← Chapters

မကောင်းဆိုးဝါးလေး အတင့်ရဲလိုက်တာ

Vol. 50 Ch. 987

မကောင်းဆိုးဝါးလေး အတင့်ရဲလိုက်တာ

Vol. 50 Ch. 987

ခါးမှလက်ကိုဖြည်းဖြည်းချင်းလျှောပြီး ဓားပျော့ကိုလက်ထဲတွင်ကိုင်ထား ကာ ပေထင်းဟွမ်၏အေးစက်သောမျက်လုံးများသည် ပြိုင်ဘက်အဖွဲ့ကိုဖြတ် ကြည့်လေသည်။ ငွေရောင်အလင်းတန်းသည် မြေကြီးပေါ်မှမြင့်တက်လာပြီး သားရဲများသည် အလင်းတန်းများမှ ဥက္ကာပျံကဲ့သို့ထွက်လာပြီး ပေထင်းယိနှင့် ဗိမာန်စစ်သည်များအား ခုန်အုပ်လေသည်။

မီးလောင်ပြီးနောက်တွင် စီရင်ချက်ဗိမာန်၏ပစ္စည်းများသည် တစ်ဆင့် မြင့်သွားသလိုပင်။ ၃၃ ကောင်းကင်ဘုံဆီမှ အထောက်အပံ့ရထားသည့်ပုံပင်။ အဆိုးဆုံးသားရဲများသည် ဝိညာဉ်သားရဲများဖြစ်သည်။ ပေထင်းယိပင် ကြယ် ၁ ပွင့်သားရဲရထားလိမ့်မည်ဟု ထင်မထားပေ။

ဤကဲ့သို့အဖွဲ့သည် လူကိုအံ့ဩသွားစေလောက်သည်။ ကောင်းကင် အဆင့် ၁၂ ယောက်၊ သားရဲတိုက်ခိုက်ရေးချပ်ဝတ်တန်ဆာကိုယ်ထည်နှင့် သူတို့ လက်ထဲမှဓားရှည်၏ အေးစက်သောအလင်းများသည် စောင့်ကြည့်နေသော တာ့ဝမြို့မှလူများကို အကြပ်ရိုက်သွားစေသည်။ ချွေးအေးများပြန်လာကြ၏။

“မိုးနတ်မင်းရေ စီရင်ချက်ဗိမာန်က ဘယ်တုန်းက ဒီလောက် အားကောင်း သွားကြတာလဲ”

“ဟင်း လူအများကြီးက လူနည်းနည်းလေးကို အနိုင်ကျင့်နေကြတာ၊ စီရင်ချက်ဗိမာန်ပဲ ဒီလိုလုပ်ရပ်မျိုးလုပ်ထွက်တယ်”

“သခင်ပေထင်းဟွမ် အဆင်ပြေလောက်မှာပါနော်”

ပေထင်းယိသည် ဂုဏ်ယူမှုနှင့် ယုံကြည်ချက်များပြည့်လာသည်။ သူသည် ဓားမြှောက်လိုက်သည်နှင့် ပေထင်းဟွမ်ကိုသတ်နိုင်တော့မည်ဟု ထင်လာ၏။ တကယ်တော့ ချင်းယွိသည်အားကောင်းပြီး ဓားဝိညာဉ်ဂိုဏ်းအဆင့်ဖြစ်သော် လည်း သူ့တွင် သားရဲကောင်းကောင်းမရှိပေ။ သူတစ်ယောက်တည်းနှင့် မည်သို့ စွမ်းဆောင်နိုင်မည်နည်း။ သူ၏ဖခင်သည် ဓား ၇ လက်ကြယ်ဝိညာဉ်သခင်ဖြစ် သည်။ သူ့တွင် အဆင့်မြင့်ကြယ်သားရဲ၊ အလင်းသားရဲရှိသည်။ အလင်းသားရဲ ထဲတွင် စီရင်ချက်ဗိမာန်၏ ဝိညာဉ်စွမ်းအင်အလင်းတန်းရှိရာ ၎င်းသည် ချင်းယွိ အား ချုပ်တည်းရန်လုံလောက်သည်။

“ပေထင်းဟွမ် သေလိုက်တော့” ပေထင်းယွိသည် ဦးဆောင်ကာ ဓားရှည် ကို မြှောက်ကာ ပေထင်းဟွမ်အား ခုတ်လေသည်။

ပေထင်းဟွမ်၏လက်ထဲမှ ဓားပျော့သည် ကောင်းကင်ပြာစွမ်းအင်အလွှာ ဖြင့် လွှမ်းခြုံလျက်ရှိသည်။ သူမသည် မည်သည့်သားရဲကိုမှ ဆင့်မခေါ်ပေ။ စွမ်းအင်သည် သူမခန္ဓာကိုယ်ထဲမှ လှုံ့ဆော်ထွက်လာပြီး တစ်ကိုယ်လုံးတွင် စီးဆင်းလေသည်။ ထိုအခိုက်အတန့်တွင် မမြင်နိုင်သော ဓားပျော့သည် ကောင်းကင်ပြာမြင်းတစ်စုံကဲ့သို့ သူမ၏ခန္ဓာကိုယ်ကို ဝန်းပတ်ကာ စစ်နတ်ဘုရား၏ ခမ်းနားမှုလိုဖြစ်စေသည်။

ပေထင်းယိ၏ခွန်အားသည် ပေထင်းဟွမ်ထက် နည်းသည်။ သူသည် ပေထင်းဟွမ်၏ခွန်အားကို မလိုက်နိုင်ပေ။ ပေထင်းဟါမ် ဝိညာဉ်သခင်ကြီးဖြစ် ချိန်တွင် သူမတွင် အပြာနုရောင်စွမ်းအင်ရှိနေပြီဟု ပြေကြသည်။ သူမသည် မူလက ဓားဝိညာဉ်ဂိုဏ်းဖြစ်ပြီး သူမ၏စွမ်းအင်သည် အပြာနုရောင်ဖြစ်နေ သည်မှာ အံ့ဩစရာတော့မရှိပေ။

သူ့လက်ထဲမှဓားရှည်သည် အသက်ဝင်လှပြီး စွမ်းအင်မှာ ခက်ထန်သည်။ သူသည် ပေထင်းဟွမ်ဆီသို့ အားပါပါခုတ်လိုက်ရာ ပေထင်းဟွမ်သည် မြေကြီး အား ခြေထိပ်ဖြင့် ထောက်ပြီး လက်ထဲမှဓားပျော့ကိုမြှောက်ကာ မိုးပေါ်သို့တက် သွားသည်။ ပေထင်းယိ ချည်းကပ်လာချိန်တွင် သူ့လက်ထဲမှ ဓားရှည်သည် ရိုက်ချခြင်းခံလိုက်ရသည်။

ဘုန်း ဘန်း

မီးပွားများမရှိသလို လေလှိုင်းများမရှိ၊ စွမ်းအင်တုန်ခါမှုများမရှိဘဲ ပွတ်တိုက်သံနှစ်ခုသာထွက်လာသည်။ သူတို့နှစ်ယောက် တိုက်ခိုက်နေသည်နှင့် လုံးဝမတူပေ။ သို့သော် ပေထင်းဟွမ် ခုတ်ချလိုက်ချိန်တွင် ပေထင်းယိ၏လက် ထဲမှဓားရှည်သည် ဘုန်းခနဲအသံနှင့်အတူ အစိတ်စိတ်အမွှာမွှာကွဲလေသည်။ ဓားရှည်ကိုပိတ်ဆို့ခြင်းမရှိဘဲ ပေထင်းဟွမ်၏ဓားပျော့သည် ရှည်လျားသော သက်တန့်တစ်ခုအလား ပေထင်းယိအား မယှဉ်နိုင်သောအဟုန်ဖြင့် ခုတ်ချလေ သည်။

“သားရဲလေး အတင့်ရဲလိုက်တာ”

ပေထင်းဟွမ်၏ဓားပျော့သည် ပေထင်းယိဆီသို့ အညှာတာမဲ့စွာနှင့် ခုတ် ချသည်ကိုမြင်သောအခါ ချင်းယွိထံတွင် အခက်အခဲရင်ဆိုင်နေရသော ပေထင်းဟိုင်သည် ပျာယာခတ်သွားသည်။ ပေထင်းဟိုင်သည် အမြန်ပြေးလာ ပြီး လက်ထဲမှဓားရှည်နှင့် ပေထင်းဟွမ်အား အားပါပါခုတ်လေသည်။

ဝေ့ကိုဝန်းရံပြီး ကျောက်ကိုကယ်ခြင်းလှည့်ကွက်သည် အသုံးဝင်လှ၏။

ပေထင်းဟွမ်သည် စိတ်လှုပ်ရှားမိသဖြင့် ခေတ္တမျှ နှာမှုတ်မိလေသည်။ ပေထင်းဟိုင်သည် သားဖြစ်သူကိုချစ်သည်။ ဝိညာဉ်သခင်ကြီးအဆင့်နှင့်တွေ့ နေသည့်အချိန်၌ပင် သားကိုအာရုံစိုက်မပြတ်ပေ။ ထိုအချစ်သည် သူမအတွက် လေးစားစရာပင်။ သို့သော် တခြားသူ၏သားသမီးများတွင်လည်း မိဘလိုအပ် သည်ကို သူစဉ်းစားမိရဲ့လား။

ထိုအချိန်က သူမမိဘများနောက်လိုက်ရန် စီစဉ်ခဲ့စဉ်က အရွယ်မရောက် သေးသည့် သူမ၏အစ်ကိုကြီးနှင့် မိခင်ဗိုက်ထဲတွင်ရှိနေသေးသည့်သူမတို့သည် မိဘဘေးတွင်မနေရသည့်အတွက် မည်မျှသနားစရာကောင်းသည်ကို စဉ်းစားမိ ရဲ့လား။

All Chapters