Chapters

ငါ့မျက်လုံးထဲမှာ မင်းက သေလူပဲ

Vol. 50 Ch. 983

ငါ့မျက်လုံးထဲမှာ မင်းက သေလူပဲ

Vol. 50 Ch. 983

ဒီလူကတကယ်ကို စိတ်ဝင်စားစရာကောင်းတာပဲ။ ပေထင်းဟွမ်ပင် ထိုလူ့ကို တလေးတစားကြည့်မိသည်။ ထိုလူသည် တာ့ဝမြို့တွင် လမ်းသရဲဖြစ် နိုင်သည်။ သူသည် မထင်မရှားနှင့် စက်ဆုပ်စရာကောင်းသော်လည်း တကယ် တော့ ဤကဲ့သို့လူမျိုးတွင် ရှင်သန်ရေးအတွက် အလွန်ကောင်းသည့်နည်းလမ်း ရှိတတ်သည်။ ဒူပေနာပေခံနိုင်မှုနှင့် ဇွဲလုံ့လတို့သည် တခြားသူများထက် သန်မာသည်။

ဤကဲ့သို့လူမျိုးတွင် အခွင့်အရေးရှားပါးနေရုံတင်ဖြစ်သည်။

“နတ်ဘုရား ၄ ယောက် လွယ်တော့မလွယ်ဘူး၊ မဟာမိတ်အင်ပါယာ တည်ထောင်ပြီးသွားတော့ ဟွမ်ချန်းရဲ့ အကြီးအကဲကြီးလေးယောက်က နတ်ဘုရား ၄ ယောက်ဖြစ်သွားတာပဲ” အားလုံး၏ အာရွှင်လာသည်။ အဆုံး သတ်မှာရိုးရှင်းသည်။ အမှန်တရားတစ်ခုသည် စိတ်အားထက်သန်စွာ ရုပ်လုံး ပေါ်လာသည်။ ထိုလူသည် အလွန်ပင်ဂုဏ်ယူနေကာ ပြောပြီးနောက်တွင် ရယ်မောလေသည်။

ထိုအချိန်တွင် လူအုပ်သည် ထိုလူကိုဝိုင်းပြီး ငေးငိုင်စွာကြည့်လေသည်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက်၏အတွေးများကို မသိကြပေ။ တစ်ခဏအတွင်းမှာပင် သူတို့သည် ထိုလူ၏မျက်လုံးများကို မကြင်နာစွာကြည့် ပြီး ရှက်ရွံ့သောအကြည့်မှ ဒေါသအဖြစ်ပြောင်းလေသည်။ ထင်ရှားစွာပင် သူတို့ အားလုံးသည် ထိုလူ၏စနောက်ခြင်းကိုခံလိုက်ရချေပြီ။

အမှန်တရားသည် ရိုးရှင်းသော်လည်း ထိုလူသည် အားလုံးကို ကျယ်လောင်စွာရယ်မောနေရာ မည်သူ စောဒကမတက်ဘဲနေတော့မည်နည်း။

“ဟား” မုချင်းလင်သည် ထိုလူကြောင့်ပြုံးရယ်သွားပြီး ကျယ်လောင်စွာ ရယ်မိလေသည်။ ထို့နောက် တစ်ဖက်လူသည် ယောက်ျားကြီးဖြစ်သည်ကို တွေးမိပြီး ရှက်ရွံ့စွာနှင့် ပေထင်းဟွမ်ဆီသို့ ခြေနှစ်လှမ်းတိုးလေသည်။

ပေထင်းဟွမ်သည် ပြုံးပြီးခေါင်းခါမိသည်။ သို့သော် ထိုလူမှအကြည့်မလွှဲ ခင်တွင် ပေထင်းယိသည် ထိုလူကို အံကြိတ်ပြီးခြိမ်းခြောက်နေသံကိုကြားလိုက် ရသည် “နတ်ဘုရားလေးယောက်... ဟင်း လည်ပင်းကိုမြှုပ်လိုက်ရုံပဲကို၊ အဘိုးကြီး ဒူပေနာပေခံရတာကို ဘာဂုဏ်ယူစရာရှိလို့လဲ၊ မင်းတို့က ဆက်ပြီး အသက်မရှင်ကြတော့ဘူးထင်တယ် လူထုကိုလာလိမ်နေတယ်”

“လည်ပင်းကို မြှုပ်လိုက်ရုံပဲဟုတ်လား” ပေထင်းဟွမ်သည် နှာမှုတ်ပြီး ခေါင်းကို ဖြည်းဖြည်းချင်းလှည့်လိုက်သည်။ သူမ၏ အေးစက်သောမြားကဲ့သို့ ဖြစ်နေသောမျက်လုံးများနှင့် ပေထင်းယိကို ကြည့်လိုက်သည်။ သူမ၏အဘိုးကို စော်ကားရဲလျှင် ထိုလူသေမည် “မိုးနတ်မင်းရေ လည်ပင်းကိုမြှုပ်ရုံပဲဆိုတာ ဘာ ပြောတာလဲ၊ မင်းမပြောနဲ့ ငရဲမင်းတောင်မှ အစွမ်းအစမရှိဘူး၊ ပေထင်းယိ ငါ့ သခင်လေးရဲ့မျက်လုံးထဲမှာ မင်းကသေလူဖြစ်နေပြီ”

ပေထင်းယိ၏တစ်ကိုယ်လုံးတုန်ယင်သွားသည်။ သူသည် နောက်သို့ ခြေလှမ်းနှစ်လှမ်းဆုတ်မိလေသည်။ သို့သော် သန့်စင်သောမြို့မှလွတ်မြောက် လာသည့် ဗိမာန်စစ်သည်များ၊ သူ၏ဖခင်ပေထင်းဟိုင်၊ ဓား ၇ လက်ကြယ် ဝိညာဉ်သခင်နှင့် နတ်ဘုရားမှပေးသနားသည့် နတ်သားရဲတစ်ကောင်တို့ စုဝေး လာသည်ကိုမြင်နေရသည်။

ပေထင်းဟိုင်သည် နတ်အဆင့်ခွဲဆေးသောက်ကိုသောက်ရမည်။ နတ်ဘုရားအဆင့်တက်မှပင် လက်စားချေရန်မျှော်လင့်ချက်ရှိမည်။

ပေထင်းဟွမ်သည် သူ၏အဘိုးကို ခေါင်းဖြတ်ခဲ့သည်။ သူ၏အဘိုးသည် ပေထင်းမိသားစု၏ ခေါင်းဆောင်ရာထူးကိုလုယူရန်ကြိုးစားခဲ့၏။ သူ၏ ဖခင်သာ မိသားစုခေါင်းဆောင်နေရာကိုရလျှင် သူသည် မိသားစုကြီးလေးခု၏ တိုက်ရိုက်ဆက်ခံသူဖြစ်လာနိုင်သည်။ ယနေ့ကဲ့သို့ သူဖုန်းစားသဖွယ် ပုန်းအောင်းနေရမည်မဟုတ်ပေ။

“ရှောင်ကျို့ လူတွေကအများကြီးပဲ” မုချင်းလင်သည် ပေထင်းဟွမ်၏ အင်္ကျီလက်ကို ဆွဲပြီးလှည့်ကြည့်လေသည်။ အပြင်လူများသည် နောက်ဆုတ် ကြသည်။ စီရင်ချက်ဗိမာန်မှစစ်သည်များသည် ပေထင်းဟွမ်အား ဖမ်းရန် ဝိုင်း လိုက်ကြသည်။

ပေထင်းဟွမ်၏အထင်သေးသောမျက်လုံးများသည် ပေထင်းဟိုင်နှင့် သူ၏သားဖြစ်သူဆီသို့ ရောက်သွားသည်။ အထင်သေးခြင်းနှင့် အဆုံးသတ်ပေး မည့်မျက်လုံးများသည် ပေထင်းဟိုင်နှင့် သားဖြစ်သူကို အမုန်းတရားကြီးစေ၏။ ဓား ၉ လက်ကြယ်ဝိညာဉ်သခင်။ သူ့တွင် မည်သည့်အစွမ်းအစမျိုးရှိသနည်း။ လူကိုယခုကဲ့သို့ အထင်သေးသည်လား။

သားအဖေနှစ်ယောက်သည် ပေထင်းမိသားစုမှ ထွက်ပြေးလာပြီး ဝိညာဉ်များကဲ့သို့ လှည့်လည်သွားလာချိန်တွင် ပေထင်းဟွမ်သည် ဓား ၃ လက် ဝိညာဉ်ဂိုဏ်းဖြစ်နေလိမ့်မည်ဟု ထင်မထားပေ။ သို့သော် လက်ရှိအချိန်တွင် ပေထင်းဟွမ်သည် ဓား ၃ လက်ဝိညာဉ်ဂိုဏ်းရောက်ပြီဟု တစ်စုံတစ်ယောက်မှ ပြောလျှင် ယုံကြမည်မဟုတ်ပေ။