နဂါးအရိပ်ဇာမဏီရဲ့ ပုံရိပ်တော့ပျက်စီးသွားပြီ
Vol. 50 Ch. 995
၎င်းသည် မင်ခန္ဓာကိုယ်၏ ပုံရိပ်ပင်။
ထိုပုံရိပ်ကို အသွင်ပြောင်းရန် မင်၊ ပေထင်းဟွမ်နှင့် ချင်းယွိတို့၏စွမ်းအား များအားလုံးခမ်းခြောက် လုနီးပါးဖြစ်လေသည်။ ထိုပုံရိပ်သည် မည်မျှ စွမ်းအား ကြီးကြောင်းကို တွေးကြည့်၍ရနေသည်။
ထိုအခိုက်အတန့်တွင် လမ်းတစ်လမ်းလုံး၌ ကောင်းကင်နှင့်မြေကြီးမှ ယူဆောင်လာသော စွမ်းအင်အတက်အကျမှလွဲပြီး လေသံသည် တစ္ဆေတစ် ကောင် ညီးတွားသကဲ့သို့ လမ်းအဆုံးထိ ဆွဲသွားလေသည်။ မည်သည့်အသံမှ မကြားရလုနီးပါးပင်။ ထိုပုံရိပ်သည် မယုံကြည်နိုင်စွာဖြင့် ကြောက်လန့်နေသာ မျက်လုံးများနှင့် ကြည့်လေသည်။
“ဒါက ဒါက...”
မင်ဟုန်း၏ ဝိညာဉ်စွမ်းအားနှင့် နတ်အာရုံများသည် စကားကိုပင် ဆုံးအောင်မပြောနိုင်တော့ပေ။ မင်၏လက်ထဲမှ ဖန်းထျန်းလှံတံသည် အပေါ်သို့ မြှောက်နေပြီဖြစ်ကာ တစ်ကိုယ်လုံး၏အဟုန်သည် နေရောင်ကို ရှည်လျား သော သက်တန့်တစ်ခုလို ထိုးဖောက်လေသည်။ သူ၏ပါးစပ်ထဲမှ အေးစက် သော အရည်များထွက်ကျလာသည်။
“နဂါးအရိပ်နဲ့ ဇာမဏီပုံရိပ်က ပျက်စီးသွားပြီ”
နဂါးနှင့်ဇာမဏီပုံရိပ်တို့သည် သူ့အနောက်တွင် မြင့်တက်လာပြီး သူ့လက်ထဲမှ ဖန်းထျန်းလှံတံသည် ရှေ့သို့ရိုက်ချလေသည်။ ပင်မခန္ဓာကိုယ်၏ ပုံရိပ်သည် ပြေးနေသည့်မြင်းအလား ရှေ့သို့ပြေးလေသည်။ အားကောင်းသော ရွှေရောင်အလုံးသည် ဆီးကြိုလေသည်။
ဘုန်း...
နဂါးနှင့်ဇာမဏီပုံရိပ်တို့သည် ရွှေရောင်အလုံနှင့် ကြမ်းတမ်းစွာ ထိပ်တိုက် တွေ့ပြီး ဈေးတစ်ခုလုံးကိုဖြတ်ကာ ကြီးမားသောလေလှိုင်းတစ်ခုဖြစ်ပေါ်လာ လေသည်။ မင်၏အနောက်တွင်ရပ်နေသော ပေထင်းဟွမ်ပင်လျှင် လေလှိုင်း ကြောင့် လွင့်သွားလေသည်။ နောက်ပြန်ကျသည့်လမ်းတွင် သူမသည် လေလှိုင်းကြောင့် လွင့်သွားသော မုချင်းလင်အား ဆုပ်ကိုင်ကာ မြေပေါ်သို့ ခြေဖျားဖြင့်ထောက်ပြီးမှ နောက်ဆုံးတွင် ငြိမ်အောင်ထိန်းနိုင်လေသည်။
မင်သည် မုန်တိုင်းထဲတွင် ရှေးခေတ်က နတ်ဘုရားများကဲ့သို့ ရပ်နေ၏။ သူ၏ကိုးရောင်မျက်လုံးအိမ်များတွင် မျက်စိရှေ့မှမြင်ကွင်းများ ရောင်ပြန်ဟပ် နေသည်။ ကိုးရောင်နဂါးနှင့် ဇာမဏီတို့သည် ရွှေရောင်အလုံးနှင့်တိုက်မိပြီး အလုံးသည် ဗုံးတစ်လုံးကဲ့သို့ ပေါက်ကွဲခဲ့သည်။ စွမ်းအင်များသည် အဘက်ဘက်သို့ ကျဲပြန့်သွားသည်။ သို့သော် ကိုးရောင်နဂါးနှင့်ဇာမဏီတို့သည် ပေါက်ကွဲသည့်နေရာတစ်ခုလုံးကို တည့်တည့်ဖြတ်သွားပြီး အလင်းလှိုင်းဆီသို့ တက်သွားလေသည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” သူ့ရှေ့တွင် မည်သည့်အရာများဖြစ်ပျက်နေ သည်ကို မယုံနိုင်လောက်အောင်ဖြစ်လေသည်။ မင်ဟုန်း၏ ဝိညာဉ်စွမ်းအားမှ အသွင်ပြောင်းလိုက်သည့် စွမ်းအားသည် မင်နှင့်ယှဉ်မရပေ။
ကိုးရောင်နဂါးနှင့်ဇာမဏီတို့သည် ကောင်းကင်နှင့်မြေကြီးအကြားတွင် ပြေးလွှားနေပြီး မြေကြီးသည်လှုပ်ယမ်းနေသည်။ ကောင်းကင်သည် အရောင် ပြောင်းသွားသည်။ မာန်ဟိန်းသံသည် ရှေးခေတ်မှရောက်လာသကဲ့သို့ မောက်မာမှုနှင့်အတူ အလင်းလှိုင်းဆီသို့ တည့်တည့်စိုက်ကြည့်လေသည်။
ကိုးရောင်မီးတောက်များသည် ဟင်းချက်ဆီမီးတောက်ကဲ့သို့ ပေါက်ကွဲ ထွက်လာပြီး မီးရှူးမီးပွားများသည် ကောင်းကင်နှင့်မြေကြီးအကြားတွင် ပန်းပွင့် ကုန်လေသည်။ အလင်းလှိုင်းသည် ရေလှိုင်းတွန့်ကဲ့သို့ ကန့်လန့်ဖြတ်တိုက်ခတ် ပြီး နောက်ဆုံးတွင် ကိုးရောင်မီးတောက်ထဲတွင် ပျောက်ကွယ်သွးလေသည်။ နောက်ဆုံးတွင် အငွေ့ပျံသွားပြီး နတ်အတွေးမှအသွင်ပြောင်းထားသည့် မီးခိုး မည်းဝိညာဉ်စွမ်းအားသည် ကိုးရောင်နဂါးနှင့်ဇာမီဏီတို့နှင့် ကြမ်းတမ်းစွာ ထိပ်တိုက်တွေ့လေသည်။ နောက်ဆုံးတွင် ၎င်းသည် စွမ်းအားအစိတ်အပိုင်း အဖြစ်ပြောင်းသွားပြီး ကိုးရောင်မီးတောက်၏ ဝါးမျိုခြင်းကိုခံရပြီး အမြစ်ဖြတ်ခံ လိုက်ရသည်။
“အာ...”
နောက်ဆုံးအခိုက်အတန့်တွင် အော်သံတစ်ခုသည် မိုးပေါ်သို့ပျံတက်သွား သည်။ ကိုးရောင်နိဗ္ဗာန်န်မီးသည် ဝိညာဉ်သန့်စင်ခြင်းသက်ရောက်မှုရှိသည်။ အဆင့်မြင့်အနေနှင့် မင်ဟုန်းသည် ဝိညာဉ်သန့်စင်သည့် နာကျင်မှုကို ခံနေရ သည်။ သူသည် မင်ဆီသို့ တဖြည်းဖြည်းချဉ်းကပ်လာလေသည်။
“သေစမ်း ငါ မင်းကို သတ်မယ်” အသံသည် ပင်မတိုက်ကြီး၏ အဝေးတစ် နေရာ ကောင်းကင်မှ လွှမ်းမိုးလာသည်။ အခြေအနေသည် ရုတ်တရက် ပြောင်းလဲသွားပြီး အသံထဲမှစွမ်းအင်သည် ပင်မတိုက်ကြီးအထက်ရှိ ကောင်းကင်ကို မွှေနှောက်လေသည်။
ပေထင်းဟွမ်၏မျက်လုံးများတွင် ကြောက်လန့်မှုများ ဖြစ်ပေါ်လာသည်။ သူမသည် ခေါင်းမော့ပြီး အသံလာရာကို ကြည့်လိုက်သည်။ ထိုဝိညာဉ်စွမ်းအား အလင်းတန်းနှင့် နတ်အတွေးတို့သည် ဖန်းထျန်းလှံတံကြောင့် ပြာကျသွားပြီ ဖြစ်သည်။ ထိုအသံသည် ဝိညာဉ်စွမ်းအားအလင်းတန်းနှင့် နတ်အတွေးဆီမှ လာခြင်းမဟုတ်ပေ။
သို့သော် ထိုအသံသည် မင်ဟုန်း၏အသံပင်။