Chapters

ပေထင်းမိသားစုခေါင်းဆောင်ရာထူးက နဂိုကတည်းက ငါ့ဟာပဲ

Vol. 50 Ch. 988

ပေထင်းမိသားစုခေါင်းဆောင်ရာထူးက နဂိုကတည်းက ငါ့ဟာပဲ

Vol. 50 Ch. 988

ပေထင်းဟွမ်၏လက်ထဲမှဓားသည် ပေထင်းယိ၏ ဓားရှည်ကို တုံ့ဆိုင်းခြင်းမရှိ ခုတ်ချလေသည်။ သူမသည် ပေထင်းဟိုင်၏ဓား သူမဆီသို့ ထိုးစိုက်လာမည်ကို စိုးရိမ်ခြင်းမရှိသည့်ပုံပင်။ ဆန့်ကျင်ဘက်အနေနှင့် သူမ သည် ချင်းယွိမှ ပေထင်းဟိုင်နောက်လိုက်ပြီး တရစက်ထိုးနှက်မည်ကို စိုးရိမ်ခဲ့ သည်။ ဤကဲ့သို့ လှုပ်ရှားမှုတွင် သူ ဖမ်းမမိလျှင် သူ၏ခန္ဓာကိုယ်နှင့် ပေထင်းဟွမ်အား ကာလိုက်နိုင်သည်။

“ပေထင်းဟိုင် မကောင်းတဲ့ကောင်”

ချင်းယွိ၏လက်ထဲမှလှံတံသည် စွမ်းအင်အပြည့်တောက်လောင်နေကာ ပေထင်းဟိုင်ဆီသို့ တိုးဝင်လေသည်။ ထိုအချိန်တွင် ပေထင်းဟိုင်၏ ကျောပြင် သည် အကာအကွယ်မရှိပေ။ ချင်းယွိ၏လှံတံသည် တည့်တည့်တိုးဝင်လေ၏။

စွက် အာ..

လက်နက်နှစ်ခု ထိုးစိုက်သံသည် တိတ်ဆိတ်သောလမ်းတွင် ပေါ်ထွက် လာသည်။ ပေထင်းဟွမ်အားဝိုင်းထားသည့် ထိုဗိမာန်စစ်သည်များသည် တညီတညွှတ်တည်း ရပ်တန့်လိုက်ကြသည်။ တာ့ဝမြို့မှလူများသည် ထိတ်လန့် လွန်းကာ ပါးစပ်အဟောင်းသားနှင့် မျက်လုံးများပင် ပြုတ်ထွက်ကျမတတ်ပင်။

ကောင်းကင်အထက်တွင် ပေထင်းဟွမ်၏လက်ထဲမှ ဓားပျော့သည် ပေထင်းယိ၏ နှလုံးသားတည့်တည့်ထိုးစိုက်သွားသည်။ ပေထင်းဟိုင်၏ဓား ရှည်သည် ပေထင်းဟွမ်အားထိုးစိုက်လေသည်။ သို့သော် မီးများပေါက်ကွဲ ထွက်လာပြီး ကိုးရောင်မီးပွားများသည် ပွင့်ဖတ်ကဲ့သို့ ပွင့်လာပြီး လေထဲတွင် ပျောက်ကွယ်သွားလေသည်။ ချင်းယွိ၏လက်ထဲမှ လှံတံသည် ပေထင်းဟိုင် အား ထိုးစိုက်လေသည်။

“မဖြစ်ဘူး မဖြစ်ဘူး ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ပေထင်းဟိုင်သည် မယုံနိုင်ပေ။ သူသည် မည်သို့မှမယုံနိုင်ပေ။ သူသည် သားဖြစ် သူ၏အသက်ကို ဆုံးရှုံးလိုက်ရသော်လည်း ပေထင်းဟွမ်အား ထိခိုက်အောင် မလုပ်နိုင်ပေ။

“မဖြစ်နိုင်တာမရှိဘူး” ပေထင်းဟွမ်၏နှုတ်ခမ်းထောင့်သည် ကွေးတက် သွားသည်။ သူမ၏စိတ်ထဲမှ ကောင်းကင်ပြာစွမ်းအင်ရစ်ပတ်ထားသည့် မမြင်နိုင်သောဓားပျော့သည် သူမအနားတွင် ဖဲပြားကဲ့သို့ ရစ်ပတ်နေသည်။ သူသည် သူမအား တင်းကြပ်စွကာကွယ်ထားသည်။ ပေထင်းဟိုင်၏ဓားရှည် သည် မည်သို့များ သူမအနားသို့ ကပ်နိုင်မည်နည်း။

“ဟင်း ဒီကမ္ဘာပေါ်မှာ ဘယ်သူကမှ ကျုပ်ကိုချောင်းမြောင်းတိုက်ခိုက်လို့ မရဘူး၊ အမှားလုပ်ခဲ့တာတောင်မှ ဘယ်လိုနောင်တရရမယ်ဆိုတာမသိဘူး၊ ကျုပ်ကို အပြစ်ပုံချချင်သေးတယ်၊ ဒါ သေရေးရှင်ရေးပဲ”

ပေထင်းဟွမ်စကားဆုံးသည်နှင့် တောက်ပသော ကိုးရောင်မီးတောက် သည် သူမ၏ဓားပျော့ဆီမှ လင်းထွက်လာပြီး ပင့်ကူမျှင်ကဲ့သို့ပါးလွှာသော ငွေ ရောင်အလင်းတန်းသည် မြွေလေးတစ်ကောင်ကဲ့သို့ ကူးခတ်လာသည်။ ၎င်းသည် ပေထင်းယိကို ရစ်ပတ်ထားသည်။ မီးတောက်များ မီးပွားကဲ့သို့ ပေါ် ထွက်လာသည်နှင့် ပန်းပွင့်ကဲ့သို့လေထဲတွင်ပျောက်ကွယ်သွားသည်။ ပေထင်းယိ မည်သည့်နေရာသို့ရောက်သွားသနည်း။

သေသွားချေပြီ။ နောက်ဆုံးတွင် ပြာဖြစ်သွားခဲ့ချေပြီ။

“မဖြစ်ဘူး”

စူးရှသောအသံနှ့င်အတူ ပေထင်းဟိုင်၏နောက်ဆုံးလက်ကျန်ခွန်အား သည် ကမ္ဘာကြီးကိုကိုင်လှုပ်လိုက်သလိုပင်။ သူ၏ခန္ဓာကိုယ်တွင် ထိုးစိုက်နေ သော လှံတံကိုလျစ်လျူရှုကာ လက်ထဲမှဓားရှည်ကိုဝေ့ယမ်းပြီး ပေထင်းဟွမ် ဆီသို့ ခုတ်ချလေသည် “မင်း ငါ့သားကိုသတ်လိုက်ပြီ”

ကောင်းကင်အဆင့်ဝိညာဉ်သခင်ကြီး၏ အသက်သွေးသည် သာမန်လူ များထက် များစွာဇွဲရှိသည်။ သို့သော် ထိုအချိန်တွင် ပေထင်းဟိုင်သည် သူ၏ အဆုံးသတ်သို့ရောက်နေပြီဖြစ်သည်။ ချင်းယွိသည် ရုတ်တရက် သူ၏လှံတံကို ဆွဲယူလိုက်ရာ ပေထင်းဟိုင်ဆီမှ သွေးများပန်းထွက်လာပြီး ပေထင်းယိကို အဖော်ပြုသွားလေသည်။ ပေထင်းဟိုင်၏ နာကျင်သောအော်သံနှင့်အတူ သူ၏ ခန္ဓာကိုယ်သည် မြေပေါ်သို့ ဘိုင်းခနဲလဲကျသွားလေတော့သည်။

“ပေထင်းဟွမ် မင်း ဆိုးဆိုးဝါးဝါးသေရမယ် တစ်နေ့ကျရင် စီရင်ချက် ဗိမာန်က ငါတို့အတွက် လက်စားချေပေးမှာ”

မြေပြင်ပေါ်တွင် ခွေးသေတစ်ကောင်ကဲ့သို့ လဲလျောင်းပြီး ပေထင်းဟိုင် သည် ခေါင်းမာမာနှင့် ပေထင်းဟွမ်အား ရက်စက်သောစကားများဖြင့် ဆဲဆိုနေ သေးသည် “မင်းတို့အားလုံး သေသင့်တယ် ပေထင်းရွေ့သေသင့်တယ် ပေထင်းလန်လည်းသေသင့်တယ် ပေထင်းချင်း အဘိုးကြီးလည်းသေရမှာ၊ ပေထင်းမိသားစုရဲ့ခေါင်းဆောင်နေရာက ငါ့ဟာြဖစ်ရမှာ ငါ့ဟာ”

လေပေါ်တွင်ရပ်ပြီး ပေထင်းဟွမ်သည် လက်ထဲမှဓားပျော့ကို ခါယမ်းပြီး ခါးကိုပုတ်လိုက်သည်။ သူမသည် ပေထင်းဟိုင်၏ ကြိမ်းမောင်းသံကိုကြား ပြီးနောက် အေးစက်စွာကြည့်လေသည် “ပေထင်းဟိုင်လောက်က မိသားစု ခေါင်းဆောင်နေရာရနိုင်တယ်လို့ထင်လား”