← Chapters

ဒါကအချစ်စစ်

Vol. 50 Ch. 997

ဒါကအချစ်စစ်

Vol. 50 Ch. 997

သူတို့နှစ်ယောက် နောက်ဆုံးအကြိမ် မဟာမိတ်မြို့တွင် တွေ့ခဲ့သည်မှာ လအနည်းငယ်ကြာပြီဖြစ်ရာ နှစ်ဦးကြားတွင် အပြောင်းအလဲကြီးဖြစ်ပျက်ခဲ့၏။ ပေထင်းဟွမ်သည် ကစဥ့်ကလျားနတ်အရင်းအမြစ်ကြောင့် ဓား ၇ လက် ကြယ်ဝိညာဉ်သခင်မှ ဓား ၃ လက်ဝိညာဉ်ဂိုဏ်းသို့အဆင့်တက်ခဲ့သည်။ ချင်းယွိ သည် ဓား ၁ လက်ကြယ်ဝိညာဉ်သခင်မှ ဓား ၁ လက်ဝိညာဉ်ဂိုဏ်းသို့အဆင့် တက်ခဲ့သည်။ ထိုအရှိန်သည် ပေထင်းဟွမ်ပင် ထိတ်လန့်မိသည်။

“အစ်ကိုချင်းယွိက တကယ်ကို ကောင်းကင်ကိုဆန့်ကျင်တဲ့ပါရမီရှင်ပဲ” ပေထင်းဟွမ်သည် သက်ပြင်းမချဘဲမနေနိုင်ပေ။

မုရှီနှင့် ထိုင်နောင့်တို့သည် ချင်းယွိအနောက်မှလိုက်လာကြသည်။ ချင်းယွိ နှင့် ပေထင်းဟွမ်တို့ ပခုံးချင်းယှဉ်လျှောက်ပြီး မုချင်းလင်သည် ပေထင်းဟွမ်၏ ဘေးတွင် လျှောက်လာသည်ကိုမြင်သောအခါ သူတို့နှင့်အတူလာသော နှင်း ဝံပုလွေကြေးစားအဖွဲ့၏ခေါင်းဆောင် ချင်းသွမ်အား ခိုးကြည့်လေသည်။

ချင်းသွမ်၏မျက်နှာသည် ရုတ်တက်အေးခဲသွားသည်။ သူ၏ပြေးလွှားနေ သော ခြေလှမ်းများရပ်တန့်သွားပြီး တစ္ဆေတစ်ကောင်ကိုမြင်လိုက်ရသည့် အလား ပေထင်းဟွမ်အား တင်းကြပ်စွာဖက်ထားသည့် ချင်းယွိ၏လက်ကို ကြည့်ကာ အချိန်အတန်ကြာသည်အထိ မျက်စိမလွှဲနိုင်ပေ။

“အဲကောင်လေးက ဘယ်သူလဲ” သူသည် တစ်ဖက်လူ၏ သရုပ်မှန်ကို ရှင်းလင်းစွာသိသည်။ သို့သော် ဤအခိုက်အတန့်တွင် ချင်းသွမ်သည် သေချာ ချင်သည်။ သူသည်မျက်စိရှေ့မှမြင်နေရသည်ကို ယုံရန်မဖြစ်နိုင်သည့်ပုံပင်။

မုရှီနှင့် ထိုင်နောင့်တို့သည် တစ်ယောက်နှင့်တစ်ယောက်ကြည့်မိကြ၏။ ရောက်လာပြီ နောက်ဆုံးတော့ ရောက်လာပြီ... သူတို့နှစ်ယောက်လုံးသည် ချင်းသွမ့်အား မျက်နှာချင်းမဆိုင်ချင်ကြပေ။ အကြည့်တိုက်ပွဲဖြစ်ပြီးနောက် ထိုင်နောင့်သည် ရှုံးနိမ့်သွားကာ နှာခေါင်းကိုထိပြီး ခေါင်းငုံ့ကာပြောလေသည် “ခေါင်းဆောင် မမှားပါဘူး၊ သူက သခင်လေးပေထင်းဟွမ်ပါ”

ပေထင်းဟွမ် ဆိုသည့်စကားလုံးသုံးလုံးသည် ချင်းသွမ့်၏စိတ်ထဲတွင် ဗုံတစ်လုံးကို တီးလိုက်သလို ပဲ့တင်ထပ်သွားသည်။ ကမ္ဘာတစ်လွှားတွင် မိဘ များအတွက် အိပ်မက်ဆိုးလိုဖြစ်နေသည့် ထိုနာမည်သည် မိုးကြိုးလိုမျိုး ကြား နှင့်ပြီးသားဖြစ်သည်။ ယနေ့ ချင်းသွမ့် မြင်လိုက်ရချေပြီ။ လူအစစ်ဖြစ်သည်။ ဤကဲ့သို့ ကျော်ကြားသောလူကို တွေ့ရန် မမျှော်လင့်ထားပေ။

ချင်းသွမ့်၏ ကြေကွဲဖွယ်အကြည့်ကိုကြည့်ရင်း မဟုတ်ပေ ထိုအကြည့် သည် ပူဆွေးသည်ဟုပြောရမည်၊ မုရှီနှင့် ထိုင်နောင့်တို့သည် လှည့်ပတ်နေရ သည်။ သူတို့ ဘာလုပ်နိုင်မည်နည်း။ သူတို့သည် ရှေ့တိုးပြီးချင်းသွမ့်အား နှစ်သိမ့်စကားပြောရသည် “ခေါင်းဆောင် ဒါက အချစ်စစ်ပါ၊ ဒီလိုလိင်တူ တားမြစ်အချစ်က အချစ်စစ်ပါ”

မဟုတ်ပေ ထိုသို့ပြောသင့်သည်။ “မင်းက ဖွင့်ချင်သေးတာလား၊ ဘယ်လို ပဲဖြစ်ဖြစ် သခင်ပေထင်းဟွမ်ကြောင့် ထိခိုက်ရတာ သခင်လေးတစ်ယောက် တည်းမဟုတ်ဘူး”

“သူ ဘယ်သူ့ကို ထိခိုက်အောင်လုပ်ခဲ့တာလဲကြည့်လေ ညအရှင်သခင်၊ အမှောင်နတ်မိစ္ဆာနန်းတော်မှ နတ်မိစ္ဆာဧကရာဇ်၊ သခင်တုန်ဖန်းကျောက်.. တစ်ယောက်မှ မထက်တဲ့သူမပါဘူး”

သို့သော် ထိုစကားများကိုတွေးလိုက်ချိန်တွင် ခေါင်းဆောင်၏ ကန်ကျောက်ထိုးနှက်ခြင်းကို ခံရနိုင်သည်။ မုရှီနှင့် ထိုင်နောင့်တို့သည် ထိုစကား ကို စိတ်ထဲမှသာတွေးပြီးထုတ်မပြောရဲကြပေ။

ထပ်တွေ့ရသည်ကိုပျော်သဖြင့် ချင်းယွိသည် ပေထင်းဟွမ်ကို ပွေ့ဖက် ကာ ရှေ့သို့ဆက်လျှောက်လေသည်။ ပထမဆုံးတွေ့တုန်းကလိုပင် သူ သူမကို ပေးသည့် နွေးထွေးမှုနှင့် ထောက်ပံ့ပေးမှုသည် မပြောင်းလဲသည့်ပုံပင်။ သူတို့ နှစ်ယောက်သည် တခြားသူများ၏အကြည့်များကို ဂရုမစိုက်ဘဲ စကားပြောရင်း လျှောက်လာသည်။ ပေထင်းဟွမ်သည် ချင်းယွိအား အထက်အောက်ကြည့်ကာ ပျော်ရွှင်စွာပြောလေသည် “အစ်ကိုချင်းယွိလည်း ဝိညာဉ်ဂိုဏ်းဖြစ်သွားပြီမလား မြန်လိုက်တာ”

“အဲဒါမင်းရဲ့ဂုဏ်သရေပဲမလား၊ မင်းက သားရဲတွေ အများကြီးပေးခဲ့တာ လေ၊ ပြီးတော့ ငါ့အတွက် အထူးတလည် ကြယ် ၇ ပွင့်သားရဲကို ရွေးပေးလိုက် သေးတယ်၊ အဲကောင်က ထျန်းလင်အသီးကိုစားပြီး ကြယ် ၉ ပွင့်ကိုတက်သွား ခဲ့တာ၊ ငါ စာချုပ်တည်ထောင်ပြီးသွားတော့ ဓား ၇ လက် ကြယ်ဝိညာဉ်သခင် ဖြစ်သွားခဲ့တယ် အဲတေ့ ကျန်းမန့်အဆောက်အဦးမှာ သုံးလလောက်ကျင့်လိုက် တော့ ထျန်းလင်အသီးနဲ့ ဝိညာဉ်ဂိုဏ်းကို ကျော်ဖြတ်နိုင်သွားတာပဲ” ချင်းယွိ၏ မျက်လုံးထဲတွင် ပေထင်းဟွမ်သာရှိသည်။ သူသည် ကျေးဇူးတင်သလို ဂုဏ် လည်းယူသည် “ကံကောင်းလို့ မင်းနောက်ကို အရမ်းမကျဘူး၊ ငါက မင်းထက် နှစ်ဆင့်ပဲနိမ့်တယ်၊ နောက်ဆိုရင် ညီအစ်ကိုတွေ အတူတူတိုက်ခိုက်လို့ရပြီ”

သူသည် ဟွမ်ချန်းအကြောင်း၊ မဟာမိတ်အင်ပါယာအကြောင်းတွေကို မမေးပေ။ သူ၏မျက်စိထဲတွင် ပေထင်းဟွမ်၏ သရုပ်မှန်မှာ မည်သို့ပင်ဖြစ်စေ ကာမူ လော့ပေမြို့တွင်သိခဲ့သည့် ရှောင်ကျို့သာဖြစ်ည်။ ရှောင်ကျို့သည် သူ့ထက်ငယ်သဖြင့် သေချာပေါက် ဂရုစိုက်သင့်သည်။

All Chapters