← Chapters

အတူတူ ကကြစို့ ... ။

Vol. 142 Ch. 1983

အတူတူ ကကြစို့ ... ။

Vol. 142 Ch. 1983

“ နင့်မှာ ... အဲဟူ ရှိလား။ ”

“ ငါ့မှာ မရှိဘူး ... ၊ ဒါက သင်ပေးမဲ့ သူ ... မရှိရင် ကစားရ ခက်တယ်။ ”

“ ငါ့မှာလည်း မရှိဘူး။ ”

“ ဂျူနီယာ မောင်လေး ယဲ့က ... အဲဟူ လိုနေပြီ၊ လုပ်ပါဦး တစ်ခုခု။ ”

အမျိုးသမီး တပည့် များက လေထဲတွင် ပတ်ပြေးနေ ရသော လင်းယွန်ကို ကြည့်ကာ၊ စိုးရိမ် ကုန်သည်။

ယဲ့ချင်းရှန်သာ ဒဏ်ရာ ရရှိခဲ့ ပါက၊ သူတို့အပြစ် မကင်းချေ။ သို့သော် အဲဟူ ကစား နည်းကို လူတိုင်း နားလည် နိုင်သည် မဟုတ် သဖြင့်၊ ဂီတ မိသားစု ဝင်များ သာလျှင် ကစားနိုင်မည်။

ထို့ကြောင့် သူတို့၌ မရှိခြင်း ဖြစ်သည်။

“ ဘယ်​သူ မှာမှ ... မရှိ ဖူးလား။ ”

လင်းယွန် တစ်ယောက် ဟန်ပါပါ လေထဲ ဆန့်ထုတ် ထားသော လက်ကို ပြန်သိမ်းလျက် ရှက်ရွံ့စွာ ပြုံးမိသည်။

“ ဝှစ် ... ။ ”

တစ်ဆက်တည်း မှာပင်၊ ဝင်လာသော အသံလှိုင်းကို၊ အလျင် အမြန် ခေါင်းငုံ့ပြီး ကပ်သီ လေး ရှောင်လိုက် ရသည်။

ခေါင်းငုံ့ လိုက်သော အခါတွင် ဝူရှောင် ဖန်တီး ထားသော ရေကန် ထဲမှ လမင်း ကြီးက ပျံတက် လာသည်ကို မြင်လိုက် ရ၏။

“ အဲဟူ ကစားနည်း ... မင်း သိတယ်လား၊ ဟား ဟား ဟား ... ။ ”

နတ်တာအို ခန်းမ၏ တပည့် တစ်ဦးက လှောင်ပြောင် ရယ်မော၏။ ယဲ့ချင်းရှန် စကားကို သဘာဝ အတိုင်း သူ မယုံချေ။

“ ယဲ့ချင်းရှန် ဟန်ဆောင်ဖို့ ကြိုးစား နေတာကို ရပ်လိုက်ပြီး အရှုံးပေး လိုက်စမ်း၊ ဟား ဟား ဟား ... ။ ”

ဝူရှောင်က ရယ်လျက် ဂီတကို အရှိန် မြှင့်လိုက်သည်။ ထိုအချိန်တွင် လင်းယွန် ဆီသို့ အရာ ဝတ္ထု တစ်ခု ရုတ်ချည်း ပျံသန်း လာ၏။

“ ဖပ် ... ။ ”

လင်းယွန် ဖမ်းယူလျက်၊ လှည့်ကြည့် လိုက်သော အခါ ပိုင်ရှုရင် လက်ပြန် သိမ်းသွား သည်ကို မြင်လိုက် ရသည်။

“ သုံး ... ”

အေးစက်သော လေသံကြောင့်၊ အံ့အားသင့် သွား သော်လည်း၊ အချိန် မဆွဲ နိုင်ချေ။ အဲဟူကို ကိုင်လျက်၊

“ ငှားတဲ့ အတွက်၊ ကျေးဇူး တင်ပါတယ်။ ”

-ဟု အမြန်ပြော လိုက်ရသည်။

ထိုမြင်ကွင်းက သခင်ငယ် ဝူရှောင်အား ရူးသွပ်သွား စေ၏။

“ မင်းက ငါ့ရှေ့မှာ ... အဲဟူ ကစား ချင်တာလား၊ ထွက်သွား စမ်း ... ။ ”

လမင်းသည် ကမ္ဘာကြီးကို ဖျက်ဆီး ပစ်လိုသော ဆန္ဒဖြင့်၊ ဝမ်းနည်းခြင်းနှင့် ဒေါသ တရားကို၊ ထုတ်လွှတ် လာသည်။

အဲဟူသည် ထိုမျှ အစွမ်းထက် သည်ကို မမြင်ဖူးသော ကောင်းကင် တာအို ဂိုဏ်း၏ တပည့် များမှာ၊ ထိတ်လန့် ကုန်၏။

ဝေးဝေး မှပင် ညည်းတွားသံ ပြုလျက်၊ ဝမ်းနည်း ကြေကွဲ လာပြီး၊ မျက်ရည်များ စီးကျ ကုန်တော့သည်။

“ သူ ဘယ်လို လုပ်လိုက် တာလဲ။ ”

ဝမ်ယွဲ့က ပါးပြင်မှ မျက်ရည် များကို လက်ညှိုးဖြင့် ထိကြည့်ကာ အံ့ဩ သွားသည်။ သူ့ဘဝတွင် ဂီတ သမား များနှင့် ဆက်ဆံ ဖူးချေ၏။

သို့သော် ဤမျှ ဝမ်းနည်းဖွယ် ကောင်းသော ခံစားချက်မျိုး မခံစား ဖူးချေ။ အံ့ဩဖွယ် ဖြစ်ချေ သည်။

မြေပြင်မှ ခုန်တက် လာသော လကို ကြည့်ပြီး၊ ၎င်းအား ဟန့်တား နိုင်ခြင်း ရှိ-မရှိ၊ လူတိုင်း စိုးရိမ် ကုန်သည်။

လင်းယွန် မှာမူ၊ မကြောက်ဘဲ ရယ်ချင် နေခဲ့၏။

“ ငါက အဲဟူ ကစားဖို့ ... ၊ မထိုက်တန် ဖူးလား၊ ဒါဆို မင်းရော ... ၊ ထိုက်တန်တယ် ထင် နေလား။ ”

လင်းယွန်က သူ့အပေါ်ကို ကျရောက် တော့မည့် လရောင်ထံ မော့ကြည့်ကာ၊ ဘိုးတံ အား ခပ်ကြမ်းကြမ်း ဆွဲယူ လိုက်၏။

“ ..... ။ ”

ဝူရှောင်၏ ဝမ်းနည်း ကြေကွဲဖွယ် ကောင်းသော တေးသွားကို၊ ရွှင်မြူးဖွယ် တေး သွားဖြင့်၊ တုန့်ပြန် လိုက်ခြင်း ပေပင်။

ဤသည်မှာ သူ ကစား ခဲ့သော ဒုတိယမြောက် အဲဟူ သီချင်း ဖြစ်သည်။ ပြိုင်မြင်းများ ဖြစ်၏။

“ ...... ။ ”

ပြိုင်မြင်းများမှ ခွာသံက ဝမ်းနည်းဖွယ် အသံကို၊ လျင်မြန်စွာ ဖုံးလွှမ်း ပစ်လိုက် တော့ သည်။

ထို့ကြောင့် အဖျက် စွမ်းအား ပျောက်ကွယ် သွားပြီး၊ လရောင်ခြည်က လေပြေများ အလား၊ သူ့အပေါ် ဖြတ်တိုက် သွား၏။

လင်းယွန် ဆံပင်များ လေထဲ တဖျပ်ဖျပ် လွင့်ပျံကုန်သည်။ အစောပိုင်း မျက်ရည် စီးကျ နေသော လူအုပ်ကြီးမှာ၊ ရုတ်တရတ် ပြုံးလာ ကုန်၏။

သူတို့ နှလုံးသား ထဲတွင် ဝမ်းနည်းမှုများ ပျောက်ကွယ် ကုန်ပြီး၊ မယုံနိုင် လောက်အောင် ပြုံးရွှင် လာတော့သည်။

“ မင်း တကယ် ကစားတတ် တာပဲ။ ”

မျက်စိရှေ့မှ မြင်ကွင်းကြောင့်၊ ဝူရှောင် မာနများ ပြိုကျလျက်၊ မျက်လုံးပြူး သွားခဲ့လေ သည်။

“ နည်းနည်းပါ ... ။ ”

လင်းယွန်က ပြုံးလျက်၊ သူ့ အရှိန်ကို မြှင့်တင် ပြန်သည်။ ပို၍ ရွှင်မြူးသော ဂီတသံ ကြောင့်၊ ရယ်မော လာကြ၏။

“ ဟား ဟား ဟား ... ။ ”

မြက်ခင်းပြင်၌ မြင်းများ ပြေးလွှား နေ သည်ကို လူတိုင်း ကြားလာ ရသည်။ ထိုခံစား ချက်က သူတို့အား မြူးကြွ စေ၏။

ဝူရှောင် ခမျာ ထိတ်လန့် လာပြီး၊ နွေဦး၌ လရောင် အလင်း ပြန်ခြင်းကို၊ ထပ်မံ ဖန်တီးရန် ကြိုးစား တော့သည်။

သို့သော် သူ မျှော်လင့်ထား သလို ဖြစ်မလာ တော့ချေ။ လင်းယွန်၏ တေးသွားသည် ရွှင်မြူး မြိုင်ဆိုင် နေခဲ့၏။

“ ...... ။ ”

တစ်ဖက်တွင် ဝူရှောင် ခမျာ လက်ထဲမှှ ဘိုးတံကို လွှဲရန် လေးလံ လာသည်။ မျက်နှာ နီရဲလျက်၊ သူပင် ပြုံးချင် လာ၏။

ထို့ကြောင့် လင်းယွန်ထံ မော့ကြည့် လိုက်မိသည်။

“ ဟား ဟား ဟား ... ။ ”

လွမ်းစရာ ဟူသည် အစစ်အမှန် မဟုတ် တော့ချေ။ ပတ်ဝန်းကျင်ရှိ လူတိုင်း ရယ်မော နေ ကြပြီး၊ ငိုရန် ကြိုးစား နေခဲ့ သည်မှာ၊ သူ တစ်ယောက် တည်း ဖြစ်သည်။

“ ဝေါ့ ... ။ ”

ခဏ အကြာတွင် အသံ လှိုင်းကြောင့် သွေးများ အန်လိုက် ရသည်။ လက်ထဲရှိ အဲဟူ သည်လည်း လွတ်ကျ သွား၏။

ထိုမြင်ကွင်းက လင်းယွန်အား ပြုံးမိ စေသည်။ သူ၏ မူပိုင် လူယုတ်မာ အပြုံးအား ထုတ် ဖော်ကာ၊

“ ငါ့ အနား ... ၊ ခြေလှမ်း ဆယ်လှမ်း ကပ်လာ နိုင်ရင်၊ မင်း ... အနိုင်ရ တယ်လို့ မှတ်ယူပါ။ ”

-ဟု လှမ်းပြော လိုက်သည်။

“ မင်း ... ။ ”

ဝူရှောင်မှ တူရိယာ ကို ပစ်ချကာ၊ လင်းယွန်ထံ ဒေါသတကြီး ပြေးဝင် လာတော့ ၏။

“ ဟား ဟား ဟား ... ၊ ကောင်းတယ်။ ”

သူ့အကြံအစည် အတိုင်း ဖြစ်လာ သဖြင့်၊ လင်းယွန်မှ ရယ်သည်။ သူနှင့် (၁၀) လှမ်းခန့် အကွာ၌ မမြင်နိုင်သော၊ အသံ အတား အဆီး တစ်ခု ရှိ၏။

ဤအရာကို မြင်သဖြင့်၊ ဝူရှောင် ခမျာ တိုက်မိလျက်၊ မြေပြင် ပေါ်သို့ ပြုတ်ကျ သွား လေသည်။

သို့မှသာ ဝူရှောင် သတိဝင် လာ၏။ မျက်နှာ ပြောင်းသွား၊ ယဲ့ချင်းရှန် တစ်ယောက် မည်သည့် အရာများ လုပ်ချင် နေသည်ကို၊ သူ ချက်ခြင်း နားလည် သွားမိသည်။

ကောင်းကင် တာအို ဂိုဏ်းမှ တပည့် များကို အရှက်ခွဲ ခဲ့ သကဲ့သို့၊ သူ့အား ပြန်လည် ပေးဆပ် စေလိုခြင်း ပေပင်။

ထိုအတွေးဖြင့် မော့ကြည့် မိသော အခါ၊ လင်းယွန်၏ ယုတ်မာသော အပြုံးကို မြင်လိုက် ရပြန်သည်။

“ သီချင်းကောင်း တစ်ပုဒ် ဆိုတာ ... ၊ သဘာဝ အတိုင်း ... ဖျော်ဖြေဖို့ လူတစ်ယောက် လိုတယ်၊ ဟား ဟား ဟား .. သခင်ငယ် ဝူရှောင် မင်းဘာလို့ ... ငါ့ဆန္ဒကို မဖြည့်ဆည်း ပေးရ တာလဲ။။ ”

လင်းယွန်မှ ရယ်မောလျက်၊ ဘိုးတံအား ခပ်သွက်သွက် ထိုးလိုက်သည်။ သီချင်း သံမှာ ပို၍ ရွှင်မြူး လာပြီး၊ ဝူရှောင်အား သိုင်းခြုံ သွားတော့၏။

ဤအရာက ဝူရှောင်အား စိတ်ဝိညာဉ် ထိန်းချုပ်မှု ဆုံးရှုံးသွား စေသည်။ ချက်ချင်း ယိမ်းနွဲ့ ကခုန် လာတော့၏။

“ ..... ။ ”

“ ဟား ဟား ဟား ... ။ ”

အားလုံးက ရုတ်တရက် ပြောင်းလဲ သွားသော ဝူရှောင်၏ အသွင်ကြောင့်၊ မျက်လုံး ပြူးကုန် ကြသည်။ ရယ်မော သံမှာ မဆုံး တော့ချေ။

“ စီနီယာ အစ်ကို ... ။ ”

နတ်တာအို ခန်းမ၏ တပည့် များက ရှက်စိတ်ဖြင့် အော်ဟစ် သတိပေး လိုက်ကြ သည်။ သို့သော် ဝူရှောင်က မျက်ရည်များ စီးကျလျက် ကခုန် နေဆဲ ဖြစ်၏။

ထိုအသွင်က သူတို့ အားလုံးကို ခေါင်းငုံ့ သွားစေသည်။ ရဲဝံ့သူ အချို့က ဝူရှောင်အား ဝင်ရောက် ဖမ်းဆီး ခေါ်ယူ ပေးလို၏။

သို့သော် အသံလှိုင်း အတွင်း၊ သူတို့ ကိုပါ ဆွဲခေါ် ကခုန်ခိုင်းမည့်၊ အရိပ်အယောင်မျိုး ခံစား လိုက်ရ သဖြင့်၊ အံကြိတ်ကာ ကြည့်နေ ရသည်။

သို့တိုင် ယင်းကို မယုံကြည် နိုင်ဘဲ၊ အတင်းအကြပ် ကျွံဝင် လာသူ အချို့လည်း ရှိနေ သေးသည်။ ၎င်းတို့ ခမျာမှာ၊ နောင်တ အကြီး အကျယ် ရရှိ သွားကုန်၏။

“ ဟား ဟား ဟား ... ၊ လာကြ ... အတူတူ ကကြစို့။ ”

***

All Chapters