← Chapters

သခင်မ ... ။

Vol. 142 Ch. 1987

သခင်မ ... ။

Vol. 142 Ch. 1987

“ ပိုင်ရှုရင်ကြောင့် မင်း သူနဲ့ ... ခပ်ခွာခွာ နေတာ မဟုတ်လား၊ အခု ပိုင်ရှုရင် မရှိ တော့လို့ စိုးရိမ်စရာ မလိုတော့ ပါဘူး။ ”

ဝမ်ယွဲ့မှ ပြောသည်။ လင်းယွန်က တုန့်ပြန်ခြင်း မရှိချေ။ တိတ်ဆိတ်စွာ နေလိုက် သည်။

ဆိတ်ဆိတ် နေခြင်းသည် ဝန်ခံရာ ရောက်သည် ဟူသော ဆိုရိုး စကား အတိုင်း ဝမ်ယွဲ့ မျက်ဝန်းများ တောက်ပ လာ၏။

“ မင်း ... မပြော ချင်လဲ ... ငါနားလည် ပါတယ်၊ ဒါက မသင့်လျော်ဘူး မဟုတ်လား၊ ဒါကြောင့် ငါ အရင် အနားယူ တော့မယ်။ ”

ထွက် မသွားခင် အရာ အားလုံးကို သိရှိ နေသကဲ့သို့၊ ဝမ်ယွဲ့မှ လင်းယွန်ထံ အကြည့် တစ်ချက် ပို့လွှတ် သွားတော့သည်။

“ ငါ့ကိုယ်ငါ ... ကျွမ်းကျင် သူလို့ ထင်ခဲ့ မိတာ၊ တကယ်တော့ သူကသာ အစစ် အမှန် ကျွမ်းကျင် သူပဲ၊ ဓားတာအိုက လွဲရင်၊ အရာ အားလုံးကို သူ သိတယ်၊ ဘဝ-ရည်ရွယ်ချက်ကို ဘယ်လိုများ နားလည် ခဲ့လဲ မသိဘူး။ ”

လင်းယွန်မှ ညည်းတွား လိုက်မိသည်။ ဝမ်ယွဲ့သည် လူကောင်း တစ်ယောက် ဖြစ်ပြီး၊ သူ့အတွက် သူငယ်ချင်း ကောင်း ဖြစ်၏။

“ လင်းယွန် ... ၊ အဲဒီ ကောင်မလေး လိမ်ခဲ့တာ၊ သူက အပျိုစင် ဖြစ်နေတုန်းပဲ။ ”

ခရမ်းငယ်မှ ဝင်ပြောသည်။

“ ဒီကိစ္စတွေ မှာလည်း၊ မင်းက ဗဟုသုတ ရှိတာလား။ ”

လင်းယွင်မှ မေးလိုက်၏။ ထို့ကြောင့် ခရမ်းငယ် ခမျာ မျက်နှာ နီရဲ လာတော့သည်။

“ ဟမ့် ... ၊ သူ့ကို ကောင်းကင် ရေကန်မှာ၊ အဝတ် မပါဘဲ မြင်ခဲ့တာ နင် မေ့သွား ပြီလား။ ”

“ ဒါဆို သူ အပျိုစင် မဟုတ်တော့ဘူး ဆိုတာကို .. အကြောင်းပြချက် အနေနဲ့ သုံးသွား တာပေါ့၊ ဒါပေမယ့်​ သူ​ စောင့်နေတဲ့ လူက ဘယ်သူလဲ သိချင်သား။ ”

“ နင်ပဲ နေမှာပေါ့။ ”

“ ဟမ့် ... ငါနဲ့ ဘာဆိုင် လို့လဲ၊ ဒီရက်ထဲ ငါလည်း အနန္တ သင်္ချိုင်း တောင်ကြားကို ခရီး ထွက်ရ တော့မယ် ထင်တယ်။ ”

“ နိဗ္ဗာန် ရည်ရွယ်ချက်ကို လိုက်ဖမ်း မလို့လား၊ အဲဒါက မလွယ် ဖူးနော်၊ ဘဝနဲ့ မရဏ ရည်ရွယ်ချက်ကို နင် နားမလည်ပဲ၊ နိဗ္ဗာန်ကို သိ နိုင်မှာ မဟုတ်ဘူး၊ သတိ မထားရင် ဆယ်စုနှစ် တစ်ခု ကနေ၊ ရာစုနှစ် တစ်ခု အထိ ကြာမယ်။ ”

နိဗ္ဗာန်ကို ဆုပ်ကိုင်ရန် မည်မျှ ခက်ခဲ ကြောင်း သူမ သိသောကြောင့်၊ ခရမ်းငယ်မှ ပြောကြား လိုက်သည်။

ဆိုရိုး စကားများ အတိုင်း အချိန်နှင့် အာကာသသည် ဘုရင် ဖြစ်သည်။ သို့သော် နိဗ္ဗာန် ပေါ်လာသော အခါ၊ ၎င်းတို့သည် ဆုတ်ခွာ ပေးရ၏။

“ အိုင်းရစ် ဓားသူတော်စင် တောင် လုပ်နိုင်တယ်၊ ငါ ဘာလို့ မလုပ်နိုင် ရမှာလဲ။ ”

လင်းယွန်မှ မခံချင် စိတ်ဖြင့် ပြန်ပြော၏။

“ မတူဘူး ။ ”

ခရမ်းငယ်က ငြင်းဆိုသည်။

“ ငါ အနန္တ သင်္ချိုင်း တောင်ကြားကို လေ့လာကြည့် ပြီးပြီ၊ အဲဒီမှာ သွေးကျီးတွေနဲ့ ထူးထူး ဆန်းဆန်း ပန်းပင်တွေ ရှိတယ်၊ ဘဝ ရည်ရွယ်ချက် မရရင်တောင်၊ ပန်းသင်္ချိုင်းကို အဆင့် မြှင့်တင် နိုင်ပါ လိမ့်မယ်။ ”

မရဏ မိုးကြိုး တောင်ထိပ်တွင်၊ ရံဖန်ရံခါ နဂါး ဟောက်သံများ ဓားရောင်ဝါများ ရစ်သိုင်း နေသည်။

“ ဂျိန်း ... ။ ”

ကောင်းကင်၌ မိုးကြိုး တိမ်တိုက်များ စုစည်းလာ၏။ ဤသည်မှာ လင်းယွန်မှ ဓားရေး လေ့ကျင့် နေခြင်း ဖြစ်သည်။

လွန်ခဲ့သည့် သုံးရက်က ပိုင်ရှုရင်နှင့် တိုက်ခိုက် ပြီးနောက်၊ သူ့ဓားကို မိုးပြာ နဂါးဖြင့် ပေါင်းစပ်ကာ၊ သွေ့ရော် ဓား ပညာရပ်အား လေ့ကျင့် နေခြင်း ဖြစ်သည်။

သူ၏ မိုးပြာ နဂါးသည်၊ ပိုင်ရှုရင် ရေခဲ မီးထက် အားနည်းခြင်း မရှိချေ။ သို့သော် သူက လျစ်လျူရှု ထားမိ၏။

ထို့ကြောင့် ဤသုံးရက် လုံးလုံး ၎င်းအား ပေါင်းစပ်ရန် ကြိုးစား မိသည်။ သို့သော်လည်း၊ အောင်မြင်ခြင်း မရှိ သောကြောင့်၊ အနည်းငယ် စိတ်တို နေခဲ့သည်။

“ ငါ့မှာ ... ဓားနှစ်လက် ဝိညာဉ် ရှိနေလို့၊ စီနီယာ အစ်ကို တွေက ချီးကျူး ကြတယ်၊ အခု ဘာလို့ ငါ့ အရည်အချင်းက ပိုင်ရှုရင်ထက် နိမ့်ကျ နေရ တာလဲ။ ”

အတိ အကျ ဆိုရပါမူ၊ ပိုင်ရှုရင်သည် ဓားသမား စင်စစ် မဟုတ်ချေ။ သူမသည် အခြား သူများနှင့် မတူသော တာအိုကို ကျင့်ကြံသည်။

ဆိုလို သည်မှာ သူမသည် သိုင်း ရည်ရွယ်ချက် များ၏ အထက်တွင်၊ ရပ်တည် ရန် လမ်းစဉ်ကို ရွေးချယ် ထားသည်။

ဤသည်မှာ ရှေးဟောင်း တာအို ဖြစ်သည်။ လူသည်သာ ပဓာန ဖြစ်၏။ ထို့ကြောင့် အဆိုပါ တာအိုကို ရွေးချယ် ထားသည့် ပိုင်ရှုရင်မှာ၊ တကယ် ဆန်းကြယ် ချေပြီ။

အတွေးထဲ နစ်မျော နေစဉ်၊ အရိပ် တစ်ခု ချဉ်းကပ် လာသည်။ ယင်းသည် ဆွဲဆောင်မှု ရှိသော အမျိုးသမီး တစ်ဦး ဖြစ်၏။

“ စီနီယာ အစ်မ ... ။ ”

လင်းယွန်က အံ့အားသင့် သွားပြီး၊

“ သန့်ရှင်းသော သမီးတော် မြောင်ရင်ကို နှုတ်ဆက် ပါတယ်။ ”

-ဟု ပြောကြား လိုက်သည်။

မြောင်ရင်က လေထဲတွင် ရပ်ကာ၊ သူ့အား ငုံ့ကြည့်၏။ လွန်ခဲ့သော သုံးရက်က ပွဲအပြီးတွင်၊ ယဲ့ချင်းဟုန် အမည် ပျံ့နှံ့ သွားပြီ ဖြစ်သည်။

ဝူရှောင်အား ဂီတဖြင့် အနိုင် ယူကာ၊ ယဲ့ချင်းဟုန်ကို လက်ဖဝါး တစ်ချက်နှင့် သတိ လစ် စေခဲ့၏။

တစ်ဖက်တွင် ပိုင်ရှုရင်ထံ ရည်စား စကား ပြောခဲ့ သဖြင့်၊ အမည်ခံ သူတော်စင် နယ်ပယ် ကျင့်ကြံမှုကို ထုတ်ပြကာ၊ ဂိုဏ်းမှ တိမ်းရှောင် သွားခဲ့သည်။

သည့်အပြင် ပိုင်ရှုရင်၏ အပျိုစင် ဘဝကိုလည်း ရယူ ထားသည်ဟု ကောလ ဟာလ ထွက်နေ၏။

ထိုကြောင့် ဤလူငယ်သည် ကျော်ကြားလာ သော်လည်း၊ ဂုဏ်သတင်းမှာ အကောင်း-အဆိုး ရောထွေး နေသည်။

အဆိုပါ လူမျိုးသည် သူမ အာရုံကို ဆွဲဆောင်နိုင်ခြင်း မရှိချေ။ သို့သော် ၎င်းနှင့် စကား ပြောမိသည့် အချိန်တိုင်း၊ မိတ်ဆွေ တစ်ယောက် ကဲ့သို့ ခံစား ရ၏။

“ ယဲ့ချင်းရှန် ... ၊ မင်းက လဝက် အတွင်း ရုန်းရင်းဆန်ခတ် နောက်တစ်ခုကို ဖန်တီးနိုင် တာပဲ။ ”

မြောင်ရင်မှ ပြုံးကာ ပြောလိုက်သည်။

“ သန့်ရှင်းသော သမီးတော် ... ၊ မင်း နောက်နေ တာပဲ ဖြစ်ရမယ်။ ”

ယဲ့ချင်းရှန်၏ စိုးရွံ့သော အမူအရာကို မြင်သော အခါ မြောင်ရင်က ပြုံးမိသည်။ ၎င်းမှ သူမ အထင် လွဲမှား မည်ကို၊ ကြောက်နေ သလိုမျိုး ပေပင်။

သူမ ရှေ့တွင် အနည်းငယ် လေးနက်ကာ၊ ယဉ်ကျေးလွန်းပြီး ကောလဟာလ များနှင့် မတူ ခဲ့ချေ။

“ ငါ့ဆရာက မင်းကို တွေ့ချင် နေတယ်။ ”

“ ဟုတ်ကဲ့ ... ၊ ကျေးဇူးပြုပြီး လမ်းပြ ပေးပါ။ ”

လင်းယွန်က ညာဘက် လက် (၅)ချောင်း အတွင်း၊ ဘယ်ဘက် လက်(၅) ချောင်းကို ယှက် ကာ၊ ဦးညွှတ် လိုက်၏။

အမွှေးတိုင် လောင်ကျွမ်းချိန် တစ်ဝက်ခန့် အကြာ၌ သတ်ဖြတ်ခြင်း မဟာ သူတော်စင်ထံ ရောက်ရှိ လာသည်။

သူမက လင်းယွန်အား မြင်သောအခါ မြောင်ရင်ကို ထွက်သွား စေသည်။ လင်းယွန်က မြောင်ရင်ကို အရိုအသေ ပေးသည့် အတိုင်း၊ လက်ချောင်း များကို ယှက်ကာ၊

“ တပည့် လင်းယွန် ... ၊ သခင်မကို နှုတ်ဆက် ပါတယ်။ ”

-ဟု ပြောကြား လိုက်တော့သည်။

‘သခင်မ’ ဟူသော ရည်ညွှန်း နာမ်စားကြောင့်၊ သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှ အံ့ဩ တကြီး ပြုံးသည်။

“ ငါ့ကို ဒီလို ခေါ်တာ ... မင်းဆရာ သိရင် နှင်ထုတ် ခံရ လိမ့်မယ်၊ နောင် ... ငါ့ကို ဒီလိုမျိုး မခေါ်နဲ့။ ”

“ ဟုတ်ကဲ့ပါ ... သခင်မ။ ”

လင်းယွန်မှ ခေါင်းညိတ်သည်။

“ ငါက ... ဗုဒ္ဓဘာသာ ဝင် ဖြစ်သွားပြီ၊ မင်းငါ့ကို ဒီလို ထပ်ခေါ်ရင် ... မင်း ခြေထောက် တွေကို ကျိုးပစ်ပြီး၊ ဒူးထောက် ခိုင်းမိမယ်။ ”

“ ဟုတ်ကဲ့ ... ။ ”

သတ်ဖြတ်ခြင်း မဟာ သူတော်စင်က လင်းယွန်အား ထိုင်ရန် ညွှန်ပြ လိုက်သည်။ သူမက၊

“ မကြာ သေးခင်က၊ မင်း ပွဲဆူ ခဲ့တယ် မဟုတ်လား၊ ပိုင်-မိသားစုနဲ့ ယဲ့-မိသားစုတွေ အုန်းအုန်း ကျွက်ကျွက် ဖြစ်ကုန်ပြီ၊ ဒါ့ကြောင့် မင်းကို ငါ့ဆီ ခေါ်ထားဖို့ ဆုံးဖြတ် ထားတယ်။ ”

သူမ စကားကြောင့် ရုတ်တရက် တစ်စုံ တစ်ရာကို တွေးမိပြီး၊ လင်းယွန်က ပြုံးကြည့် လိုက်မိသည်။

ဤအရာက သတ်ဖြတ်ခြင်း မဟာ သူတော်စင်ကို ချက်ချင်း အဆင်မပြေ ဖြစ်သွား စေသည်။ သို့သော် သူမက ပြုံးပြီး၊

“ ဝူမင်သာ ... အရင် တုန်းက မင်းလို ထက်မြက်မယ် ဆိုရင် ... ငါသီလရှင် ဖြစ်လာမှာ မဟုတ်ဘူး၊ လွန်ခဲ့တဲ့ နှစ်တစ်ရာ ကျော်လောက် ကသာ၊ ငါ့ကို ‘သခင်မ၊’လို့ ...

.... တစ်ယောက် ယောက်က ခေါ်ခဲ့ရင်၊ ကြည်နူးမိမှာ အမှန်၊ အခုတော့ ငါ အသက်ကြီး နေပြီ၊ မခံယူ ဝံ့တော့ဘူး။ ”

မဟာ သူတော်စင်၏ အသံမှာ၊ အနည်းငယ် ဝမ်းနည်းသံ စွက်နေ၏။ သူမ နှလုံးသား နာကျင် သွားပုံ ရသည်။

“ သခင်မ ... ၊ ဟာသတွေ မပြော ပါနဲ့၊ သခင်မက လှပ နေဆဲပါ၊ ကောင်းကင် တာအို ဂိုဏ်းရဲ့ လှတယ် ဆိုတဲ့၊ အမျိုးသမီး တွေတောင် သခင်မရဲ့ အဝတ်စကို၊ ကိုင်ခွင့် မရှိ ပါဘူး။ ”

သတ်ဖြတ်ခြင်း မဟာ သူတော်စင်၏ အလှသည် ကျောက်စိမ်းဓား သူတော်စင်ထက် မနိမ့်ကျ လှချေ။

သူတို့ နှစ်ယောက် စလုံးတွင်၊ ကောင်းမွန် သော၊ ပင်ကိုယ် အကျင့် စရိုက် ကိုယ်စီ ရှိိကြပြီး၊ ရှားရှား ပါးပါး ဖြစ်ချေ၏။

ထိုစကားကြောင့် သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှ ပြုံးလိုက်ပြီး၊

“ ဝူမင် တောင်မှ ... ၊ ငါ့ကို ဒီလိုမျိုး မချီးကျူးဖူးဘူး၊ ကောင်းပြီ ... စကား ပြောနေ တာတွေ ... ရပ်လိုက် ရအောင်၊ ရက် နည်းနည်း ကြာတဲ့ အထိ၊ မင်း ... ဒီမှာနေ ... ၊ မင်းကို ဘယ်သူမှ ဒုက္ခ မပေး စေရဘူး။ ”

***

All Chapters