← Chapters

တဖာ့ ဟွာကျယ်

Vol. 50 Ch. 994

တဖာ့ ဟွာကျယ်

Vol. 50 Ch. 994

“မင်းက ဒီကိုရောက်လာပြီဆိုမှတော့ ဆက်နေကြတာပေါ့” မင်သည် မြေကြီးကို ခြေဖျားဖြင့်ထောက်လိုက်သည်။ သူ့ခန္ဓာကိုယ်သည် လှံတံသဖွယ် မျက်နှာချင်းဆိုင်တွင်ရှိနေသော ပုံရိပ်ဆီသို့ ထိုးဝင်သွားသည်။ သူ့လက်ထဲမှ ဖန်းထျန်းလှံတံသည် ရေလှိုင်းအလယ်သို့ တည့်တည့်တိုးဝင်သွားသည်။ လှံတံ ပေါ်မှ ကိုးရောင်မီးတောက်များ ရေလှိုင်းဆီသို့ ချဉ်းကပ်သွားသောအခါ ရေလှိုင်း များ ရုတ်တရက်မြင့်တက်လာပြီး မီးတောက်များသည် ရေလှိုင်းအလယ်တွင် ရစ်ပတ်သွားလေသည်.

“ကိုးရောင်အမြင့်ဆုံး၊ မင်းက အခုချိန်မှာ ငါ့ကိုဖြေရှင်းနိုင်မယ်လို့ တကယ်ထင်နေတာလား” သူ မလွတ်မြောက်နိုင်သည်ကိုကြည့်ပြီး အမြင့်ဆုံး အဆင့်ရောက်နေသည့်မင်ဟုန်းသည် အသုံးမဝင်သည့်ရုန်းကန်မှုများ လုပ်မနေ တော့ပေ။ ရိုးရှင်းစွာပင် မလွတ်မြောက်နိုင်ပေ။

အလင်းလိုက်ကာလိုပင် ရေလှိုင်းများသည် လျင်မြန်စွာပင်ပွင့်သွားကာ အထဲမှပုံရိပ်သည် ကြည်လင်လာသည်။ ထိုအခိုက်အတန့်တွင် မင်ဟုန်း အနောက်တွင် ရွှေရောင်နေသည် စတင်ထွက်ပေါ်လာသည်။ ရွှေအရင့်ရောင် နေသည် အလွန်ပင် တောက်ပကာ အလင်းတန်းများလက်နေသည်။ ထိုအချိန် တွင် ရွှေရောင်စက်လုံးနှစ်လုံးသည် ရုတ်တရက် မင်ဟုန်း၏မျက်လုံးထဲတွင် ပေါ်လာသည်။ စက်လုံးများသည် စုပေါင်းပြီး အသွင်ပေါ်လာကာ မင်ဟုန်း၏ မျက်လုံးထဲမှထွက်လာပြီး ကောင်းကင်နှင့်မြေကြီးအကြားတွင် အော်သံထပ် သွားလေသည်။

“တဖာ့ ဟွာကျယ်”

စက်လုံးနှစ်လုံးသည် လေထဲတွင်စုစည်းရာ စက်လုံးတစ်လုံးဖြစ်ပေါ်လာ သည်။ သို့သော် အသံသည် ပိုပိုပြီးတိုးညင်းလာသည်။ သို့သော် ပါဝင်သော စွမ်းအားသည် ကောင်းကင်နှင့်မြေကြီးကို အုံကြွစေသည်။ မူလက နွေရာသီ သည် ယခုအချိန်တွင် ကောင်းကင်နှင့်မြေကြီးတွင် သစ်ရွက်ကြွေများနှင့် ပြည့်နှက်နေကာ မုန်တိုင်းရောက်လာချေပြီ။ ကမ္ဘာကြီးအဆုံးသတ်တော့မည့် အတိုင်းပင်။

မင်၏ခွန်အားကို အမြဲတမ်းအယုံအကြည်ရှိခဲ့သော ပေထင်းဟွမ်ပင်လျှင် ထိုအခိုက်အတန့်တွင် စိတ်ကိုပြင်ဆင်ထားသည်။ ဝမ်းတွင်းပါစာချုပ်သာ တစ်ခုခုဖြစ်လျှင် သူမပါ ခံရမည်ကိုသိထားသည်။ သို့သော် ယခုအချိန်တွင် သူမ သည် ခံနိုင်ရည်ရှိအောင် သည်းခံရမည်။

ထိုအချိန်တွင် မင်၏အသံသည် ပေထင်းဟွမ်၏အသိစိတ်ပင်လယ်ထဲတွင် ပေါ်လာသည် “ဟွမ် ငါ့ကိုကူပါဦး မင်းရဲ့စွမ်းအင်ကို ငါ့ကိုပို့ပေးလိုက်”

မေးခွန်းများ ထပ်မေးရန်မလိုတော့ပေ။ ပေထင်းဟွမ်၏အကြောထဲတွင် ချီဝိညာဉ်စွမ်းအင်သည် ရေထွက်ပေါက်မှ ရေလွှတ်လိုက်သကဲ့သို့ စီးလာသည်။ သူမသည် မည်သို့လုပ်ရမည်ကို မင့်ကိုပင် မေးစရာမလိုပေ။ ချီဝိညာဉ်သည် ထိုကြီးမားပြီးအဆုံးမရှိသည့် ထုတ်လွှတ်မှုကို သည်းမခံနိုင်တော့ပေ။ ကံကောင်းစွာပင် ထိုအချိန်တွင် ကစဥ့်ကလျားနတ်အရင်းအမြစ်သည် ကပ်ဘေးကို ခံစားမိသည့်အလား ကောင်းကင်နှင့်မြေကြီးအကြားမှ စွမ်းအားကို စုပ်ယူကာ စုစည်းပြီး ပေထင်းဟွမ်၏ခန္ဓာကိုယ်ဆီသို့ ပို့ပေးလေသည်။ ထိုအထဲ တွင် မင်ဝိညာည်စွမ်းအားသည် ဖိနှိပ်မှုကို ခံစားရဆုံးဖြစ်သည်။

ထိုလူသည် ဆင်ခြင်တုံတရားရှိပြီးသားဖြစ်ရာ ကပ်ဘေးကျရောက်လာ သည်ကို ခံစားမိပြီး ဆက်တိုက်ရှောင်ရှားလေသည်။ သို့သော် သူသည် ကစဥ့် ကလျားနတ်အရင်းအမြစ်၏ လက်သည်းမှမလွတ်မြောက်နိုင်ပေ။ ကစဥ့်ကလျားနတ်အရင်းအမြစ်မှ ပို့လိုက်သောစွမ်းအားသည် ပေထင်းဟွမ်၏ ချီဝိညာဉ်ထဲသို့ တိုက်ရိုက်စီးဝင်သွားခြင်းဖြစ်သည်.

အကြောများပြဲသွားမတတ်ခံစားရလေသည်။ ပေထင်းဟွမ်၏ တစ်ကိုယ် လုံးမှ သွေးများ ခမ်းခြောက်တော့မလိုဖြစ်နေချိန်တွင် သူမ၏အနောက်မှ ကြီးမားသောစွမ်းအားတစ်ခုသည် သူမ၏အကြောကိုဖြတ်သွားပြီး မင်ရှိရာ ဘက်သို့ အပြေးသွားလေသည်။

ပေထင်းဟွမ်သည် ခေါင်းကိုအသာညိတ်လိုက်သည်။ မှန်သည်။ သူမ ခန့်မှန်းသည်မှာမှန်သည်။ အစ်ကိုချင်းယွိသာဖြစ်သည်။ ဤကဲ့သို့ ညီအစ်ကို သံယောဇဉ်ရှိသည့်ခံစားချက်သည် အလွန်ကောင်းသည်။

အချိန်မည်မျှကြာသွားသည်မသိပေ၊ ချင်းယွိပင်လျှင် ဆက်မထောက်ပံ့ နိုင်တော့သည်ကို ခံစားမိကာ ကြီးမားသောစွမ်းအားသည် ရပ်တန့်သွားလေ သည်။ မေ့လဲကျမတတ်ဖြစ်နေသော ပေထင်းဟွမ်သည် မျက်စိရှေ့မှ မီးအလင်း ကြောင့် သတိပြန်ဝင်လာသည်။ သူမ၏ကျောပြင်ကို ကြီးမားသောစွမ်းအား တစ်ခုမှတွန်းနေပြီး၊ သူမ၏မျက်စိရှေ့တွင် ကိုးရောင်မီးတောက်မှအသွင်ပြောင်း ထားသော ကြီးမားသောနဂါးနှင့် ဇာမဏီတို့ပေါ်လာသည်။ ကောင်းကင်ကို ခွဲနိုင်သည့် ခမ်းနားမှုပင်။

ကိုးရောင်၊ ဝိညာဉ်မွှေနိုင်သည့်ရောင်ဝါနှင့် ကြီးမားသောဇာမဏီသည် ခေါင်းကိုမြင့်မြင့်မော့ကာ ကောင်းကင်သို့မျှော်ပြီး အော်ဟစ်လိုက်သည်။ ကြီးမားသောတောင်ပံများသည် ကောင်းကင်တွင် ညင်သာစွာဖြန့်ကျက်လိုက် ပြီး မီးတောက်များသည် ပန်းပွင့်များသဖွယ်ကျလာကာ ကောင်းကင်နှင့်မြေကြီး အကြားတွင် ပြန့်ကျဲသွားလေသည်။ နဂါးခန္ဓာကိုယ်ပေါ်ရှိ ကြေးခွံများသည် အေးစက်သောအလင်းနှင့်အတူ လက်နေသည်မှာ လူအများကို မကြည့်ရဲ လောက်အောင်ဖြစ်စေသည်။ နဂါးအမြီးနှင့် ကိုးရောင်ဇာမဏီငှက်မွေးတို့သည် မတ်နေကာ တစ်ကိုယ်လုံးတွင်အားအပြည့်နှင့် သွားရန်အသင့်ဖြစ်နေသည်။

All Chapters