အားလုံးပဲကြည့်ကြ ဒါကပေထင်းဟွမ်ပဲ
Vol. 50 Ch. 981
မုချင်းလင်သည် ပေထင်းဟွမ်၏ ယခုကဲ့သို့ ချစ်စရာကောင်းသောပုံစံကို ပထမဆုံးအကြိမ်အတွေ့ဖူးခြင်းဖြစ်သည်။ သူမသည် အပြင်လူများရှေ့တွင် အလွန်အေးစက်ပုံပေါက်သော်လည်း သူမရှေ့တွင် မိန်းကလေးများတွင် မရှိသင့် သည့် လူရမ်းကားပုံစံဖမ်းတတ်သည်။ ယခုအချိန်မှပင် သူမသည် သွားရည်များ ကျကာ အစားသောင်းကျန်းချင်နေသည်။ ထိုပုံစံသည် မုချင်းလင်၏ မျက်လုံး များကို ကျယ်သွားစေသည်။
“ရှောင်ကျို့က ရောက်တာနဲ့ပျော်သွားတာပဲ၊ သခင်လေးချင်ယွိက ရောက်တာနဲ့ သူ့ကိုရှာဖို့ပြောထားတယ်၊ သခင်လေးချင်ယွိကို ညစာကျွေးခိုင်း ရအောင်လေ” မုချင်းလင်သည် ပြုံးပြီးပြောလေသည်။
“အိုး စောင့်တောင်မစောင့်နိုင်တော့ဘူး” ပေထင်းဟွမ်သည် မုချင်းလင်၏ လက်ကိုဆွဲကာ တာ့ဝမြို့၏ အကြီးဆုံးစားသောက်ဆိုင်သို့ အပြေးနှင်တော့၏။
“ဖြည်းဖြည်းသွား”
အနောက်မှအော်သံတစ်သံထွက်လာသည်။ ကြီးမားသောအင်အားတစ်ခု သည် မုချင်းလင်အား ရစ်ပတ်လေသည်။ ချက်ချင်းဆိုသလိုပင် ထိုလူများထဲမှ တစ်ယောက်သည် ပေထင်းဟွမ်တို့ရှေ့ရောက်လာကာ မုချင်းလင်အား လက်ညှိုးထိုးကာ ပြောလေသည် “မင်းက ဘယ်သူလဲ နာမည်ပြော”
ထိုလူမလှုပ်ရှားခင်တွင် ပေထင်းဟွမ်သည် မုချင်းလင်ပွေ့ဖက်ထားပြီးဖြစ် သည်။ သာမန်မျက်နှာတစ်ခုသည် သူ့မျက်လုံးထဲတွင် ရောင်ပြန်ဟပ်လာသည်။
ထိုလူသည် ခေတ္တမျှမှင်တက်ပြီးနောက် ချက်ချင်းပင် သူ့မျက်လုံးထဲတွင် ပီတိများပေါက်ဖွားနေသည်။ သူသည် လက်ထဲမှဓားရှည်ကိုမြှောက်ကာ ပေထင်းဟွမ်အား ချိန်ရွယ်လေသည် “ကြည့် အားလုံးပဲ ဒါကပေထင်းဟွမ်ပဲ၊ စီရင်ချက်ဗိမာန်က သူ့သတင်းပေးနိုင်ရင် အရင်းအမြစ်အရည် ၁၀ စက်ပေးမယ် လို့ပြောထားတယ်၊ သူ့ခေါင်းနဲ့ နတ်ဘုရားအဆင့်ခွဲဆေးနဲ့လဲရအောင်”
ပေထင်းဟွမ်ဆိုသည့်စကားလုံးသုံးလုံးသည် တိုက်ကြီးတစ်ခုလုံးကို ပွက်လောရိုက်သွားစေသည်။
လမ်းပေါ်တွင် အလျင်လိုနေကြသောလူများသည် ထိုအချိန်တွင် စုဝေး လာကြသည်။ ထိုလူ၏အော်သံကိုကြားပြီးနောက် ပုံရိပ်များစွာသည် ထိုနေရာ သို့ပျံလာကြသည်။
ပေထင်းဟွမ်၏နှုတ်ခမ်းသည် ကွေးတက်သွားကာ ဝိညာဉ်ကိုမွှေနှောက် နိုင်သည့်မျက်လုံးများသည် ထိုလူကို ထိုးဖောက်နိုင်ရာ ထိုလူ၏ဝိညာဉ်သည် ရုတ်တရက် တန့်သွားသလိုပင်။ သူ၏ခေါင်းထဲတွင် ခေတ္တမျှ လစ်ဟာသွား သည် “ပေထင်းကျန့် ငါ့အသက်ကို သနားနေမှာပေါ့၊ သခင်လေးက မျိုးရိုး ဆက်ခံသူပဲ ငါက မင်းနဲ့စကားများနေမှာမဟုတ်ဘူး မင်းက မင်းအသက်မင်း စတေးလိုက်တာပဲ”
ပေထင်းဟွမ်၏ ဝိညာဉ်တိုက်ခိုက်မှုကိုခံရပြီးနောက် ပေထင်းကျန့်၏ မျက်နှာသည် ဖြူဖျော့သွားသည်။ သူ အသံမထွက်နိုင်ခင်မှာပင် ပေထင်းဟိုင်၏ အသံသည် အနောက်မှထွက်လာသည် “ပေထင်းဟွမ် မင်းက ဘိုးဘေးတွေကို ဖျက်ဆီးခွင့်ပေးလိုက်တာပဲ၊ လူသားဆက်ဆံရေးက ပျောက်သွားပြီ လူတွေရဲ့ ကမ္ဘာကြီးပဲ”
“အဓိပ္ပာယ်မရှိတာ” ပေထင်းဟွမ်သည် ခေါင်းကိုဆတ်ကာ ပေထင်းဟိုင် အားမျက်စိစွေကြည့်လေသည်။ သူမအဘိုး၏ အကြီးဆုံးအစ်ကို၏သား၊ သူမ၏ ဦးလေးဖြစ်ပြီး ပေထင်းမိသားစုခေါင်းဆောင်နေရာအတွက် တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်နေကြသူများဖြစ်သည်။ လွန်ခဲ့သည့် ၁၄ နှစ်က သူမ သည် မိဘများကို အဆိပ်သင့်စေကာ သူမ၏မိဘများသည် ရှင်လျက်နှင့် သေသွားရသည်။ နောက်ဆုံးတွင် သူတို့သည် စီရင်ချက်ဗိမာန်နှင့်ပူးပေါင်းကာ သူမအား စီကျူးမြို့တွင် သတ်ရန်ကြိုစားခဲ့သည်။
ပေထင်းဟွမ်၏ ခက်ထန်သောမျက်လုံးများသည် ချွန်ထက်သည့်မြားလို ပင် “ငါ့အဘိုးက အသက်ရှိသေးတယ်၊ အခု သူက မဟာမိတ်အင်ပါယာရဲ့ အကြီးအကဲကြီးလေးယောက်ထဲက တစ်ယောက်ပဲ၊ ငါက ဘယ်လိုလုပ် ဘိုးဘေးတွေကို ဖျက်ဆီးမှာလဲ”
မဟာမိတ်အင်ပါယာက ဘာလဲ။ အကြီးအကဲကြီးလေးယောက်က ဘယ်သူတွေလဲ။
ကမ္ဘာကြီးသည် ဟွမ်ချန်းကိုသာသိကြကာ အကြီးအကဲကြီးလေးယောက် သည် နတ်ဘုရားများဖြစ်သည်ကိုသာ သိကြသည်။ ယခု ထိုစကားလုံးအသစ် များ ရုတ်တရက်ပေါ်ပေါက်လာရာ အားလုံး၏အာရုံမှာ ထိုနေရာသို့ရောက်သွား ကြသည်။ ဘာတွေလဲ၊ ဒါက လူတိုင်းအတွက် အပြစ်ပေးချင်လောက်တဲ့ ဟာသပဲ။ ဘယ်သူက ပေထင်းဟွမ်ကို အပြစ်ပေးရဲမှာလဲ။
စီရင်ချက်ဗိမာန်သည် အားကောင်းသောအင်အားစုဖြစ်သော်ငြား ပေထင်းဟွမ်သည် ဝိညာဉ်သခင်ကြီးသာဖြစ်သည်။ စီရင်ချက်ဗိမာန်သည် သူမကို နည်းအမျိုးမျိုးဖြင့်တိုက်ခိုက်ပြီး နောက်မှလိုက်နေခဲ့သည်။ နောက်ဆံဒး တွင် မည်သို့ဖြစ်သွားသနည်း။ အသိုက်ဟောင်းပင် အလုခံလိုက်ရသည်။
“အိုး မဟာမိတ်အင်ပါယာက ဘယ်တုန်းကဖြစ်လာတာလဲ အကြီးအကဲ ကြီးလေးယောက်ကိုလည်း သိတယ် သိတယ်” သတင်းများရောင်းသည့် သတင်းရောင်းနှင့်တူသော ငွေလမြို့မှ ခရီးအပြေးနှင်လာသူတစ်ယောက် ပြောလိုက်သည်နှင့် လူများဝိုင်းလာကြသည်။