← Chapters

မင်းသမီးဟွမ်ကျို့က လူကြောက်ပဲ

Vol. 50 Ch. 992

မင်းသမီးဟွမ်ကျို့က လူကြောက်ပဲ

Vol. 50 Ch. 992

“ဒီနတ်ဘုရားရဲ့ စာချုပ်ရှင်က မင်းစိတ်တိုင်းကျ လှုပ်ရှားခိုင်းလို့ရမယ့်သူ လား”

မင်၏ လွှမ်းမိုးနိုင်ပြီး ပြင်းထန်သောအသံသည် ကောင်းကင်နှင့်မြေကြီး အကြားတွင် အေးစက်ပြီး လူသတ်နိုင်သည့်အလား မုန်တိုင်းတစ်ခုကဲ့သို့ လှိမ့် တက်လာကာ မျက်နှာချင်းဆိုင်မှ အာရုံဆီသို့အလျင်အမြန်သွားပြီး တစ်ချိန် တည်းမှာပင်ပြောလေသည် “ခင်ဗျားက ဝိညာဉ်နတ်ဘုရားမျိုးနွယ်ဧကရာဇ် ဖြစ်ရင်တောင် ဘယ်လိုလုပ်မလဲ၊ ဝိညာဉ်စွမ်းအားတစ်ခုတင်ပဲကို အဲဒါကို ဒီ နတ်ဘုရားရဲ့ စာချုပ်သခင်ကို အညံ့ခံစေချင်တာလား”

“ကိုးရောင်အာဏာပိုင်လား” သူ့ရှေ့မှလူကို ရှင်းလင်းစွာမြင်ပြီးနောက် ထိုပုံရိပ်၏ဝိညာဉ်သည် ရုတ်တရက် တုန်ခါသွားသည်။ နဂိုကအထင်သေးသည့် ‌ရွှေရောင်မျက်အိမ်ထဲတွင် ကြောက်လန့်သည့်အရိပ်အယောင်ဖြစ်ပေါ်လာပြီး သူ့ရှေ့မှ မြင်နေရသည့်အရာကို မယုံနိုင်သလိုဖြစ်နေသည် “မင်း တကယ်ပဲ မင်း တကယ်ကြီး နယ်မြေကိုရောက်နေတာလား”

ထိုလူ၏မျက်လုံးများသည် ပေထင်းဟွမ်ကိုကြည့်ရန်ကြိုးစားလေသည်။ သို့သော် မင်၏ခန္ဓာကိုယ်နှင့်ပိတ်ထားသဖြင့် ထိုလူသား၏အသံကိုသာ နားထောင်ရလေသည် “မင်းသမီးဟွမ်ကျို့က နတ်မိစ္ဆာဧကရာဇ်ကြောင့် တကယ်ပဲ ပြန်မွေးဖွားလာတဲ့ပုံပဲ”

“ဟင်း” မင်၏ ကိုးရောင်မျက်အိမ်များသည် ရေခဲကဲ့သို့အေးစက်ပြီး အေးစက်စွာပြောလေသည် “ဒီနတ်ဘုရားရဲ့ စာချုပ်သခင်က ဘယ်သူပဲဖြစ်ဖြစ် မင်း လှုပ်ရှားခွင့်မရှိဘူး”

“ဟား ဟား မင်းသမီးဟွမ်ကျို့ သူမက မွေးလာကတည်းက သူများရဲ့ အနောက်မှာပုန်းနေတာ၊ သူမက ငကြောက်များလား”

ထိုပုံရိပ်သည် ရယ်သွမ်းလေသည်။ ထိုလူ၏ခွန်အားသည် နတ်ဘုရား အစစ်အမှန်ဘုံသို့ ရောက်လုနီးပါးပင်။ ပုံရိပ်တစ်ခုသာဖြစ်သော်လည်း အားကောင်းသော စွမ်းအားရှိသည်။ ကောင်းကင်ပေါ်တွင် ထူးဆန်းသော ပုံရိပ် သည် ရုတ်တရက်ပေါ်လာပြီး အနက်ရောင်တိမ်တိုက်များသည် ထိုဘက်သို့ အပြေးနှင်လာသည်။ ထိုအချိန်တွင် နဂိုကနေသာနေသော ကောင်းကင်သည် မုန်တိုင်းတစ်ခုရောက်လာသကဲ့သို့ မြေပေါ်တွင်ဒူးထောက်နေကြသောလူများ ကို ပိုတုန်ယင်သွားစေသည်။

ထိုလူသည် ရန်စသည့်နည်းလမ်းကို သုံးခဲ့သည်။ ထိုအချိန်တွင် ပေထင်းဟွမ်၏ အသိစိတ်ပင်လယ်ထဲတွင် မင်၏အသံထွက်ပေါ်လာသည် “ဟွမ် သူပြောတာကို နားမထောင်နဲ့ မင်းမှာ ကစဥ့်ကလျားနတ်အရင်းအမြစ်ရှိ တာကို ပေါ်မသွားစေနဲ့ မဟုတ်ရင် အခုက ငါတို့တွေက မသန်မာကြသေးဘူး၊ နတ်မိစ္ဆာဧကရာဇ်ကလည်း အထွတ်အထိပ်မရောက်သေးဘူး ငါတို့တွေ အရမ်း အန္တရာယ်များတယ်”

ပေထင်းဟွမ်သည် မထင်မရှားနေရခြင်း၏ အမှန်တရားနှင့် အရှက်ကွဲမှု ကို သည်းခံနေရသည်များကို ရှင်းလင်းစွာနားလည်သည်။ သို့သော် ဤခံစား ချက်ကို မည်သူမှ မခံနိုင်ကြပေ။ လူအများသည် နည်းနည်းမှသည်းမခံနိုင်ဘြ မည်သို့များ အသက်ပေးလိုက်ကြသနည်း။

လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး ပေထင်းဟွမ်၏ဦးခေါင်းသည် မင်၏ ကျောပြင်ကို မှီလိုက်သည်။ အရှက်ကွဲသည့်ခံစားချက်သည် သူမ၏ ရိုးတွင်းခြင်ဆီထဲသို့ပင် ရောက်ကာ သူမအား နာကျင်စွာတုန်ယင်စေသည်။ ဝိညာဉ်နတ်ဘုရားမျိုးနွယ်သည် သူမ၏ နတ်သွေးကိုအသုံးပြုပြီး နတ်သွေး စာချုပ်ကို တည်ထောင်ခ့သည်။ နောက်ဆုံးတွင် ၎င်းသည် သူမ၏ မှတ်ဉာဏ် ကိုပျောက်သွားစေပြီး ကစဥ့်ကလျားနတ်အရင်းအမြစ်သည် လွန်ခဲ့သည့်နှစ် တစ်သောင်းကပင် သူမ၏ခန္ဓာကိုယ်အတွင်းတွင် ကပ်ပါးအဖြစ်နေခဲ့သည်။ ဤကဲ့သို့ညစ်ပတ်သောအရာကို ပြုလုပ်ပြီးနေက် နှစ်တစ်သောင်းအကြာတွင် သူမ အားလုံးကို သတ်ချင်သေးသည်လား။

“ဟား ဟား ပြန်မွေးဖွားပြီးတဲ့နောက် မင်းသမီးဟါမ်ကျို့က လူတွေကို မျက်နှာချင်းဆိုင်ဖို့ သတ္တိတောင်မရှိဘဲနေလိမ့်မယ်လို့ ထင်မထားဘူး” ထိုဝိညာဉ်စွမ်းအားနတ်အတွေးသည် ပေထင်းဟွမ်နှင့်ပတ်သက်ပြီး အလွန် ကျေနပ်နေသည်။ ထို့နောက် မင်ဘက်သို့လှည့်ကာပြောလေသည် “ကိုးရောင် အမြင့်ဆုံး၊ မင်းက ကစဥ့်ကလျားနတ်အရင်းအမြစ်ကို ကာကွယ်ဖို့ ရှေးဟောင်း ဖန်တီးရေးနတ်ဘုရားကချန်ထားခဲ့တဲ့ အစောင့်အရှောက်သားရဲပဲ၊ အဲတော့ ဒါက ဒီဘဝမှာ မင်းရွေးချယ်လိုက်တဲ့ သခင်လား”

“ဒီနတ်ဘုရားကို ကစဥ့်ကလျားနတ်အရင်းအမြစ်ိကု ကာကွယ်ဖို့ ဖန်တီး ရေးနတ်ဘုရားက ဖန်တီးလိုက်တာဟုတ်တယ် ဒါပေမဲ့ နှစ်တွေသန်းချီကြာပြီး သွားတော့ ဒီနတ်ဘုရားက ဒီလိုတာဝန်မျိုးကိုယူဖို့မလိုတော့ဘူး” ဤလူသည် ကစဥ့်ကလျားနတ်အရင်းအမြစ် တည်ရှိရာနေရာကို ရှာနေသည်ကို မင် မည်သို့ နားမလည်ဘဲနေမည်နည်း။ အချိန်ကြာမြင့်စွာ အမှောင်ထုရှိသည့်နေရာတိုင်း တွင် ကစဥ့်ကလျားနတ်အရင်းအမြစ်ရှိခဲ့သည်။ သသည် လှောင်ပြောင်သော အသံနေအသံထားဖြင့် ပြောလေသည် “ဝိညာဉ်နတ်ဘုရားမျိုးနွယ်၊ နှစ်ပေါင်း တစ်သောင်းမှာ ကစဥ့်ကလျားနတ်အရင်းအမြစ်ရဖို့အတွက် ထူးဆန်းတဲ့ လှည့်ကွက်တွေနဲ့ ပါးနပ်တဲ့အကြံတွေ အများကြီးရှိခဲ့တယ်”

ထိုလူ၏မျက်လုံးထောင့်သည် ကွေးတက်သွားသည်။ ထင်ရှားစွာပင် သူ သည် မင်၏လှောင်ပြောင်မှုကြောင့် ဒေါသထွက်လုနီးပါးပင် “ကစဥ့်ကလျာ နတ်အရင်းအမြစ်က ဖန်တီးရေးနတ်ဘုရားချန်ထားခဲ့တဲ့ ရှေးပစ္စည်းပဲ၊ စီရင်ချက်နတ်ဘုရားအနေနဲ့ ငါက ဖန်တီးရေးနတ်ဘုရားချန်ထားခဲ့တဲ့ ရှေးပစ္စည်းကို ကာကွယ်ချင်တာလေ၊ အဲဒါဘာမှားလို့လဲ၊၊ ကိုးရောင်အဆင့်မြင့် ကြိး ကစဥ့်ကလျားနတ်အရင်းအမြစ်ကို ရှာရမယ့်စား အသုံးမဝင်တာကို လိုက် ကာကွယ်နေတယ်၊ နှစ်ပေါင်းတစ်သောင်းနိဗ္ဗန်မီးက ကိုးရောင်အဆင့်မြင့်ဆုံးရဲ့ စိတ်ထဲမှာသေသွားတာလားမသိဘူး”

All Chapters