Chapters

ကိုးရောင်အမြင့်ဆုံးဝမ်းတွင်းပါမီးတောက်

Vol. 50 Ch. 990

ကိုးရောင်အမြင့်ဆုံးဝမ်းတွင်းပါမီးတောက်

Vol. 50 Ch. 990

ကိုးရောင်မီးတောက်များသည် လျှပ်စီးကဲ့သို့ လေကိုထွင်းဖောက်ကာ တစ်ဒင်္ဂအတွင်းမှာပင် ပေထင်းဟိုင်ရှေ့သို့ရောက်လာသည်။ အားကောင်းသော အလင်းသားရဲသည် ထိုအချိန်တွင် ပေထင်းဟိုင်၏ရှေ့တွင် ရပ်လိုက်၏။ ကြီးမားသောနတ်သားရဲပင် ဒဏ်ရာရလေသည်။ သို့သော် မလျော့သောဇွဲဖြင့် အားကောင်းသော စွမ်းအားကိုထုတ်လေသည်။

ထိုကိုးရောင်မီးတောက်ကို ရုတ်တရက်မြင်လိုက်ရသဖြင့် အားကောင်း သော သားရဲကြီးသည် တုံ့ပြန်မှုနှေးကွေးသွားသည်။ ထိုအချိန်တွင် ၎င်း၏ ခြေထောက်များအားနည်းသွားပြီး ကိုးရောင်မီးပန်းဆီသို့ ဒူးထောက်လျက်သား ကျလေသည်။

ထူးဆန်းလွန်းသည်မဟုတ်ပါလား။ ဘယ်လိုကြောင့် ဤကဲ့သို့ဖြစ်နိုင် သနည်း။

ပေထင်းဟွမ်၏ မူရင်းသားရဲကိုမမြင်ဖူးသူများသည် စီရင်ချက်နတ်ဘုရား ၏ ဝိညာဉ်စွမ်းအင်၏ အရိပ်အယောင်စွဲနေသော ထိုသားရဲမည်မျှ ကြီးမား ကြောင်းကို နားမလည်ကြပေ။

ထိုအားကောင်းသောသားရဲနှင့် အဆက်အစပ်ရှိသော ပေထင်းဟိုင် တစ် ယောက်သာ ထိုအချိန်တွင် ထောင်ထျယ်၏ ဝိညာဉ်အတွင်းပိုင်းထဲမှ အကြောက်တရားနှင့် တုန်ယင်မှုတို့ကို ခံစားရလေသည်။ ထိုသားရဲသည် အမှန် တကယ်ပင် ကြောက်ရွံ့နေသည်။ စီရင်ချက်နတ်ဘုရားဆီမှ ကောင်းချီးပေး ထားသော ဝိညာဉ်စွမ်းအားအလင်းတန်းပင်လျှင် ကိုးရောင်မီးပွားရှေ့တွင် အညံ့ခံနေရသည်။ အလွန်ထူးဆန်းလွန်းသည်။

ကံကောင်းစွာပင် ထိုအချိန်တွင် ရွှေရောင်အလင်းတန်းသည် စစ်မြေပြင် တွင်ပေါ်လာကာ ရွှေရောင်ဆံပင်၊ ရွှေရောင်မျက်လုံးနှင့် ရွှေရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုသည် အလင်းထဲမှပေါ်လာလေသည်။ သူ၏ မျက်လုံးများသည် ကိုးရောင်မီးပွားများဆီသို့ ကျရောက်ကာ အလင်း၏အရှိန် ကဲ့သို့ ချဉ်းကပ်လာသည်။

အလင်း၏မျက်နှာချင်းဆိုင်တွင်ရပ်နေသဖြင့် ကိုးရောင်မီးတောက်ဆီမှ ခွဲထွက်လာသော ထိုလူကို ပေထင်းဟွမ်သည် ရှင်းလင်းစွာမြင်နေရသည်။ နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ်တစ်ဝက်ကိုမြင်နေရသည်။ ပေထင်းဟွမ်သည် ထိုလူကို မျက်မှောင်ကြုတ်ကြည့်မိသည်။ ထိုလူကို ဝိညာဉ်အတွင်းပိုင်းထဲမှ ရင်းနှီးနေသလိုပင်။

ထိုလူသည် ဝိညာဉ်နတ်ဘုရားမျိုးနွယ်၏မင်းသားဖြစ်သည့် မင်ရှို့နှင့် အတော်ဆင်သည်။ မဟတ်သေ.. မင်ရှို့သည် ထိုလူနှင့် တူသည်ဟု ဆိုရမည်။

“အမြင့်ဆုံးကိုးရောင် ဝမ်းတွင်းပါမီးတောက်လား” ထိုလူသည် ပင့်သက် ရှိုက်ပြီး တအံ့တဩနှင့်ပြောလေသည်။

ထိုလူ၏မျက်ခွံများသည် ရုတ်တရက် ပင့်တက်လာပြိး ရွှေရေင်မျက်အိမ် များသည် ပေထင်းဟွမ်အား တည့်တည့်စိုက်ကြည့်နေသည်။ ချက်ချင်းဆိုသလို ပင် ပေထင်းဟွမ်သည် သူမကို တောင်ကိုးလုံးကဲ့သို့ ဖော်မပြနိုင်သော ကြောက်လန့်စရာ ဖိနှိပ်မှုကိုခံစားမိလေသည်။ ချွေးများသည် မိုးရေကဲ့သို့ သူမ၏မျက်နှာပေါ်တွင် စီးကျလာကာ သူမ၏တစ်ကိုယ်လုံးတွင် စီးဆင်းနေ သော သွေးများရပ်တန့်သွးသလိုပင်။ အကြောထဲတွင် စွမ်းအင်ဘီးလုံးသည် လှည့်ပတ်ချင်သော်လည်း လှည့်ပတ်ရန် ခက်ခဲနေသည်။ သူမတစ်ကိုယ်လုံးမှ ဝတ်ရုံသည် ချွေးများဖြင့်စိုစွတ်လာသည်မှ ရေထဲနှစ်လိုက်သလိုပင်။ ပေထင်းဟွမ်သည် ဒူးထောက်ချင်လာသည်။ မထိန်းချုပ်နိုင်သော ငွေရောင် အလင်းတန်းသည် ရုန်းကန်ရင်း သူမခန္ဓာကိုယ်ကို ထိန်းချုပ်နေသည်။ တည့်တည့်ရပ်၊ မတ်မတ်ရပ်။

ကြီးမားသောဖိနှိပ်မှုပင်။ သူမ ယန်ယဲ့နှင့် ပထမဆုံးတွေ့သည့်အချိန်နှင့် ယှဉ်လျှင် ဤဖိနှိပ်မှုသည် အဆပေါင်းများစွာ သန်မာသည်။ ၎င်းသည် သူကို ဒူးထောက်အညံ့ခံအောင် ဖိအားပေးနိုင်သော ဝိညာဉ်စွမ်းအားပင်ဖြစ်သည်။

သို့သော် သူမ၏အရင်နှင့်လက်ရှိဘဝတွင် သူမသည် မည်သူ့ကိုမှ ဦးမညွှတ်ဖူးပေ။ ဝိညာဉ်နတ်ဘုရားမျိုးနွယ်၏ ဧကရာဇ် မင်ရှို့၏ဖခင်၊ ဤလူဆိုလျှင်တောင် သူမဦးညွှတ်မည်မဟုတ်ပေ။ သူမသည် သူမ၏ ဂုဏ်သိက္ခာကိုဆုံးရှုံးလိုက်ရသည်ထက် အစိတ်စိတ်အမွှာမွှာဖြစ်သွားသည်ကမှ ပိုကောင်းမည်။

“မင်းက အမြင့်ဆုံးကိုးရောင်မဟုတ်ဘူးမလား မင်းက ဘယ်သူလဲ” ထိုလူ၏ အရောင်ဖျော့ဖျော့ မျက်လုံးများသည် ပေထင်းဟွမ်ဆီသို့ ပုရွက်ဆိတ် တစ်ကောင်ကို ကြည့်နေသကဲ့သို့ ကျရောက်လာသည်။ အဆင့်နိမ့်လေဟာနယ် မှ ၁၄ နှစ်အရွယ်ကောင်လေး ပေထင်းဟွမ်သည် အထင်သေးစရာဖြစ်နေသည်။

ပေထင်းဟွမ်သည် အံကိုတင်းတင်းကြိတ်ကာ မေးစေ့ကို ခက်ခက်ခဲခဲ မော့ပြီး ထိုလူကိုစိုက်ကြည့်လေသည်။ သူမ၏ အနက်ရောင်မျက်လုံးများတွင် သွေးများစုသွားသည်။ မျက်နှာပေါ်မှသွေးများ ပျောက်သွားသည်။ သို့သော် သူမ သည် ခုခံနေတုန်းပင်။