← Chapters

သုံးရက် အကြာ ... ။

Vol. 142 Ch. 1985

သုံးရက် အကြာ ... ။

Vol. 142 Ch. 1985

“ သန့်ရှင်းသော သမီးတော် ... ၊ ခဏ နေပါဦး။ ”

လင်းယွန်က ရွှေတောင်ပံ များကို သိမ်းဆည်းလျက် ပိုင်ရှုရင်နှင့် ထွက်ခွာခါနီးတွင် ပိုင်ရှောင် ရုတ်တရက် ပေါ်လာသည်။

“ ဘာလဲ ... ။ ”

ပိုင်ရှုရင်မှ ပြန်မေးသည်။

“ ယဲ့ချင်းရှန်က အကျဉ်း သားပါ၊ သူ့ကို လွှတ်ထားလို့ မရဘူး၊ မဟုတ်ရင် ကျောက်စိမ်း ဓား သူတော်စင်ကို ဘယ်လို ရှင်းပြ ရမလဲ။ ”

“ အခုရော ... ရှင်းပြ နိုင်​မယ်​ ထင်​လား၊ သင်းထောက် ပိုင်သာ သူ့ကို ရည်ရွယ်ချက် ရှိရှိ လွှတ် မပေးရင် သူ ဒီရောက်လာပါ ဦးမလား။ ”

ပိုင်ရှုရင်မှ ထောက်ပြ လိုက်သော အပြစ်ကြောင့်၊ ပိုင်ရှောင် တစ်ယောက် စကား မပြော နိုင်တော့ချေ။

“ သူက ငါ့ရဲ့ ကောင်းကင် ရေကန်ကို လာတယ်၊ အဲဒီ တုန်းကတောင် ... ငါ စိတ်ထဲ မရှိခဲ့တဲ့ အတွက်၊ အခုလည်း အတူတူပဲ။ ”

ဆက်ပြော လာသော စကားကို ကြားချိန်၌၊ ပိုင်ရှောင် ခမျာ၊ အံ့အားသင့် သွားပြီး၊ ‘ကျေးဇူး တင်ပါတယ်၊ သန့်ရှင်းသော သမီးတော်၊’ ဟု ပြန်ပြော လိုက်မိသည်။

သူ့အား အပြစ် မတင် တော့ချေ။ ထိုစဉ် ယဲ့ချင်းရှန်က သူ့ထံ အဓိပ္ပါယ် ပါပါ ကြည့်ကာ၊ မျက်ခုံးပင့် ပြလာသည်။

နောင်တ ကမ်းပါးတွင်၊ ပန်းသင်္ချိုင်းနှင့် မယှဉ်နိုင်ဟု ပြောခဲ့သော သူ့ စကား များကို၊ ၎င်းမှ ပြန်၍ မေးခွန်း ထုတ်လာခြင်း ဖြစ်၏။

မည်သို့ပင် ဆိုစေ ကာမူ၊ ဤလူငယ်သည် ကောင်းကင် တာအို ဂိုဏ်း၏ ဘုန်း အသရေကို ထိန်းသိမ်း ပေးခဲ့သည်။ လေးစား ထိုက်ချေ၏။

သို့သော် ဂီတနှင့် အဲဟူကို မည်သို့ ကစားတတ် ခဲ့သည်အား စူစမ်းချင် သေးသည်။

“ နောင်တ ကမ်းပါးမှာ ... ငါ့ကို ဂရုစိုက်ပေးလို့ ကျေးဇူး တင်ပါတယ်၊ အစ်ကို ပိုင်။ ”

လင်းယွန်က ပိုင်ရှောင် ပုခုံးကို ပုတ်ကာ ပိုင်ရှုရင်နောက် လိုက်ပါ သွားသည်။ နှစ်ယောက် သား အချိန် အတော် ကြာသည် အထိ၊ စကား မပြောဘဲ၊ လမ်းလျှောက် နေမိ၏။

ငရဲ သစ်ခွ တောင်တန်း ကြီးမှာ လှပပြီး လူသူ ကင်းရှင်း နေ၏။ များ မကြာခင် ဝိညာဉ် ရေကန် တစ်ကန် ရှေ့သို့ ရောက်ရှိ လာသည်။

သို့မှသာ ပိုင်ရှုရင်က ရပ်ကာ လှည့်ကြည့်၏။

“ ယဲ့ချင်းရှန် ... ၊ ဒီနေ့ အတွက် ကျေးဇူး တင်ပါတယ်။ ”

“ အစ်မ ပိုင် ... မင်းက သန့်ရှင်းသော သမီးတော်ပါ၊ ငါ့ မရှိ ရင်တောင် ... ဝူရှောင်ကို အလွယ် တကူ ဆက်ဆံ နိုင်ပါတယ်။ ”

လင်းယွန်မှ ပြန်ပြောသည်။

“ သန့်ရှင်းသော သမီးတော်လား။ ”

ပိုင်ရှုရင်က ထိုအသုံး အနှုန်း အပေါ် လှောင်ပြုံးဖြင့် ပြုံးလိုက်ပြီး၊

“ သန့်ရှင်းသော သမီးတော် ဘွဲ့ကို၊ ငါ ဂရုမစိုက်ဘူး ဆိုတာ ... နင့်ကို ပြောဖူး ပါတယ်၊ မျိုးနွယ်စုကြီး တွေမှာ၊ ဒါက ရောင်းကုန် တစ်ခုပဲ။ ”

“ သန့်ရှင်းသော သမီးတော် ... ၊ မင်း နောက်နေ တာပဲ ဖြစ်ရမယ်။ ”

ယနေ့ လာရသည့် အကြောင်းရင်းမှာ၊ သူ့အပြစ်အား ပြန်လည် ပေးဆပ်ရန် ဖြစ်သည်။ ဝူရှောင်သည် ပိုင်ရှုရင်နှင့် လုံးဝ မထိုက် တန်ချေ။

“ နောက်နေတာ မဟုတ်ဘူး ... ၊ ငါက သန့်ရှင်းသော သမီးတော် ဆိုပေမယ့်၊ သူတို့က ငါ့ ခံစားချက်ကို ဘယ်တုန်း ကမှ ထည့်စဉ်းစား ကြတာ မဟုတ်ဘူး။ ”

ပိုင်ရှုရင်က သက်ပြင်း ချပြီး ရေကန်ကို လှည့်ကြည့်သည်။

“ ပိုင်ယိဟွာ ကိုပဲ ကြည့် ... ၊ သူက ငါ့ဘေးမှာ အမြဲ ရှိနေ ပေမယ့်၊ ဝူရှောင်နဲ့ အပေး အယူ လုပ်ခဲ့တယ်။ ”

ပိုင်ရှုရင် တစ်ယောက် ရုတ်တရက် အဖော်မဲ့ သွားလေသည်။ ထို့ကြောင့် သူမ အသွင်မှာ အမြဲ အေးစက် နေခြင်း ဖြစ်၏။

သူမ၏ မျိုးနွယ်စုသည် ဝူရှောင်နှင့် သဘောတူ ခဲ့သည့် အပေါ်၊ ဒေါသထွက် နေပုံရ သည်။ ခဏကြာ တိတ်ဆိတ် သွား ပြီးနောက်၊ ပိုင်ရှုရင်က လင်းယွန်အား ပြန်လှည့်ကြည့် လာ၏။

“ ဒါနဲ့ ... ၊ နင် ဘယ်တုန်းက ဂီတကို သင်ယူခဲ့ တာလဲ၊ အဲဟူတောင် ကစား တတ်တာ လား၊ အချိန် အတော်ကြာ လေ့ကျင့် ပြီးတာ တောင် ... ငါ နင့်လောက် မကစား တတ်ဘူး။ ”

“ အမှန် အတိုင်း ပြောရရင် အသူရာ ဓားသူတော်စင်၊ ကောင်းကင် တာအို ဂိုဏ်းဆီ ပြန်ခေါ် မလာခင်၊ လူ တစ်ယောက်နဲ့ တွေ့စေ ခဲ့တယ်၊ သူက ငါ့ကို သင်ပေး လိုက်တာပါ၊ ...

... အဲဒီ တုန်းက ... သူ ဘယ်သူလဲ မသိပေမယ့်၊ နောက်ပိုင်းမှာ သူက နဝမမြောက် ကောင်းကင်လမ်း ချန်ပီယံ လင်းယွန်မှန်း သိလိုက် ရတယ်။ ”

“ ဘယ်လို ... ။ ”

လင်းယွန်က အထက်ပါ မေးခွန်း အတွက် အဖြေကို ကြိုတင် စဉ်းစား ထားပြီး ဖြစ်ချေ၏။ သူ့ အဖြေကြောင့် ပိုင်ရှုရင် မျက်ဝန်းများ တောက်ပ လာသည်။

“ အချိန်ကို ပြန်တွက် ကြည့်ရင်၊ လိပ်နက် ပင်လယ်ကွေ့မှာ၊ ပန်းသင်္ချိုင်း အဖြစ် ထုတ်ဖော် ခံရပြီး၊ အသူရာ ဓားသူတော်စင်က သူ့ကို ကယ်တင် လိုက်ရတဲ့ အချိန်ပဲ၊ ...

... ဒါဆို အံ့ဩ စရာတော့ ... မရှိ ပါဘူး၊ ပန်းသင်္ချိုင်း သင်ပေး မှတော့ နင်က ဝူရှောင်ကို အနိုင်ယူ နိုင်ပြီပေါ့။ ”

သူမ စကားက လင်းယွန်ကို အံ့သြသွား စေသည်။ ပိုင်ရှုရင်သည် သူ့အပေါ် ယုံကြည်မှု များစွာ ရှိနေ၏။ နားမလည် နိုင်စရာ ပေပင်။

“ အရင်က အစ်မပိုင် သူနဲ့ တွေ့ဖူးလား။ ”

ထို့ကြောင့် မေးလိုက် မိသည်။ ပိုင်ရှုရင်က ချက်ချင်း ပြန်မဖြေ နိုင်ဘဲ၊ အနည်းငယ် ငေးငိုင် သွား၏။

“ ထင်တာပဲ ... ၊ ပင်မ နတ်ဘုရား အဆင့် သတ်မှတ်ချက်ကို စိန်ခေါ် တုန်းက၊ ငါ့ ကိုယ်ပွား နဲ့ ဆုံဖူးတယ်၊ အဲဒီတုန်းက ... ငါက နဂါး သွေး လွှတ်ကြော ရောက်နေပြီ၊ ...

... ဒါကြောင့် ... သူ့ကို ကောင်းကင် တာအိုဂိုဏ်း လာပြီး၊ မျက်နှာချင်းဆိုင် တိုက်ဖို့ ဖိတ်ခေါ် ခဲ့တယ်၊ သူကလည်း လာမယ် ပြောတယ်။ ”

ထိုစဉ်က အလွယ် ပြောလိုက်ခြင်း မျှသာ ဖြစ်ပြီး၊ ပိုင်ရှုရင်မှ ယခု ကဲ့သို့ စောင့်မျှော် နေ လိမ့် မည်ဟု မထင် ခဲ့ချေ။

“ သူ ကောင်းကင် တာအို ဂိုဏ်းကို လာမယ်လို့ ... ပြောသံ ကြားသေးလား။ ”

ပိုင်ရှုရင်မှ မျှော်လင့်ချက် ကြီးစွာဖြင့်၊ မေးမြန်းလာသည်။ ထိုမေးခွန်းကို လင်းယွန်မှ ပြန်မဖြေ နိုင်သေးချေ။ ခေတ္တမျှ တုံ့ဆိုင်း ပြီး၊

“ မပြောဘူး ... ၊ သူ ကောင်းကင် ရနံ့ သင်းသင်းရဲ့ နတ်တောင်ပေါ် သွားမဲ့ ပုံ ရတယ်။ ”

“ မျှော်လင့်ထား သလို ပါပဲ ... ။ ”

ပိုင်ရှုရင် မျက်နှာ ဖြူဖျော့ လာပြီး၊ နှုတ်ခမ်းတစ်စုံက အနည်းငယ် တုန်ယင် သွား တော့၏။

ပန်းသင်္ချိုင်း အထောက် အထားကို ထုတ်ဖော်ခံ ရပြီးနောက်၊ နတ်တောင်ထံ သွား ခြင်း သည်သာ အကောင်းဆုံး ဖြစ်ပေမည်။

ထိုသူတော်စင် အကြီးအကဲသည် သူ့ကို ကာကွယ်ပေး မည်ဟု ပြောခဲ့ပြီး၊ ထျန်ရွှမ်ဇီပင် ကောင်းကင် ရနံ့ သင်းသင်း နတ်တောင်သို့ ခြေမချ ဝံ့ကြောင်း လူတိုင်း သိ၏။

“ ဒီအကြောင်း နင် ... ဘယ်သူ့ကို ပြောဖူးလဲ။ ”

“ မပြော ဖူးဘူး ... ၊ အသူရာ ဓား သူတော်စင်က လွဲလို့ ... ဘယ်သူမှ မသိ ပါဘူး။ ”

“ ကောင်းတယ် ... ၊ ဒီကမ္ဘာ ပေါ်က လူတော်တော် များများ ... သူ့အသက်ကို လိုချင် နေကြတယ်၊ ဒါကြောင့် လျှို့ဝှက် ထားပေးပါ။ ”

ပိုင်ရှုရင် စကားကြောင့် လင်းယွန်က ခေါင်းညိမ့် လိုက်သည်။

“ အိုး ... နေဦး၊ နင် ... နိဗ္ဗာန်-တတိယ အသွင် ကူးပြောင်းမှုဆီ ... ရောက်နေ ပြီလား၊ သူတော်စင် မူလကို သန့်စင် ခဲ့တယ် ဆိုတာ တကယ်လား။ ”

“ ဟုတ်ပါတယ် ... ။ ”

လင်းယွန်မှ ပြန်ဖြေ၏။

“ သူတော်စင် မူလက ... ကောင်းမွန် ပေမယ့်၊ ပြင်ပ ပစ္စည်း တစ်ခုပဲ၊ နင့်ရဲ့ အုတ်မြစ် မခိုင်ရင် ကျင့်ကြံမှု မြန်မြန် တိုးတက် လာတာက၊ ...

... အမည်ခံ သူတော်စင် နယ်ပယ်ကို ဖြတ်ကျော်တဲ့ အခါ၊ အခက် အခဲ တွေ့လိမ့်မယ်၊ ဒါကြောင့် ပြင်ဆင် ထားသင့်တယ်။ ”

“ ဟုတ်ကဲ့ ... ။ ”

“ နင် ... ငါနဲ့ တိုက်ချင်လား။ ”

ပိုင်ရှုရင်က ဆံပင် များကို စည်းလိုက် ပြီးနောက်၊ ဓားတစ်လက်အား ထုတ်ယူကာ မေးမြန်း လာ၏။

“ သေချာ တာပေါ့။ ”

ပိုင်ရှုရင် ရင်၌ ခံစားချက်များ ရှိနေ သည်ကို လင်းယွန် သိသည်။ နှစ်ယောက်သား နောက်သို့ ခပ်ခွာခွာ ဆုတ်လျက်၊ ဦးညွှတ် လိုက်ကြ၏။

တစ်ယောက်ကို တစ်ယောက် အချိန် အနည်းငယ် ကြာအောင် စိုက်ကြည့် နေမိပြီး၊ ပိုးစုန်းကြူး နတ်ဓားအား ထုတ်ဖော် လိုက် တော့သည်။

“ ဟိတ် ... ။ ”

“ ထန် ... ထန် ... ။ ”

သိုင်း ရည်ရွယ်ချက် များဖြင့် အားကောင်းသော ဖြစ်စဉ်များ ချက်ချင်း ထွက်ပေါ် လာသည်။

ပိုင်ရှုရင်၏ ပိုးစုန်းကြူး နတ်ဓားသည် သူ့ထက် ပို၍ အားကောင်း နေ သည်ကို တွေ့ရှိ လိုက် ရသည်။ ယင်းက သူ့ထက် စောလျင်စွာ လေ့ကျင့်ထား သောကြောင့် ဖြစ်၏။

ထို့ကြောင့် သူ့ ဗျူဟာကို ပြောင်းလဲ လိုက်သည်။ သူမနှင့် ထိပ်တိုက် မတွေ့ တော့ဘဲ၊ ဓား ရည်ရွယ်ချက် ပေါ်သာ အားကိုး မိ၏။

လှုပ်ရှားမှု ဆယ်ကြိမ် ပြီးနောက်၊ ဆိုးရွားသော အနေ အထားသို့ ရောက်ရှိလာ ခဲ့သည်။

ဓား နှလုံးသားကို အသုံး မပြု သကဲ့သို့၊ ကြယ်ဓားလည်း မထုတ်နိုင် လေရာ၊ အားသာ ချက် ပျောက်ဆုံး နေ၏။

ပိုင်ရှုရင်သည် ရေခဲနှင့် မီးကို ဆုပ်ကိုင် ထားပြီး၊ ရေခဲ-မီး ရည်ရွယ်ချက်မှာ ပြီးပြည့်စုံ နေသည်။

မိုးပြာ နဂါး ဓားရည်ရွယ်ချက် ထက်ပင် သာလွန် ပေ၏။ ယင်းကြောင့် ပိုင်ရှုရင်၏ သိုင်း တာအိုမှာ၊ သူ့ထက် ပိုမြင့်မားသည်။

ဆိုလို သည်မှာ သူသည် ဓားရည်ရွယ်ချက် အပေါ်၊ အလွန် အမင်း စွဲလမ်းပြီး သိုင်းပညာကို အလေး မထားချေ။

တစ်ဖက်တွင် ပိုင်ရှုရင်သည်၊ ဓား ရည်ရွယ်ချက်နှင့် သူ့ကိုယ်သူ ခွဲထုတ် ထားပြီး၊ ၎င်းအား စောင့်ကြည့် နေခဲ့သည်။

ဤသည်မှာ သူ သတိ မထား မိသော ရှုထောင့်မှ ချည်းကပ်နည်း အသစ် တစ်ရပ် ဖြစ် ချေ၏။

သူသည် ဓား ရည်ရွယ်ချက် ကိုသာ၊ အာရုံစိုက် ခဲ့ပြီး၊ အခြား သိုင်းရည်ရွယ်ချက် များထက်၊ ၎င်းက ပို၍ အားကောင်း သည်ဟု ခံယူ ထားသည်။

ပိုင်ရှုရင် အမြင် ၌မူ၊ ရေခဲ၊ မီးနှင့် ဓား ရည်ရွယ်ချက်သည်၊ သူမ အောက်၌ ရှိနေ၏။ စိတ်ဝင် စားစရာ အမြင်မျိုး ပေပင်။

အဆုံးတွင် သိုင်း ရည်ရွယ်ချက် ဟူသည် ရန်သူကို တိုက်ခိုက်ရန် နည်းလမ်း တစ်ခု မျှသာ ဖြစ်သည်။

ထူးခြားသော ခံယူချက်ကြောင့်၊ စိတ်ဝင်စား လာပြီး၊ သူမနှင့် တိုက်ကြည့်ရန် ဆုံးဖြတ် မိ၏။ ချက်ချင်း ဓားရေးကို ပြောင်းလိုက်သည်။

“ ရွှပ် ... ။ ”

သူ့ဓားသည် လက်မှ လွတ်သွားကာ၊ ပိုင်ရှုရင်ထံ အငိုက်ဖမ်း ပြေးဝင် သွားတော့၏။ သူမ တိုက်ခိုက်မှုမှ လွတ်သွားသော လင်းယွန် ထံ ကြည့်ကာ၊ ပိုင်ရှုရင်မှ အံ့ဩစွာ ရှောင်တိမ်း လိုက်ရသည်။

“ ဝှစ် ... ။ ”

မဟုတ်သော် တစ်ဖက် လူ၏ ဓားရောင်ဝါတွင်၊ ပိတ်မိ နေပေ လိမ့်မည်။ (၂) ယောက်သား ဓားရေး များကို အမြင့်ဆုံး ထုတ်ဖော်ကာ၊ ဆက်၍ တိုက်နေ မိ၏။

တစ်ယောက်သည် ဓားနှင့် ခွဲလျက်၊ တိုက်ပွဲ အတွင်း အုပ်စိုး လိုသည်။ ကျန် တစ်ယောက်မှာ လက်ထဲတွင် ဓားမကိုင် ထားသော်လည်း၊ ဓားရှိ နေသကဲ့သို့ တသားတည်း ဖြစ်နေ၏။

“ ဂျူနီယာ ယဲ့ ... သတိထား ။ ”

ပိုင်ရှုရင်က နောက်ပြန် မဆုတ် တော့ဘဲ အစွမ်းထက်သော ဓားရေး တစ်ရပ်ကို အကောင် အထည် ဖော်လိုက်၏။

သူမ ဓားဖျား၌ စွမ်းအား တစ်ခု သိပ်သည်း လာပြီး၊ လေဟာနယ်ကို တဖျစ်ဖျစ် မြည်အောင် ထိုးခွဲ နေခဲ့သည်။

“ ဒီဓားကို သွေ့ခြောက်သော သစ်ပင် ရှင်သန် လာခြင်းလို့ ခေါ်တယ်။ ”

ပိုင်ရှုရင်က ခုတ်ပိုင်း ချလိုက်၏။ နွဲ့နှောင်းသော သူမ ခန္ဓာကိုယ်သည် လေထု အလယ်၊ အမြစ် တွယ်နေသည်။

ထိုကြောင့် သူမထံမှ ရောင်ဝါက မြဲမြံသော ဧရာမ သစ်ပင်ကြီး တစ်ပင် အဖြစ်သို့ ပြောင်းလဲ ခံစား လာတော့၏။

ဤသည်မှာ ကေျာက်စိမ်းဓား သူတော်စင် ထားခဲ့သော သွေ့ရော်ဓား ပညာရပ် ဖြစ်နေမှန်း၊ လင်းယွန် ချက်ချင်း သိသည်။

သူ့၌ လေ့ကျင့်ဖို့ရန် အချိန် မရှိ ခဲ့ချေ။ ပိုင်ရှုရင် ကစား နေသည်ကို ကြည့်မိ ချိန်၌ ကျောက်စိမ်းဓား သူတော်စင် အပေါ်၊ လေးစားလာ မိတော့သည်။

သူမသည် ဓားသူတော်စင် ဟူသော ဂုဏ်သတင်းနှင့်၊ အမှန်တကယ် ထိုက်တန် ပေ၏။ ပိုင်ရှုရင်အား ဓားရေး အရာ၌ အုတ်မြစ် ခိုင်ခိုင် ချပေး နိုင်ခဲ့သည်။

“ မင်းရဲ့ လမ်းညွှန်မှု အတွက် ကျေးဇူး တင်ပါတယ်။ ”

လင်းယွန်က ထိုတိုက်ခိုက်မှု၏ နောက်ကွယ်မှ ရည်ရွယ်ချက်ကို နားလည် လာ တော့သည်။

သူမ ဓားတွင် သတ်လိုသော ရည်ရွယ်ချက် မပါချေ။ ဝူရှောင်အား ရှင်းပေး ခဲ့သည့် အတွက်၊ သူ့ကို ကျေးဇူး ပြန်ဆပ်ခြင်း ဖြစ်သည်။

သူမ ဓားရေးကို မြင်တွေ့ ပြီးနောက်၊ သွေ့ရော်ဓား ပညာရပ်အား လေ့ကျင့် ရာတွင် အချိန် များစွာ သက်သာ ပေတော့မည်။

“ ငါ့ကို ကျေးဇူး တင်နေစရာ မလိုဘူး၊ ငါ့ဆရာက နင့်ကို ဒီဓားရေး ပေးခဲ့တဲ့ အတွက် အနှေးနဲ့ အမြန် ဆိုသလို ... ၊ ကျွမ်းကျင် လာမှာပါ။ ”

ပိုင်ရှုရင် အသွင်က ပေါ့ပါး သွက်လက် လာတော့၏။ ခံစားချက် များကို လွတ်ချ လိုက် ပုံ ရသည်။

“ အစ်မ ပိုင် ... ၊ မင်းရဲ့ တကယ့် ကျင့်ကြံမှု အဆင့်က ဘာလဲ။ ”

နှစ်ဦးသား ဓားများကို ပြန်သိမ်း လိုက်စဉ်၊ လင်းယွန်က စူးစမ်းသည်။ ရွှေမျိုးဆက် ပါရမီရှင် များ မည်မျှ အားကောင်း မည်ကို သိချင်၏။

သို့သော် ပိုင်ရှုရင်က ပြန် မဖြေဘဲ ပြုံးပြီး ပျောက်သွားသည်။ လင်းယွန်မှ ပတ်ဝန်းကျင်ထံ ဝေ့ကြည့် လိုက်ရာ၊ မီတာ တစ်ရာ အကွာရှိ ကျောက်ဆောင် ပေါ်၌၊ မြင်လိုက် ရ၏။

သူမ ခန္ဓာမှ မိုးပြာရောင် သူတော်စင် ရောင်ဝါများ ဖြာထွက် လာ၏။ ဤမြင်ကွင်းအား မျှော်လင့် ထားပြီး ဖြစ်သောကြောင့်၊ လင်းယွန်မှ ခေါင်းညိမ့် လိုက်သည်။

မတုန်လှုပ် မိချေ။ ပိုင်ရှုရင်သည် အမည်ခံ သူတော်စင်၊ မိုးပြာ မူလ နယ်ပယ်တွင် ဖြစ်ချေ ပြီ။

“ ယဲ့ချင်းရှန် ... နောင်အခါ ... ကောင်းကင် ရေကန်ကို မသွားနဲ့၊ နေ-လ နတ်ရူရ်က အဲဒီမှာ မရှိ တော့ဘူး။ ”

ပိုင်ရှုရင် စကားကြောင့် လင်းယွန် မှင်တတ် သွားလေသည်။

“ အခြား လူတွေ ပြောသလိုမျိုး၊ မင်းက လူယုတ်မာ မဟုတ်ဘူး ဆိုတာ ... ငါသိတယ်၊ ပြီးတော့ ငါ့ကို အနှောက် အယှက် မပေးတဲ့ အတွက်၊ မင်းမှာ အပြစ် မရှိ ပါဘူး။ ”

စကားဆုံး သည်နှင့် ပိုင်ရှုရင်က၊ ပျံသန်း ပျောက်ကွယ် သွားတော့၏။

“ အစ်မပိုင် ... ၊ မင်းရဲ့ အဲဟူ ... ။ ”

လင်းယွန်က အဲဟူအား အလျင် အမြန် ထုတ်ယူလိုက် သော်လည်း၊ ပိုင်ရှုရင်မှ ပြန်လှည့် မလာ တော့ချေ။

“ ယူလိုက်တော့ ... ၊ ငါ့ထက် စာရင် ... နင်နဲ့ ပိုသင့် လျော်တယ်။ ”

လင်းယွန် တစ်ယောက် ရပ်လျက် ကျန်ရစ်ခဲ့လေသည်။ ပိုင်ရှုရင်မှ သူ့အား အပြစ် မရှိဟု ပြောကြားပေး ခဲ့သော်လည်း၊ သူ့ရင်ထဲ အပြစ် ရှိသလို ခံစား နေရ၏။

သုံးရက် အကြာတွင်၊ ပိုင်ရှုရင် ကောင်းကင် တာအို ဂိုဏ်းမှ ထွက်ခွာ သွားကြောင်း ကြားသိ လိုက်ရ တော့သည်။

***

All Chapters