← Chapters

သူငယ်ချင်း ပုံပြင် ... ။

Vol. 142 Ch. 1988

သူငယ်ချင်း ပုံပြင် ... ။

Vol. 142 Ch. 1988

“ ပိုင်ဇီယွမ်က ... မင်းကို ဘာသင်ပေး ခဲ့လဲ။ ”

သတ်ဖြတ်ခြင်း မဟာ သူတော်စင်က လင်းယွန်ကို ကြည့်ကာ မေးလိုက် လာသည်။

ပိုင်ဇီယွမ် ဟူသည် မည်သူမှန်း လင်းယွန် မသိချေ။ သို့သော် ကျောက်စိမ်းဓား သူတော်စင် ကို ရည်ညွှန်းခြင်း ဖြစ်ကြောင်း မှန်းဆ နိုင်ပြီး၊

“ သိုင်းအဒေါ်က ... ပိုးစုန်း​ကြူး နတ်ဓားနဲ့ ​သွေ့​ရော်ဓား သင်ပေး ပါတယ်။ ”

-ဟု ပြန်ပြော လိုက်သည်။

“ သွေ့ရော် ဓား ... ၊ ငါ ဒီဓားရေးကို အရင်က တစ်ခါမှ မကြား ဖူးဘူး၊ ငါ့ကို ရှင်းပြစမ်း။ ”

သွေ့ရော် ဓားသည် ပုံစံ ဆယ့်သုံးမျိုး ရှိပြီး၊ ပိုးစုန်းကြူး နတ်ဓားနှင့် ဆင်တူကြောင်း ရှင်းပြ လိုက်၏။ ကျွမ်းကျင်ရန် ခက်ခဲ ပေသည်။

ပိုင်ရှုရင်ကြောင့် သာလျှင် လျင်မြန်စွာ တိုးတက် လာခြင်း ဖြစ်၏။ လင်းယွန် ရှင်းပြ ချက်ကို ကြားပြီးနောက်၊ သတ်ဖြတ်ခြင်း မဟာ သူတော်စင်က ရယ်မော လိုက်ပြီး၊

“ ဟား ဟား ဟား ...ဒါက သွေရော်ဓား မဟုတ်ဘူး၊ နေလ နတ်ဓားပါ၊ ပိုးစုန်း​ကြူး နတ် ဓားရဲ့ ... သူတော်စင် နယ်ပယ် ပုံစံ တွေပဲ၊ ...

... သူတော်စင် နယ်ပယ်ကို မရောက်ခင် လေ့ကျင့်ရင် နားလည်ဖို့ မလွယ်ဘူး၊ မင်းကို သူ မပြောပြ ဖူးလား။ ”

လင်းယွန်မှ အံ့အားသင့် သွား ပြီးနောက်၊ ဤဓား​ရေး နှစ်ရပ် အဘယ်ကြောင့် ဆက်စပ်မှု ရှိနေရ သည်ကို၊ နားလည် လာသည်။

“ သူတော်စင် နယ်ပယ် ပုံစံမှာ၊ ပိုးစုန်းကြူးတွေရဲ့ ရောင်ခြည်တော်က နေနဲ့ လကို ယှဉ်နိုင်တယ်၊ ဓား (၁၃)လက်က လှေကား (၁၃)ထစ်ပဲ၊ ...

... လှေကား တစ်ထစ် စီကို ... ပေ တစ်ထောင် အထိ မြင့်တယ်၊ ဆိုလို တာက ကွာခြားချက် အရမ်း ကြီးမားတယ်၊ ငါက ဓားသမား တစ်ယောက် မဟုတ် ပေမယ့်၊ ...

... ဓားနဲ့ ပတ်သက်ရင် နည်းနည်းတော့ သိတယ်၊ သူတော်စင် ရောင်ဝါ မပါဘဲ ဒီဓား​ကို လေ့ကျင့်ဖို့ မလွယ်ဘူး၊ အနည်း ဆုံးတော့ ... အမည်ခံ သူတော်စင် နယ်ပယ်မှာ ရှိရမယ်။ ”

အဆုံးတွင် သူ မညံ့ သော်လည်း ပိုင်ရှုရင် ကဲ့သို့ ကျွမ်းကျင်မှု မရှိရသည့် အကြောင်းရင်ကို နားလည် လာသည်။

“ ပိုင်ဇီယွမ်က ဒီအကြောင်းကို မင်းကို မပြော​ပြ ခဲ့ဖူးလား။ ”

လင်းယွန်မှ ခေါင်းယမ်း လိုက်သည်။ ကျောက်စိမ်းဓား သူတော်စင်၌ မပြော ရသည့် အကြောင်းရင် တစ်ရပ် ရှိနိုင် ပေမည်။

တစ်ချိန်က ပိုးစုန်းကြူး နတ်ဓားကို လေ့ကျင့်ရန်၊ ကျင့်ကြံမှု အဆင့် မမီခဲ့ သော်ငြား လည်း၊ ကောင်ကင် အမိုး ဓားကြောင့်၊ သူ လေ့ကျင့် နိုင်ခဲ့သည်။

ယခု သူတော်စင် များပင် ဆုပ်ကိုင်ရ ခက်သည့် ကြယ်ဓားကို ဆုပ်ကိုင် ထားချေ၏။ ထို့ကြောင့် ကျောက်စိမ်းဓား သူတော်စင်မှ သူ လေ့ကျင့် နိုင်မည်ဟု၊ ယူဆ လိုက်ပုံ ရသည်။

“ ဝူမင် ထံမှာ ကျရှုံးခဲ့ တာလည်း မပြောနဲ့ မဟာ သူတော်စင် တစ်ပါး အနေနဲ့၊ သူ့ကိုယ်သူ ဂျူနီယာ တစ်ယောက် အဖြစ် နှိမ့်ချ ပစ်တယ်၊ ဘယ်လောက် အရှက်မဲ့ လိုက်လဲ။ ”

သတ်ဖြတ်​ခြင်း မဟာ သူတော်စင်မှ လေှာင်ပြောင် လေသည်။ ကျောက်စိမ်းဓား သူတော်စင်နှင့် သူမကြား ကောင်းမွန်သော ဆက်ဆံရေး မရှိ သည်ကို လင်းယွန် သိ၏။

ထို့ကြောင့် ထိုအကြောင်း အရာ အတွင်း မပါဝင်ခြင်းသည် အကောင်းဆုံး ဖြစ်၏။

“ သူက မင်း ဒုက္ခ ရောက်ပြီး၊ တောင်းပန် တာကို မြင်ချင် ပုံတယ်၊ ကဲ ... သူ့ကို ထားလိုက်၊ မင်း သိထားတဲ့ သိုင်းပညာ တွေကို ပြပါဦး၊ ...

... ငါ မင်းကို ညွှန်ပြ ပေးနိုင် မလား ကြည့်မယ်၊ ငါက သူ့လို မဟုတ်လို့ ... စိတ်ပူ နေစရာ မလိုဘူး။ ”

“ ကျေးဇူး တင်ပါတယ် သခင်မ ... ။ ”

ကျေးဇူးတင် စကား ပြောကြားကာ၊ သူ သိထားသော ကိုယ်ခံ ပညာ အားလုံးကို ကစား ပြခဲ့သည်။

နိဗ္ဗာန် အဆင့် ရောက်ချိန်၌ လင်းယွန် သင်ယူထားသော ပညာ ရပ်များသည် စနစ် တကျ ဖြစ်လာ၏။

ရွေ့လျားမှု အတွက် နေနတ် ဘုရားအား ဖမ်းဆီးခြင်း၊ ခန္ဓာကိုယ် သန့်စင်ရေး အတွက် သူတော်စင် ကိုယ်လုံး ကိုယ်ပေါက်၊ လက်သီး နည်းစနစ် အတွက်၊ အဓိပတိ နဂါး လက်သီး တို့ရှိသည်။

လျှို့ဝှက် နည်းပညာ အဖြစ်၊ နတ်ဘုရား ပုံရိပ်ယောင် ဓား၊ ပိုးစုန်းကြူး နတ်ဓားနှင့် ကနဦး ဓား တို့လည်း ရှိသည်။

ကောင်းကင် ပိုးစာ လက်ဟန်နှင့် ငရဲ သံကြိုးများ ကဲ့သို့သော၊ အသုံး နည်းလှသည့် ရုတ်ချည်း နည်းစနစ် များလည်း ကျန်သေး၏။

“ အဓိပတိ နဂါး လက်သီး၊ ဒါက နဂါး မျိုးရိုးရဲ့ သိုင်းပညာပဲ ... နည်းနည်း ငါ သိတယ်၊ အဓိပတိ နဂါး တံဆိပ်ကို ဖွဲ့ပြ ပါဦး ... ။ ”

လင်းယွန်က ခေါင်းညိတ် ပြလိုက်ပြီး၊ ခန္ဓာကိုယ် ထဲမှ နဂါး ရောင်ဝါများ ထုတ်လွှတ် လိုက်သည်။

နဂါး​ပြာ တံဆိပ်၊ ငွေနဂါး တံဆိပ်နှင့် ရွှေနဂါး တံဆိပ် တို့ကို ပေါင်းစပ်ကာ၊ အဓိပတိ နဂါး တံဆိပ် အဖြစ်၊ ဖွဲ့စည်း ပြသည်။

" နဂါးဖြူ တံဆိပ်၊ မရဏ နဂါး တံဆိပ်၊ မိုးပြာ နဂါး တံဆိပ်နဲ့၊ နဂါးနီ တံဆိပ်တွေ ကျန် သေးတယ် မဟုတ်လား။

သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှ မေးမြန်း လာ၏။ လင်းယွန်မှ ခေါင်းညိမ့် ပြလိုက်သည်။

“ ငါ မင်းကို ... တံဆိပ်တွေ အရင် သင်ပေးမယ်၊ အဓိပတိ နဂါး တံဆိပ်ကို ပြီးပြည့် စုံအောင် အာရုံ စိုက်ပါ၊ ဒီအတော အတွင်း၊ ...

... လက်သီး နည်းစနစ်နဲ့ ပက်သက်လို့ မင်းအတွက် အဖြေ တစ်ခု ရှာပေး ထားမယ် စိတ် မပူနဲ့၊ အဓိပတိ နဂါး တံဆိပ် မပြည့်စုံရင် လက်သီး စွမ်းအားကို အပြည့် ထုတ်နိုင်မှာ မဟုတ်ဘူး။ ”

လင်းယွန်က ဝမ်းမြောက် လာ၏။ ဤတံဆိပ်အား ပြီးပြည့် စုံအောင် လုပ်ယူရန် အခွင့်အလမ်း ရှာ မတွေ့ သဖြင့်၊ စွန့်ပစ်ရန် စဉ်းစား နေပြီး ဖြစ်သည်။

“ နဂါး မျိုးနွယ်စုမှာ၊ အစွမ်း ထက်တဲ့ နာမည်ကြီး လက်သီး နည်းစနစ် နှစ်ခု ရှိတယ်၊ အဲဒါက ဧကရာဇ် နဂါး လက်သီးနဲ့၊ အဓိပတိ နဂါး လက်သီးပဲ။ ”

“ ဟုတ်ကဲ့ ... ။ ”

နာခံမှု ရှိရှိဖြင့် ​ခေါင်းညိမ့် ပြသော လင်းယွန်ကို ကြည့်ကာ သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှ ပြုံးသည်။

“ မင်း ... ဒီမှာ လေ့ကျင့် နေတုန်း၊ ဝတ်ပြုရေး ကေျာင်းတွေမှာ နေနိုင်တယ်၊ အရင်း အမြစ် အတွက် မပူနဲ့၊ မင်း ခန္ဓာကိုယ် ...

... ကျင့်ကြံဖို့ စစ်မှန်သော သူတော်စင် နဂါး သွေးရည်ကြည် ပေးမယ်၊ ပြီတော့ သူတော်စင် နဂါး ​ဆေးလုံး အနည်းငယ် ထပ်ပေးမယ်။ ”

“ ကျေးဇူး တင်ပါတယ် သခင်မ။ ”

အလွန် ရက်ရောသော အမျိုးသမီးထံ ကြည့်ကာ၊ လင်းယွန် မျက်လုံးများ တောင်ပ လာခဲ့သည်။

“ အိုး ... ဒါနဲ့ ... ၊ ရှင်းယန်က ပယင်း နယ်မြေမှာ မင်းနဲ့ အသိအကျွမ်း ဖြစ်ခဲ့တယ် မဟုတ်လား၊ လောလောဆယ် ... ဒါကို လျှို့ဝှက်ထား ပေးဖို့၊ မျှော်လင့် ပါတယ်။ ”

“ နားလည် ပါပြီ။ ”

အသက် ပြင်းပြင်း ရှူလျက်၊ လင်းယွန်မှ ခေါင်းညိတ် ပြလိုက်၏။ သတ်ဖြတ်ခြင်း မဟာ သူတော်စင်က သူမ တပည့်ကို စိတ်ပူ ပုံ ပေပင်။

“ မင်းဆရာ ဧကရာဇ် ဖြစ်လာ ရင်တော့ ... ၊ မင်း မည်သူ မည်ဝါ ဆိုတာကို ဖုံးကွယ် ထားဖို့ မလိုတော့ ပါဘူး။ ”

“ ဆရာ အောင်မြင်နိုင် သလား သခင်မ ... ။ ”

“ လူသား တေွက သေမျိုး ပါပဲ၊ လူတိုင်း သူ့ကို သေမှာလို့ ပြော​နေ ပေမယ့်၊ ငါ မယုံဘူး၊ အောင်မြင် လိမ့်မယ်၊ သူက ... ဧကရာဇ် ကိုးပါး အထက်မှာ ... ၊ ရပ်တည်ချင် နေတာ။ ”

ယင်းက လင်းယွန်အား ပို၍ စိုးရိမ် ပူပန်စေသည်။ ဆရာ သခင်သည် ဧကရာဇ် ကိုးပါးထက် သာလွန်ခြင်း မရှိသော်၊ သေခြင်း ကိုသာ ရွေးပေ လိမ့်မည်။

တော်ဝင် သမီးတော် ခြံဝင်း၏ ချောက်ကမ်းပါးတွင်၊ ဓားမော့ တစ်ထောင် ဗုဒ္ဓ လှိုဏ်ဂူ တစ်ခု ထွင်းထု ထားသည်။

ထိုအရပ်တွင် သူတော်စင် ရောင်ဝါများ အလွန် ထူထပ် လှသဖြင့်၊ အခိုး အငွေ့ သဖွယ် ရင်ပြင်ကို ဖုံးလွှမ်း ထားသည်။ ကောင်းကင် တာအို ဂိုဏ်း၏ ရတနာ နယ်မြေ ပေပင်။

သန့်ရှင်းသော သမီးတော်၊ သို့မဟုတ် သူတော်စင် တပည့်များပင်၊ ကျင့်ကြံခွင့် မရှိချေ။ လင်းယွန်မှာ ခြွင်းချက် ဖြစ်သည်။

ထို့ကြောင့် လဝက် အတွင်း၊ အရင်း အမြစ်များ စွာ​ဖြင့်၊ နိဗ္ဗာန်-ပဉ္စမမြောက် အသွင် ပြောင်းမှုသို့ လင်းယွန် ရောက်ရှိ လာသည်။ အံ့အား သင့်ဖွယ် အရှိန်မျိုး ဖြစ်၏။

ကျောက်စိမ်းဓား သူတော်စင် လက်တွင် သူ့ကျင့်ကြံမှု ရပ်တန့် သွား​ပြီး၊ ဓားရေး ၌သာ တိုးတက် ခဲ့သည်။

ယင်းကို သတ်ဖြတ်​ခြင်း မဟာ သူတော်စင်က သဘော မကျချေ။ ကျင့်ကြံမှု အားနည်း လွန်း သောကြောင့်၊ မကျေနပ် နိုင် ဖြစ်နေသည်။

ထို့​ကြောင့် သူတော်စင် နဂါး ဆေးလုံး (၁၀)လုံးနှင့် မရေ မတွက်နိုင်သော နိဗ္ဗာန် ဆေးလုံးများ ပေးလာသည်။

သည့်အပြင် သူတော်စင် ခန္ဓာ အတွက်၊ စစ်မှန်သော နဂါး သွေးရည်ကြည် ကိုလည်း ပေးကမ်း လာ၏။

သတ္တမတန်း အဆင့် ကီလိုဂရမ် (၁၄၀၀၀)ခန့် ရှိသည်။ ၎င်းအား သန့်ရှင်းသော မီးတောက် များဖြင့့် လောင်ကျွမ်း စေကာ၊ ဆေးအိုးကြီး အဖြစ် သန့်စင် ခဲ့သည်။

ထိုအချင်းအရာကို ခရမ်းငယ်မှ အံကြိတ်လျက် ကြည့်နေ ရ၏။ သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှ စောင့်ကြည့် နေသဖြင့်၊ သူမ မတောင်းဆို ဝံ့ချေ။

တစ်နေ့တွင် လင်းယွန်က မျက်လုံးများ ဖွင့်ကြည့် လိုက်ရာ၊ သန့်ရှင်းသော သမီးတော် မြောင်ရင် ရောက်နေ သည်ကို မြင်လိုက် ရသည်။

လွန်ခဲ့သော (၁၅) ရက် အတွင်း ဤသို့ မကြာခဏ တွေ့ဆုံရ သဖြင့်၊ သူတို့ သိကျွမ်း လာ ခဲ့ကြသည်။

“ စီနီယာ အစ်မ ... မင်း ဒီနေ့ စောတယ်။ ”

“ ဟုတ်တယ် ... ငါ မင်းကို လာ နှုတ်ဆက်တာ။ ”

“ ဘယ်သွား မလို့လဲ ... ။ ”

“ နတ်ဘုရား သင်္ချိုင်း တောအုပ်ကို သွားမို့။ ”

“ စီနီယာ အစ်မ ... မင်း ဘုရင် အဆင့် အတွင်း ဝင်ပြီလား။ ”

လင်းယန်မှ စိုးရိမ်စွာ ပြန်မေး လိုက်သည်။

“ နိဗ္ဗာန်-နဝမမြောက် အသွင် ကူးပြောင်းမှုကို ... ငါ ရောက်နေတာ ကြာပြီ၊ ပြီးခဲ့တဲ့ နှစ်က ထိပ်ဆုံး ရာဂဏန်း အတွင်း ဝင်နိုင် ခဲ့တယ်၊ အခုဆို ထိပ်ဆုံး ငါးဆယ် လောက် ဝင်နိုင်ပြီ ထင်တယ်။ ”

ဘုရင် အဆင့် သတ်မှတ်ချက်တွင် သူတော်စင်များ မပါဝင် သော်လည်း၊ အသက် ကန့်သတ်ချက် မထား ခဲ့ချေ။

ထို့ကြောင့် အရှေ့ဘက် ပျက်စီးမြေ၏ သူတော်စင်များ အောက်ရှိ၊ လူငါးဆယ် ဟူသော အဆင့်သည်၊ မည်မျှ ကြောစရာ ကောင်းမည်ကို တွေးကြည့် နိုင်သည်။

“ ငါ သွားတော့မယ် ... ။ ”

လင်းယွန်က စကား ပြောရန် ပြင်လိုက် သော်လည်း အသံထွက် မလာချေ။ အကူ အညီ မဲ့သူ တစ်ယောက် ကဲ့သို့ ခံစား လာရ၏။

ယင်းကို သတိထား မိသော မြောင်ရင်က ရုတ်တရက် ပြန်လှည့် လာပြီး၊

“ မင်း နှလုံးသားမှာ ... ပုန်းအောင်းတဲ့ ဆန္ဒတွေ ရှိ​လား၊ ငါ့ကို ပြောပြလို့ ရတယ်၊ ဒီလို ဆန္ဒ တွေကို မဖြေရှင်း နိုင်ရင် ... ၊ အတွင်း နတ်ဆိုး ဖြစ်လာ လိမ့်မယ်။ ”

-ဟု ပြန်မေး လိုက်သည်။

သူမ စကားကြောင့် လင်းယွန်မှ ပြုံးသည်။ သူ့ဆန္ဒမှာ သူ မည်သူ မည်ဝါ ဖြစ်မည်ကို ပြော လိုခြင်း ဖြစ်သည်။

လွန်ခဲ့သည့် တစ်ချိန်လုံး ဆုစီယာ နောက် လိုက်​နေ ခဲ့ပြီး၊ ရှင်းယန်အား မတွေ့ရ သည်မှာ ငါးနှစ် ရှိပြီ ဖြစ်သည်။

“ ငါ ထင်သားပဲ ... ၊ မင်းမှာ တစ်ခုခု မှားနေပါ တယ်လို့၊ ပြောပါဦး ... ငါ နားထောင် ပေးမယ်။ ”

“ ဟုတ်ကဲ့ ... တကယ်တော့ ကျွန်တော် ဖြစ်နေတာ မဟုတ်ဘူး၊ ကျွန်တော့် သူငယ်ချင်း တစ်ယောက်ပါ။ ”

အဆုံးတွင် လင်းယွန်မှ အနည်းငယ် ပြောပြ ကြည့်ရန် ကြိုးစား လိုက်သည်။

“ ဟုတ်လား စိတ်ဝင်စား စရာပဲ၊ ဆက်ပါဦး ... ။ ”

မြောင်ရင်က ပြုံးလျက် မေးဆတ် ပြလိုက်သည်။ သို့သော် သူမ စိတ်ထဲ ၌မူ လှောင်ရယ် နေခဲ့၏။

ယဲ့ချင်းရှန် တစ်ယောက် သူ့ကိုယ်သူ သူငယ်ချင်း အဖြစ် နာမ်စား သုံးကာ၊ ပုံပြင် ပြောရန် ပြင်နေမှန်း သူမ သိလေသည်။

***

All Chapters