သခင်လေးချင်းယွိက ဒီရောက်နေတယ်
Vol. 50 Ch. 985
ထိုမတိုင်ခင်က လျှို့ဝှက်ကြံစည်ခဲ့၍ လူထုအားလှုံ့ဆော်မှုကိုဖြစ်စေသော ကောင်လေးသည် ပေထင်းဟွမ်အား စိုးရိမ်တကြီးကြည့်ပြီး အပြင်လူများကို အားပေးနေသည် “သခင်ကြီးပေထင်းဟွမ်ကို ယုံထားပါ သူက အလွယ်တကူ ရှုံးမှာမဟုတ်ဘူး”
သို့သော် သူ့စကားများကို မည်သူမှ သံသယမဖြစ်ပေ။ အားလုံးသည် ပျော်ရွှင်နေကာ စိတ်ပိုင်းဆိုင်ရာအားနည်းသူများသည် စိတ်ဓာတ်တက်ကြွလာ သည်။
“ဒီနတ်သားရဲက အရမ်းအားကောင်းတယ်”
“နှစ်ပေါင်းထောင်ချီဆင်းသက်လာတဲ့ စီရင်ချက်ဗိမာန်ကိုတောင် သခင် ပေထင်းဟွမ်က ဖျက်ဆီးနိုင်တာဆိုတော့ ဝှက်ဖဲလည်းရှိမှာပဲ”
“ငါကြားတာ ဧကရာဇ်ကိုယ်တိုင် သားရဲတောကိုသွားပြီး အဲဒီသားရဲကို ဖမ်းထားတာဆိုပြီးတော့ ထိန်းကျောင်းဖို့ အားကောင်းတဲ့သူတွေကိုပဲ ဖိတ်ခဲ့ တာတဲ့”
“သူက ဝိညာဉ်နတ်ဘုရားမျိုးနွယ်ဧကရာဇ်ရဲ့ သားအငယ်ဆုံးလို့ ငါလည်း ကြားတယ်၊ သခင်မင်ဟွောင်လေ သူက အားကောင်းတဲ့သားရဲထိန်းပဲ”
သေချာပေါက်ပင် ထိုစကားများသည် ပေထင်းဟွမ်၏နားထဲသို့ဝင်လာ သည်။ ထိုတမန်တော်၏ဘေးတွင် ဝိညာဉ်နတ်ဘုရားမျိုးနွယ်၏ မျိုးဆက် မင်းသားလေးရှိနေလိမ့်မည်ဟု သူမ ထင်ထားပေ။ သည်တစ်ခေါက်အဖွဲ့သည် သေးငယ်ပုံမရပေ။
အားလုံးသည် ပေထင်းဟွမ်ဘက်ပါသော်လည်း သည်တစ်ခေါက်တွင် ဝန်ခံရမည်။ စီရင်ချက်ဗိမာန်သည် အသာစီးရနေသည်။ တိတိကျကျပြောရ လျှင် ပေထင်းဟိုင်နှင့်သားဖြစ်သူတို့ ဖြစ်လိမ့်မည်။ တစ်ဖက်လူအား အညံ့ခံရန် ဖိနှိပ်ရသည့်ခံစားချက်သည် အမှန်တကယ်ပင် ကောင်းလှသည်။
“ဟား ဟား ပေထင်းဟွမ် ဒီတစ်ခါ မင်းတော့သွားပြီ၊ ငါက မင်း ဘယ်လို ပြေးမလဲဆိုတာ ကြည့်ချင်ရုံတင်ပါ” ပေထင်းယိသည် ရယ်မောလေသည်။ သူ၏မောက်မာမှုသည် မိုးထိနေသည်။
“ဟင်း ခွေးရိုင်းအုပ်ကြီးက ဘယ်ကနေရောက်လာကြတာပါလိမ့်လို့၊ စီရင်ချက်ဗိမာန်ရဲ့ ခွေးအုပ်ကြီးဖြစ်နေတာကိုး၊ ဒီသခင်လေးသေမယ်လို့ မင်းတို့ တကယ်ထင်နေကြတာလား၊ မင်းတို့ တာ့ဝမြို့ကိုပြေးလာတာ သေလမ်းရှာ လိုက်တာပဲ”
အသံတစ်သံသည် မိုးပေါ်မှကျလာသည်။ မိုးပေါ်တွင် စစ်နတ်ဘုရားနှင့် တူသော အမျိုးသားတစ်ယောက်သည် လှံကိုပြောင်းပြန်ကိုင်ကာ မြေပေါ်သို့ တဖြည်းဖြည်းဆင်းသက်လိုက်ည်။ ပေထင်းဟွမ်နှင့် မုချင်းလင်တို့ရှေ့တွင်ရပ် ကာ သူ့လက်ထဲမှလှံတံဖြင့် ပေထင်းယိကို ချိန်ရွယ်လေသည် “မင်းတို့ အခု ထွက်သွားချင်လား ဒါမှမဟုတ် ဒီသခင်လေးက မင်းတို့ကိုပို့ပေးရမလား”
ထိုလူသည် အဖြူရောင်ငွေချပ်ဝတ်တန်ဆာကိုဝတ်ဆင်ထားပြီး သူ၏ ရှည်လျားသော အနက်ရောင်ဆံပင်သည် သူ၏အဟုန်ကြောင့် လွင့်နေပြီး တံတိုင်းတစ်ခုလိုပင် ပေထင်းဟွမ်အား အနောက်သို့ပို့ကာ ကာကွယ်ထား၏။ သူ၏ မေတ္တာနှင့် ကာကွယ်မှုတို့သည် ထင်ရှားသည်။ ထိုလူ၏အသွင်အပြင်ကို ကြည့်ပြီး အပြင်လူအုပ်တစ်ခုလုံး စိတ်ဓာတ်တက်ကြွလာသည်။
“သခင်လေးချင်းယွိ သခင်လေးချင်းယွိ ရောက်လာပြီ”
“ကောင်းတယ် သခင်လေးချင်းယွိရောက်လာပြီ စီရင်ချက်ဗိမာန်ရဲ့ အကဲဖြတ်တွေကို မောင်းထုတ်တော့မှာမလား”
“သခင်လေးချင်းယွိက ဓား ၁ လက်ဝိညာဉ်ဂိုဏ်းရောက်နေပြီ၊ ဒီလူတွေ ကို ရှင်းဖို့ဆိုရင် ပြိုင်ဘက်က သားရဲဆိုရင်တောင် ဒီလူတွေကို သတ်ဖို့လုံလောက်နေပြီ”
ပေထင်းဟွမ်သည် သူမရှေ့မှလူကိုကြည့်လိုက်သည်။ သူမ ဤလူကိုမမြင် ရသည်မှာ မည်မျှကြာသွားသနည်း။ သူမ ဤကမ္ဘာသို့ပထမဆုံးရောက်သည့် အချိန်က သူမအား ယုံကြည်မှုနှင့်နွေးထွေးမှုပေးသောလူပင်ဖြစ်သည်။ သူမ ဘာမှမဟုတ်ခဲ့စဉ်က ထိုလူသည် သူမကိုကာကွယ်ပြီး သတ္တိတွေပေးခဲ့သည်။ ထိုလူသည် သူမ၏အစ်ကိုကဲ့သို့ဖြစ်နေသည်။ သူတို့ မတွေ့ရသည်မှာ မည်မျှ ကြာသွားသနည်း။
ယခုအချိန်သည် အတိတ်ကို ပြန်ဆွေးနေရမည့်အချိန်လည်းမဟုတ်ပေ။
နှင်းဝံပုလွေကြေးစားအဖွဲ့၏သခင်လေး ချင်းယွိသည် ဤမျှလျင်မြန်စွာ သိသွားလိမ့်မည်ဟု တစ်ဖက်လူထင်မထားပေ။ တစ်ဖက်လူသည် ဓား ၁ လက် ဝိညာဉ်သခင်၊ ပေထင်းဟိုင်တို့သားအဖနှင့် စီရင်ချက်ဗိမာန်စစ်သည်များဖြစ် သည်ဟု သူကြားထားသည်။ ထို့အပြင် ပေထင်းဟွမ်၏ခွန်အားသည်လည်း မနိမ့်ပေ။ ချင်းယွိသာ ထပ်ပေါင်းလိုက်လျှင် မည်သူနေရဲမည်နည်း။ မည်သို့ဖြစ် မည်ကို ပြောရခက်သည်။
ပေထင်းဟိုင်သည် ပေထင်းမိသားစုတွင်နေခဲ့သူဖြစ်သည်။ သူသည် အရေးကြုံသောအခိုက်အတန့်တွင် အရှိန်အဟုန်၏အရေးကြီးပုံကိုနားလည် သည်။ သူသည် လက်ထဲမှဓားရှည်ကိုမြှောက်ပြီး ကျယ်လောင်စွာပြောလေ သည် “အားလုံးပဲ မကြောက်ကြနဲ့ ဒီသားရဲက စီရင်ချက်ဗိမာန်ရဲ့ ဂိုဏ်းထောက် သားရဲပဲ၊ သူကိုယ်တိုင်ပေးသနားထားတာ၊ စီရင်ချက်နတ်ဘုရားရဲ့ ငွေရောင် ဝိညာဉ်စွမ်းအားနဲ့ဆိုရင် ဒီလူတွေကို သေအောင် ချေလိုက်လို့ရတယ်၊ ပေထင်းဟွမ်ရဲ့ ခေါင်းက ငါတို့ဟာပဲ၊ နတ်အဆင့်ခွဲဆေးက ငါတို့ဟာပဲ”