ဘာတွေများ ... စိတ်ပူ နေရ တာလဲ။
Vol. 142 Ch. 1986
ပိုင်ရှုရင် ထွက်သွားသည့် သတင်းကို ကြားပြီးနောက် ရုတ်တရတ် တစ်ခုခု ဆုံးရှုံးသွား သလိုမျိုး၊ လင်းယွန် ခံစား လိုက်ရသည်။
သူသည် ယဲ့ချင်းရှန် အဖြစ် ရုပ်ဖျက် ထားရသော ကြောင့် ပိုင်ရှုရင်အား ဟန်ဆောင် စကား များစွာ ပြောခဲ့ ရ၏။
တစ်ဖက်တွင် သူမသည် သူ့အား သတ်ချင်စိတ် ပြင်းပြ သော်လည်း၊ အမြဲ ထိန်းလျက် ခပ်ခွာခွာ နေခဲ့သည်။
သူ့ အရည် အချင်းကို မြင်လာ ချိန်၌ ဝမ်မူယန် အနားတွင်၊ အချိန်များ မဖြုန်းတီး မိစေရန် သတိပေး လာ၏။
သူသာလျှင် သတ္တိရှိသူ အဖြစ် ဟန်ဆောင် ထားပြီး၊ သူမအပေါ် အချိန်ပြည့် လှည့်စား နေခဲ့ မိသည်။
“ ယဲ့ချင်းရှန် ... ဝမ်းနည်း မနေ ပါနဲ့။ ”
သတင်း လာပေးသော ဝမ်ယွဲ့က သက်ပြင်းချ မိ၏။ ယဲ့ချင်းရှန်အား မည်သို့ နှစ်သိမ့်ရ မည်မှန်း၊ မသိ တော့ချေ။
“ ငါ အဆင်ပြေ ပါတယ်။ ”
လင်းယွန်က ပြန်ပြောသည်။
“ ငါ့ရှေ့မှာ ... ဟန်ဆောင် နေစရာ မလိုပါဘူး။ ”
ဝမ်ယွဲ့မှ ခံစား နားလည် ပေးဟန်ဖြင့် ခေါင်းညိမ့် ပြ၏။
“ မင်းက ဒီကမ္ဘာ ပေါ်မှာ ... အရဲရင့်ဆုံး ဆိုတာ ... ငါပဲ သိတယ်၊ နောင်တ ကမ်းပါးမှာ ငါ ပြောခဲ့ တာကို မှတ်မိ သေးလား၊ ဒါပေမယ့် ...
... အတင်း အကြပ် လုပ်ရင်၊ ဘာမှ ကောင်း မလာ နိုင်ဘူး၊ ဒါကြောင့် အရမ်းကြီး ခံစား မနေ ပါနဲ့။”
ထိုစကားကို ကြားသော အခါ လင်းယွန် တစ်ယောက် ကူကယ်ရာ မဲ့စွာ ပြုံးလိုက် မိလေ သည်။
“ လွန်ခဲ့တဲ့ သုံးရက်က ... မင်း သူ့အပေါ် ဝန်မခံ ခဲ့တယ် မဟုတ်လား။ ”
“ ဘာကို ဝန်ခံ ရမှာလဲ ... ။ ”
လင်းယွန်မှ ပြန်မေး မိ၏။
“ ပိုင်ရှုရင်က မင်းကို ခေါ်သွားတဲ့ အချိန်မှာ မင်း ဝန်ခံ ခဲ့တယ်လေ၊ ဒါပေမယ့် သူက မင်းကို ငြင်း လိုက်တယ် မဟုတ်လား၊ ...
... မင်းကို ငြင်းပြီးနောက်၊ ပိုင်ရှုရင်က သူ့ မျိုးနွယ်စု အကြီးအကဲ တေွနဲ့ တွေ့ဆုံပြီး၊ သူ အမည်ခံ သူတော်စင် နယ်မြေကို ရောက်ရှိ လာတဲ့ အတွက်၊ ဂိုဏ်း ကနေ ယာယီ ထွက်ခွာခွင့် တောင်းသွား ခဲ့တယ်။ ”
ဝမ်ယွဲ့ ပြောသည်ကို ကြားပြီး၊ လင်းယွန် စကား မပြောနိုင် တော့ချေ။
“ အချစ်က ရှုပ်ထွေးတယ်၊ အလွန်အကျွံ အာရုံ မစိုက်နဲ့၊ လူတိုင်းက မင်းကို လူယုတ်မာ လို့ ပြောနေကြ ပေမယ့် ... ၊ မင်းက အဲဒီလို မဟုတ်ဖူး ဆိုတာ ငါသိတယ်။ ”
ဝမ်ယွဲ့က စိတ် မကောင်းသည့် အသွင်ဖြင့် လင်းယွန်အား ကြည့်တော့၏။ လင်းယွန် ခမျာ နှုတ်ခမ်းများ တုန်ယင်လျက်၊ မဟုတ်ကြောင်း ရှင်းပြချင် ခဲ့သည်။
“ တကယ်တော့ ပိုင်ရှုရက်က သူ့ နှလုံးသားကို တစ်စုံ တစ်ယောက်ဆီ ပေးထား ခဲ့မှန်း၊ ငါလည်း ဘယ်ထင် မလဲ၊ အဲဒါ ကိုသာ သိခဲ့ရင်၊ ...
... မင်းကို နောင်တ ကမ်းပါး ကနေ၊ ခေါ်ထုတ် မိမယ် မထင်ဘူး၊ ဒါက ငါ့အပြစ် တွေပါ။ ”
“ မင်း ... ဘာတွေ ပြောနေတာလဲ။ ”
လင်းယွန်က သံသယဖြင့် မေးလိုက်သည်။
“ လူတိုင်း သိပြီး နေပါပြီ၊ ပိုင်ရှုရင်က သူ့မိသားစု အကြီးအကဲ တွေကို၊ ရိုးရိုး သားသား ဝန်ခံ သွားတယ်၊ သူမမှာ ကောင်လေး ရှိပြီး၊ တွေ့ဖို့ ချိန်းထားတဲ့ အတွက်၊ တစ်ချိန်လုံး စောင့်နေ ခဲ့တာ ဖြစ်ကြောင်း၊ ...
... ဒါပေမယ့် အခု အမည်ခံ သူတော်စင် နယ်ပယ်ကို ရောက်ပြီမို့၊ ခရီး ထွက်တော့မယ် ဆိုတာ ပြောသွားတယ်။ ”
“ အမည်ခံ သူတော်စင် နယ်ပယ်ကို ရောက်ပြီးရင် ဂိုဏ်းကနေ ထွက်သွား ရ တာ လား။ ”
လင်းယွန်က အံသြစွာ မေးလိုက်သည်။
“ အမည်ခံ သူတော်စင် နယ်ပယ်က၊ သူတော်စင် လမ်းပေါ် ခြေတစ်လှမ်း ချမိလိုက် တာပဲ၊ ဂိုဏ်းမှာ ဆက်နေရင် တိုးတက်မှုက သိပ်ရှိ တော့မှာ မဟုတ်ဘူး၊ ...
... ဒါက ကောင်းကင် တာအို ဂိုဏ်းရဲ့၊ သတ်မှတ်ထားခြင်း မရှိတဲ့ စည်းမျဉ်း တစ်ခုပဲ၊ သူတော်စင် တပည့် တစ်ဦး အမည်ခံ သူတော်စင် နယ်ပယ် ရောက်ရင်၊ ...
... ဂိုဏ်းကနေ ထွက်သွားပြီး မိစ္ဆာ ကျင့်ကြံသူ တွေကို သတ်ပစ် ပေးရတယ်၊ ဒါက လူတိုင်း လိုက်နာ နေကြပဲ၊ ဒါကြောင့် ဂိုဏ်းမှာ အမည်ခံ သူတော်စင် တပည့် တွေကို ... သိပ်မတွေ့ ရတာပါ။ ”
“ ဒါနဲ့ ... ပိုင်ရှုရင် စောင့်နေတဲ့ လူက ဘယ်သူလဲ။ ”
သူမတွင် စောင့်မျှော် နေသည့်လူ ရှိမှန်း သိသော်လည်း၊ မည်သူ မည်ဝါ ဖြစ်ကြောင်း မပြော ခဲ့ချေ။ ထို့ကြောင့် သိချင် လာ၏။
“ ဘယ်သူလဲ ဆိုတာ မပြော ခဲ့ဘူး။ ”
ဝမ်ယွဲ့က ရုတ်တရက် ဒေါသ ထွက်လာပြီး၊
“ အဲဒီ လူက လူယုတ်မာပဲ၊ သန့်ရှင်းသော သမီးတော်ကို လှည့်ဖြားပြီး၊ ကောင်းကင် တာအို ဂိုဏ်းမှာ စောင့်ခိုင်း ခဲ့တယ် ဆိုတာတော့ သေချာတယ်။ ”
-ဟု ပြောကြား လာတော့သည်။
ထိုသုံးသပ်ချက်က လင်းယွန်အား ခေတ္တမျှ အံ့အားသင့် သွားစေသည်။
“ တကယ်တော့ ငါလည်း မယုံ ပါဘူး၊ ဒါပေမယ့် ... ပိုင်ရှုရင် ကိုယ်တိုင် ကိုယ်ကျ ဝန်ခံ သွားခဲ့တယ်၊ သူက အိမ်ထောင် ကျပြီး သားမို့၊ မျိုးနွယ်စု အနေနဲ့၊ ...
... သူ့အတွက် အိမ်ထောင်ချ ပေးဖို့ ... ၊ မစီစဉ် ပါနဲ့တော့ တဲ့၊ ဘယ်လောက် ရင်နာ စရာ ကောင်းလိုက်လဲ။ ”
ဝမ်ယွဲ့မှ သက်ပြင်းချ လိုက်သည်။
“ ပိုင်ရှုရင်က အိမ်ထောင် ရှိတာလား။ ”
လင်းယွန်မှ အံ့ဩစွာ မေးမိသည်။
“ ငါလည်း မသိဘူး၊ ဘာပဲ ဖြစ်ဖြစ် ... ဒီလို ပြောလိုက်ခြင်းက သူမကို ... ပိုင်မိသားစု ကနေ အပြစ်ပေးဖို့ တောင်းဆို လိုက်တာနဲ့ အတူတူပဲ၊ ဒါပေမယ့် ...
... ကေျာက်စိမ်းဓား သူတော်စင် ရောက်လာလို့ သူမ ကံကောင်း သွားတယ်၊ မဟုတ်ရင် လွယ်မှာ မဟုတ်ဘူး။ ”
“ ဒီလောက် တောင်လား ... ။ ”
လင်းယွန်က သက်ပြင်းချ လိုက်သည်။
“ သက်ပြင်း ချ မနေနဲ့ ... ပိုင်မိသားစုက မင်းကို အပြစ် တင်နေတယ်၊ သူ့ညီမ ကလည်း မင်းရဲ့ အသက်ကို လိုချင် နေတယ်။ ”
“ ဟမ့် ... ငါနဲ့ ဘာဆိုင် လို့လဲ၊ ငါက သူ စောင့်နေတဲ့ လူမှ မဟုတ်တာ၊ သူ့ညီမက အရမ်း လွန်တာပေါ့။ ”
“ ဟုတ်တယ် ... ဒါက ကျိုးကြောင်း ဆီလျော်မှု မရှိဘူး၊ သန့်ရှင်းသော သမီးတော်ရဲ့ အပျိုစင် ဘဝကို ယူသွားတဲ့ လူကို၊ သူတို့က နာမည်တောင် မသိခဲ့ ကြဘူး၊ ...
... ကျောက်စိမ်းဓား သူတော်စင် ကိုလည်း အပြစ် မပြုဝံ့တော့ ... အရာ အားလုံး မင်းအပေါ် ပုံချဖို့ ရွေးချယ် လိုက်တာပဲ၊ ...
... ဘာလို့လဲ ဆိုတော့၊ မင်းသာ သခင်ငယ် ဝူရှောင်ကို အရှက် မခွဲခဲ့ရင်၊ ပိုင်ရှုရင်က အခုလို ထွက်သွား ဦးမှာ မဟုတ်ဘူး။ ”
ထိုအဖြစ်မှာ ရယ်စရာ ကောင်း ချေပြီ။ စကား ပြောချင်စိတ် မရှိတော့ သဖြင့်၊ လင်းယွန် မှ လက်ဖက်ရည် ခွက်ကို ကောက်ယူကာ ကြည့်နေ လိုက်သည်။
ထိုအပြု အမူတွင်၊ အခြားသော အဓိပ္ပါယ် တစ်ခု တောင်သည်။ ဧည့်သည်ကို ယဉ်ကျေးစွာ နှင်ထုတ်ခြင်း မည်၏။
သို့သော် ဝမ်ယွဲ့က ထိုအဓိပ္ပါယ်ကို လျစ်လျူရှုလျက် တခြားသော အကြောင်း အရာ များထံ ဆက်သွား နေခဲ့သည်။
ကောင်းကင် တာအို ဂိုဏ်း၏ ဓားသမား လေးဦး ပြန်ရောက် လာပြီး၊ နိဗ္ဗာန် နဝမမြောက် အသွင် ကူးပြောင်းမှုသို့ ရောက်ရှိ နေကြောင်း ပြောကြား လာ၏။
ထိုလေးဦးမှာ ကျောက်စိမ်းဓား သူတော်စင်၏ အဝေးရောက် တပည့်များ ဖြစ် ချေပြီ။
ထို့ကြောင့် ဤတစ်ကြိမ် ဓားညီလာခံသည် ကျောက်စိမ်းဓား သူတော်စင် အတွက်၊ လျှို့ဝှက် ချက်များ ရှိနေကြောင်း မြင်သာ၏။
“ ကျောက်စိမ်းဓား သူတော်စင်က ... ၊ ဓားစံအိမ် ကနေ ... တစ်စုံ တစ်ခုကို၊ ရယူချင် နေပုံ ရတယ်။ ”
ဝမ်ယွဲ့က လင်းယွန် မျက်နှာကို မော့ကြည့်ကာ ပြောသည်။ လင်းယွန်မှ စိတ် မဝင်စားဘဲ၊
“ ဒါက ငါနဲ့ ဘာဆိုင် လို့လဲ၊ ငါက ဓားညီလာခံကို မသွားဘူး၊ မင်း လိုရင်း ကိုပဲ ပြောတော့ ... အချိန်ဖြုန်း မနေနဲ့။ ”
“ ဟား ဟား ဟား ... ၊ တကယ်တော့ ကောင်းကင် တာအို ဂိုဏ်းမှာ၊ သန့်ရှင်းသော သမီးတော် တစ်ယောက်ထက် မက ရှိပါတယ်၊ ပိုင်ရှုရင် ထွက်သွား ပေမယ့် ...
... ငါ့မျိုးရိုးရဲ့ သန့်ရှင်းသော သမီးတော် ဝမ်မူယန် ရှိသေးတယ် မဟုတ်လား၊ ဘာတွေ စိတ်ပူ နေတာလဲ။ ”
လင်းယွန် တစ်ယောက် မျက်လုံး ပြူး သွားကာ၊ ဝမ်ယွဲ့ထံ ပြန်ကြည့် လိုက်မိ လေ သည်။
“ ဟုတ်တယ်လေ ... တကယ်တော့ သူမလည်း ငါနဲ့ မျိုးနွယ် တူပြီး၊ ပြိုင်ဘက်ကင်း အလှတရားပဲ မဟုတ်လား၊ မင်းတောင် သူနဲ့ နည်းနည်း ရှုပ်ထားတာ ငါသိ ပါတယ်။ ”
***