← Chapters

တန်ဖိုးရှိလွန်းတယ်

Vol. 50 Ch. 999

တန်ဖိုးရှိလွန်းတယ်

Vol. 50 Ch. 999

ချင်းသွမ့်သည် ထိုနှစ်ယောက်အား ခက်ထန်စွာကြည့်လိုက်သည်။ ဟုတ်ပြီ သခင်ပေထင်းဟွမ်ကို အကောင်းပြောပေးနေတာ အဲလူဆီကနေ ဘာ အကျိုးအမြတ်တွေရထားလို့လဲ။ သူသည် အေးစက်စွာနှာမှုတ်လိုက်သည် “ပြောတာကောင်းတယ် ယွိအာသာ အဆင့်ခွဲဆေးလိုချင်ရင် ပေထင်းဟွမ်က သူ့အတွက်ယူပေးမယ်ပေါ့လေ၊ ငါဆိုရင် ရရင်တောင် မလိုချင်ဘူး”

သူစကားမဆုံးခင်မှာပင် ပေထင်းဟွမ်၏ ငွေခေါင်းလောင်းသံနှင့်တူသော အသံထွက်ပေါ်ကာ ချင်းယွိအား ပြုံးပြီးပြောလေသည် “နောက်တစ်ပုလင်းထပ် ရှိသေးတယ် အဲဒါကိုဖွင့်ကြည့်လိုက်ဦး”

ချင်းယွိသည် ဝိညာဉ်အဆင့်ခွဲဆေးပုလင်းကို သိမ်းလိုက်သည်။ သူ့လက် များသည် တုန်ယင်နေပြီး အစောက ရင်ဆိုင်ရခက်သော အားကောင်းသည့် ပုံရိပ်ကို ရင်ဆိုင်ရစဉ်ကထက်ပင် ပို၍စိတ်လှုပ်ရှားနေမိသည်။ သူ့စိတ်သည် တဒင်္ဂမကြည်လင်နိုင်တော့ပေ။ သူသည် နောက်ထပ်ကျောက်စိမ်းပုလင်းကို ထုတ်ယူလိုက်သည်။ ပို၍ပြင်းထန်သောအနံ့သည် နှာခေါင်းထဲသို့ဝင်လာကာ အထဲမှ ရွှေရောင်ဆေးလုံးတစ်လုံးထွက်လာသည်။ လုံးဝန်းသောဆေးလုံးပေါ် တွင် ရစ်ပတ်နေသောရွှေရောင်နဂါးကိုမြင်နိုင်သည်။ အထဲတွင် ကြီးမားသော စွမ်းအင်ကို ပိတ်လှောင်ထားသည်ကိုမြင်နိုင်သည်။

“ညီအစ်ကို သက်စောင့်ဆေးလား” ချင်းယွိ၏လက်သည် တုန်ခါသွားကာ ကျောက်စိမ်းပုလင်းသည် သူ့လက်ထဲမှ ပြုတ်ကျလေသည်။

“အိုး” အစောကပင် ပေထင်းဟွမ်မှ သူ့ကို ဝိညာဉ်အဆင့်ခွဲဆေးပေးလျှင် တောင် မလိုချင်ဟု ပြောခဲ့သူသည် ကျယ်လောင်စွာအော်မိသည်.

ထိုအာမေဍိတ်သံသည် ချက်ချင်းပင် မုရှီနှင့်ထောင်နောင့်တို့သည် မျက်လုံးများလှိမ့်မိကြသည်။ အဲဒါဘယ်သူလဲ။

ကံကောင်းစွာပင် ပေထင်းဟွမ်၏ အရည်အချင်းသည် လွန်ကဲနေသည်။ သူမသည် လက်ချပြီး လက်ထဲတွင်ကျောက်စိမ်းပုလင်းကို ဆုပ်ကိုင်ထားလေ သည်။ သူမသည် ချင်းယွိအား တောက်ပသောမျက်လုံးများနှင့်ကြည့်လေသည်။ သူမ၏မျက်လုံးထဲမှ ကလူသည့်မျက်နှာထားမှာ ထင်ရှားလွန်းသည် “အစ်ကို ချင်းယွိ ညီလေးဆီကနေ လက်ဆောင်လက်ခ့ဖို့ အသင့်ဖြစ်ပြီလား၊ မလိုချင်ရင် တောင် လွင့်မပစ်ရဘူးနော်”

ပေထင်းဟွမ်၏ ဆူပုပ်နေသည့်အသွင်အပြင်သည် အရွယ်မရောက်သေး သည့် လူငယ်တစ်ယောက်ပီသလှသည်။ ချက်ချင်းဆိုသလိုပင် ချင်းယွိ၏ စိတ် သည် ရေစက်ကျသွားသကဲ့သို့ နူးညံ့သွားလေသည်။ သူသည် ညင်သာစွာဖြင့် ပေထင်းဟွမ်၏နှာခေါင်းကို ပွတ်ပြီး ချစ်သည့်လေသံဖြင့် ပြောလေသည် “အစ်ကိုချင်းယွိက တမင်လုပ်တာမဟုတ်ပါဘူး ဒါပေမဲ့ ပြောရမယ်...” ချင်းယွိ သည် လေးနက်စွာဖြင့်ပြောလေသည် “ဝိညာဉ်အဆင့်ခွဲဆေးက တန်ဖိုးကြီး လွန်းတယ်”

ဝိညာဉ်အဆင့်ခွဲဆေး... လက်ရှိဝိညာဉ်အဆင့်ခွဲဆေးသည် ပြည်မကြီး တွင် မည်မျှကြီးမားသောပွက်လောရိုက်မှုကို ဖြစ်စေသလဲဆိုသည်ကို သူမ သိရဲ့ လား။ ဟွမ်ချန်းနှင့် ကောင်းမွန်သောဆက်ဆံရေးတစ်ခုတည်ဆောက်ပြီး ဟွမ်ချန်းမှ ဝိညာဉ်အဆင့်ခွဲဆေးတောင်းရန် ပိုင်ဆိုင်မှုများကိုရောင်းချ ကုန်သွယ်ရသည့် အင်အားစုမည်မျှရှိလိုက်သနည်း။

ချင်းယွိနှင့် ပေထင်းဟွမ်တို့အကြားမှ ဆက်ဆံရေးကြောင့် နှင်းဝံပုလွေ ကြေးစားအဖွဲ့သည် အမျိုးမျိုးသောအင်အားစုများ၏ ပစ်မှတ်ထားခြင်းကိုခံခဲ့ရ သည်။ နေ့စဉ်နေ့တိုင်းပင် ကြားဝင်ရန်အဖွဲ့များစွာရောက်လာကာ နှင်းဝံပုလွေ အဖွဲ့နှင့် အောင်သွယ်ရန်ကြိုးစားကြသည်။ ရတနာများအားလုံးသည် နှင်းဝံပုလွေရှေ့သို့ရောက်လာကြသည်။

သို့သော် ဤဝိညာဉ်အဆင့်ခွဲဆေးကိုတော့ ချင်းယွိမတွေးဖူးပေ။ တစ်လုံး တည်းသာဆိုလျှင် သူသည် ဖခင်ဖြစ်သူချင်းသွမ့်ကို ပေးမည်ဖြစ်သည်။

ထို့အပြင် ချင်းသွမ့်သည် သူ့ထက်အသက်ကြီးသဖြင့် နတ်ဘုရားအဆင့် သို့တက်ရန် သူ့ထက်အရေးကြီးနေသည်။

“အစ်ကိုချင်းယွိ ယူရမယ်” ပေထင်းဟါမ်သည် ပြောပြီးနောက် ချင်းယွိ၏ နားနားသို့ကပ်ကာ လေသံနှင့်ပြောလိုက်သည် “ဒီဝိညာဉ်အဆင့်ခွဲဆေးကို ကိုယ်တိုင်လုပ်ထားတာ”

လေကိုတစ်ဟုန်ထိုးရှူကာ ချင်းယွိမှာ ရင်ခုန်မြန်လာသည်။ ပေထင်းဟွမ် ချင်းယွိအား ပြောလိုက်သည့်စကားများကို မည်သူမှမကြားလိုက်ရပေ။ သို့သော် ဗလက္ကာရလုပ်ခံရသည့်အလား ချင်းယွိ၏မျက်နှာမှာ ပူနွေးသွားသည်ကို အားလုံးမြင်လိုက်ရသည်။

ထိုမြင်ကွင်းကိုမြင်လိုက်ရချိန်တွင် ချင်းသွမ့်၏ရင်သည် တရွရွဖြစ်လာ၏။ သူက ရက်ချိန်းလုပ်ရတော့မှာလား။

မုရှီနှင့် ထောင်နောင့်တို့သည် ချင်းသွမ့်လောက်မတွေးပေ။ သူတို့သည် ပေထင်းဟွမ်အား စပ်စုသောမျက်လုံးများနှင့် စိုက်ကြည့်လေသည်။ သခင်လေး သည် သခင်လေးပေထင်းဟွမ်၏ ခွန်အားကြောင့် ထိတ်လန့်သွားသည်ကို သူတို့ ကောင်းစွာသိကြသည်။ သူတို့သည် ရှေ့တိုးပြီး အတည်ပြုရန် မေးချင်လာ သည်။

အမှန်ပင် သူတို့တွေ့သည့်အချိန်တိုင်းတွင် သခင်ပေထင်းဟွမ်သည် ကမ္ဘာ ကြီးကို တုန်လှုပ်စေကာ မူးဝေအောင်လုပ်နိုင်သည်ကို သူတို့သိထားသည်။“”

All Chapters