← Chapters

မျောက်ကို ခြောက်ရန် ကြက်ကို သတ်ပြသည်။

Vol. 19 Ch. 267

မျောက်ကို ခြောက်ရန် ကြက်ကို သတ်ပြသည်။

Vol. 19 Ch. 267

ကောင်းကင်ဘုံစိတ်ဝိဉာည်နယ်မြေက ကန္တာရနယ်မြေနှင့် အနီးဆုံးဒေသတစ်ခုဖြစ်သည်။

သို့သော်လည်း အကွာအဝေးက ထိုမျှလောက် နီးမနေပေ။

အာကာသင်္ဘောနှင့်ဆိုလျှင်တောင် အချိန်လေးရက်ကြာလေသည်။

အာကာသသင်္ဘောက လေဟာနယ်ကို ချိုးဖောက်ပြီး ကောင်းကင်ဘုံစိတ်ဝိဉာည်နယ်မြေသို့ဝင်ရောက်လာခဲ့သည်။

လူတိုင်းက ကန္တာရဒေသထက် တစ်ဒါဇင်ခန့်ပင် ပို၍သိပ်သည်းသော စိတ်ဝိဉာည်ချီများက‌ သူတို့ထံတိုးဝင်လာသည်ကို အာရုံခံမိလိုက်ကြသည်။

အားလုံး၏ သွေးကြောများအတွင်းရှိ စိတ်ဝိဉာည်စွမ်းအားများက မြန်ဆန်စွာလှည့်ပတ်နေကြသည်။

၎င်းက အံ့ဩစရာတော့ မရှိပေ။

ဘာကြောင့် သိုင်းဧကရာဇ်နယ်ပယ်ကျင့်ကြံသူရှစ်ဦးက ကောင်းကင်ဘုံစိတ်ဝိဉာည်နယ်မြေတွင်ရှိနေရသနည်း။

ထိုများပြားသည့် စိတ်ဝိဉာည်ချီများဖြင့် ပါရမီစွမ်းရည်နှင့် အခွင့်အလမ်းသာရှပါက စိတ်ဝိဉာည်ချီနေရာအတွက် စိတ်ပူစရာမလိုတော့ပေ။

ထိုအခိုက်တွင် ခုန်းကျန့်ဟန်၏ ပုံရိပ်က အာကာသသင်္ဘောရှေ့တွင် ပေါ်လာလေသည်။

သူက ဟုန်ရင်ကို လေးစာစွာဖြင့်ပြောလိုက်လေသည်။ “အရှင်မ၊ တိမ်ဖီးနစ်အင်ပါယာနန်းတော် ဆောက်လုပ်ခြင်းက ပြီးဆုံးသွားပါပြီ”

ယခုတော့ ခုန်းကျန့်ဟန်၏ ကံတရားက ဟုန်ရင်၏ လက်ထဲတွင်သာ ရှိတော့သည်။

ဟုန်ရင်၏ အတွေးတစ်ချက်နှင့်ပင် သူ့ဘဝက အဆုံးသတ်သွားနိုင်သည်။

ထို့ကြောင့် ခုန်းကျန့်ဟန် မကောင်းကြံမည်ကို စိုးရိမ်စရာမလိုပေ။

ဟုန်ရင်က ခေါင်းညိမ့်ကာ ပြောလိုက်သည်။ “ငါတို့ကို ခေါ်သွား”

၎င်းကိုကြားသော် ခုန်းကျန့်ဟန်က ရှေ့မှ ဦးဆောင်၍ လမ်းပြလိုက်သည်။

ကောင်းကင်ဘုံစိတ်ဝိဉာည်နယ်မြေတွင် တိမ်ဖီးနစ်အင်ပါယာနန်းတော်သည် အလယ်ခေါင်တွင်တည်ရှိ၏။

အလယ်ရှိမြို့တော်ကိုပင် တိမ်ဖီးနစ်မြို့တော်ဟုပင် အမည်ပြောင်းလဲခဲ့သည်။

ထိုမြို့က ကောင်းကင်ဘုံစိတ်ဝိဉာည်ဂိုဏ်းနှင့် ကပ်လျှပ်တွင်ရှိလေသည်။

အာကာသသင်္ဘောက လေထုထဲတွင် ရပ်လိုက်သည်။

ကျိုထျန်းမျိုးနွယ်နှင့် ဧကရာဇ်မင်းဆရာတို့က သူတို့၏ လူများကို ဦးဆောင်ကာ အနားပတ်ဝန်းကျင်နှင့် ရင်းနှီးစေရန် လိုက်ကြည့်နေကြသည်။

ယဲ့ချိုးပိုင်က ခုန်းကျန့်ဟန်ဘေးသို့လာကာ မေးလိုက်လေသည်။ “ဂိုဏ်းချုပ်ခုန်း၊ ခင်ဗျား အကန့်သတ်မဲ့ကမ္ဘာကို ကြားဖူးလား”

“အကန့်သတ်မဲ့ကမ္ဘာ”

ခုန်းကျန့်ဟန်က အံအားသင့်သွားပြီး စိတ်ရှုပ်ထွေးစွာ ပြန်မေး၏၊ “အကန့်သတ်မဲ့ကမ္ဘာကို ဘာလုပ်ဖို့မေးတာလဲ”

ယဲ့ချိုးပိုင်က ပြန်ဖြေသည်။ “ဒီအတိုင်း အတွေ့ကြုံရှာချင်လို့ပါ”

သူက မိန်းကလေးတစ်ယောက်ကို ရှာဖို့လို့တော့ မပြောနိုင်ပေ။

“အခုက ကျင့်ကြံဖို့ လုံလောက်ပြီမဟုတ်လား”

ခုန်းကျန်းဟန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်၊ “သတိပေးလိုက်ရဦးမယ်။ အကန့်သတ်မဲ့ကမ္ဘာက လက်တ္တီတွဒ်အနိမ့်ပိုင်းနယ်မြေတွေထဲမှာ အားအကောင်းဆုံးဘဲ။ သူထက် မြင့်တာ မရှိတော့ဘူး။ အဲ့ကလူတွေက ကန္တာရဒေသနဲ့ ကောင်းကင်ဘုံစိတ်ဝိဉာည်‌နယ်မြေကလူတွေက အဆပေါင်းများစွာ ပိုအားကောင်းတယ်”

“လက်တ္တီတွဒ်အနိမ့်ပိုင်းနယ်တွေက တစ်ခုခုလုပ်ချင်ရင် အကန့်သတ်မဲ့ကမ္ဘာကို ကြည့်ပြီးမှ လုပ်ရတယ်”

“အကန့်သတ်မဲ့ကမ္ဘာက အရင်တုန်းက ဘာရည်ရွယ်ချက်မှ မရှိတော့ အုပ်စိုးဖို့ကို စိတ်မဝင်စားဘူး”

ယဲ့ချိုးပိုင်က မေးလိုက်သည်။ “သူတို့က အရမ်းသန်မာတာလား”

ခုန်းကျန်းဟန်က ခေါင်းညိမ့်ကာ ပြောလေသည်။ “အရမ်းသန်မာတယ်။ ဒီနေရာမှာ မင်း ကတော့ ပါရမီရှင်တွေက ပါရမီရှင်လို့ ပြောလို့ရမယ်”

လက်ရှိ ယဲ့ချိုးပိုင်က ဓားဘိုးဘေးနယ်ပယ်သို့ ရောက်နေပြီဖြစ်လေသည်။

ဓားကျင့်ကြံသူများအကြားတွင် သူက နတ်ဆိုးတစ်ကောင်ပင်။

ကောင်းကင်ဘုံစိတ်ဝိဉာည်နယ်မြေတွင် ထို့အတူဖြစ်သည်။

“ဒါပေမဲ့လည်း အကန့်သတ်မဲ့ကမ္ဘာမှာတော့ မင်းက အဆင်ပြေရုံဘဲ”

ခုန်းကျန့်ဟန်က တစ်ခုခုကို ပြန်လည်စဉ်းစားပြီး သက်ပြင်းချလိုက်လေသည်။ “ငါ့လက်ရှိအဆင့်နဲ့တောင် အကန့်သတ်မဲ့ကမ္ဘာကိုသွားရင် ခြေကြားထဲ အမှီးဖွက်ထားရတယ်။ နားလည်လား”

“ဒီလိုဆိုရင်တောင်မှ သွားချင်သေးလား”

ယဲ့ချိုးပိုင်က ပြုံးကာ ခေါင်းညိမ့်လိုက်သည်။ “သွားချင်တယ်”

ဓားကျင့်ကြံသူတစ်ဦးက အခက်အခဲကို ရင်ဆိုင်ရမည်ပင်။

သူက ခက်ခဲသည်ကို မကြောက်ပေ။

ထိုမှသာလျှင် သူလက်ထဲရှိ ဓားက တုံး၍နေလိမ့်မည်မဟုတ်ပေ။

ခုန်းကျန့်ဟန်က ယဲ့ချိုးပိုင်၏ အလေးအနက်ဖြစ်နေသော အမူအရာကို ကြည့်လိုက်သည်။

“မင်းဓားပညာကို ဒီလောက်ထိ ကျင့်ကြံနိုင်ခဲ့တာ တိုက်ဆိုင်မှု့မဖြစ်နိုင်ဘူး”

“မင်းသွားမဲ့အချိန်ကျရင်ပြေ ငါ့ရဲ့ ကောင်းကင်ဘုံစိတ်ဝိဉာည်ဂိုဏ်းမှာ အကန့်သတ်မဲ့ကမ္ဘာကို သွားမဲ့ လေဟာနယ်လမ်းကြောင်းတစ်ခုရှိတယ်”

“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ခုန်း”

ခုန်းကျန့်ဟန်က လက်ကို ရမ်းပြလိုက်သည်။

ထို့နောက် ဟုန်ရင်က တိမ်ဖီးနစ်အင်ပါယာရှိလူများကို ဦးဆောင်ကာ ကောင်းကင်ဘုံစိတ်ဝိဉာည်နယ်မြေရှိလက်ရှိအခြေအနေများကို နားလည်ရန်ကြိုးစားနေသည်။

ချက်ချင်းပင် သူမက ခုန်းကျန့်ဟန်ဦးဆောင်သော မဟာဧကရာဇ်လေးပါးကို ဆင့်ခေါ်လိုက်သည်။

အနာဂတ်တွင် ကောင်းကင်ဘုံစိတ်ဝိဉာည်နယ်မြေစီမံအုပ်ချုပ်ရေး ကိစ္စများကို ဆွေးနွေး သင်ယူခဲ့လေသည်။

တိမ်ဖီးနစ်အင်ပါယာက ကောင်းကင်ဘုံစိတ်ဝိဉာည်နယ်မြေကို အုပ်ချုပ်မည်ဟု ကြားသောအခါ အချို့ ဂိုဏ်းများက ဆန့်ကျင်သော အသံများထွက်ပေါ်လာသည်။

ထို့ကြောင့် သူတို့က ထိုအင်ပအားစုများကို ဖိနှိမ့်ရန် ထွက်ခွာလာတော့သည်။

သူတို့က အခုမှ ရောက်ခါစဖြစ်သည်။

သူတို့က ဂိုဏ်းအချို့ကို နမူနာ သင်ခန်းစာပေးမှရတော့မည်။

ထိုသို့မဟုတ်ရင် သူတို့ကိုယ်သူတို့ အထက်ကမ္ဘာက သာလွန်သူများဟု အထင်ရောက်နေသည့် ကောင်းကင်ဘုံစိတ်ဝိဉာည်နယ်မြေခံများကို ဘယ်လိုလုပ်အုပ်ချုပ်ရမည်နည်း။

ဧကရီတစ်ပါးအနေနှင့် ဟုန်ရင်က သူမကိုယ်တိုင်ဝင်ပါမည်မဟုတ်ပေ။

ယဲ့ချိုးပိုင်၊ နင်းချန်ရှင်၊ ရှောင်ဟေးနှင့် ရှစ်ရှန်တို့က ကျိုထျန်းမျိုးနွယ်ကို ဦးဆောင်ကာ ပုန်ကန်နေသော တပ်ဖွဲများဆီသို့ သွားလိုက်ကြသည်။

၎င်းက အပြင်းအထန် ဖိနှိမ့်ခြင်းပင်။

ပထမနေရာမှာ ကောင်းကင်ဘုံစိတ်ဝိဉာည်နယ်မြေ၏ ဒုတိယတန်းစားဂိုဏ်းဖြစ်သည်။

ဟို့ထူဂိုဏ်းပင်။

ဂိုဏ်းချုပ်က အာကာသနတ်ဘုရားနယ် အထွတ်အထိပ်အဆင့် ဖြစ်လေသည်။

ဤသည်မှာ ကောင်းကင်ဘုံစိတ်ဝိဉာည်နယ်မြေနှင့် ကန္တာရဒသတို့၏ တိုက်ပွဲနှင့် မတူချေ။

၎င်းက ဒုတိယတန်းစားဂိုဏ်းလေးသာဖြစ်သည်။

ယဲ့ချိုးပိုင်တို့ ရောက်လာချိန်တွင်၊

ဟို့ထူဂိုဏ်းချုပ်က သူ့တပည့်များနှင့်အတူ အဝင်ဝတွင်ရပ်စောင့်နေလေသည်။

တချို့က လေးနက်သော အမူအရာနှင့်ရှိနေကြသည်။

တစ်ချို့က အထင်သေးသော အကြည့်များနှင့် ရှိနေသည်။

ကန္တာရဒေသက ဘယ်လောက် သန်မာနိုင်လဲ။

သို့သော်လည်း အဆင့်နိမ့်တပည့်များကသာ ထိုသို့ တွေးကြလေသည်။

သူတို့ဦးနောက်က ထိုမျှလောက် ဉာဏ်မမှီကြပေ။

 သို့သော်လည်း ဟို့ထူဂိုဏ်းချုပ်က ကောင်းကောင်းကြီးနားလည်ထားလေသည်။

တစ်ဖက်အဖွဲ့က ကောင်းကင်ဘုံစိတ်ဝိဉာည်နယ်မြေကို အုပ်စိုးနိုင်ပြီဆိုထဲက သူတို့က ကောင်းကင်ဘုံစိတ်ဝိဉာည်ဂိုဏ်းထက် အားကောင်းမည်ဟု ဆိုလိုလေသည်။

ထိုသို့ဆိုလျှင်က သူက ဘာကြောင့် ကောင်းကင်ဘုံစိတ်ဝိဉာည်နယ်မြေကိုတိမ်ဖီးနစ်အင်ပါယာအား ဘာကြောင့် မအုပ်ချုပ်ခိုင်းလိုရသလဲ။

ဘာကြောင့် သူရှေ့ကို ထွက်လာရသလဲ။

၎င်းက ခုန်းကျန့်ဟန်၏ အကြံဖြစ်လေသည်။

သူက တိမ်ဖီးနစ်အင်ပါယာကို ပြစ်မှတ်မထားဘဲ နောက်ကွယ်က စွမ်းအားများကို သိချင်သောကြောင့်ဖြစ်သည်။

သူက အချို့ဂိုဏ်းများကို ရှေ့ထွက်ရန်ပြောဆိုခဲ့သည်။

ထို့ကြောင့် တိမ်ဖီးနစ်အင်ပါယာက လူများကို ပို့ကာ သူတို့ကို ဖိနှိမ့်ခိုင်းလိုက်မည်ဖြစ်သည်။

ထိုနည်းလမ်းဖြင့် သူက နမူနာယူရန်ဖြစ်သည်။

ခုန်းကျန့်ဟန်က ထိုသို့မလုပ်ပါက…

ဘယ်သူကမှ ထိုသို့ အချိန်တိုခြင်း ရှေ့ထွက်လာလိမ့်မည်မဟုတ်ပေ။

ယဲ့ချိုးပိုင်တို့ရောက်လာသောအခါ ဟို့ထူဂိုဏ်းချုပ်က ပြောလိုက်လေသည်။ “မင်းတို့ထဲက တစ်ယောက်က ငါ့ကို အနိုင်ယူနိုင်ရင် တိမ်ဖီးနစ်အင်ပါယာကို အသိအမှတ်ပြုမယ်”

ယဲ့ချိုးပိုင်က ပြုံးလျှက်ပြောသည်။ “ဘယ်သူသွားမလဲ”

ရှောင်းဟေးက ထရပ်လိုက်သည်။

သူက ခေါင်းကုတ်ကာ ပြုံးလိုက်သည်၊ “ကျွန်တော် ကြိုးစားကြည့်မယ်”

တိုက်ဆိုင်စွာပင် ရှောင်ဟေးက ကြိုးစားကြည့်ချင်နေသည်။

အတွင်းမိစ္ဆာခန္ဓာကိုယ် တတိယအဆင့်ကို ကျွမ်းကျင်ပြီးနောက် သူဘယ်လောက်တိုးတက်လာသလဲကို သိချင်နေသည်။

ဟို့ထူဂိုဏ်းချုပ်က ၎င်းကို မြင်သော် အဝါရောင်မြေအရှိုန်အဝါများက သူ့ခန္ဓာကိုယ်တွင် ဖြစ်ပေါ်လာလေသည်။

လေထုထဲတွင် ကျောက်မှုန် ကျောက်စများက မျှောလွင့်လာသည်။

ထို့နောက် ဟို့ထူဂိုဏ်းချုပ်က လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်လေသည်။

ကျောက်သား ကျောက်မှုန်များက ဧရာမသဲမှုန်တိုင်းကြီးတစ်ခုဖြစ်ပြောင်းလဲသွားသည်။

အာကာသနတ်ဘုရားနယ်ပယ် အထွတ်ထိပ်အဆင့်က သာမန်အားဖြင့် အားမနည်းပေ။

၎င်းကို မြင်သော် ရှောင်ဟေးက အံကြိတ်လိုက်သည်။

သူ့ခန္ဓာကိုယ်တွင် မျဉ်းကြောင်းသုံးခုက ပေါ်ပေါက်လာသည်။

ထိုအခိုက်တွင် ကြောက်မက်ဖွယ်ကောင်းသော  သတ်ဖြတ်ချိန်ဆန္ဒများက ကောင်းကင်ထက်သို့ထိုးတက်သွားသည်။

၎င်းက ကောင်းကင်ရှိ တိမ်မျာကို ပျံ့ကြဲသွားစေသည်။

ဟို့ထူဂိုဏ်းချုပ်က အတန်ငယ် အံ့အားသင့်သွားသည်။

ထို သတ်ဖြတ်ခြင်းဆန္ဒများက အလွန်ပြင်းထန်လေသည်။

သာမန်လူများက ထိုသတ်ဖြတ်ခြင်းဆန္ဒများကို မကျင့်ကြံနိုင်ကြပေ။

နောက်ရှိ ဟို့ထူဂိုဏ်းတပည့်များက ကြောက်လန့်နေသော အမူအရာများနှင့်ရှိနေလေသည်။

အချို့လူများက စိတ်ဂရောက်ဂရက်ဖြစ်နေကြသည်။

သူတို့က မြေပြင်ပေါ် ဒူးတဖက်ထောက်ကျသွားကြသည်။

ကန္တာရဒေသက ကျင့်ကြံသူက ဘယ်လိုလုပ်ဒီလောက် အစွမ်းထက်နေရတာလဲ။

ဟို့ထူဂိုဏ်းသားများ၏ရင်ထဲတွင် မေးခွန်းပေါင်းစုံနှင့်ပြည့်နေလေသည်။

All Chapters