← Chapters

မင်းကိုပေးစရာပစ္စည်းကောင်းကောင်းရှိတယ်

Vol. 50 Ch. 998

မင်းကိုပေးစရာပစ္စည်းကောင်းကောင်းရှိတယ်

Vol. 50 Ch. 998

ဤကဲ့သို့ခင်မင်ရင်းနှီးမှုသည် ပေထင်းဟွမ်၏စိတ်ထဲတွင်ပင် မီးတောက် ကဲ့သို့တောက်လောင်ကာ သူမ၏နှလုံးသားကို နွေးထွေးစေသည်။ ပေထင်းဟွမ် သည် ဘာမှမပြောဘဲ လက်ဆန့်ထုတ်ကာ ချင်းယွိ၏လက်ကို တင်းကြပ်စွာ ကိုင်လိုက်သည် “ဟုတ်ပြီ အစ်ကိုကြီး ဘေးချင်းယှဉ် အတူတိုက်ခိုက်ကြတာပေါ့”

သူတို့နှစ်ယောက် ပိုပိုပြီးလွန်ကဲလာသည်ကိုကြည့်ပြီး ချင်းသွမ့်သည် ဒေါသထွက်လွန်းသဖြင့်မျက်နှာကြီး စိမ်းလာသည်။ ဒီလောက်တောင် လွန်စရာ လား။ စကားပြောတာတင်ပဲကို ကောင်းကောင်းလေး ပြုမူလို့မရဘူးလား။ ဘေးချင်းယှဉ်တိုက်ခိုက်မယ်။ ဘယ်လိုလုပ် ဘေးချင်းယှဉ်တိုက်ခိုက်မှာလဲ။

သူတို့နှစ်ယောက်သည် အတန်ကြာသည်အထိ လမ်းလျှောက်ကြပြီး နေ့ရက်ဟောင်းများအကြောင်းပြောတော့မည့်အချိန်တွင် ချင်းယွိ မေးလေ သည် “ရှောင်ကျို့ မင်း ငါ့ကို အထူးတလည်လာတွေ့တာလား”

ချင်းသွမ့်သည် အနောက်မှလိုက်လာရာ ချင်းယွိ၏မေးခွန်းကိုကြားချိန် တွင် စိတ်ထဲမှရေရွတ်လေသည် “မဟုတ်ဘူး မဟုတ်ဘူးလို့ပြောရမယ် သခင် ပေထင်းဟွမ်က အလုပ်များနေတာလေ၊ ဘယ်လိုလုပ် မင်းလိုကောင်ကို လာတွေ့နိုင်မှာလဲ...”

မထင်မှတ်စွာပင် ကောင်းကင်သည် လူများ၏ဆန္ဒကိုမဖြည့်စည်းပေး ပေ။ ချင်းသွမ့် ဖန်တီးရေးနတ်ဘုရားကို ဆုမတောင်းခင်မှာပင် ပေထင်းဟွမ်၏ အသံကို ကြားလိုက်ရသည် “ဟုတ်တယ် အစ်ကိုချင်းယွိ ကျွန်တော်က ယန်ချန်း ကို သွားနေတာ ဒီကိုလာတာက မင်းကိုအထူးတလည်လာတွေ့တာ”

ဤနေရာသည် စီရင်ချက်ဗိမာန်နှင့် နီးလွန်းသည်။ ပေထင်းဟွမ်၏ သရုပ်မှန်ကိုတွေးကြည့်လျှင် သူမကို စီရင်ချက်ဗိမာန်မှ အလိုရှိနေသည်။ သူမ သည် စီရင်ချက်ဗိမာန်၏ လွှမ်းမိုးနိုင်နေသာ အဝန်းအဝိုင်းကိုပင် လျစ်လျူရှုခဲ့ သည်။ ထို့ကြောင့် သူ့ကိုလာတွေ့ခြင်းပင်။ ချင်းယွိသည် စိတ်လှုပ်ရှားသွားကာ မည်သို့ပြောရမည်ကို မသိတော့ပေ “အရူး ဒီနေရာက ဘယ်နေရာလဲဆိုတာကို မကြည့်ဘူး ဒီနေ့ ဘယ်လောက်အန္တရာယ်များလဲဆိုတာ ကြည့်လိုက်”

“ဘာအန္တရာယ်များလို့လဲ အဲဒီစီရင်ချက်နတ်ဘုရားရဲ့ ဝိညာဉ်စွမ်းအားကို ကျွန်တော့်သားရဲက သတ်လိုက်ပြီမဟုတ်ဘူးလား” လွန်ခဲ့သည့်နှစ်တစ်သောင်း ကို ပြန်တွေးမိလျှင် သူမ၏ဝိညာဉ်ကို ဝိညာဉ်နတ်ဘုရားမျိုးနွယ်နှင့် အနောက် တောရိုင်း၏ အကြီးဆုံးမင်းသမီးတို့မှ ဖမ်းဆီးခဲ့သည်။ ဖိနှိပ်ခြင်းနှင့် ဝိညာဉ်လွင့် သွားခြင်းတို့ဖြစ်ခဲ့သည်။ ယန်ယဲာ့ နှစ်ပေါင်းထောင်ချီ အချိန်ပေးပြီး သူမ၏ ဝိညာဉ်ကို မစုစည်းခဲ့လျှင် သူမသည် ဤကမ္ဘာမှပျောက်ကွယ်သွားလောက်ပြီ ဖြစ်သည်။

ဤဘတတွင် သူမသည် ထိုလူများကို အဆပေါင်း ထောင်ချီသောင်းချီ ပြန်ပေးခိုင်းရမည်။

သို့သော် ပေထင်းဟွမ်သည် သည်တစ်ကြိမ် သူမ၏မိတ်ဆွေကောင်းကို ပြန်တွေ့ရသဖြင့် ပျော်နေပုံရသည် “အစ်ကိုချင်းယွိ ကျွန်တော် ပေးစရာ ပစ္စည်း ကောင်းကောင်းရှိတယ်”

ပေထင်းဟွမ် စကားဆုံးသည်နှင့် လက်စွပ်ထဲမှ ကျောက်စိမ်းပုလင်းနှစ် ပုလင်းထုတ်ကာ သူ့လက်ထဲသို့ ထည့်လိုက်သည်။ မတူညီသောအနံ့နှစ်မျိုး သည် ချင်းယွိ၏နှာခေါင်းထဲသို့ တိုးဝင်လာသည်။ သူသည် လန်းဆန်းမှုကို ခံစား လိုက်ရ၏။ သူ ဆေးပုလင်းနှစ်လုံးကို ငုံ့ကြည့်လိုက်သည်။

“ဒါဘယ်လိုဆေးလဲ” ဤဆေးသည် အဆင့်နိမ့်ဆေးတော့မဟုတ်ပေ။ ကမ္ဘာလှည့်သွားနေသော ချင်းယွိသည် အနံ့အပေါ်မူတည်ပြီး ထိုအဆင့်မြင့် ဆေးကို ခန့်မှန်းနိုင်သည်။ သူသည် ပုလင်းအစို့ကိုဖွင့်ပြီး အထဲသို့ကြည့်လိုက် ရာ ရုတ်တရက်ပင် ထိတ်လန့်သွားသဖြင့် ကျောက်စိမ်းပုလင်းပင် မြေပေါ်သို့ ကျ လုမတတ်ဖြစ်သွားသည် “ဝိညာဉ်.. ဝိညာဉ်အဆင့်ခွဲဆေးလား”

ဝိညာဉ်အဆင့်ခွဲဆေးဆိုသည့်စကားကိုကြားပြီး ချင်းသွမ့်သည် ထိတ်လန့် ကာ ခြေထောက်များခွေယိုင်ကျလေ၏။ ပေထင်းဟွမ်၏ ခြေလက်များကို အသားကျနေသော မုရှီနှင့် ထောင်နောင့်တို့သည် လျင်မြန်စွာပင် သူ့ကို တွဲထား သည်။ ဟင်း... အဖွဲ့ဝင်အကုန်လုံးအတွက် သားရဲတွေအကုန်လုံးကို သခင် ပေထင်းဟွမ်ပေးတယ်ဆိုတာကို သိရင် ခေါင်းဆောင်တော့ လန့်လို့သေသွား တော့မှာလားမသိဘူး။

“ဝိညာဉ်အဆင့်ခွဲဆေးလား၊ သခင်ပေထင်းဟွမ်က အဂ္ဂိရတ်ပညာရှင် လား” ချင်းသွမ့်သည် ထိတ်လန့်သွားကာ ဘေးမှနှစ်ယောက်ကို အရှက်မရှိမေး မိလေသည်။

ထောင်နောင့်သည် ခေါင်းကုတ်ကာ ရှက်ရွံ့စွာပြောလေသည် “သူက အဂ္ဂိရတ်ပညာရှင်လားတော့မသိဘူး မဟုတ်ရင် သခင်လေးလိုချင်တာဆိုရင် တော့ သခင်ပေထင်းဟွမ်က ယူပေးမှာပဲ”

ထိုစကားမပြောလိုက်လျှင်ပိုကောင်းသည်။ သူပြောလေလေ ချင်းသွမ့်၏ နှလုံးသည် ဆိုးရွားစွာထိခိုက်လေသည်။ အမှန်ကယ်ပင် ချင်းမိသားစု၏ နာမည် ကို ဖျက်နေခြင်းပင်။ ယောက်ျားသားကြီးနှစ်ယောက်သည် ထမင်းတစ်အိုး တည်းစားသည်။ တားမြစ်ချက်မရှိ ချစ်ခင်၍ရသည်လား။ ချင်းယွိသာ လိုချင် လျှင် ပေထင်းဟွမ်သည် သူ့အတွက်ရအောင်ယူပေးမည်။ ၎င်းသည် သူ့ရင်ကို ဓားနှင့်ထိုးလိုက်သည်ထက်ပင် ပို၍မသက်မသာဖြစ်စေသည်။

All Chapters