← Chapters

သူ့ကိုအချိန်တစ်ခုလောက် ကြောက်ဖို့မလိုဘူး

Vol. 50 Ch. 996

သူ့ကိုအချိန်တစ်ခုလောက် ကြောက်ဖို့မလိုဘူး

Vol. 50 Ch. 996

“ဟွမ် မကြည့်နဲ့ အဲဒါက အဆင့်မြင့်ဆုံးတွေမှာပဲရှိတဲ့ သဘာဝလွန် စွမ်းအားပဲ၊ မင်း အဲအဆင့်ရောက်ရင် ရလာလိမ့်မယ်” မင်သည် လျှောက်လာ သည်။ သူ၏ လှပသောနှုတ်ခမ်းထောင့်သည် အနည်းငယ်ကွေးတက်နေသည်။ သူ့အနောက်တွင် ကိုးရော်ငမီးတောက်ဖြတ်သွားသည့်နေရာသည် အရာတိုင်း ကို ရှင်းလင်းနိုင်သည့်အလား သန့်ရှင်းသွားလေသည်။

“မင် ငါက အားနည်းနေလား ဒါပေမဲ့ ကိစ္စမရှိပါဘူး တစ်နေ့ ငါ သန်မာ လာရင် မင်းပြောသလိုပဲ အဲဒီအဆင့်ကိုရောက်နိုင်တာပဲ” ပေထင်းဟွမ်သည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုတ်လိုက်သည်။ ထိုစကားများသည် မင်ကို ပြောသည်ထက် သူမကိုယ်သူမ ပြောလိုက်ခြင်းပင်။

မင်သည် သူမ၏လက်ကို ကိုင်ပြီး သူမ၏လက်ချောင်းများကို တစ်ချောင်း ချင်းစီ ဖြန့်ပေးနေသည်။ ပေထင်းဟွမ်၏ပုံရိပ်သည် သူ၏ကြည်လင်သော မျက်လုံးထဲတွင် ကိုးရောင်အလင်းနှင့်အတူ လင်းလက်လာသည်။ သူ၏ နှလုံး သားသည် အေးခဲသွားသလိုပင် “ဘယ်သူမှ မင်းကိုသံသယမဝင်ပါဘူး ဘယ်သူ မှ မင်းကိုသံသယမဝင်ဘူး၊ အဲလူတွေက နှစ်ပေါင်းသောင်းချီနေလာခဲ့ကြတဲ့သူ တွေ၊ မင်းက ၁၄ နှစ်ပဲရှိသေးတာ ငါလည်း ကြီးထွားနေပြီ ငါတို့မှာ အချိန်တွေရှိ ‌သေးတယ် အချိန်ယူလိုက်”

“ငါ သိပါတယ်” ပေထင်းဟွမ်သည် နှုတ်ခမ်းတွန့်လိုက်သည်။ သူ၏မျက်လုံးထဲမှ နူးညံ့မှုသည် သူမကိုပို၍စိတ်ဓာတ်ကျစေသည်။

“ဝိညာဉ်စွမ်းအားနဲ့ နတ်စွမ်းအားတွေ ပြိုကွဲသွားရင် အဆင့်မြင့်ဆိုရင် တောင် အကြာကြီးအိပ်သွားလိမ့်မယ်၊ အချိန်တစ်ခုလောက် သူ့ကိုကြောက်ဖို့ မလိုသေးဘူး” မင်သည် နွမ်းနယ်သော်လည်း ဂုဏ်ယူစွာဖြင့် ပြောလေသည်။

အစောလေးတွင် သူတို့နှစ်ယောက် တိုက်ခိုက်မှုသည် မည်မျှကြမ်းတမ်း သနည်း။ ထိုနေ့က သန်စင်သောမြို့ကို ပြာချခဲ့သည်နှင့်ယှဉ်လျှင် ပို၍ အားထုတ် ခဲ့ရသည်။ ပေထင်းဟွမ်သည် ဤခန္ဓာကိုယ်တွင် အခေါင်းပေါက်ဖြစ်သွားသလို ခံစားရသည်။ သဘာဝကျကျပင် မင်သည်လည်း မသက်မသာခံစားလာရသည် “မင် အဲဒါက မင်းကိုလည်းသက်ရောက်တာလား”

သူတို့နှစ်ယောက်သည် စည်းချက်ညီရန် ရေစက်ပါလာသည်။ မင်သည် ပေထင်းဟွမ်၏ စိုးရိမ်မှုများကို ရှင်းလင်းစွာမြင်နေရသည်။ သူ ခေါင်းခါလိုက် သည်။ ထို့နောက် အလင်းတန်းအဖြစ်ပြောင်းကာ ပေထင်းဟွမ်၏ မှော်သားရဲ နေရာထဲသို့ ထိုးဖောက်ဝင်ရောက်လိုက်သည်။ သူ၏အသံသည် အသိစိတ် ပင်လယ်ထဲမှထွက်လာသည်။ “ငါ ခဏလောက် အိပ်မောကျနေဦးမယ်ထင် တယ်၊ အဆင့်မြင့်ကြီးရဲ့ ဝိညာဉ်စွမ်းအားက အခုငါတို့ထက် ပိုအားကောင်းလွန်း တယ်၊ ဒါပေမဲ့ ဟွမ် စိတ်မပူပါနဲ့ မင်းရဲ့ကစဥ့်ကလျားနတ်အရင်းအမြစ်နဲ့ မင်လင်တို့က ငါ့အတွက်အသုံးဝင်တယ် ငါတို့ပြန်တွေ့ဖို့ မကြာဘူးဆိုတာ ငါ ယုံတယ်”

မင်သည် ပြောပြီးနောက်တွင် အိပ်မောကျသွားလေသည်။ ပေထင်းဟွမ် သည် ဘာမှထပ်မမေးတော့ပေ။ မင်သည် ဒဏ်ရာရခဲ့သည်။ သို့သော် သူသည် ဝိညာဉ်စွမ်းအားနှင့် နတ်အာရုံတို့ကိုလည်း မီးရှို့ချင်သည်။ သူသည် ပေထင်းဟွမ်၏ရင်ထဲမှ အရှက်တရားရသွားမည်၊ သူမ၏ရင်ထဲတွင် အရိပ် တစ်ခုကဲ့သို့ ကျင့်ကြံခြင်းကို နှောင့်ယှက်မည်ကို မလိုလားပေ။

“ရှောင်ကျို့ မင်းသားရဲက အားကောင်းလိုက်တာ” ထိုတိုက်ပွဲကို မျက်မြင် တွေ့ရပြီး ချင်းယွိ၏ရင်သည် အကြမ်းပတမ်းခုန်လျက်ရှိကာ မရပ်နိုင်ပေ။ သူ၏ မီးတောက်ပုံရိပ်ငှက်သည် သန့်စင်သောသားရဲမှ နတ်သားရဲအဖြစ် အဆင့်တက် သွားပြိဖြစ်သည်။ မီးတောက်သည်လည်း မြေကြီးမီးမှ ကောင်းကင်မီးသို့ အဆင့် တက်ခဲ့သည်။ ကောင်းကင်မီးနှင့်အတူ အစောက ကိုးရောင်မီးတောက်တွင် ကြောက်မက်ဖွယ်စွမ်းအား ပါဝင်သည်ကို သူ ကောင်းစွာသတိထားမိသည်။

ပေထင်းဟွမ်သည် စိုးရိမ်နေရာမှ သတိဝင်လာသည်။ သူမရှေ့မှလူကို တရင်းတနှီးရှိလှသည်။ သူသည် ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသည်။ သူသည် ချပ်ဝတ်တန်ဆာနဂါးအသွင်ပြောင်းထားသည်ကို မြင်နိုင်သည်။ သူ့တွင် နက်မှောင်သောဆံပင်နှင့် မျက်အိမ်နက်နက်တို့ရှိသည်။ သူသည် လက်ထဲတွင် လှံတံကိုကိုင်ထားသည်။ ကြည့်ကောင်းလွန်းလှသည်။ သူမ၏သတင်းကိုကြား ပြီးနောက် ချင်းယွိသည် သူမကို ကာကွယ်ရန် ရောက်လာခဲ့သည်။

“အစ်ကိုချင်းယွိ တွေ့ရတာ ဝမ်းသာပါတယ်”

ချင်းယွိအား သေချာကြည့်ပြီးနောက် ပေထင်းဟွမ်သည် တဖြည်းဖြည်း နှင့် ပျော်ရွှင်ပြီး အံ့ဩသောအပြုံးဖြင့်ပြုံးပြလေသည်။ ထို့နောက် ချင်းယွိအား ယောက်ျားပီသစွာ ပွေ့ဖက်ပြီး တစ်ယောက်နှင့်တစ်ယောက် လက်သီးချင်း တိုက်လိုက်သည်။ စစ်ပွဲပြီးသည့်နောက် သူတို့သည် နေ့ရက်ဟောင်းများကိုပင် မလွမ်းဆွတ်နိုင်ပေ။

“ရှောင်ကျို့ မင်း တာ့ဝမြို့ကိုလာမယ်ဆိုတာ ကြားတော့ ငါ ဘယ်လောက်ပျော်မှန်းတောင်မသိဘူး၊ ငါတို့တွေ မတွေ့တာတောင် အတော် ကြာနေပြီ” ချင်းယွိသည်လည်း မင်ကြောင့် ထိတ်လန့်နေရာမှ သတိပြန်ဝင်လာ သည်။ ထိုအချိန်တွင် အလွန်ပျော်ရွှင်ပြီး ရယ်မောကာ ပေထင်းဟွမ်၏ပခုံးကို ပွေ့ဖက်ပြီး ရှေ့သို့ဆက်လျှောက်လေသည် “သွားမယ် အစ်ကိုကြီးဆီသွားရ အောင်”

All Chapters