← Chapters

ငါလည်း နည်းနည်း သိတယ်။

Vol. 142 Ch. 1982

ငါလည်း နည်းနည်း သိတယ်။

Vol. 142 Ch. 1982

လင်းယွန် ဂီတက၊ ဝူရှောင် ဖန်တီး ထားသော လျှပ်စီး ဖြစ်စဉ်အား ဖျက်ဆီး လိုက် လေသည်။

“ ..... ။ ”

မျက်စိ တစ်မှိတ် အတွင်း လွင်ပြင် များကို ဖြတ်၍ ပြေးလွှား နေသော စစ်တပ် တစ်ခုကဲ့သို့ ပြောင်းလဲ လာ၏။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

၎င်းသည် နတ်တာအို ခန်းမ၏ တပည့်များ မျက်နှာများကို ပြောင်းလဲ စေပြီး ခြေလှမ်းပေါင်း များစွာ နောက်ပြန် ဆုတ်သွား စေသည်။

“ ဘာလဲ ဟ ... ။ ”

ဝူရှောင်ပင် ထိတ်လန့် သွားခဲ့၏။ အော်ဟစ်လု နီးပါး ပေပင်။ သို့သော် သူသည် ဂီတ မိသားစုမှ ဆင်းသက် လာပြီး၊ လျှို့ဝှက် လက်ဟန် များကို တတ်ကျွမ်း ထား၏။

“ ဒင် ... ။ ”

အသက် တစ်ရှိုက်စာ အတွင်း၊ ထူခြားသော တီးခတ်နည်းကို အသုံးပြုကာ မှတ်စု ရာဂဏန်း ခန့် ပစ်လွှတ် တုန့်ပြန် လိုက်သည်။

“ အကြင်နာ ကင်းမဲ့သူ။ ”

-ဟု ဟောက်လျက်၊ လေထဲ လွင့်ပျံ နေခံသော သူ့ဆံပင် များတွင် ကြက်သွေးရောင် အဆင်းများ ဖုံးအုပ် လာတော့၏။

“ ဝုန်း ... ။ ”

ဖြစ်စဉ် နှစ်ခု တိုက်မိ သွားသော အခါ၊ ကြောက်မက်ဖွယ် ကောင်းသော ပေါက်ကွဲမှု လှိုင်းလုံးများ ပျံ့ကား သွား၏။

လူများစွာက လှည့်ကာ ထွက်ပြေး တိမ်းရှောင် လိုက်ရသည်။

“ ဂီတ ပညာရှင် တွေရဲ့ တိုက်ပွဲက ကြောက်စရာ ကောင်းပါလား။ ”

“ ဝူရှောင်က ဒါကို တားဆီး နိုင်ပါလား၊ ကြည့်ရတာ ဂီတ သမား တွေကို လျှော့တွက်လို့ မရဘူး။ ”

လူတိုင်း အံ့သြ သွားပြီး ယဲ့ချင်းရှန် အပေါ်၊ လေးစား သွားကြသည်။ အထူး သဖြင့် ဝူရှောင် ထက် မနိမ့်ကျသော လက်ရည်မျိုး ပေပင်။

“ ဝုန်း ... ။ ”

ဖြစ်စဉ် နှစ်ခု ထပ်မံ တိုက်မိသော အခါ၊ ရေဝဲများ ဖြစ်ပေါ် လာပြီး၊ ပတ်ဝန်းကျင်ရှိ စားပွဲ များကို စုပ်ယူ ဖျက်ဆီး တော့၏။

ဤမြင်ကွင်းကြောင့် နတ်တာအို ခန်းမမှ တပည့် များကို ဆုတ်ခွာ သွားစေသည်။ ခဏ အကြာတွင် ဖြစ်စဉ်များ ပျောက်ကွယ် သွားပြီး၊ ဖြူဖျော့ နေသော အသွင်ဖြင့်၊ ဝူရှောင် ပြန်ပေါ် လာ၏။

ဆံပင်များ ရှုပ်ပွလျက်၊ ဗျပ်စောင်းကြိုး အားလုံး ပြတ်တောက် နေသည်။ ကြည့်နေစဉ် မှာပင်၊ ၎င်း၏ ဗျပ်စောင်း သည်လည်း ပေါက်ကွဲ သွားတော့၏။

“ သူ ရှုံးပြီ ... ။ ”

ထိုမြင်ကွင်းကြောင့် လူတိုင်း ပါးစပ် ဟောင်းလောင်း ပွင့်ကုန်သည်။ ယဲ့ချင်းရှန်မှ အမှန် တကယ် အနိုင်ရ သွားချေ၏။

လင်းယွန်က မထီမဲ့မြင် ပြုံးလျက်၊ ကြည့်နေသည်။ ထိုအပြုံးဖြင့် လူများစွာကို စိတ်ဒုက္ခ ပေးစွမ်း ချေသည်။

ယင်းသည် လူယုတ်မာ ဟူသော ဘွဲ့နှင့် ထိုက်တန်သည့်၊ ၎င်း၏ အမှတ် သင်္ကေတ ဖြစ် လေသည်။

သို့သော် ဤတစ်ကြိမ်တွင် တုနှိုင်းမဲ့ သင်္ကေတ အဖြစ် များစွာ ကြည့်ကောင်း နေ ခဲ့သည်။

“ ဒါက ဂီတ မိသားစု တစ်ခုရဲ့ ... ၊ အကောင်းဆုံး ပဲလား၊ မင်းလို လူ တစ်ယောက် က ... ၊ ငါတို့ရဲ့ သန့်ရှင်းသော သမီးတော် အတွက်၊ ကစား ပြချင် သလား၊ ဟမ့် ... ။ ”

“ ဝူရှောင်က နည်းနည်း အားနည်း နေပုံရတယ်၊ နောက်ဆုံးတော့ ... ငါတို့ရဲ့ အစ်ကို ယဲ့ကမှ ဂီတ အကြောင်း နည်းနည်း ပါးပါး သိနေ သေးတယ်၊ ဟား ဟား ဟား။ ”

“ ဟား ဟား ဟား ... ကောင်းကင် တာအို ဂိုဏ်းမှာ ရိုင်းပျ ချင်နေတယ်၊ အစ်ကိုယဲ့ ဆီမှာ ရှုံနိမ့်ကြောင်း မြန်မြန် ဝန်ခံစမ်း။ ”

ကောင်းကင် တာအို ဂိုဏ်း၏ သူတော်စင် တပည့်များက ရယ်မော လိုက်ကြသည်။ သူတို့ အားလုံးသည် အားနည်း သူများ မဟုတ်ချေ။

မာနကြီး သူများ ဖြစ်ချေ၏။ အစောပိုင်း ဝူရှောင်၏ ပြသမှုသည် သူတို့အား အသက်ရှူ ကျပ် သွားစေ ခဲ့သည်။

၎င်း၏ ရိုင်းစိုင်း မောက်မာသော စကားများကို ဒေါသထွက် ခဲ့ကြ၏။ ထို့ကြောင့် အခွင့်အရေး ရသော အခါ၊ ချက်ချင်း လှောင် ပြောင်ရန် မမေ့ ကြချေ။

“ အဲဟူ ... ။ ”

ဝူရှောင်၏ မျက်နှာ အသွင်မှာ၊ အေးစက် သွားပြီး၊ ထုတ်ပြော လိုက်သည်။ လေထဲ အဲဟူ တစ်လက် ထွက်ပေါ် လာ၏။

ယင်းကို လက်လှိုင်းဖြင့် ဆွဲယူကာ၊

“ ..... ။ ”

-ဘိုးတံအား စတင်ထိုး လိုက်သည်နှင့်၊ ဝမ်းနည်းဖွယ် ကောင်းသော ဂီတသံများ ပျံ့နှံ့ လာ တော့သည်။

“ နွေဦး၌ လရောင် အလင်းပြန်ခြင်း။ ”

ဤသည်မှာ နိဗ္ဗာန် ပွဲတွင် ပန်းသင်္ချိုင်း တီးခတ်ခဲ့သော သီချင်း ဖြစ်သဖြင့်၊ ပိုင်ရှုရင် မျက်နှာ ပြောင်းသွား ခဲ့၏။

“ ဒါက နိဗ္ဗာန် ပွဲမှာ ... ၊ ပန်းသင်္ချိုင်း တီးမှုတ်ခဲ့တဲ့ ... သီချင်း မဟုတ်လား။ ”

“ ပြီးသွားပြီ ... ၊ ဒီကောင် ဝူရှောင်က ဒါကို ဝှက်ဖဲ အဖြစ် ... သုံးလိမ့် မယ်လို့၊ မထင် ထားမိ ဘူး။ ”

လူတိုင်း မျက်နှာများ ညှိုးငယ် သွား၏။ အဲဟူသည် ခွန်လွန်၌ ရှေးကျသော တူရိယာ တစ်မျိုး ဖြစ်သည်။

ပျောက်ဆုံး နေသည်မှာ ကြာပြီ ဖြစ်၏။ သို့သော် နိဗ္ဗာန် ပွဲ၌၊ ပန်းသင်္ချိုင်း နှင့်အတူ ပြန် ပေါ်လာ ခဲ့သည်။

ဂီတ မျိုးနွယ်စု များမှ အဲဟူနှင့် တီးခတ် ရသော သီချင်း များကို ပြန်လည် ရှာဖွေ ခဲ့သော် ငြာလည်း၊ အပိုင်း အစ မျှသာ တွေ့ရှိ ၏။

“ခရစ် ... ။ ”

ထို့ကြောင့် အဲဟူကို ဝူရှောင် တီးခတ် လိုက်သော အခါ၊ လင်းယွန် ဖြစ်စဉ်များ ကွဲအက် လျက်၊ ဖရိုဖရဲ ဖြစ်ကုန် လေသည်။

“ ဟမ့် ... ။ ”

ဝူရှောင်က နှာခေါင်း ရှုံ့သည်။ နွေဦး၌ လရောင် အလင်း ပြန်ခြင်းကို ကြိုးကြိုး စားစား လေ့ကျင့် ထားသည်။ ဤသည်မှာ သူ့ ဝှက်ဖဲ ဖြစ်၏။

“ ..... ။ ”

လင်းယွန်က အဲဟူ အသံကို တစ်ချက် နားထောင် ကြည့်သည်။ ဧကရာဇ် အသံ ဖန်တီး နိုင်သော ပညာ ရှင်မှ၊ ရှေးဟောင်း မှတ်တမ်း အချို့ကို ကောက်နုတ်ကာ၊ ဖွဲ့စည်း ပေးထားပုံ ရ၏။

ထို့ကြောင့် ဝူရှောင် သီချင်းသည် သူ့ထက် သာလွန်ခြင်း မရှိချေေ။ အချို့သော နုတ်များတွင်၊ အားကောင်း သော်လည်း၊ အသံ စီးဆင်းမှု တစ်ဆို့ နေ တတ်သည်။

သို့သော် ဝူရှောင်၏ အဲဟူသည် မရိုး ရှင်းကြောင်း ပြောနိုင်၏။ ကောင်းကင် ရနံ့ သင်းသင်းတွင် သူ သုံးခဲ့သော အဲဟူအား ယှဉ်နိုင် ပေသည်။

“ မင်း ... ငါ့ကို ပြိုင်ချင်လား။ ”

ဝူရှောင်မှ လှောင်ပြုံးဖြင့်၊ အဲဟူကို ကစား နေသည်။ သူ့ဂီတ မှတ်စု များက နဂါး အမြီးကြီး ကဲ့သို့၊ လင်းယွန်ကို ရိုက်ရန် ကြိုးစား၏။

ဝမ်းနည်းမှုက လင်းယွန်၏ စိတ်ဝိညာဉ် အတွင်း ဝင်ရောက် လာပြီး၊ ခံစားချက် များကို ချက်ချင်း နှောက်ယှက် လာတော့သည်။

“ ဟိတ် ... ။ ”

လှုပ်ရှားမှုများ တောင့်တင်း လာပြီး၊ အဆုံးတွင်၊ ထိုဧရိယာမှ လွတ်မြောက်ရန် လေထဲ ခုန်တက် လိုက်ရသည်။

“ ဝုန်း ... ။ ”

မမြင်ရသော နဂါး အမြီးက၊ သူ ထိုင်နေခဲ့သော ကြမ်းပြင်သို့ ကျရောက် သွားပြီး၊ အက်ကွဲ ကြောင်းများ ထွက်ပေါ် လာစေ၏။

တစ်ချိန်တည်း မှာပင် ထိုမမြင် ရသော အသံလှိုင်းက လင်းယွန်နောက် ဆက်လက် လိုက်ပါ သွားသည်။

“ ဝှစ် ... ။ ”

“ ဝုန်း ... ။ ”

လေထဲ ၌ပင်၊ တိမ်းရှောင် ပစ်လိုက် သော်လည်း၊ အချိန် မမီ ခဲ့ချေ။ အသံလှိုင်း အချို့ ထိမှန် ကုန်သည်။

“ ကောင်းလိုက်တာ ... ၊ သခင်ငယ် ဝူရှောင်က ... မျှော်လင့် ထားသလို ပါပဲ၊ ဒီလူကို သင်ခန်းစာ ပေးပါ။ ”

ယဲ့ချင်းဟုန်မှ အော်ဟစ် လိုက်သည်။ ကောင်းကင် တာအို ဂိုဏ်း၏ တပည့် များက ဒေါသဖြင့် သူ့အား လှမ်းကြည့်၏။

တော်ဝင် သမီးတော် ခြံဝင်းမှ တပည့်မ များပင်၊ ဒေါသ ထွက်ကုန် ကြသည်။

“ ဟား ဟား ဟား ... ။ ”

ယဲ့ချင်းဟုန်က အထိန်း အကွပ် မဲ့စွာ ရယ်တော့သည်။ ပိုင်ယိဟွာနှင့် အကြည့်ချင်း ဖလှယ်လျက်၊ လူတိုင်း၏ အကြည့်ကို လျစ်လျူရှု လိုက်သည်။

“ ဒါက ငါတို့ သခင်ငယ်နဲ့ ဂီတမှာ ယှဉ်ပြိုင် ချင်တဲ့ ရလဒ်ပဲ။ ”

လေထဲ ကို့ရို့ ကားယား ပြေးလွှား နေသော လင်းယွန်အား ကြည့်ကာ၊ နတ်တာအို ခန်းမ၏ တပည့်များက ကြုံးဝါး လိုက်သည်။

ယင်းကြောင့် ဝမ်ယွဲ့နှင့် အခြား သူများမှာ၊ အံကြိတ်လျက် လင်းယွန်ထံ စိုးရိမ်စွာ ကြည့်နေ မိ၏။

“ ဝှစ် ... ။ ”

“ ဝုန်း ... ။ ”

ရုတ်တရက် လင်းယွန်က လေဟာနယ်ထဲ လက်သီးဖြင့် ထိုးချ လိုက်သည်။ မမြင် နိုင်သော နဂါး အမြီးကို ထိုးမိ သွားကာ၊ ပေါက်ကွဲသံ တစ်ခု ထွက်ပေါ် လာ၏။

သူ့နှုတ်ခမ်းမှ သွေးများကို သုတ်လိုက်ပြီး ထိတ်လန့်ခြင်း မရှိဘဲ ပြုံးသည်။ ဤလက်သီးကို ရည်ရွယ်ချက် ရှိရှိ ထုတ်ခဲ့ခြင်း ဖြစ်၏။

“ နောက်ဆုံးတော့ ... ငါ့အသိ ပြန်ရ လာပြီ၊ အလွမ်းက ငါ့ကို ဖမ်းစားပြီး၊ ဂီတထဲ နစ်မျော သွား စေတာပဲ။ ”

ဝမ်းနည်းခြင်းမှ ရုန်းထွက် နိုင်ရန် လက်သီးဖြင့် နဂါး အမြီးထံ ထိုးပြီး သူ့ကိုယ်သူ အနာခံ လိုက်ခြင်း ဖြစ်သည်။ ဝူရှောင်အား အထင်သေး မိပေ၏။ ၎င်း၌ အရည်အချင်း ရှိချေပြီ။

“ ယဲ့ချင်းရှန် .. မင်း ငါ့အနား ခြေလှမ်း ဆယ်လှမ်း အတွင်း ... လှမ်းဝင် လာနိုင်ရင်၊ မင်း အနိုင်လို့ သတ်မှတ် ပေးမယ်။ ”

ဝူရှောင်က ယုံကြည်မှု ပြန်ရ လာပြီး ကြေငြာလိုက် တော့သည်။

“ ဟား ဟား ဟား ... ။ ”

လင်းယွန်က မရယ်ဘဲ မနေနိုင် တော့ချေ။ ဤဝူရှောင်သည် သူ့ပြိုင်ဘက် မည်သူ ဖြစ်သည် ကို သိပါက၊ ထိုစကား ပြောဦး မည်လား သိချင် လာခဲ့သည်။

ထို့ကြောင့် ဝင်လာသော အဲဟူ အသံလှိုင်း များကို ရှောင်တိမ်းပြီး၊

“ တကယ်တော့ ... ငါလည်း အဲဟူကို နည်းနည်း ကစားတတ် ပါတယ်၊ ဘယ်သိုင်း ညီအစ်မ ကများ ... ငါ့ကို အဲဟူ တစ်လက် လောက် ငှားချင်ပါ သလဲ။ ”

-ဟု လှည့်ကာ မေးမြန်း လိုက်သည်။

သူ့ပြုံးသည် ယခု အချိန်၌ မင်းသားလေး ဖြစ်နေ သဖြင့်၊ အကြည့်ခံ ရသော တပည့်မများ ခမျာ ‘ရင် တဒိတ်ဒိတ်၊’ ခုန်လာ တော့သည်။

***

All Chapters