ထွက်သွား ... ။
Vol. 142 Ch. 1984
မြင့်မြတ်မြေများ ကြား ဖလှယ်မှုသည် ပြင်းထန် လှ၏။ သို့သော် ဤသို့ ရယ်စရာ ရလဒ် မျိုးဖြင့်၊ တစ်ကြိမ်မျှ အဆုံး မသတ် ဖူးချေ။
“ ဟား ဟား ဟား ... ။ ”
နတ်တာအို ခန်းမ၏ တပည့် ဆယ်ယောက်က၊ ယဲ့ချင်းရှန်အား ကပြ နေခဲ့ သည်။ ဤမြင်ကွင်းက ရယ်မော နေသော လူအုပ်ကြီးကို ပို၍ ရယ်မော စေ၏။
အထူးသဖြင့် ဝူရှောင် ခမျာမှာ ပြုံးနေ သော်လည်း ရှက်စိတ်ကြောင့် မျက်ရည်များ စီးကျ နေ၏။ ရယ်ချင် စိတ်ကို ခက်ခက် ခဲခဲ ထိန်းချုပ် နေရပုံ ပေပင်။
ဤရလာဒ်သည် နတ်တာအို ခန်းမအား၊ အနည်းဆုံး နှစ်ဝက်ကြာ၊ ခေါင်း မထောင် နိုင် လောက်အောင် ဖြစ်သွား စေပြီ ဖြစ်သည်။
တစ်ဖက်တွင် ကောင်းကင် တာအို ဂိုဏ်းသည်၊ အရှေ့ဘက် ပျက်စီးမြေ၌ အသန်မာ ဆုံး အဖြစ်၊ ရပ်တည် နိုင်ဆဲ ဖြစ်၏။
“ နောက်ဆုံး တော့လည်း ယဲ့ချင်းရှန်ကို အားကိုး ရတာ ပါပဲ၊ ယဲ့ချင်းဟုန်၊ ပိုင်ယိဟွာနဲ့ ကျန်းခွိုက် တို့က အားကိုးလို့ မရဘူး။ ”
တစ်စုံ တစ်ယောက်က သက်ပြင်းချကာ အသိ အမှတ်ပြု လိုက်၏။ ထိုစကားက လူတိုင်း နှလုံးသားထဲ ဝင်ရောက် သွားသည်။
လင်းယွန်၏ ပြိုင်မြင်းများ ပြီးဆုံး သွားသော်မှ၊ ဝူရှောင်တို့ ဆယ်ဦးမှာ ကခုန်၍ မပြီး နိုင်သေးချေ။
အရှိန် ကုန်ချိန်၌ ရှက်စိတ်ဖြင့် မျက်နှာများ နီရဲလာကာ၊ ခေါင်းငုံ့ သွားတော့သည်။ မြေကြီး ထဲ တိုးဝင် ပျောက်ကွယ် ‘လို’၏။
ဝူရှောင် ခမျာ မျက်ရည် မသုတ်နိုင် သေးဘဲ၊ ပိုင်ရှုရင်ထံ ခိုးကြည့်သည်။ သူ စိုးရိမ် နေမိသည့် အတိုင်း၊ တစ်ဖက် လူမှ ယဲ့ချင်းရှန် အပေါ်သာ အာရုံ ရောက်နေ တော့၏။
ထို့ကြောင့် ရှက်ဒေါသ ထွက်လာပြီး၊
“ ဂီတမှာ မင်း အနိုင် ရတယ်၊ ဒါပေမယ့် ယဲ့ချင်းရှန် ... မင်း ငါနဲ့ ဓားချင်း ယှဉ်ဝံ့ သလား။ ”
-ဟု နောက်ကောက်ရိုး တစ်မျှင်ကို ကောက်ဆွဲ လိုက်သည်။
ယခင် ကဲ့သို့ လူကြီး လူကောင်း အသွင် အပြင်မျိုး မရှိတော့ချေ။ တင့်တယ်မှု ပျောက်ဆုံး သွားသည်။
လင်းယွန်က အဲဟူကို သိမ်းလျက်မှ ဝူရှောင်အား အထင် သေးစွာ ကြည့်လိုက်သည်။
“ ဘာလဲ ... ၊ ကြောက်လို့လား၊ မင်းက ကောင်းကင် တာအို ဂိုဏ်းရဲ့ ... ဉာဏ်ကြီးရှင် ဓားသမား မဟုတ် ဖူးလား။ ”
အရိယာ ဓားရည်ရွယ်ချက်အား ထုတ်ဖော်လျက် ဝူရှောင်မှ ထပ်မံ မေးမြန် ပေါက်ကွဲ လာသည်။
“ ယဲ့ချင်းရှန် ... မင်းငါနဲ့ တိုက်ဝံ့ သလား။ ”
ဓား ရည်ရွယ်ချက် အတွင်း မုန်တိုင်း မြည်သံကို ကြားနေ ရ၏။ ဤသည်မှာ ဆဋ္ဌမ တန်း လေ-ရည်ရွယ်ချက် ဖြစ်သည်။
“ အဲဒါကို မလုပ်ဖို့ ... မင်းကို ငါ အကြံပေး ချင်တယ်။ ”
လင်းယွန်က ကလေး တစ်ယောက်ကို အနိုင်မကျင့်ချင် သဖြင့်၊ ရိုးရိုးသားသား သတိ ပေးလိုက်သည်။
“ ဟား ဟား ဟား ... မင်း ကြောက်ရင် ကြောက်တယ်လို့ ဝန်ခံပါ။ ”
“ မဟုတ်ဘူး ... ၊ ဂီတ နဲ့မှ မင်း ယှဉ်နိုင် ဦးမယ်၊ ဓား ဆိုရင်တော့ ... ငါ့ဖိနပ် သုတ်ပေး ဖို့တောင်၊ ထိုက်တန်မှာ မဟုတ်ဘူး။ ”
လင်းယွန်က အမည်ခံ ကြယ်ဓားအား ဓားအလင်း အဖြစ် တောက်ထုတ် လိုက်သည်။ ယင်းက မုန်တိုင်းဓား ရည်ရွယ်ချက်ကို၊ ဖျက်ဆီးပစ် တော့၏။
ဤနည်းဖြင့် ဝူရှောင် တစ်ယောက် သူ့ ရင်ဘတ်သူ ဆုပ်ကိုင်ပြီး၊ ပါးစပ်မှ သွေးများ စီးကျကာ၊ ခြေလှမ်းပေါင်း များစွာ ဆုတ်ခွာ လိုက်ရသည်။
“ နောက်ထပ် ဘာတွေ ပြိုင်ချင် သေးလဲ၊ ရွေ့လျားမှု၊ လက်သီး၊ ရုပ်ခွန်အား ဒါမှ မဟုတ် မင်းတို့ ပြောပြော နေတဲ့ နောက်ခံ။ ”
စကားလုံး များက ဓားတစ်လက် အလား၊ ထက်ရှ နေ၏။ ဝူရှောင် မျက်နှာ ခမျာမှာ ဖြူ-တစ်လှည့်၊ နီ-တစ်လှည့် ပြောင်းသွားသည်။
အကြောင်း တစ်ခုခုကြောင့်၊ သူ့ရှေ့မှ လူငယ်အား ကြောက်ရွံ့ လာခဲ့၏။ ဤသည်မှာ တစ်ကြိမ်မျှ မခံစား ဖူးသော အရာ တစ်ခု ပေပင်။ ၎င်းသည် တစ်စုံ တစ်ယောက်နှင့် တူသည်ဟု မြင်လာ မိ၏။
“ ပြန် ... ၊ ကိုယ့်ကိုကိုယ် ... အရှက် မခွဲ မိစေနဲ့၊ မင်းဟာ လူ အများစုထက် ပိုကောင်းတဲ့ ပတ်ဝန်းကျင်မှာ မွေးဖွား လာခဲ့တာ၊ ဒါကြောင့် ရွှေခေတ် ရောက်လာတဲ့ အခါ၊ နောက်ခံက အသုံးဝင် တော့မှာ မဟုတ်ဘူး၊ ...
... မင်း ဒီလိုသာ ဆက်ပြီး၊ ပြုမူ နေဦးမယ် ဆိုရင်၊ မင်းရဲ့ မျိုးနွယ်စု ထဲက ... လူငယ်တွေက ဖြတ်ကျော် သွား လိမ့်မယ်။ ”
ထိုစကားကြောင့် ဝူရှောင် တစ်ယောက်၊ တုန်ယင် သွားသည်။ နှလုံးသားကို ဓားမြှောင် နှင့် ထိုးလိုက် သလို ပေပင်။
ဂီတ မျိုးနွယ်စု တိုင်းသည် ပေါက်ရောက် ကြပြီး မရေမတွက် နိုင်သော အကိုင်းအခက်များ ရှိကြသည်။
သူသည် ပင်မ မိသားစုမှ ဆင်းသက် လာသူ ဖြစ်သော်လည်း၊ တစ်ဖက်လူ ပြောသည့် စကား အတိုင်း ဖြစ်လာ ပါက ဖယ်ရှား ခံရပေမည်။
“ မင်းရဲ့ လမ်းညွှန်မှု အတွက် ကျေးဇူး တင်ပါတယ်။ ”
အသက် ပြင်းပြင်း ရှူလျက်၊ လှည့်မကြည့် တော့ဘဲ၊ ထွက်ခွာ သွား လေသည်။ ကျန်သော နတ်တာအို ခန်းမ၏ တပည့်များ သည်လည်း၊ လိုက်ပါ သွားကြ၏။
“ ဟမ့် ... ”
ပိုင်ယိဟွာ၊ ရှောင်ကျင်းယန်၊ ယဲ့ချင်းဟုန်နှင့် ကျန်းခွိုက် တို့က လင်းယွန်ထံ တစ်ချက် ကြည့် ကာ၊ လှည့်ထွက် သွားသည်။
“ စီနီယာ အစ်ကို ... ၊ ကျေးဇူးပြုပြီး နေပါဦး။ ”
လင်းယွန်က ယဲ့ချင်းဟုန်အား တားဆီး လိုက်သောကြောင့် လေးယောက်သား ရပ်ပြီး၊ ပြန်လှည့် ကြည့် လာ၏။
“ ဟား ဟား ဟား ... ညီလေးယဲ့၊ ဒီနေ့ မင်းက သန်မာပြီး၊ သခင်ငယ် ဝူရှောင်ကို အနိုင် ယူ နိုင်ခဲ့တယ်၊ ဒါကို မကျေနပ် သေးဖူးလား၊ ဘာလဲ အခု ... မင်းက ငါတို့ကို အနိုင်ယူ ဦးမလို့လား။ ”
ယဲ့ချင်းဟုန်က ကြောက်ချေ။ သူသည် နိဗ္ဗာန်-သတ္တမမြောက် အသွင် ကူးပြောင်းမှုတွင် ရှိနေပြီး၊ တာအို ယန်-ဓားသုတ္တန်ကို ကျင့်ကြံ ထားသည်။
ထို့ကြောင့် ပုရွက်ဆိတ် တစ်ကောင်နှင့် တူသော ယဲ့ချင်းရှန်အား၊ ချေမှုန်းနိုင် မည်ဟု သူ ယုံကြည် ချေ၏။
“ လွန်ခဲ့တဲ့ တစ်လက ... ၊ မင်း ငါ့ကို လက်ဝါး တစ်ချက် ပေးခဲ့တာ မှတ်မိ သေးလား၊ အခု အစား ပြန်ပေး ချင်တယ်။ ”
ပတ်ဝန်းကျင်ရှိ လူတိုင်း အသက် အောင့်ထား မိသည်။ ယဲ့ချင်းရှန်သည် နိဗ္ဗာန် တတိယမြောက် အသွင် ကူးပြောင်းမှုသို့ ရောက်ရှိ နေမှန်း သူတို့ သိ၏။
သည်မျှ အချိန် တိုတို အတွင်း၊ ရောက်ရှိ လာခြင်းသည်၊ သူတော်စင် မူလနှင့် ဆက်စပ် နေမည်မှာ သေချာ ချေပြီ။
ယင်းက နိဗ္ဗာန်-သတ္တမ မြောက် အသွင် ပြောင်းမှုတွင် ရှိသော ယဲ့ချင်းဟုန်ကို၊ တိုက်ခိုက် ရန် စိတ်ကူး ခြင်းမှာ၊ ဘဝင်မြင့် ခြင်းသာ ဖြစ် ပေမည်။
“ မင်းက ... ငါ့ မျက်နှာကို ရိုက်ချင် နေပုံ ရတယ်၊ ဓားနဲ့ ဆိုရင် အနိုင်ရဖို့ ... မင်းမှာ အခွင့် အရေး အနည်းငယ် ရှိဦးမယ်၊ ...
... ဒီလို လက်နက်မဲ့ ... တိုက်မယ် ဆိုရင်တော့ ... ၊ ငါ့ကို အပြစ် မတင်နဲ့ လာ ... ၊ ဟား ဟား ဟား ။ ”
ယဲ့ချင်းဟုန်က ကျေနပ်စွာ ပြုံးလိုက်သည်။ အရိုက် ခံချင် သူသည် ပါးထိုး ပေးနေ၏။ မရိုက် ဝံ့စရာ မရှိချေ။
“ ဒါက ... ရယ်စရာ ကောင်းလို့လား ... ။ ”
ရုတ်တရက် အသံက နားရွက်နားက ထွက်ပေါ် လာသဖြင့်၊ ယဲ့ချင်းဟုန် တစ်ယောက် တုန်လှုပ် သွားပြီး၊ ဓားသုတ္တန်အား ချက်ချင်း ဖြန့်ဝေ လိုက်ရသည်။
သို့သော် အနည်းငယ် နောက်ကျ နေသေးသည်။ သူ့ တစ်ကိုယ်လုံး ထူပူ သွားပြီး၊ ဓား ရည်ရွယ်ချက် တုန်ခါ သွား၏။
“ ဖပ် ... ။ ”
“ အ ... ။ ”
လက်ဖဝါးချင်း ရိုက်မိ လိုက်သော အခါ၊ သည်းသံပြုလျက်၊ ပခုံးမှ သွေးများ စီးကျ လာ တော့၏။
“ ငါ မင်းကို သတ်မယ် ... ။ ”
ကျိုးကြောင်း ဆီလျော်မှု ဆုံးရှုံး သွားပြီး၊ ကျန်လက် တစ်ဖက်ဖြင့်၊ ချက်ချင်း ရိုက်ချပစ် လိုက်သည်။
ယင်းကို လင်းယွန်မှ မျှော်လင့် ထားပြီး ဖြစ်သည်။ နိဗ္ဗာန် ရောင်ဝါကို၊ ရင်ဘတ် နေရာ၌ စုစည်း စေပြီး၊ ယဲ့ချင်းဟုန် လက်ဖဝါးအား ခံယူ လိုက်၏။
နိဗ္ဗာန် ရောင်ဝါကြိုး ခြောက်သောင်းက သူ့ခန္ဓာ ကိုယ်ကို လွှမ်းခြုံ လာသည်။ စွန့်ထုတ် လိုက်သော ရောင်ဝါက၊ နိဗ္ဗာန်-သတ္တမမြောက် အသွင် ကူးပြောင်းမှုနှင့် ယှဉ်လာ နိုင်၏။
“ ဖပ် ... ။ ”
“ ဝုန်း ... ။ ”
တွန်းကန် အားကြောင့်၊ ယဲ့ချင်းဟုန် ချက်ချင်း ပျောက်သွားသည်။ ပြန်ပေါ် လာသော အခါတွင်၊ မီတာ တစ်ထောင် အကွာ မြေပြင် ပေါ်၌၊ သတိ မေ့နေပြီ ဖြစ်၏။
“ ယဲ့ ချင်း ဟုန် ... ။ ”
သူ့အဖော် များက မြန်ဆန် လွန်းသော တိုက်ပွဲကြောင့် အံ့အားသင့် ကုန်သည်။ တစိတ် ယဲ့ချင်းရှန်မှာ ရဲရင့်လွန်း ချေ၏။
“ မင်း ဘယ်လိုများ သတ္တိရှိ လိုက်လဲ။ ”
ရှောင်ကျင်းယန်၊ ပိုင်ယိဟွာနှင့် ကျန်းခွိုက် တို့က၊ ချက်ချင်း ပြေးဝင် တိုက်ခိုက် လာတော့ သည်။ သူတို့က သတိ မလွတ် ခဲ့ချေ။
အရိုက်သာ ခံရ ပါက၊ ကောင်းကင် တာအို ဂိုဏ်းရှိ၊ သူတို့ အဆင့် အတန်းအား ဆုံးရှုံး သွား မည်ကို သိသည်။
“ ဟိတ် ... ။ ”
“ ကျာ့ ... ။ ”
“ ယိ ... ။ ”
ထို့ကြောင့် လင်းယွန် အတွက်၊ ဆုတ်ခွာ လမ်းကြောင်း များကို ပိတ်လျက်၊ အရပ်မျက်နှာ အသီးသီးမှ ဝင်ရောက် လိုက်ကြသည်။
ရေှာင်ရန် မဖြစ် နိုင်တော့ သဖြင့်၊ လင်းယွန်က ရွှေတောင်ပံ များကို ဆင့်ခေါ် လိုက် ရ၏။
“ ဘုန်း ... ဘုန်း ... ဘုန်း ... ။ ”
“ ဂျွတ် ... ။ ”
လက်ဖဝါး သုံးချက်က အတောင်ပံပေါ် ကျရောက်ကာ၊ တောင်ပံ အက်ကွဲသံ မြည်လာ တော့သည်။
“ ရွှေကျီးကန်း တောင်ပံ ... ။ ”
ရှောင်ကျင်းယန်တို့ သုံးဦးမှာ ထိတ်လန့် သွား၏။ ယဲ့ချင်းရှန် တစ်ယောက် ရွှေကျီးကန်း သွေးနှင့်၊ အကျိုးဆောင် ရမှတ်ကို လှဲလှယ် ခဲ့သည်ကို သူတို့ သိသည်။
သို့သော် ဤအမြင့်သို့ လျင်မြန်စွာ ရောက်ရှိနေ မည်ဟု မည်သူမျှ မျှော်လင့်ထား ချေ။ ရွှေတောင်ပံ များမှာ ဘုန်းသူတော်စင် လက်ရာ အဆင့်၊ ရောက်လု နီးပါး ပေပင်။
“ ဖရူး ... ။ ”
လင်းယွန်က ဓားသုတ္တန် နှစ်ခုကို လှည့်ပတ်လျက်၊ ရွှေ တောင်ပံအား ပွင့်ထုတ်ပြီး၊ ၎င်းတို့ (၃) ယောက်အား ခတ်ထုတ် ပစ်လိုက် လေသည်။
“ ဝှစ် ... ။ ”
သုံးယောက်သား လေထဲ လွင့်ဝဲ နေစဉ် လေထု အလယ် ရွှေရုပ်တု အလား ရပ်နေသော လင်းယွန်ထံ မျက်လုံး ရောက်သွား၏။
ကျင့်ကြံမှု စနစ်များကို ဖြန့်ကျက်ကာ၊ ကိုယ်ရှိန် သပ်ပြီး၊ ထပ်မံ တိုက်ခိုက်ရန် ပြင်၏။ ထို့ကြောင့် ၎င်းတို့ ဝန်းကျင်၌ အမျိုးမျိုးသော ဖြစ်စဉ်များ ပေါ်လာ တော့သည်။
“ ဒီကောင် ... ။ ”
ချန်ကျန့် တစ်ယောက် အာခေါင် ခြောက် သွား၏။ ဝူရှောင်ကို မောင်းထုတ်ပြီး နောက်ပင်၊ (၃)ယောက်- (၁)ယောက် ထပ်ဆွဲ နေပြန် သည်။
ယဲ့ချင်းရှန် ဟူသည် မည်သို့သော ဘီလူး အမျိုးအစား ဖြစ်မည်ကို စတင် တွေးတော လာ မိ၏။
၎င်းသည် ကျောက်စိမ်းဓား သူတော်စင်၏ ရိုက်နှက်ခြင်း ခံရ ပြီးနောက်၊ ပိုသန်မာ လာချေ ပြီ။
“ နင်တို့တွေ ... ဒီမှာ ဘာလုပ် နေ တာလဲ၊ ရန်ဖြစ်ချင် နေတာလား။ ”
ပိုင်ရှုရင်မှ အော်ငေါက် လိုက်၏။ ယင်းကြောင့် ရှောင်ချင်းယန်တို့ သုံးယောက်မှ အမြန် ကိုယ်ရှိန် သပ်လိုက် ရသည်။
“ ဝှစ် ... ။ ”
သုံးယောက်သား ပိုင်ရှုရင် ပြောလာမည့် စကားကို နားထောင် နေမိစဉ်၊ လက်ဖဝါးကြီး တစ်ဖက် ကောင်းကင်မှ ကျလာ၏။
ထိုလက်ဖဝါး၏ စွမ်းအားသည် သူတို့ (၃)ယောက် ပေါင်းကာ၊ ခုခံ နိုင်သည့် အရာမျိုး မဟုတ်ချေ။
“ ခရစ် ... ။ ”
“ ဝေါ့ ... ။ ”
နိဗ္ဗာန် ရောင်ဝါများ ကွဲအက် သွားလျက်၊ သွေးများ ပါးစပ် အပြည့် အန်လိုက် ရလေသည်။
“ ဟမ့် ... ငါ မေးနေ တယ်လေ၊ နင်တို့ ဘာလုပ် နေတာလဲ၊ ဒီမှာ ... ရန်ဖြစ်ချင် နေကြ တာလား ... ။ ”
ပိုင်ရှုရင်က အေးစက်စွာ ထပ်မံ မေးခွန်း ထုတ်လာ တော့သည်။ ထို့ကြောင့် သုံးယောက် သား ပါးစပ် အဟောင်းသား ဖြစ်ကုန်၏။
အဘယ့်ကြောင့် သူမအား ခေျာင်းကြည့် ခဲ့သည့် ယဲ့ချင်းရှန် အစား၊ သူတို့ကို ရိုက်နှက် လာမှန်း၊ နားမလည် နိုင်တော့ချေ။
“ သွား ... ထွက် သွား ကြ ... ။ ”
မောင်းထုတ် ခံရ ခြင်းကို၊ မကျေနပ် သော်လည်း၊ အံကြိတ်ပြီး၊ ရှက်ရွံ့စွာ ထွက်ခွာ သွားကြသည်။
“ နင် ... ငါနဲ့ လိုက်ခဲ့ ... ။ ”
ပိုင်ရှုရင်က လင်းယွန်အား တစ်ချက် ကြည့်ကာ၊ လှည့်၍ ထွက်ခွာ သွား တော့၏။
***