← Chapters

ကစဥ့်ကလျားနတ်အရင်းအမြစ်က ပေထင်းဟွမ်ဆီမှာ

Vol. 50 Ch. 986

ကစဥ့်ကလျားနတ်အရင်းအမြစ်က ပေထင်းဟွမ်ဆီမှာ

Vol. 50 Ch. 986

“ဟုတ်တယ် မင်းကို သတင်းတစ်ခုပြောပြမယ်၊ ပေထင်းဟွမ်ရဲ့ခန္ဓာကိုယ် မှာ ကစဥ့်ကလျားနတ်အရင်းအမြစ်ရှိတယ်၊ နဂိုက စီရင်ချက်ဗိမာန်က ပိုင်တဲ့ ရတနာပေါ့၊ ငါတို့သာ ကစဥ့်ကလျားနတ်အရင်းအမြစ်ကိုရပြီး စီရင်ချက်ဗိမာန် ကို ခွဲပေးနိုင်ရင် ငါတို့ကို အများကြီးပေးလောက်တယ်၊ ရတနာ၊ သားရဲ၊ ဆေးနဲ့ နတ်ပစ္စည်းတွေနော် အားလုံးပဲ” ပေထင်းယိသည် သူ၏ဓားရှည်ကိုမြှောက်ကာ တာဝန်မဲ့စွာအော်လေသည်။

လေးလံသောဆုအောက်တွင် သတ္တိရှိသောလူရှိလိမ့်မည်။

ကစဥ့်ကလျားနတ်အရင်းအမြစ်ဟုတ်လား။ ဗိမာန်စစ်သည်များသည် အတန်ကြာ မှင်တက်ပြီးမှ သတိရလေသည်။ ကစဥ့်ကလျားနတ်အရင်းအမြစ် သည် မည်သို့သောအရာနည်း။ ထိုစကားလုံးလေးလုံး နားထဲဝင်လာသည်နှင့် သူတို့သည် ကြက်သွေးနှင့်အရိုက်ခံလိုက်ရသလိုပင် အားလုံးကိုရူးသွပ်သွားစေ သည်။ မည်သူမှပေထင်းယိ၏စကားများကို သံသယမဝင်ပေ။ ပေထင်းယိ၏ သရုပ်မှန်အရ သူပြောလိုက်သည့်စကားသည် မည်သို့မှားနိုင်မည်နည်း။

“မဖြစ်နိုင်တာ၊ ကစဥ့်ကလျားနတ်အရင်းအမြစ်က မိန်းကလေးခန္ဓာကိုယ် ထဲမှာပဲ နေနိုင်တာကို ဘယ်သူမသိလို့လဲ၊ ပေထင်းဟွမ်က ယောက်ျားလေးလေ ဘယ်က ကစဥ့်ကလျားနတ်အရင်းအမြစ်ရှိမှာလဲ” ချင်းယွိသည် ဒေါသဖြစ်ဖြစ် နှင့် လက်ထဲမှလှံတံကိုမြှောက်ကာ ပေထင်းယိကို ချိန်ရွယ်လေသည်။ ပင်မ တိုက်ကြီးမှ သုံးနှစ်သားကအစ ကစဥ့်ကလျားနတ်အရင်းအမြစ်သည် ဆွဲဆောင် မှုရှိသည်ကို သိကြသည်။

ထိုအချိန်တွင် အလွန်ကြောက်တတ်သော မုချင်းလင်ပင် ကစဥ့်ကလျား နတ်အရင်းအမြစ်ဟူသော စကားလုံးများကိုကြားပြီးနောက် ခေတ္တမျှမှင်တက် သွားသည်။ သူမ သတိပြန်ဝင်လာချိန်တွင် ဒေါသထွက်လွန်းသဖြင့် အကြောက် တရားကိုပင်မေ့ကာ ရှေ့သို့ နှစ်လှမ်းတိုးလာသည်။ ရှေ့သို့တိုးရင်းနှင့် သူမသည် စိတ်ဆိုးမာန်ဆိုးနှင့်ပြောလေသည် “ဟုတ်တယ် ပေထင်းယိ မင်းက သခင်လေး ၉ ရဲ့အစ်ကိုကြီးဆိုတာ ကံကောင်းသေးတယ်မှတ်၊ မင်းက သူ့ကို တော်တော် ထိခိုက်အောင်လုပ်ပြီးပြီ၊ အခုမဟုတ်တာတွေပြောပြန်ပြီ၊ ငါက သခင်လေး ၉ ရဲ့ ဇနီးလောင်းပဲ ငါတို့ ငါတို့... သခင်လေး ၉ က ယောက်ျားအစစ်ကြီးပဲ”

ရှေ့သို့စိတ်အားထက်သန်စွာတိုးလာသော ဗိမာန်စစ်သည်များသည် ပေထင်းယိအား သံသယမျက်လုံးများဖြင့် ကြည့်ကြလေသည်။ တကယ်တော့ ချင်းယွိ၏ ဒေါသတကြီးအော်သံနှင့် မုချင်းလင်တို့၏ ခုခံမှုတို့ဖြစ်စဉ်တစ်ခုလုံး တွင် သခင်လေး ၉ သည် အလွန်တည်ငြိမ်လျက်ရှိသည်။

ပေထင်းဟိုင်နှင့်သားဖြစ်သူတို့ သူမကို မှတ်မိချိန်မှစပြီး သူမသည် မူလ အသွင်အပြင်သို့ ပြန်ပြောင်းပြီးဖြစ်သည်။ ထိုအချိန်တွင် သူမ၏ ချောမွတ်သော မျက်နှာသည် ဂရုမစိုက်ဟန်ဖြင့်ရှိနေသည်။ နည်းနည်းမှ အလှုပ်အရှားမရှိပေ။ ၎င်းသည် ကစဥ့်ကလျားနတ်အရင်းအမြစ်၏ လှုပ်ရှားမှုလား။ သို့မဟုတ် ကစဥ့်ကလျားနတ်အရင်းအမြစ်သည် ပင်မတိုက်ကြီးတွင် မည်သို့သော လှုပ်ရှား မှုများကို ဖြစ်စေသည်ကို မသိလောက်အောင် ပေထင်းဟွမ် တုံးအနေသည် လား။

လူအုပ်ထဲတွင် တချို့လူများသည် အဖြစ်အပျက်ကို နားမလည်ကြတော့ ပေ။ သို့သော် အများစုသည် ချင်းယွိကို ယုံကြည်ရန်ရွေးချဘ်ထားကြသည်။ သူတို့သည် သူတို့၏တူများနှင့်ညီအစ်ကိုများကို သတ်ဖြတ်ဖမ်းဆီးပြီး စီရင်ချက် ဗိမာန်နှင့်အလဲအလှယ်လုပ်ရန်ကြိုးစားနေသည့် ပေထင်းဟိုင်တို့သားအဖကို အရိုးထဲမှမုန်းတီးသည်။

“ဟင်း မင်းက မင်းတူနဲ့အစ်ကိုကို နတ်အဆင့်ခွဲဆေးရဖိုအတွက်နဲ့ သတ်ခဲ့ တယ်၊ ဘာလို့များ ဒီလောက်လူမဆန်တာလဲ”

“ဟုတ်တယ် နတ်အဆင့်ခွဲဆေးက ဇာမဏီမြို့မှာ မလောက်လို့လား”

“ဒါက ဒါက အကျိုးအမြတ်ရဖို့နဲ့ ကိုယ့်မိသားစုကို သစ္စာဖောက်ဖို့မပြောနဲ့ ပြဿနာတက်စေမယ့် ကောလာဟလတွေဖန်တီးတာ မိုးကြိုးပစ်ခံရမှာ မကြောက်ဘူးလား”

ပေထင်းဟိုင်သည် လမ်းပေါ်မှ တီးတိုးပြောသံများကိုကြားသောအခါ ဒေါသကြောင့် မျက်နှာကြီးစိမ်းလာသည်။ သူသည် လက်ထဲမှဓားရှည်ကို ဝေ့ယမ်းပြီး ချင်းယွိကို ပါးစပ်မှဆဲဆိုလေသည် “ပေထင်းဟွမ် မင်း ငါ့အဖေကို ခေါင်းဖြတ်တုန်းက သူကမင်းအဘိုးဆိုတာကို တွေးမိရဲ့လား”

“ဟင့်အင်း” ထိုမေးခွန်းသည် သူမကို ဦးနှောက်ဆေးနေသည်ကို ပေထင်းဟွမ်သိသည်။ ထို့ကြောင့် နှာမှုတ်လိုက်သည် “လွန်ခဲ့တဲ့ ၁၄ နှစ်က ပေထင်းကျန့်က ခေါင်းဆောင်ရာထူးရချင်တာနဲ့ ကျုပ်မိဘတွေကို သစ္စာဖောက် ခဲ့တယ်၊ အဲဒါကို တွေးမိရဲ့လား၊ သူတို့က သူ့ရဲ့တူနဲ့တူမလေ”

ရှုပ်ထွေးလိုက်သည့် မိသားစုဇာတ်လမ်းပင်။ ၎င်းသည် မိသားစုကြီး၏ ဝမ်းနည်းဖွယ်ရာဇာတ်ကြောင်းဖြစ်သည်။ သို့သော် ထိုအချိန်တွင် အားလုံးသည် စဉ်းစားလိုစိတ်မရှိတော့ပေ။ ချင်းယွိငသည် ပေထင်းဟိုင်နှင့်တိုက်ခိုက်နေပြီ ဖြစ်သည်။ ပေထင်းယိသည် အခွင့်ကောင်းယူကာ ဗိမာန်စစ်သည်များကို ဦးဆောင်းကာ ပေထင်းဟွမ်ကိုဝိုင်းလေသည်။

All Chapters