← Chapters

ထောင်ထျယ် ထွက်လာခဲ့

Vol. 50 Ch. 989

ထောင်ထျယ် ထွက်လာခဲ့

Vol. 50 Ch. 989

မြောက်ပိုင်းရုံးခေါင်းဆောင်လောက်ကလား။

ထိုစကားများကို လွန်ခဲ့သည့်နှစ်လလောက်က ပြောခဲ့လျှင် တိုက်ကြီး တစ်ခုလုံးသည် ပေထင်းဟွမ်အား ငယ်ရွယ်ပြီးမသိတတ်ဟု ကြိမ်းမောင်းနိုင် သည်။ သို့သော် ယခုအချိန်၊ ထိုစကားများကို သူမ ပါးစပ်မှ မောက်မာစွာပြော လာချိန်တွင် ထိုလူငယ်သည် ကောင်းကင်အမြင့်နှင့် မြေကြီးအနက်တို့ကို မသိ ဟု မည်သူမှမပြောကြတော့ပေ။

သူမသည် မည်သူနည်း။ သူမသည် ပေထင်းဟွမ်ဖြစ်သည်။ သူမသည် ဟွမ်ချန်း၏မြို့စားဖြစ်ခဲ့သည်။ ဟွမ်ချန်းကိုတည်ထောင်ပြီး တစ်လသာကြာ ပြီးနောက်တွင် ငွေလရောင်အင်ပါယာကို ဖျက်ဆီးကာ မဟာမိတ်အင်ပါယာကို တည်ထောင်ခဲ့သည်။ သူမသည် မဟာမိတ်အင်ပါယာ၏ခေါင်းဆောင်ဖြစ်သည်။ အမှောင်နတ်မိစ္ဆာခန်းမ၏ နတ်မိစ္ဆာဘုရင်သည် သူမကို မွေးနေ့လက်ဆောင် ပေးရန် အပြေးလာခဲ့သည်။ သူမသည် ညအရှင်အိမ်တော်၏ ဧည်သည့်ဖြစ်ပြီး ညအရှင်သခင်သည် သူမကို ကာကွယ်လျက်ရှိသည်။

သူမကဲ့သို့လူမျိုးသည် ပေထင်းမိသားစု၏ခေါင်းဆောင်ရာထူးကို လွတ် လိမ့်မည်ဟု မည်သူပြောရဲသနည်း။

ပေထင်းမိသားစုသည် ဤတိုက်ကြီးတွင် ဒုတိယတန်းစားအင်အားစုဖြစ် သည်မှာ အမှန်ပင်။ မိသားစုကြီးလေးခုသည် ပြည်မကြီးတွင် ထိပ်တန်းတွင် ရပ်တည်သည်။ သူတို့၏ရာထူးသည် မည်မျှပင်မြင့်စေကာမူ ယန်ချန်းလောက် မြင့်နိုင်မည်လား။ မီးတောက်မြို့စားနှင့် ခြေရာတိုင်းနိုင်သူသည် ဝိညာဉ်သခင် မိသားစုကြီးလေးခု၏ ခေါင်းဆောင်ရာထူးအတွက် မည်သို့ဂရုစိုက်တော့မည် နည်း။

ဟာသတစ်ခုပင်။

အားလုံး၏ မျက်လုံးများသည် မြေပေါ်မှသွေးအလိမ်းလိမ်းထွက်နေသော ပေထင်းဟိုင်၏အလောင်းပေါ်သို့ရောက်သွားကြသည်။ သူ၏အသက်ကိုပါ ဆုံးရှုံးလိုက်ရရုံသာမကဘဲ သူ၏ဝိညာဉ်သည် လတ်ဆတ်နေတုန်းပင်။ သူသည် လတ်ဆတ်သည့်အခြေအနေမှာပင်ရှိတုန်းပင်။ သူတို့သည် သူ့အား သနားစဖွယ်ကြည့်ကြသည်။ ထို့နောက် ကြိမ်းမောင်းကြလေသည် “ဟင်း မင်းက ဘယ်သူ့ကိုသွားလိမ်နေတာလဲ၊ မင်းသာ မစပ်စုရင် ပေထင်းမိသားစုကို မင်းအိတ်ထဲထည့်နိုင်မှာပဲ”

ပေထင်းဟွမ်၏မျက်လုံးထဲတွင် အစက သနားသည့်အရိပ်အယောင်ရှိ သော်လည်း ချက်ချင်းပင် အေးစက်သွားလေသည်။ သူမကို မကောင်းဆိုးဝါး လေးဟုခေါ်ပြီး သူမ၏မိဘများကို ကျိန်ဆဲခဲ့သည်။ ဤကမ္ဘာပေါ်တွင် သူမ၏ မိဘများကို ထိခိုက်အောင်လုပ်ရဲသူများအတွက် တစ်လမ်းသာရှိသည်။ ထိုအရာ သည် သေဆုံးခြင်းပင်။

သူမ၏ လက်မနှင့်လက်ညှိုးကို အသာလှည့်လိုက်ရာ ကိုးရောင် မီးတောက်များသည် သူမ၏လက်ချောင်းထိပ်မှ ခုန်ထွက်လာသည်။ ပေထင်းဟွမ်သည် မြေကြီးအား အေးစက်စွာ စိုက်ကြည့်လေသည်။ မီးတောက် များကို ကြည့်ပြီးနောက် သူမ၏မျက်လုံးများသည် မနာလိုမှုများပြည့်လာ၏။ သူမသည် ကျိန်ဆဲသည့်စကားများကို ဂရုမစိုက်ပေ။ ပေထင်းဟွမ်သည် အေးစက်စွာပြောလေသည် “ပေထင်းဟိုင် ဒီသခင်လေးက ခင်ဗျားကို အသက်ရှင်ဖို့အခွင့်အရေး ထပ်ခါထပ်ခါပေးခဲ့တယ်၊ အဲဒါကိုအကြိမ်တိုင်း သေဖို့ ပဲကြိုးစားခဲ့တာ ဒီလောက်တောင် အသက်မရှင်ချင်မှတော့ ဒီသခင်လေးက ကူညီပေးရမှာပေါ့”

ပေထင်းဟွမ် လက်ဖျောက်တီးလိုက်သည်နှင့် မီးတောက်သည် ပေထင်း ဟိုင်ဆီသို့ ပန်းပွားများကဲ့သို့ လေထဲတွင် ပြန့်ကျဲသွားသည်။ သို့သော် ထိုမီးပွား များဖြတ်သွားသည့်နေရာတိုင်းတွင် လေသည်အငွေ့ပျံပြီး မီးတောက်များသည် လေကိုပွတ်တိုက်ကာ စူးရှသောအသံများထွက်ပေါ်လာသည်။ ထိုအသံများ သည် သေမင်းကိုဆင့်ခေါ်လိုက်သကဲ့သို့ ထိုနေရာတွင်ရှိနေသည့်လူများသည် အဝေးသို့နောက်ပြန်ဆုတ်ကြလေသည်။

“မလုပ်နဲ့ မလုပ်နဲ့ ငါ မသေချင်ဘူး” ပေထင်းဟိုင်သည် ပေထင်းဟွမ်၏ မီးတောက်စွမ်းအားကို မြင်ဖူးပြီးသားဖြစ်သည်။ ထိုအခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်မှ အသက်သွေးပျောက်ကွယ်နေပြီဖြစ်သော်လည်း ထရန်ရုန်းကန်နေ ရပြီး ခြေထောက်ကိုရှေ့သို့ ကန်လေသည်။ ခန္ဓာကိုယ်သည် နောက်ပြန်ဆုတ် လေသည်။

ပေထင်းဟိုင် ဆက်ပြီး ရုန်းကန်နေသည်ကို အားလုံးမြင်နေရသည်။ အဝေးမှပင် မီးတောက်၏ကြောက်စရာကောင်းပုံကို ခံစားမိနေသည်။ ဗိမာန် စစ်သည်များသည် တဖြည်းဖြည်းစုဝေးလာသည်။ သူ့လက်ထဲမှာ အသက်ရှင် နိုင်ပါ့မလား။

“ထောင်ထျယ် ထွက်လာခဲ့”

စိတ်ဓာတ်ကျကျနှင့် ပေထင်းဟိုင်သည် နောက်ဆုံးတွင် ဒဏ်ရာရ ပြီးနောက် နေရာထဲမှ အလင်းသားရဲကိုခေါ်ရန် သတိရတေ့သည်။ ချက်ချင်း ဆိုသလိုပင် စီရင်ချက်နတ် ဘုရားဆီမှ ဝိညာဉ်စွမ်းအားအရိပ်အမြွက်ပါသော ထိုအားကောင်းသည့် သားရဲသည်သူ့အတွက် ကမ္ဘာကြီးကိုပြောင်းပြန်လှန်ပစ် ရန် မျှော်လင့်ရင်း သူသည် နေရာထဲမှသားရဲကိုဆင့်ခေါ်လေသည်။

လွှမ်းမိုးနိုင်သည့်နာမည်ပင်။ ရှေးခေတ်အခါက ခက်ထန်သောသားရဲ ၁၀ ကောင်ထဲမှ တစ်ကောင်ပင်။ ပေထင်းဟွမ်သည် ထိုနာမည်ကိုကြားဖူးသည်။ မင်သည်လည်း ကြားဖူးမလားဟု သူမ တွေးမိလေသည်။

ထိုအချိန်တွင် ထင်ထားသည့်အတိုင်း သူမ၏ နေရာထဲတွင် အဂူးနှင့် ကျို့ယန်တို့သည် ရယ်မောကြလေသည် “ထောင်ထျယ် အရှက်မဲ့လိုက်တာ၊ ကိုယ့်အသက်သွေးကိုယ် မကြည့်နိုင်ဘဲနဲ့ ဒီနာမည်ကိုခေါ်ရဲသေးတယ်”

All Chapters