← Chapters

တာဝမြို့

Vol. 50 Ch. 1000

တာဝမြို့

Vol. 50 Ch. 1000

ဝိညာဉ်အဆင့်ခွဲဆေး... နှစ်ပေါင်းတစ်ထောင်အတွင်း ပင်မတိုက်ကြီးတွင် ပေါ်မလာခဲ့သောဆေးသည် ယခုအခါ သူ့လက်ထဲတွင်ရောက်နေပြီဖြစ်သည်။ ထို့အပြင် ဤဆေးသည် ကောလာဟလများကဲ့သို့ ညအရှင်သခင်မှ သန့်စင် ထားခြင်းမဟုတ်ဘဲ ရှောင်ကျို့သန့်စင်ထားခြင်းဖြစ်သည်။ ချင်းယွိ မည်သို့ စိတ်မလှုပ်ရှားဘဲနေမည်နည်း။

ထိုဆေးကို ရှောင်ကျို့သန့်စင်ထားသည်ဆိုပါက ချင်းယွိ မည်သို့လက်ခံရ တော့မည်နည်း။ ရှောင်ကျို့သန့်စင်သည်မှာ အဆိပ်ဆိုလျှင်တောင် သူ တွေဝေ ခြင်းမရှိ မျိုချလိုက်မည်ဖြစ်သည်။

ချင်းယွိသည် ပေထင်းဟွမ်ဆီမှ ပုလင်းယူလိုက်သည်။ သူ၏ စိတ်လှုပ်ရှား မှုများကို မဖုံးကွယ်နိုင်သေးပေ။ သို့သော် သူ့စိတ်ထဲတွင် စိတ်ပိုင်းဖြတ်ပြီးသား ဖြစ်သည်။ ရှောင်ကျို့၏ မဟာမိတ်အင်ပါယာသည် မဟာမိတ်ဖွဲ့လိုပါက နှင်း ဝံပုလွေကြေးစားအဖွဲ့သည်လည်း ချွင်းချက်မရှိပါဝင်မည်။ ယခုအချိန်ကစပြီး နှင်းဝံပုလွေကြေးစားအဖွဲ့နှင့် မဟာမိတ်အင်ပါယာတို့သည် မဟာမိတ်များ မဟုတ်တော့ပေ။ နှင်းဝံပုလွေသည် မဟာမိတ်အင်ပါယာကိုဝင်ပြီး မဟာမိတ် အင်ပါယာ၏ အဖွဲ့ဝင်ဖြစ်လာမည်။

သူသည် ခွန်အားလိုအပ်သည်။ ရှောင်ကျို့၏ဘေးတွင် ကာကွယ်ရန် လုံလောက်အောင် သန်မာရမည်ဖြစ်သည်။ သက်စောင့်ဆေးကိုတော့ သူ ယခု အချိန်မသုံးနိုင်လျှင်တောင် နှင်းဝံပုလွေအဖွဲ့မှ တခြားသူများသုံးနိုင်သည်။ သူတို့ သန်မာလေလေ အနာဂတ်အတွင် နှင်းဝံပုလွေအတွက် နေရာပိုရလေဖြစ် ပြီး မဟာမိတ်အင်ပါယာ၏ ခွန်အား ပိုကြီးမားလာလေဖြစ်သည်။

ထိုအခိုက်အတန့်တွင် ချင်းသွမ့်၏ ဝံပုလွေကဲ့သို့မျက်လုံးများအောက်တွင် ချင်းယွိသည် လေဟာနယ်လက်စွပ်ထဲသို့ ဆေးပုလင်းနှစ်လုံးထည့်လိုက်သည်။ ထို့နောက် ပေထင်းဟွမ်ကို လက်ဆွဲကာ နှင်းဝံပုလွေကြေးစားအဖွဲ့၏ ဌာနချုပ် ဆီသို့ လျှောက်သွားလေသည်။

တာဝမြို့သည် ရှင်းယွဲ့လေဟာနယ်၏ အရှေ့မှအနောက်သို့ ဖြတ်သွား သည့် စစ်ပွဲဘုံတော၏ ထောင့်တွင်တည်ရှိသည်။ ၎င်းသည် ပထဝီမြေ အနေအထားအကောင်းဆုံးနေရာဖြစ်သည်။ စစ်ပွဲဘုံတောရှိ မကုန်ခမ်းနိုင် သော အရင်းအမြစ်များ၏ အထောက်အပံ့၊ ရှင်းယွဲ့လေဟနယ်၏ ပေါများသော ရောင်ဝါနှင့် ရှင်းယွဲ့တောင်တန်းများ နောက်ခံအနေနှင့်ရှိနေသည်မှာ တိုက်ကြီး ပေါ်တွင် ဤနေရာထက်သာသည့်နေရာမရှိတော့သလိုပင်။

၎င်းသည် အလွန်ပင်လှပသည့် မြို့ဖြစ်သည်။ အိမ်ခြေရာမဲ့စခန်းကဲ့သို့ပင် တစ်မြို့လုံးကို ဖြတ်သည့် ပင်မလမ်းတစ်လမ်းသာရှိသည်။ ဘေးနှစ်ဖက်တွင် အိမ်နှင့် တဲများဖြင့်ဆောက်ထားသောဆိုင်ခန်းများသည် မြို့အဝင်မှ အထွက်ထိ ပြည့်လုနီးပါးပင်။

အင်ပါယာမြို့ကဲ့သို့ ခမ်းနားသည့်အဆောက်အဦးများမရှိသလို သန့်စင် သောမြို့ကဲ့သို့ ဘုရားကျောင်းများ ရေပန်းများမရှိပေ။ ရိုးရှင်းသောသေရည် ဆိုင်၊ ရိုးရှင်းသောတည်းခိုဆောင်များနှင့် တဲများသာ ရိုးရိုးရှင်းရှင်းနှင့် သက်ဝင် လှုပ်ရှားလျက်ရှိသည်။

ပေထင်းဟွမ်သည် ချင်းယွိနောက်မှလိုက်ကာ ပင်မလမ်းသို့သွားလေ၏။ လမ်းတစ်လျှောက်တွင် ကုန်သွယ်ရေးခန်းမနှင့် ပင်မတိုက်ကြီးရှိ ထိပ်တန်း ဆိုင် လေးဆိုင်တို့နှင့်အတ နာမည်ကြီးကြေးစားအဖွဲ့ ၁၀ ဖွဲ့ထက်မနည်းတွေ့ရလေ သည်။ ကြေးစားများသည် ကျေနပ်ဖြူစင်သောအပြုံးများဖြင့် ဆိုင်ထဲသို့ သွားသွားလာလာ ဝင်ချည်ထွက်ချည်နှင့်ရှိနေသည်မှာ ပေထင်းဟွမ်သည် ရုတ်တရက် အရင်ဘဝကို သတိရလာသည်။

ဤကဲ့သို့ရိုးရှင်းပြီး ကျေနပ်ဖွယ်ကောင်းသည့် ကြေးစားဘဝသည် အထက်တန်းစားမြို့ကြီးများ နားလည်နိုင်သည့်အရာမဟုတ်ပေ။ ဓားထိပ်ဖျား ပေါ်မှ သွေးကိုလျက်ရင်းရှင်သန်နေရသဖြင့် ကြေးစားများသည် ဘဝကို လေးလေးနက်နက်နားလည်မှုရှိသည်။ သူတို့သည် အသက်ကို လွန်စွာ တန်ဖိုး ထားည်။ သူတို့သည် လူသားများကို စိတ်ဝင်စားသည့်အပေါ်တွင် အချိန်နှင့် အားကုန်မခံပေ။

မြို့သည်မကြီးလှပေ။ သို့သော် ကြေးစားတပ်ရင်းကြီး တစ်ရာထက် မနည်းနေထိုင်နိုင်သည်။ ဤနေရာတွင် ပင်မတိုက်ကြီးမှ အားကောင်းသော ကြေးစားအဖွဲ့များစုဝေးနေကြသည်။ ရေတွက်ရသလောက် ၁ သိန်းခန့်ရှိမည်။ ထိုလူများသည် တိုက်ခိုက်ရေးအတွေ့အကြုံကြွယ်ဝကာ မည်သို့ပူးပေါင်းလျှင် အကောင်းဆုံးဖြစ်မည်ကို သိကြသည်။ သူတို့သည် အချိန်မရွေးစစ်တိုက်ထွက် ရန် ပြည့်စုံစွာတပ်ဆင်ထားသည်မှာ မည်သည့်ရန်သူတပ်ကမှ သူတို့ကို မယှဉ် နိုင်လေက်အောင်ပင်။

“ဒါက တိုက်ကြီးတစ်ခုလုံးက ကြေးစားအဖွဲ့အကုန်လုံးရဲ့ အိမ်လိုဖြစ်နေ တာ၊ အင်ပါယာမြို့တော်လိုနေရာမျိုးက ငါတို့လိုကြေးစားအဖွဲ့တွေဝင်လို့ရတဲ့ နေရာမဟုတ်ဘူး၊ အဲအစား ငါတို့တွေ တော်တော်များများက ဒီနေရာမှာ ကြီးပြင်းလာကြတာ၊ ဒီမြို့ကိုတော်တော် သံယောဇဉ်ရှိကြတယ်” လမ်းလျှောက်ရင်းနှင့် ချင်းယွိသည် ပေထင်းဟွမ်အား ရှင်းပြလေသည် “ကြည့်ရ တာလှတဲ့ ငွေလမြို့လိုမျိုးနေရာရှိမလားလို့ မကြည့်နဲ့ တိုက်ကြီးတစ်ခုလုံးမှာ အကောင်းဆုံးအစားအစာတွေ၊ အကောင်းဆုံးဆေးတွေ၊ လက်နက်နဲ့ပစ္စည်း တွေ အကုန်လုံးကို ဒီနေရာမှာဝယ်လို့ရတယ်၊ ဌာနချုပ်ကိုပြန်ရောက်ရင်တော့ မင်းကို နားချိန်ပေးမယ် မင်းစားချင်တာစား၊ ဒီကနေ ဝယ်ချင်တာဝယ်လို့ရ တယ်”

All Chapters