယဲ့ချင်းရှန် အတွက် စိုးရိမ်၏။ သို့သော် ယဲ့ချင်းရှန်က မကြောက်ဘဲ၊ အရှိန်ကို မြှင့်ကာ အသံလှိုင်း များကို၊ ဓားကဲ့သို့ ပစ်လွှတ် နေ တော့သည်။
“ ဒင် ... ။ ”
ကြက်သွေးရောင် လျှပ်စီး များက အနည်းငယ် ရပ်တန့် သွားသော်လည်း၊ ဆက်၍ ဆင်းသက် လာပြန်၏။ သူ့အား ထိခါ နီးတွင် လင်းယွန်က ပြုံးလျက်၊
“ မဟာ သူတော်စင် အသံလား၊ ငါလည်း နည်းနည်း သိတယ်။ ”
-ဟု ပြောကြား လိုက်သည်။
စကားဆုံး ချိန်၌ ဗျပ်စောင်း သံနှင့် အတူ၊ မီးရှူး မီးပန်းများ ပွင့်ထွက် လာ သဖြင့်၊ လူတိုင်း မျက်နှာ ပြောင်းကုန်သည်။
“ မဟာ သူတော်စင် အသံ ... ။ ”
ယဲ့ချင်းရှန်သည် သူတော်စင် အသံကို ဆုပ်ကိုင် နိုင်သည် သာမက၊ မဟာ သူတော်စင် အဆင့် သို့ပင်၊ နားလည် နေ၏။
ဤအဆင့် ကျွမ်းကျင်သူအား၊ ဂီတ တာအို ထူးချွန်သူ အဖြစ် သတ်မှတ် နိုင်၏။ ပိုင်ရှုရင်ပင် အံ့သြ သွားသည်။ ထို့ကြောင့် သံသယ များဖြင့် ယဲ့ချင်းရှန်ထံ ပြန်ကြည့် မိသည်။
ယင်းသည် သူမ သိသော ယဲ့ချင်းရှန် မဟုတ်ချေ။ လင်းယွန် မှာမူ မဟာ သူတော်စင် အသံ ကိုသာ အာရုံစိုက် နေခဲ့သည်။ သူမ၏ အကြည့်အား သတိ မပြုမိ လိုက်ချေ။
ကြက်သွေးရောင် လျှပ်စီးများက လင်းယွန် ခေါင်းထက်တွင် စုပြုံ လာပြီး၊ ကြောက်မက်ဖွယ် ကောင်းသော ရေဝဲ တစ်ခု အဖြစ် တဖြည်းဖြည်း ပေါ်လာသည်။
သို့သော် လင်းယွန်က ဂရုမစိုက်ဘဲ၊ လုပ်ချင်ရာကို ဆက်လုပ် နေခဲ့သည်။ သူ့ဂီတ အောက်တွင် လေထုမှာ ကခုန် လာ၏။
ထို့ကြောင့် လျှပ်စီးများမှာ မတိုး နိုင်ခဲ့ချေ။ တစ်ဖက်လူတွင် ချို့ယွင်းချက် တစ်စုံ တစ်ရာကို ရှာမတွေ့ သဖြင့်၊ ဝူရှောင်မှ အံ့ဩ လာ၏။
၎င်း၏ ဂီတ လက်သံသည် ဂီတ မိသားစု ဆယ်ပါး အဆင့် ဝင်ပေသည်။ သခင်ငယ်များ အတွင်း ထိပ်ဆုံး ၌ပင် ရပ်တည် နိုင်၏။
“ ဟား ဟား ဟား ... ။ ”
လင်းယွန်က ရယ်မော တော့သည်။ စိတ်စွမ်းအင် မြင့်တက် လာပြီး၊ ဝူရှောင် ခမျာ သူ့ကို ဒုက္ခ မပေး နိုင်တော့ချေ။
ကြက်သွေးရောင် လျှပ်စီး ရေဝဲသည် ဖြည်းညှင်းစွာ ပျော်ဝင် ပျောက်ကွယ် လာနေ ခဲ့သည်။
“ လေပြင်းနဲ့ တိမ်တိုက်တွေ ... ။ ”
လင်းယွန် သီချင်း သံက ရုတ်တရက် ကျယ်လောင် လာသည်။ သူ စုစည်း ထားသော ရောင်ဝါသည် ကောင်းကင်သို့ တက်သွားပြီး၊ ဓားတစ်လက် အလား၊ မိုးကြိုး တိမ်တိုက် များကို ပိုင်းဖြတ် တော့၏။
“ ဒင် ... ။ ”
တိမ်တိုက်များ ကြားမှ နေရောင်ခြည်များ ဖြာကျ လာသည်။ ဆံပင်နှင့် အဝတ် အစားက လေနှင့် အတူ လွင့်ပျံ လာခဲ့၏။
“ ဝူရှောင် ... မင်းက သိပ်လည်း အထင်ကြီးစရာ မရှိ ပါလား၊ အခု ငါ့ အလှည့် ရောက်ပြီ ထင်တယ်။ ”
***