Chapters

ငါ့အနောက်မှာရပ်နေ

Vol. 50 Ch. 991

ငါ့အနောက်မှာရပ်နေ

Vol. 50 Ch. 991

သူမသည် အသံပင်မထွက်ရဲပေ။ သူမ စိတ်လျှော့လိုက်သည်နှင့် မြေပေါ် သို့ ဒူးထောက်သွားမိနိုင်သည်။ သူမကိုယ်သူမ ထိုသို့အဖြစ်မခံနိုင်ပေ။ ထိုအခိုက်အတန့်တွင် အမုန်းတရားများသည် သူမဆီသို့ ဒီရေအလား စီးဆင်း လာသည်။ ထိုကဲ့သို့ အရှက်တကွဲဖြစ်မှုသည် သူမကို ပိုပြီးအရှက်ရစေသည်။ အကြံသစ်တစ်ခုရလာသည်။ သူမသာ ယနေ့လွတ်မြောက်မည်ဆိုပါက သူမ၏ ဂုဏ်သိက္ခာကို ပြန်ဆယ်နိုင်လျှင် တစ်နေ့ ဤလူကို သူမရှေ့တွင် ဒူးထောက် လာအောင်လုပ်မည်။

ခြေထောက်များသည် တုန်ယင်လာသည်။ တစ်ကိုယ်လုံးသည် လှုပ်ခါနေ ချေပြီ။ ထင်ရှားစွာပင် ထိုဝိညာဉ်စွမ်းအားနှင့် နတ်အာရုံတို့သည် ပုရွက်ဆိတ် များကိုမမြင်ချင်တော့သလို ခေါင်းမာသည့်အကျင့်နှင့် ကျောရိုမာခြင်းတို့ကို လည်းမတွေ့လိုပေ။ ဖိနှိပ်မှုများတိုးလာပြီး ပေထင်းဟွမ်ကို ဒူးထောက်အောင် ဖိအားပေးနေသည်။

ထိုအချိန်တွင် လမ်းတစ်ခုလုံးတွင် ရုန်းကန်နေရသော ပေထင်းဟွမ်နှင့် ချင်းယွိတို့မှလွဲပြီး တခြားသူများသည် မြေပေါ်တွင် ပြားပြားဝပ်ပြီး တုန်ယင်နေ ကြသည်။ ချင်းယွိ၏ခြေထောက်မှာ တစ်ဖက်မြေပေါ်သို့ကျနေပြီဖြစ်သည်။

ထိုအခိုက်အတန့်တွင် ကိုးရောင်ကြယ်ပုံစံတစ်ခုသည် ပေထင်းဟွမ်၏ ခြေထောက်အောက်တွင် ပေါ်ပေါက်လာသည်။ ဆဌဂံပုံစံ ကောင်းကင်နှင့် မြေကြီးစည်းမျဉ်းတို့သည် သမာရိုးကျငွေရောင်မဟုတ်ဘဲ ကိုးရောင်ဖြစ်သည်။ ယောက်ျားလေးတစ်ယောက် ထွက်လာသည်။

ကိုးရောင်ဆံပင်သည် လေမတိုက်ဘဲနှင့်လွင့်နေသည်။ ကိုးရောင် ဘရိုကိတ်ဝတ်ရုံနှင့် ကျောက်စိမ်းနှင့်တူသော အသားအရေသည် နေရောင် အောက်တွင် မက်မွန်ပန်းဖြူပွင့်သကဲ့သို့ပင်။ ကိုးရောင်မျက်အိမ်များသည် အေးစက်ပြီး ညှို့ယူနိုင်သည်။ ကမ္ဘာပေါ်မှ ဝိညာဉ်စွမ်းအင်ပေါင်းခြင်းသည် ထို မျက်လုံးများလောက် မထူးခြားပေ။ နဖူးအထက်တွင် စိန်ပုံသဏ္ဍာန် ကျောက်တုံးသည် ကိုးရောင်အလင်းနှင့် ရောင်ပြန်ဟပ်နေပြီး လူငယ်၏ နှင်းပုံစံ အသားအရေကို နတ်ဘုရားတစ်ပါးအလား ရောင်ပြန်ဟပ်နေသည်။

လူငယ်သည် ပေထင်းဟွမ်၏ရှေ့တွင် ရပ်နေပြီး ရောင်ဝါတစ်ခုကို ဖြန့်ကျက်လိုက်သည်။ ပေထင်းဟွမ်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်း ချလိုက်သည်နှင့် ပျော့ခွေသါားသည်။ ထိုလူငယ်သည် သူမအား လက်တစ်ဖက် ဖြင့် ထူပြီး သူ့ကိုမှီစေသည်။ ထို့နောက် နူးညံ့မှုအနည်းငယ်စွက်သည့် အေးစက် သောအသံဖြင့်ပြောလေသည် “အဆင်ပြေရဲ့လား”

“အင်း မဆိုးပါဘူး” ပေထင်းဟွမ်သည် နှုတ်ခမ်းကိုအနည်းငယ်ကွေးပြီး ဂရုမစိုက်ဟန်ပြောလေသည်။

သူမ အစောက ဂုဏ်သိက္ခာကို ပြန်ဆယ်နိုင်လျှင်တောင် သူမ၏ နောက်ဆုံးအတွေးသည် သေခြင်းတရားပင်။ သို့သော် ကယ်တင်ခြင်းခံရပြီး နောက်တွင် အရှက်ကွဲမှုနှင့် နာကျင်စွာရုန်းကန်ရမှုတို့သည် ပေထင်းဟွမ်၏ ရင်ထဲတွင် ပျောက်ကွယ်သွားလေသည်။ အတွေးများသည် ပိုပိုပြတ်သားလာ သည်။ လက်စားချေမည့်မီးတောက်သည် သူမ၏စိတ်ထဲတွင် ပေါက်ဖွားလာပြီး သူမကို ပိုသန်မာလာစေရန် တွန်းပို့နေသည်။

ပေထင်းဟွမ်၏ သန်မာပြီး အစွဲအလမ်းကြီးသည့် အတွေးများကို ခံစားရ ပြီးနောက် လူငယ်၏နှုတ်ခမ်းထောင့်သည် တဖြည်းဖြည်းကွေးတက်သွားလေ သည်။ သူမသည် သူ၏စာချုပ်သခင်ဖြစ်ပြီး အကျင့်မှာလည်း ခပ်ဆင်ဆင်ပင်။ သူတို့နှစ်ယောက်လုံးသည် အရှုံးမပေးတတ်ဘဲ ခေါင်းမာကြသည်။ အသက်ကို ဆုံးရှုံးလိုက်ရလျှင်တောင် ဂုဏ်သိက္ခာကိုတော့ အကျမခံကြပေ။

“ဒီကိစ္စကို ငါ့ကိုအပ်ထားလိုက်တော့ ငါ့နောက်မှာရပ်နေ” မင်သည် ပေထင်းဟွမ်၏လက်ကို ကိုင်ထားသည်။ လူငယ်၏ ခွင့်မလွှတ်နိုင်သော ခန္ဓာ ကိုယ်သည် သူမအားအနောက်သို့ပို့ကာ တင်းကြပ်စွာ ကာကွယ်ထားသည်။

မင်သည် ထိုမျှယောက်ျားမာန်ရှိလိမ့်မည်ဟု ထင်မထားပေ။ ထိုလူသည် သူ၏ပင်မခန္ဓာကိုယ်သည် ကောင်းစွာမဖွံ့ဖြိုးသေးသော်လည်း သူမထက် ငယ်ရွယ်ပုံပေါက်သော်လည်း သူမကို ကာကွယ်ရန်မစောင့်နိုင်တော့ပေ။

သေချာပေါက်ပင် ကိုယ့်ကိုကာကွယ်မည့်သူရှိနေခြင်းသည် ကောင်းသည့် အရာပင်။ ထိုခံစားချက်သည် အလွန်ကောင်းသည်။ သို့သော် ဤလူ၏ခွန်အား ကိုသိပြီးနောက် အချိန်တိုင်းတွင် ယန်ယဲ့ သို့မဟုတ် မင်ကိုအားမကိုးချင်တော့ ပေ။ သူမသည် ကိုယ်ပိုင်ခွန်အားကို မှီခိုကာ လွန်ခဲ့သည့်နှစ်တစ်သောင်းက ရှုံးခဲ့ သည့် တိုက်ပွဲကို ပြန်တိုက်ခိုက်ချင်သည်။

မင်၏ခန္ဓာကိုယ်မှ လေလှိုင်းတစ်ခုထွက်လာကာ ထိုပုံရိပ်၏အလင်းသည် ဆန့်ကျင်ဘက်တွင်ပေါ်ပေါက်လာသည်။ ဤကဲ့သို့လေလှိုင်းသည် ရေလှိုင်းများ ကဲ့သို့ သက်ရောက်မှုရှိသည်။ ပုံရိပ်သည် ဖုန်နှင့်မီးခိုးကဲ့သို့ ပျောက်ကွယ်သွား သည်။ သို့သော် ပေထင်းဟွမ်သည် ထိုပုံရိပ်များစွာ မှေးမှိန်သွားသည်ကို မြင်နိုင် သည်။