အရှက်ကွဲခြင်း မသက်မသာဖြစ်ခြင်း
Vol. 50 Ch. 993
ထိုလူထိုသို့ပြောပြီးနောက် မင် စိတ်သက်သာရာရသွားမည်ကို ပေထင်းဟွမ် ခံစားမိသည်။ သို့သော် ပေထင်းဟွမ်အတွက် ဤကဲ့သို့ခံစားချက် သည် သေချာပေါက် မသက်မသာဖြစ်စေသည်။ သူမသည် အားနည်းချက်ကို ပြနေခြင်းပင်။ သူမသည် ရန်သူရှေ့တွင် အားနည်းချက်ကိုပြနေရသည်။ သူမသည် ရင်ဘတ်မှ အသက်ကိုအောင့်ထားရသည်။ မည်မျှပင်ကြိုးစားစေကာ မူ သူမသည် အသက်ရှူထုတ်မရပေ။
ဤကဲ့သို့ နစ်နာမှု၊ အရှက်ကွဲမှု၊ မလိုလားမှု၊ ရောယှက်မှုတို့သည် သူမ၏ နှလုံးသားတစ်ခုလုံးကို ရေထဲနှစ်လိုက်သလိုခံစားရသည်။ သူမသည် စိတ်ထဲမှ ကိုယ့်ကိုယ်ကိုယ်ပြောမိသည် “ပေထင်းဟွမ် မင်းက ထင်ရာစိုင်းနေတာလား၊ မင်းက တကယ်ပျက်စီးနေပြီပဲ၊ အရင်ဘဝတုန်းက ငယ်ငယ်ကတည်းက ဘယ်လိုရုန်းကန်ခဲ့ရလဲဆိုတာ မေ့သွားပြီလား၊ အောက်ခြေကနေ တစ်ဆင့်ချင်း ဘယ်လိုတွားသွားခဲ့ရလဲဆိုတာ မေ့သွားပြီလား၊ ဒီနေ့ကိုမှ သည်းမခံနိုင်ရင် မင်းက ဟွမ်ဆိုတဲ့စကားလုံးကို သုံးဖို့အရည်အချင်းမမှီဘူး”
မင်သည် ကျယ်လောင်စွာရယ်မောလေသည်။ သူ၏ရယ်သံနှင့်အတူ ကိုးရောင်မီးတောက်သည် ခြေထောက်အောက်မှ စတင်ပြန့်လာသည်။ သူ၏ ဝန်းကျင် ၁၀ မီတာအတွင်းတွင် မီးတောက်ပင်လယ်ဝိုင်းနေသည်ကို အားလုံး ခံစားမိကြလေသည်။ ထိုဘက်မှအပူချိန်သည် ချက်ချင်းပင် တက်လာရာ အားလုံးသည် ငရဲကျနေသည့်အလား ပူပြင်းလှသည့်အပူမီးသည် အားလုံးကို နောက်ဆုတ်စေသည်။
မီးတောက်များသည် မိုးပေါ်သို့ထိုးထောင်တက်နေကာ ဦးခေါင်းအထက် မှ မှင်ရောင်တိမ်တိုက်များသည် လောင်ကျွမ်း၊ အက်ကွဲပြီး လေအေးများသည် တစ်ထပ်စီလှည့်နေပြီး မိုးစက်များကျလာသည်။ သို့သော် ၎င်းတို့သည် မီးတောက်များကြောင့် ငွေ့ရည်ပျံပြီး မြေပေါ်မကျခင်တွင် ပျောက်ကွယ်သွား လေသည်။
မင်သည် လက်ထဲတွင် ကိုးရောင်တောက်ပပြီး ခမ်းနားကာ အလင်းဖြာ ထွက်နေသော လှံတံကိုလက်ထဲတွင်ကိုင်ဆောင်ထားသည်။ ၎င်းလှံတံကို စွမ်းအင်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သော်လည်း အေးစက်သောသတ္တုကို ခံစားမိ လေသည်။ မင်သည် လှံတံကိုခပ်ကြမ်းကြမ်းမြှောက်ပြီး မျက်နှာချင်းဆိုင်တွင်ရှိ နေသော ပုံရိပ်ကို ညွှန်ပြလေသည် “ငါ မင်းကို နှစ်တစ်သောင်းမတွေ့ခဲ့ရဘူး၊ ဒီနေ့ ဝိညာဉ်နတ်ဘုရားမျိုးနွယ်ရဲ့ ဧကရာဇ်မင်ဟုန်းက ခွန်အားတွေ တိုးတက် လာပြီလားဆိုတာ ကြည့်ကြတာပေါ့”
မင် ထိုသို့ပြောသည်ကို ကြည့်ပြီး ပုံရိပ်၏မျက်အိမ်သည် အားပါပါ လှုပ်ခါ သွားလေသည်။ မင်ဟုန်း၏ လက်ရှိခွန်အားသည် မင်ထက်ပင် အဆင့်ပေါင်း များစွာမြင့်သည်။ သို့သော် ဤအခိုက်အတန့်တွင် သူသည် ဝိညာဉ်စွမ်းအားနှင့် နတ်အာရုံသာဖြစ်သဖြင့် မင်ကဲ့သို့ ကိုးရောင်နိဗ္ဗာန်မီးရှိသူကို အနိုင်ရနိုင်ခြေမရှိ ပေ။
တခြားသူနှင့်ရင်ဆိုင်ရလျှင် ထိုလူမည်မျှပင် သန်မာစေကာမူ ထိုဝိညာဉ် စွမ်းအားအလင်းတန်းသည် ပြိုင်ဘက်ကို ရုန်းကန်အောင်လုပ်နိုင်သည်။ သို့သော် ရင်မဆိုင်နိုင်သည့်ပြိုင်ဘက်မှာ နှစ်ဦးသာရှိသည်။ တစ်ဦးသည် ကိုးရောင်အဆင့်မြင့်နှင့် နောက်တစ်ဦးသည် နတ်မိစ္ဆာဧကရာဇ်ဖြစ်သည်။ မင်ဟုန်းသည် ဝိညာဉ်စွမ်းအားထည့်လိုက်ပြီး နတ်အတွေးကို သားရဲထဲသို့ ထည့်လိုက်သည်။ နဂိုက နတ်မိစ္ဆာဧကရာဇ်ကို ရှောင်ချင်သူသည် မထင်မှတ်စွာ ပင် ကိုးရောင်အမြင့်ဆုံးအဆင့်နှင့် လာတွေ့နေရသည်။
ဤကိစ္စသည် သူတစ်ခါမှမတွေးဖူးသည့်အရာဖြစ်သည်။ ကိုးရောင်အမြင့် ဆုံးအဆင့်သည် နိဗ္ဗာန်မီးကိုဖြတ်ကာ မွေးဖွားလာသူဖြစ်သည်။ သူ ဥဘဝဖြစ် စဉ်က လိုက်ပြီးအသတ်ခံခဲ့ရသည်။ သူသည် လေဟာနယ်ထဲမှ အက်ကြောင်း ကြီးထဲတွင် ပိတ်မိနေသည်ဟု ပြောကြသည်။ အထက်တိုက်ကြီးသို့ ပြန်ရန် မဖြစ်နိုင်ပေ။ မည်သူသိထားမည်နည်း။ အရာအားလုံးသည် အလိမ်အညာဖြစ် ကာ ကိုးရောင်အမြင့်ဆုံးသည် ပင်မတိုက်ကြီးတွင် ပုန်းအောင်ပြီး ကြီးထွားလာ နေသည်။
ထိုအမှိုက်ကြောင့်ပင်။ မင်ဟုန်းသည် ဒေါသထွက်လာသည်။ သူသည် နတ်မိစ္ဆာဧကရာဇ်၏အခြေအနေကို မသိရသေးပေ။ ဝိညာဉ်စွမ်းအားအလင်း တန်းသာ ဤနေရာတွင် ကျဆုံးသွားလျှင် သူ၏ခန္ဓာကိုယ်ကို သက်ရောက်မှု ကြီးသွားနိုင်သည်။ ဝိညာဉ်ဒဏ်ရာရသွားလျှင် ပြန်ကုစားရန် အလွန်ခက်ခဲလှ သည်။
ကြီးမားသောအလင်းတန်းသည် ထောင်ထျင်းဟုခေါ်သည့် အားကောင်း သောသားရဲဆီမှထွက်လာပြီး ထိုအချိန်တွင် ရေလှိုင်းကဲ့သို့ ဆူပွက်လာပြီး အလင်းလှိုင်းသည် အလယ်တွင်ပွက်နေသည်။ ထင်ရှားစွာပင် ထိုဝိညာဉ် စွမ်းအားအလင်းတန်းပိုင်ရှင်သည် ထိုဝိညာဉ်စွမ်းအားကိုသုံးပြီး ပြန်ယူချင်နေ သည်။
ဤနယ်မြေသည် အမြင့်ပိုင်းနယ်မြေမှ အားကောင်းသူများ ရောက်လာ ခြင်းကို ငြင်းဆန်သည်။ သို့သော် ဝိညာဉ်လာခြင်းကို မငြင်းဆန်းပေ။ ဤနယ်မြေသို့ရောက်လာသော အဆင့်မြင့်များသည် ဝိညာဉ်ကို အစိုင်ခဲလုပ် ထားသည့် စွမ်းအင်ခန္ဓာကိုယ်များဖြစ်သည်။ တကယ့်ခန္ဓာကိုယ်ကို ၃၃ ကောင်းကင်ဘုံတွင် ထားရှိထားသည်။ သို့သော် ဤနယ်မြေသို့ရောက်လာသော ထိုစွမ်းအားကိုယ်ထည်များ ပျက်စီးပြီး ဝိညာဉ်ပျက်စီးသွားလျှင် သူတို့ သေသွား နိုင်သည်။
သို့သော် ဝိညာဉ်စွမ်းအားအလင်းတန်းနှင့်အတူ ဆင်းသက်လာသော အဆင့်မြင့်မင်ဟုန်းအတွက် မဖြစ်နိုင်ပေ။
ထိုဝိညာဉ်စွမ်းအားနှင့် နတ်အာရုံတို့ ထွက်ပြေးမည်ပြုသည်။ အရှိန်သည် မတွေးနိုင်လောက်အောင်ပင်။ သို့သော် သူသည် မြန်ဆန်သော်လည်း မင်၏ အရှိန်သည် ပို၍မြန်ဆန်သည်။