Chapters

ရှောင်ကျို့ အဲဒါဘယ်လိုသားရဲမျိုးလဲ

Vol. 50 Ch. 984

ရှောင်ကျို့ အဲဒါဘယ်လိုသားရဲမျိုးလဲ

Vol. 50 Ch. 984

ထို့အပြင် တစ်လအတွင်း၌ မည်သူကမှ ဓား ၁ လက်ဝိညာဉ်ဂိုဏ်းမှ ဓား ၃ လက်ဝိညာဉ်ဂိုဏ်းအဖြစ်အဆင့်မတက်ပေ။ ၎င်းသည် ပင်မတိုက်ကြီးတွင် မဖြစ်နိုင်သလောက်ပင်။

ပေထင်းဟွမ်တွင် သန့်စင်သောမြို့ကို ဖျက်ဆီးနိုင်သည့် နည်းပညာမျိုးရှိ လျှင်တောင် ပေထင်းဟိုင်တို့သားအဖသည် မကြောက်ပေ။ ထိုကဲ့သို့ လှုပ်ရှားမှု ကြီးသည် ဖျက်ဆီးတတ်ပြီး ရန်သူ၏စခန်းအတွက်သာ သင့်တော်သည်။ ဤနေရာသည် မည်သို့နေရာနည်း။ နှင်းဝံပုလွေကြေးစားအဖွဲ့၏ ဌာနချုပ် တာ့ဝမြို့ဖြစ်သည်။ ပေထင်းဟွမ်သည် မည်သူနည်း။ သူမသည် သစ္စာကိုတန်ဖိုး ထားပြီး သူမကိုယ်သူမ ထိခိုက်စေလျှင်တောင် သူငယ်ချင်းများကို ထိခိုက်စေသူ မဟုတ်ပေ။

ထို့ကြောင့် ကောင်းကင်ကြီး သွေးမိုးရွာလျှင်တောင် ပေထင်းဟွမ်သည် တာ့ဝမြို့တွင် လှုပ်ရှားမှုကြီးလုပ်ပြီး ဖျက်ဆီးလိမ့်မည်မဟုတ်သည်ကို ပေထင်းဟိုင်တို့သားအဖ သိကြသည်။

ပေထင်းဟိုင်တို့သားအဖသည် ကံကောင်းသည်ဟု ပြောရမည်။ သူတို့ သည် အလွန်ကံကောင်းသည်။ သူတို့သည် ပေထင်းဟွမ်အား တာ့ဝမြို့တွင် တွေ့ပြီး ဝိုင်းရလိမ့်မည်ဟု ထင်မထားပေ။ ထို့အပြင် သူတို့သည် ပေထင်းဟွမ် အား ဤနေရာတွင် သတ်နိုင်မည်ဟု ရာနှုန်းပြည့်သေချာသည်။ သူမ၏ ဦးခေါင်းနှင့် စီရင်ချက်ဗိမာန်၏ နတ်အဆင့်ခွဲဆေးကိုလဲရမည်။

“ညီအစ်ကိုတို့ နတ်ဘုရားဖြစ်ချင်ကြလား၊ ပေထင်းဟွမ်ကို ဖမ်းပြီး သတ် လိုက်ကြ စီရင်ချက်ဗိမာန်က နတ်ဘုရားအဆင့်ခွဲဆေးကို ဆုပေးလိမ့်မယ်” ဗိမာန်စစ်သည်များ၏ စိတ်ဓာတ်တက်ကြွလာသည်။

မုချင်းလင်သည် ပေထင်းဟွမ်ဘေးမှ အနီးကပ်လိုက်လာသည်။ သူမသည် ရေတွက်နေသည်။ အားလုံးပေါင်း ၁၃ ယောက်ရှိသည်။ ခွန်အားသည် သူမထက် အားကောင်းသည်။ ဆိုလိုသည်မှာ သူတို့သည် အနည်းဆုံးကောင်းကင်အဆင့် ရှိကြသည်။ ပေထင်းမိသားစု၏ ဂိုဏ်းထောက်ဖြစ်ခဲ့သော ပေထင်းဟိုင်သည် သေချာပေါက် အားနည်းမည်မဟုတ်ပေ။ အနည်းဆုံး သူသည် ဝိညာဉ်သခင် ကြီးအဆင့်ဖြစ်နိုင်သည်။ ရှောင်ကျို့ သူတို့ကို သတ်နိုင်မည်လား။

“လင်အာ ကြောက်နေတာလား” ပေထင်းဟွမ်သည် မုချင်းလင်၏ အကြောက်တရားနှင့် အားငယ်မှုကို ခံစားမိသည်။ လော့ပေမြို့တွင် မုချင်းလင် နှင့်သူမတို့သည် အနိုင်ကျင့်ခံခဲ့ရသည်။ ယခုလက်ရှိ တခြားသူ အခက်အခဲပေး ချိန်တွင်ပင် သူမသည် အကျင့်ပါပြီး ကြောက်တတ်နေတုန်းပင်။ “မင်းရဲ့ သားရဲ တွေကိုဆင့်ခေါ်လိုက်၊ ခန္ဓာကိုယ်မှာ ချပ်ဝတ်တန်ဆာဝတ်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုက်၊ ဒီလူတွေကို တစ်ယောက်ပြီးတစ်ယောက် ငရဲကိုပို့ပေးတာကို စောင့်ကြည့်နေလိုက်”

“မောက်မာလိုက်တာ” ပေထင်းဟိုင်သည် နှာမှုတ်ကာ လက်ကိုအသာ မြှောက်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ အပြာနုရောင်အတက်အကျသည် တစ်ကိုယ်လုံးကို ထိုးဖောက်သွားပြီး ကြယ်ပုံစံသည် ခြေထောက်အောက်တွင် ပေါ်လာသည်။ အားကောင်းသောနတ်သားရဲတစ်ကောင်သည် ငွေရောင် အလင်းတန်းမှ တလက်လက်တောက်နေသည်။

တစ်ချက်ကြည့်လိုက်သည်နှင့် ဦးချိုပါမြင်းနှင့်တူပြီး ဦးခေါင်းမှာ ခြင်္သေ့ ကဲ့သို့ဖြစ်ကာ လည်ဆံမွေးများသည် အပ်ကဲ့သို့ချွန်ထက်နေသည်။ ရွှေရောင် ဖျော့ဖျော့ ကြေးခွံများသည် တစ်ကိုယ်လုံးကို ဖုံးအုပ်ထားသည်။ ၎င်းတွင် ခြေချောင်းသုံးချောင်းရှိပြီး ချွန်ထက်သောခြေသည်းများသည် ချိတ်ကဲ့သို့ပင်။ သူ့အနောက်မှအမြီးသည် နဂါးအမြီးနှင့်တူပြီး မနုဿမျက်လုံးတစ်စုံသည် ခက်ထန်စွာဖြင့် ပေထင်းဟွမ်တို့နှစ်ယောက်ကိုကြည့်ပြီးပြောလေသည် “သူတို့ က နတ်ဘုရားရဲ့ အကဲဖြတ်နှစ်ယောက်လား၊ ဒီနေ့ ဒီဘုရင်ကိုတွေ့မှတော့ မင်းတို့ သေခန်းရောက်ပြီ”

အသံသည် ကျယ်လောင်နေသည်မှာ သေချာပေါက်ပင် တစ်ဖက်လူ၏ စိတ်ဓတ်ကို တက်ကြွစေသည်။ ထိုသားရဲသည် ထွက်လာသည်နှင့် ပြောလေ သည်။ ၎င်းသည် ပေထင်းဟွမ်အား သေစေချင်သည့်ပုံပင်။

“အထွတ်အမြတ်သားရဲ ဒါဘယ်လိုသားရဲမျိုးလဲ” မုချင်းလင်သည် ဤကဲ့သို့သားရဲမျိုးကိုမမြင်ဖူးဘဲ ပြိုင်ဘက်၏စွမ်းအားသည် အလွန်သန်မာ သည်ဟုပင် ခံစားမိသည်။ သူမသည် သွေးနီမျက်လုံးနတ်မိစ္ဆာမျောက်ဝံ ချပ်ဝတ်တန်ဆာကို ဆင့်ခေါ်ပြီးဖြစ်လေသည်။ သွေးနီနတ်မိစ္ဆာမျောက်ဝံသည် မုချင်းလင်၏နောက်လိုက်လာသည်မှာ ကြာပြီဖြစ်သည်။ ခမ်းနားသော ကြယ် ၇ ပွင့်သားရဲသည် သူ၏သားရဲလောက်အားမကောင်းပေ။

ပွဲကြည့်လာပရိသတ်သည် တာ့ဝမြို့၏ နယ်ခံများဖြစ်ကြသည်။ ထို့ကြောင့် နှင်းဝံပုလွေ၏လွှမ်းမိုးမှုကိုခံရပြီး ပေထင်းဟွမ်အား စိတ်ပိုင်းဆိုင်ရာ အားပေးသူများဖြစ်နိုင်ကြသည်။ ထို့ကြောင့် အားကောင်းသောသားရဲကိုမြင်ပြီး နောက် ပေထင်းဟွမ်ကို စိတ်ပူလာကြသည်။