← Chapters

ကျူးယွဲ့၏ နည်းလမ်း

Vol. 18 Ch. 240

ကျူးယွဲ့၏ နည်းလမ်း

Vol. 18 Ch. 240

သည်ရက်ပိုင်း အတွင်း စမ်းချောင်း တစ်ဝိုက်တွင် အလွန်အမင်း သက်ဝင် လှုပ်ရှားလျက် ရှိသည်။ သတ်မှတ်ထားသော အချိန်တွင် တပည့် တစ်ရာကျော်က သည်နေရာတွင် လာရောက် စုဝေးကြသည်။ အခြားသော သူများကလည်း ကြည့်ရှုရန် ရောက်လာတတ် ကြသည်။

ဇူယွမ်ကတော့ နေ့တိုင်းပင် လူတိုင်း၏ သွေးကြောများ ဖွင့်နိုင်ရန် ကူညီလျက် ရှိသည်။

သို့သော်လည်း အနက်ဖော် သူတော်စင် မှော်စာလုံး၏ စွမ်းအားနှင့် ပင်လျှင် သည်လူ အများအပြား၏ သွေးကြောကို မြင်နိုင်ရန်မှာ ပြဿနာကြီး တစ်ခုပင် ဖြစ်သည်။

သို့သော်လည်းပဲ သူက တစ်နေ့လျှင် လူတိုင်းကို သွေးကြော တစ်ကြောမှ နှစ်ကြောအထိ ပွင့်အောင် ကူညီနိုင်ပေသည်။

ဇူယွမ်က သည်နှုန်းနှင့် ပတ်သက်ပြီး အနည်းငယ် စိတ်ကျေနပ်မှု မရှိသော်လည်း တပည့်များက ထိုအရာနှင့် ပတ်သက်ပြီး ပျော်ရွှင် ဝမ်းမြောက်သော ခံစားမှုများကို သူတို့၏ မျက်နှာပေါ်တွင် တွေ့နေ ရပေသည်။

တကယ်တော့ သူတို့အားလုံး ပုံမှန်အတိုင်း သွေးကြော တစ်ကြောဖွင့်ရန် ရက်အနည်းငယ်ခန့် အချိန်ယူ ရပေသည်။ ဇူယွမ်၏ နေရာတွင် လေ့ကျင့်သော နှုန်းက အမှန်တကယ်ပင် မြန်ဆန်ပေသည်။

သည်နှုန်းအတိုင်း ဆိုလျှင် ဇူယွမ် ကတိပေးထားသည့် အတိုင်း တစ်လအတွင်း ပထမအဆင့်သို့ ရောက်မည်မှာ အသေအချာပင် ဖြစ်သည်။

ထိုကြောင့် အခုရက်ပိုင်း အတွင်း တပည့်များက ဇူယွမ်ကို ကြည့်သော အကြည့်မှာ ပိုပိုပြီး တောက်လောင် လာပေသည်။ ယခုအချိန်တွင် သူတို့၏ မျက်လုံးထဲ၌ ဇူယွမ်ကို အနည်းငယ်မှပင် သံသယ မဖြစ်တော့ပေ။ ဇူယွမ်က သူ၏ စွမ်းရည်ကို သက်သေပြပြီး ဖြစ်သည် ...

နေ့စဉ် ကျင့်ကြံခြင်း၌ ညွှန်ကြားပေးချိန် ပြီးသည်နောက်တွင် စိတ်အား တက်ကြွနေသည့် တပည့်များက အယောက်တစ်ရာတွင် ပါဝင်ခွင့် မရသူများကို ကြွားဝါပြောဆိုလေ့ ရှိကြသည်။ အလွန်ကို မနာလို အားကျလွန်း ရသဖြင့် ထိုတပည့်များမှာ သေသွားသည်ကပင် ပိုကောင်းမည်ဟုပင် ခံစားလာ ကြရသည်။

သူတို့သာ အစောပိုင်းတွင် ဇူယွမ်ကို ယုံကြည်ခဲ့ပါက သူတို့အားလုံး သည်လို ဖြစ်ရပ်မျိုးနှင့် ကြုံတွေ့ရမည် မဟုတ်ဘဲ နေရာ တစ်နေရာပင် ရပေလိမ့်မည်။

သည်နှုန်းအတိုင်း ဆိုလျှင် ဇူယွမ်၏ ညွှန်ကြားပေးမှုကို ခံရသော တပည့်များမှာ တစ်လအတွင်း သိမ်မွေ့ နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို ပထအဆင့်သို့ ရောက်မည်မှာ အလွန် သေချာနေပြီ ဖြစ်သည်။ ထိုအချိန်သို့ ရောက်လျှင် သူတို့အကြား ကွာခြားချက်မှာ ရှင်းလင်း သွားပေတော့မည်။

သည်တပည့်များ အားလုံး မကြာမီပင် အခြား သူများထက် သာလွန် သွားတော့မည် ဖြစ်သည်။

ထို့သို့သော အတွေးများက သိမ်မွေ့ နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို လေ့ကျင့် နေကြသည့် တပည့်များကို အလွန်စိုးရိမ် ထိတ်လန့် စေပေသည်။ ထိုပြင် ကျူးယွဲ့၏ နေရာတွင် ရှိနေသူများမှာလည်း သင်တန်းကြေး ပိုမို ပေးချေ ရသော်လည်း သူတို့၏ တိုးတက်မှုနှုန်းမှာ နှေးကွေး လှပေသည်။ ထိုကြောင့် အချို့သော တပည့်များမှာ ကျူးယွဲ့၏ အတန်းမှ နုတ်ထွက် သွားကြပြီး ဇူယွမ် နောက်တစ်ကြိမ် သင်တန်းသား ပြန်ခေါ်မည့် အချိန်ကို စောင့်ရင်း မူလ ကျောက်စိမ်းများကို ချွေတာ လိုက်ကြသည်။

နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို လေ့ကျင့်သည့် တပည့်များမှာ အပြင်ဘက် တောင်တွင် အယောက်တစ်ရာကျော် ရှိသော်လည်းပဲ ကျူးယွဲ့၏ နေရာမှ တပည့်များမှာ ဖြည်းဖြည်းချင်း နည်းပါး လာခဲ့သည်။ နောက်ဆုံးတွင် ကျန်ရစ်သည့် တပည့်ဒါဇင် အနည်းငယ်မှာလည်း ထွက်ခွာသွားပြီး တကယ့်ကို သနားဖွယ် ကောင်းလွန်းပေသည်။

ထို့ကြောင့် တောင်အနောက်ဘက်ရှိ သင်ခန်းစာ ပို့ချသော ခန်းမများမှာ သက်ဝင်လှုပ်ရှား နေကြသော်လည်းပဲ ကျူးယွဲ့၏ နေရာ တစ်ခုတည်းသာ တော်တော်လေး အထီးကျန် နေပေသည်။

အခြားသော အတွင်းတောင်မှ သင်ကြားပို့ချသူ များမှာလည်း ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားပြီး ဇူယွမ်၏ နာမည်ကို သူတို့၏ နှလုံးသားမှ နေ၍ မှတ်သား ထားလိုက်ကြသည်။ ဇူယွမ်နှင့် ကျူးယွဲ့တို့ ယခင်က ရင်ဆိုင် ကြချိန်တွင် အပြင်ဘက်တောင် တပည့် တစ်ယောက်က မည်သည်မှ စွမ်းဆောင်နိုင်မည် မဟုတ်ဟု ထင်မိသောကြောင့် ကျူးယွဲ့က သူတို့အား အကူအညီ တောင်းသောအခါ ကူညီပေးလိုက် ကြမိပေသည်။

သို့သော်လည်း ယခုချိန်တွင် သူတို့၏ ဆုံးဖြတ်ချက်က အတော့်ကို မှားမှန်း သိလိုက်ရပြီ ဖြစ်သည်။

ဇူယွမ်က မည်သူ၏ အကူအညီမှ မလိုခဲ့ပေ။ သူနှင့် အရင် တိုက်ခိုက်ခဲ့သည် ကျူးယွဲ့မှာ ကျရှုံးသွားပြီ မဟုတ်လား။

အတွင်းတောင်ရှိ တပည့်တိုင်းသည် မူလကျင့်စဉ် သင်ကြားပေးသော အလုပ်သည် ကောင်းမွန်သော အလုပ်ဖြစ်မှန်း သိကြပေသည်။ များစွာသော အတွင်းတောင် တပည့်များသည် ထိုအလုပ်ကို ရရှိရန် အတွက် အကြီးအကျယ် ယှဉ်ပြိုင်ခဲ့ကြ ရသည်။ ကျူးယွဲ့သည်လည်း များစွာ ပေးဆပ်ပြီးမှ သည်အလုပ်ကို ရရှိခဲ့ပေမဲ့ သည်လို အဆုံးသတ် သွားလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ခဲ့ကြပေ။

“ဇူယွမ်ကို ရန်သွား မစသင့်ဘူး ...”ကျူးယွဲ့၏ အထီးကျန်ပြီး လူသူကင်းမဲ့ နေသည့် သင်ခန်းစာ ပို့ချသည့် အခန်းကို ကြည့်ကာ အခြားသော အတွင်းတောင် တပည့်များက စိတ်အတွင်းမှ မှတ်ချက် ချလိုက်ကြသည်။

ပြီးလျှင် အကြောင်း တိုက်ဆိုင်ပါက စာသင်ခန်း အတွင်းတွင် စာသင်ရင်းနှင့် ဇူယွမ်အား ချီးမွမ်းလေ့ ရှိကြကာ ထိုအကြောင်းများကို ဇူယွမ်၏ နားအတွင်းသို့ ရောက်ရန် မျှော်လင့် ကြပေသည်။ ယခင်က သူတို့ စာသင်ခန်းများကို ဇူယွမ်အား တားမြစ်ထားသည် များကိုလည်း ပယ်ဖျက် လိုက်ကြသည်။

ကျူးယွဲ့၏ ကံကြမ္မာက သူတို့ကို တုန်လှုပ် စေပေသည်။ ဇူယွမ်က အခြား ကျင့်စဉ်များကို သင်ကြား ပေးခြင်းတွင်လည်း ကျွမ်းကျင်နေမလား ဆိုသည်ကို မည်သူမှ မသိကြပေ။

သူတို့ အားလုံး ဇူယွမ်ကို တွန်းအား ပေးမိပြီး သူတို့၏ ကျင့်စဉ်များကိုလည်း ဇူယွမ်က စတင် သင်ကြားပေး လိုက်ပါက သူတို့၏ အဖြစ်က ကျူးယွဲ့နှင့် တူသွားပေ လိမ့်မည်။

ကျူးယွဲ့၏ သင်ခန်းစား ပို့ချသည့် အခန်းအတွင်း၌

ကျူးယွဲ့၏ မျက်နှာက ဖြူရော်နေပြီး သူတစ်ယောက်တည်း အထီးကျန်စွာ ရှိနေသည့် သင်ခန်းစာ ပို့ချသည့် အခန်းကို ကြည့်နေသည်။ ယခင် အချိန်ကမှ ဒါဇင်ထက် အနည်းငယ် ပိုသော သူများရှိခဲ့ပေမဲ့ ယခုတွင် သူတို့လဲ ကြိုးစားပြီး သင်ယူလိုစိတ် မရှိတော့ဟန် တူသည်။ သည်အချိန်တွင် သူတို့၏ စိတ်ထဲ၌ ရှိနေသည်များကို မည်သူက သိနိုင်ပါမည်နည်း ...

ကျူးဖန်က ကျုးယွဲ့ကို ကြည့်လိုက်ပြီး စိုးရိမ်စွာ ပြောသည်။

“အစ်ကိုကြီး ကျွန်တော်တို့ ဒီလိုဆက်နေလို့ မရတော့ဘူး။ မဟုတ်ရင် ဒီကို တစ်ယောက်မှ လာတော့မှာ မဟုတ်ဘူး”

ကျူးယွဲ့ သင်ခန်းစာ ပို့ချစဉ်က များပြားလှသော ဝင်ငွေများရရှိခဲ့ပြီး သူ၏ ညီငယ်လေးက သူ့အတွက် စာရင်းများ စနစ်တကျ ဖြစ်စေရန် ပြုလုပ် ပေးခဲ့သည်။ သည်လိုနှင့် ကျူးဖန်က အပြင်ဘက် တောင်တွင် အလွန် သက်သောင့်သက်သာ နေရသော ဘဝကို ရရှိခဲ့သည်။ များစွာသော တပည့်များကလည်း မကြာခဏ သူ၏ အနားတွင် စုဝေးနေတတ်ပြီး မြှောက်ပင့် ပြောဆိုလေ့ ရှိကြသည်။

ယခုချိန်တွင် ဇူယွမ်က သူ့ကို ကျော်လွန် သွားပြီးနောက် သူ၏ မူလကျောက်စိမ်း ဝင်ငွေမှာလည်း ကြီးစွာ ထိခိုက်ခဲ့ရပြီး ကျူးဖန်၏ အခြေအနေမှာ အတော်လေး ပျက်ယွင်းနေပြီ ဖြစ်သည်။

ကျူးယွမ်က အမူအရာ ကင်းမဲ့စွာ ရှိနေသော်လည်းပဲ သူ့မျက်လုံးထဲ၏ အနက်ရှိုင်းဆုံးသော နေရာတွင် မီးတောက်များ တောင်လောက်လျက် ရှိသည်။ သူက စမ်းချောင်း နံဘေးရှိ မြင်ကွင်းကို အားစိုက်ပြီး လှမ်းကြည့်လိုက်သည်။

လူသူ ကင်းမဲ့သော သည်နေရာနှင့် နှိုင်းယှဉ်ပါက နေ့နှင့်ည အလားပင်။

ကျူးယွဲ့က ကျူးဖန်ကို စိုက်ကြည့်လိုက်ပြီး ခံစားချက်မဲ့စွာ ပြောသည်။

“အပြင်ဘက်တောင် တပည့်လောက်လေးက ငါ့ကို ကျော်ဖို့ စဉ်းစားနေတယ်။ ကြည့်ရတာ သူ့ရဲ့ အစ်ကိုတော်တွေကို ဘယ်လို လေးစားရမယ် ဆိုတာ သင်ပေးဖို့ လိုနေပြီ”

သူ၏ စကားဆုံးသည်နှင့် သင်ခန်းစာ ပို့ချသောခန်းမ၏ ပြင်ပသို့ ထွက်လိုက်သည်။

ကျူးယွဲ့က တောင်အနောက်ဘက် အပိုင်းမှ ဆင်းလာခဲ့ပြီး နောက်ဆုံးတွင် အပြင်ဘက် တောင်တန်း၏ အမြင့်ဆုံးတောင်ရှိ တောင်ခါးပန်းတွင် တည်ရှိသော ခြံဝင်းတစ်ခု အတွင်းသို့ ရောက်လာခဲ့သည်။

ကျောက်တုံး စင်မြင့်ထက်တွင် ရှိနေသည့် ချန်းယွင်က ကျူးယွဲ့ကို မြင်သည်နှင့် ပြုံးကာ မေးလိုက်သည်။

“ကြည့်ရတာ မင်းဒီထပ်ကြာကြာ မစောင့်နိုင်တော့ဘူး ထင်တယ်”

ကျူးယွဲ့က လက်သီး နှစ်ဖက်ဆုပ်ကာ အရိုအသေ ပြုလိုက်ပြီး အရှေ့သို့ ဆက်လျှောက် လာခဲ့သည်။ သူက မည်သည့် စကားမှမဆိုပဲ အတော်အတန် ကြီးသော သေတ္တာ တစ်လုံးကို စားပွဲပေါ်သို့ တင်လိုက်သည်။ ထိုနောက် ဤဖုံးကို ဖွင့်လိုက်လျှင် သေတ္တာ နှုတ်ခမ်းနား အထိ ပြည့်နေသော မူလကျောက်စိမ်း အပိုင်းအစများ ပေါ်လာခဲ့သည်။

ကျူးယွဲ့က “ဆရာဦးလေးချန်း ဒီမူလကျောက်စိမ်း အပိုင်းအစ နှစ်ထောင်ကို ကြင်နာမှုနဲ့ လက်ခံမယ်လို့ မျှော်လင့်ပါတယ်”

ချန်းယွင်၏ လက်က အေးစက်နေသော မူလကျောက်စိမ်း အပိုင်းအစများထံ ရောက်ရှိသွားပြီး ပြုံးလိုက်ကာ “မင်းက ကိုယ်ဘာလုပ်သင့်လဲ ဆိုတာ တကယ် နားလည်တဲ့ သူတစ်ယောက်ပဲ”

သူက တစ်နေရာသို့ လှမ်းကြည့်လိုက်ပြီး “သည်ကလေး အသစ်တွေက ငယ်ရွယ်ပြီး စွမ်းအားပြည့်ဝ ကြပေမဲ့ အဓိက အရေးကြီးတဲ့ စည်းမျဉ်းတွေကို မသိကြဘူး။ သူတို့က မမျှော်လင့်ပဲ အကျိုးအမြတ် အချို့ ရခဲ့ရင်တောင်မှ သူတို့ကို ကမ်းခဲ့တဲ့ လူတွေကို အချို့သော လေးစားမှုတွေ လာပေးဖို့တောင် မသိကြဘူး”

လှောင်ပြောင်သော သရော်ပြုံး တစ်ခုက သူ့နှုတ်ခမ်း ထောင့်စွန်းတွင် ပေါ်လာခဲ့သည်။

ကျူးယွဲ့က ရယ်မောလိုက်ပြီး “သည်လူငယ်တွေက ကန်ရွှမ်းကလန်ကို ရောက်လာခဲ့ ပေမဲ့လို့ သူတို့ရဲ့ အဆင့်ကို ကောင်းကောင်း နားမလည်ကြဘူး။ သူတို့ရဲ့ စိတ်ထဲမှာ သူတို့ နေထိုင်ခဲ့တဲ့ တိုက်ကြီးတွေနဲ့ အတူတူပဲ ဆိုတာ ထင်နေကြတယ်။ အဲဒါကြောင့် ဘယ်လို သင့်တင့် လျောက်ပတ်စွာ နေထိုင် ရမှန်းလဲ မသိကြဘူး”

ချန်းယွင်က ခေါင်းညိတ်လိုက်ပြီး ပြုံးကာ “မင်း ဘယ်လိုလုပ်ဖို့ စိတ်ကူးထားလဲ။ ဒီကောင်လေးက စိတ်ကြီး ဝင်နေပေမဲ့ အမှန်တိုင်း ပြောရရင် သူက ကလန်ရဲ့ စည်းမျဉ်းတွေကို တစ်ခုမှ မချိုးဖောက်ထားဘူး”

ကျူးယွင်၏ အပြုံးမှာပိုမို ထင်ရှားလာပြီး “အပြင်ဘက်တောင် တပည့်က သင်ကြားပို့ချ ပေးတာက စည်းကမ်း တစ်ခုမှ မဖောက်ဖျက်ပေမဲ့ မူလကျင့်စဉ် တစ်ခုကို လူတစ်ယောက်ကပဲ သင်ကြား ပို့ချပေးရန် လိုအပ်သည် ဆိုတဲ့ စည်းကမ်း ရှိသေးတာ ကိုတော့ ဆရာဦလေးချန်း မမေ့သင့်ပါဘူး”

ချန်းယွင်၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားပြီး “သည်စည်းကမ်း ရှိတယ် ... ဒါပေမဲ့ သည်ကလေးက အပြင်ဘက်တောင် တပည့်ပဲ ရှိသေးတယ်။ မင်းက အင်အားသုံးပြီး သူ့ကို အနိုင်ကျင့်ဖို့ ရည်ရွယ် နေတာလား။ ဒါဆိုရင် လူတွေက အတွင်းတောင် တပည့် တစ်ယောက်က အပြင်ဘက် တပည့်ကို အနိုင်ကျင့်တယ်လို့ ပြောကြမှာပေါ့”

ကျူးယွဲ့က အသာအယာ ရယ်လိုက်ပြီး “ကျွန်တော် သည်နည်းလမ်းကို အသုံးပြုမှ သူ့ကို မြေကြီးထဲမှာ ကြာကြာ နင်းခြေထားလို့ ရမှာပေါ့”

သူက ချန်းယွင်ကို ကြည့်လိုက်ပြီး “သည်ကလေးက သူ့ကိုယ်သူ သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်မှာ ထူးချွန်တယ်လို့ ကြွားဝါနေတာ မလား။ ကျွန်တော်က တခြား နည်းလမ်းတွေ သုံးပြီး သူနဲ့ ယှဉ်ပြိုင်ဖို့ မလိုပါဘူး။ သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ပဲ ယှဉ်ပြိုင်မှာပါ။ ပိုကောင်းတဲ့ သူက ပိုကောင်းတဲ့ သင်ကြား ပို့ချသူပဲ”

“ဆရာဦးလေး ချန်းယွင်ကော ဘယ်လိုထင်လဲ”

ထိုစကားကို ကြားချိန်တွင် ချန်းယွင်က ရယ်မောလိုက်ပြီး “ဘာစွမ်းအားမှ မသုံးဘဲ သိမ်မွေ့ နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကိုပဲ ယှဉ်ပြိုင်မယ် ဟုတ်လား။ မင်းက တကယ်ကို စေ့စပ် သေချာတာပဲ”

ဇူယွမ်မှာ ပထမ အဆင့်သို့ ရောက်နေပြီဟု ပြောနေကြ သော်လည်းပဲ ကျူးယွဲ့က သည်ကျင့်စဉ်ကို လေ့ကျင် ခဲ့သည်မှာ နှစ်နှစ်ကျော်ပြီ ဖြစ်သည်။ ဇူယွမ်တွင် မည်မျှပင် ပါရမီ ရှိစေကာမှု တစ်လတည်းနှင့်တော့ ကျူးယွဲ့ကို မကျော်လွန်နိုင်ပေ။

ထပ်ပြီးတော့ ကျူးယွဲ့က မူလကျင့်စဉ်သာ ယှဉ်ပြိုင်ရန် ရွေးချယ်ခဲ့သည့် အတွက် မည်သည့် မူလချီမှ သုံးစွဲခွင့် ရှိမည်မဟုတ်ပေ။ သည်လိုဆိုလျှင် မည်သူမှ အနိုင်ကျင့်သည်ဟု မြင်မည်မဟုတ်ပေ။ ထိုသတင်းက လူအများကြား ပျံ့နှံ့ သွားလျှင်လည်း လက်သင့်ခံ နိုင်သော အတိုင်း အတာတွင် ရှိပေသည်။

“ကောင်းပြီ မင်းသဘော အတိုင်းပေါ့” ချန်းယွင်က ခေါင်းညိတ်လိုက်သည်။

ချန်းယွင်မှာလည်း ထိုကောင်လေးပေါ်တွင် အစကတည်းက အမြင်မကြည်ပေ။ ထိုပြင် ပို အရေးကြီးသည်မှာ သည်ကောင်လေးက ကမ္ဘာ လောကကြီး၏ အလုပ် လုပ်ပုံကို လျစ်လျူရှု ထားပြီး အကြီးများ အပေါ်တွင်လည်း လေးစားခြင်း မရှိပေ။

“မင်းတို့ နှစ်ယောက် ငါးရက်နေရင် သိမ်မွေ့ နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို ယှဉ်ပြိုင်ရမယ့် အကြောင်း ငါ သတင်း ထုတ်ပြန်လိုက်မယ်။ အနိုင်ရရှိသူက အပြင်ဘက် တောင်ရဲ့ တစ်ဦးတည်းသော သိမ်မွေ့ နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ရဲ့ သင်ကြားသူ ဖြစ်လာမယ်”

ထိုစကားကို ကြားချိန်တွင် ကျူးယွဲ့၏ မျက်လုံးတွင် ကျေနပ်မှုများ ယှက်သန်းသွားသည်။ သူ၏ခေါင်းကို တောင်ပေါ်ရှိ စမ်းချောင်း ရှိရာဘက်သို့ လှည့်ကာ အေးစက်စက် စိုက်ကြည့်လိုက်သည်။

ဇူယွမ် ဇူယွမ် မင်းက တိုက်ခိုက်ချင် နေမှတော့ မင်းသေဆုံးဖို့ အတွက် ဆော့ကစား ပေးရမှာပေါ့။

All Chapters