မဟာမိတ်အင်ပါယာမှာ နတ်ဘုရား ၇ ယောက်တောင် ရှိနေပြီ
Vol. 50 Ch. 982
“ပြောဦး ပြောဦး”
ထိုလူသည် တာ့ဝမြို့ကိုရောက်စဖြစ်ရာ အသက်ပင်မရှူနိုင်ဘဲ တံတွေးကို မျိုချလေသည်။ လူအများဝိုင်းလာသဖြင့် အသက်ကိုမှန်မှန်ပင်မရှူနိုင်ပေ။ သူသည်ကြွားလုံးထုတ်သည်ဟု အားလုံးထ်ကြသဖြင့် ချက်ချင်းပင် မကျေနပ် နိုင်ဘဲ အပြစ်တင်လေသည်။
“ဟေး ပြောပါ့မယ် ပြောပါ့မယ် ဟုတ်ပြီလား” လုံလောက်စွာပင် ဒေါသ ထွက်ရန်ခက်သည်။ ထိုလူသည် တံတွေးကိုခက်ခက်ခဲခဲမျိုချပြီး အသံကိုမြှင့် လိုက်သည် “သံမဏိသွေးက ငွေလရောင်အင်ပါယာကို သိမ်းပိုက်လိုက်ပြီလေ အဲဒါသိကြလား”
“အဲဒါကို ဘယ်သူမသိလို့လဲ၊ မြန်မြန် လိုရင်းကိုသာပြော မဟုတ်တာတွေ ပြောမနေနဲ့တော့”
သူသည် တစ်စက္ကန့်မှပင် မစောင့်နိုင်သည့်အလားပင်။ ထိုလူသည် ကူကယ်ရာမဲ့ကာ အနည်းငယ် နောင်တရသလိုခံစားရလေသည်။ သူသည် စကားပြောကောင်းသူမဟုတ်သဖြင့် အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည် “နည်းနည်းစီပြောလို့မရဘူးလား၊ မင်းတို့ပြောကြည့်လေ သံမဏိသွေးကို ဘယ်သူပိုင်တာလဲ”
“မဟုတ်တာ သေချာပေါက် ဇာမဏီမြို့ပေါ့”
“ဟုတ်တယ် မြို့တစ်မြို့က အင်ပါယာတစ်ခုကို မသိမ်းပိုက်နိုင်ဘူး၊ သခင် ပေထင်းဟွမ်က အင်အားစုအသစ်တစ်ခုတည်ထောင်လိုက်ပြီ၊ အခုကစပြီး ဟွမ်ချန်း၊ ငွေလရောင်အင်ပါယာနဲ့ သူ့လက်ထဲက အင်အားစုတွေကို မဟာမိတ် အင်ပါယာလို့ခေါ်တော့မှာ မင်းတို့မှတ်ထားကြ မဟာမိတ်နော်၊ သခင်ပေထင်း ဟွမ်မှာ နှလုံးသားရှိတာကိုမြင်ဖူးလို့လား”
တစ်လမ်းလုံးတိတ်ဆိတ်သွားသည်။ ထိုကြီးမားသောသတင်းသည် အားလုံးအတွက် အစာချေရန် အချိန်ကြာလေသည်။
အချိန်မည်မျှကြာသွားသည်မသိပေ။ ပင့်သက်ရှိုက်သံပေါ်လာပြီး တစ်လမ်းလုံးတွင် ပွက်လောညံမှုနှင့် ဆွေးနွေးချက်များပြည့်သွားလေသည်။
“မိုးနတ်မင်းရေ ရက်နည်းနည်းပဲရှိသေးတယ် ဇာမဏီမြို့က မိုက်လိုက် တာ၊ သန့်စင်သောမြို့ကိုဖျက်ဆီးပြီး အခုငွေလရောင်အင်ပါယာလည်း သူ့ အိတ်ထဲရောက်သွားပြီ ဇာမဏီမြို့က တိုက်တစ်ခုလုံးကိုလွှမ်းမိုးတော့မှာလား” လူအများ၏စိတ်ထဲတွင် သံသယများပေါ်ပေါက်လာသည်။
သို့သော် ထိုလူသည် နှာမှုတ်လေသည် “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ မင်း က အတွေးလွန်တာမဟုတ်ဘူးလား၊ ငါတို့လို သာမန်လူတွေက ဇာမဏီမြို့မှာ ရှားလို့လား၊ သိတဲ့အတိုင်း ကောင်းကင်တိမ်တိုက်ဂိုဏ်းကသခင်လေးက ပါချင် တာတောင် သခင်ပေထင်းဟွမ်က သဘောမတူဘူး၊ မဟာမိတ်အင်ပါယာက ဘယ်အင်အားစုကိုမှ မသိမ်းပိုက်ဘူးလို့ပြောခဲ့တာ”
ထိုလူကို မသိသောကြောင့်သာမဟုတ်လျှင် ထိုလူသည် မဟာမိတ်အင်ပါ ယာမှ ဖိတ်လိုက်သည့် လော်ဘီဟု ပေထင်းဟွမ် ထင်မိတော့မည်။
“ဟင်း ပါးနပ်လိုက်တာ” ပေထင်းဟွမ်သည် နှာမှုတ်လိုက်သည် “မင်းက ဘယ်ကလဲ မဟာမိတ်အင်ပါယာအကြောင်းကို ဘာလို့အကောင်းတွေပြောနေ တာလဲ၊ မင်းက ပေထင်းဟွမ်ဆီကနေ သင်ပြီးတော့ နတ်ဘုရားလုပ်မလို့လား”
ပေထင်းဟိုင်သည် မဟာမိတ်မြို့ဖြစ်ပေါ်လာရေးကို လက်မခံနိုင်သည့်ပုံ ပင်။ ရက်အနည်းငယ်အတွင်းမှာပင် ပေထင်းဟွမ်သည် ငွေလရောင်အင်ပါယာ ကို သိမ်းပိုက်လိမ့်မည်ဟု သူထင်မထားပေ။ ထိုနေ့ရောက်လာလျှင်တောင် မြန်လွန်းသည်မဟုတ်ပါလား။
ထိုသတင်းသည် ပင်မတိုက်ကြီးရှိ အဓိကအင်အားစုလေးခုတွင် လွန်ခဲ့ သည့်သုံးရက်ကပင် ပျံ့နှံ့သွားသည်ကို သူသိသည်။ သို့သော် သူသည် လက်ရှိ တွင် စီရင်ချက်ဗိမာန်တွင် အကဲဖြတ်လေးသာဖြစ်သဖြင့် ဆက်သွယ်ရေး သလင်းကျောက်ကို ကြည့်ခွင့်မရှိပေ။
“သခင်ပေထင်းဟိုင် ကျုပ်ကိုရာထူးကြီးတပ်မပေးပါနဲ့ ကျုပ်က အတင်း အဖျင်းပြောရတာကြိုက်တဲ့ အပေါစားသတင်းပေးသူလေးပါ၊ နတ်ဘုရားဖြစ် ဖြစ် ဘာဖြစ်ဖြစ် သူ့ကိုမော့မကြည့်ရဲပါဘူး၊ ပြီးတော့ ဒီတိုက်ကြီးမှာ နတ်ဘုရား ကနည်းတယ်လေ” သတင်းပြောပြီးနောက် ထိုလူသည် ပြုံးလေသည်။ သို့သော် သူ့မျက်လုံးများမှာ လှောင်ပြောင်မှုများပြည့်နေသည်။
“ဟုတ်တယ် ဟုတ်တယ် မဟာမိတ်အင်ပါယာမှာ နတ်ဘုရား ၇ ယောက် တောင်ရှိနေပြီ” လူအုပ်ထဲတွင် သက်ပြင်းသံများဆက်တိုက်ထွက်လာသည်။ ထိုအခါ တစ်စုံတစ်ယောက်မေးလေသည် “အကြီးအကဲကြီးလေးယောက်က ဘာလဲ ပြောပါဦး”
“ဟေး ငါပြောတာ များသွားလား ဒီဦးလေးငါ့ကိုသတ်မှာကြောက်နေပြီ” ထိုလသည် ကြောက်လန့်တကြားကြည့်လေသည်။ သို့သော် ပေထင်းဟွမ်ကို ကြည့်ပြီးနောက် သူ့မျက်လုံးများသည် ရှုပ်ထွေးလာသည် “ထားလိုက်တော့ ထားလိုက်တော့ ငါပြောပြီးသွားပြီ ဒီမှာအဆုံးသတ်မယ်”