← Chapters

အစိမ်းရောင် တောင်ပေါ်က သိမ်မွေ့ နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ် ယှဉ်ပြိုင်ပွဲ

Vol. 18 Ch. 243

အစိမ်းရောင် တောင်ပေါ်က သိမ်မွေ့ နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ် ယှဉ်ပြိုင်ပွဲ

Vol. 18 Ch. 243

အပြင်ဘက်တောင်၏ တောင်တန်းများကြားတွင် ခမ်းနား ထည်ဝါပြီး စိမ်းလန်း စိုပြည်သော တောင်ကြီးတစ်လုံးက မားမားမတ်မတ် တည်ရှိနေသည်။

သည်နေ့တွင် အဆုံးမဲ့သော မူလချီ အလင်းတန်းများက ထိုစိမ်းလန်းသော တောင်ကြီး၏ တောင်ခြေဆီသို့ ဆင်းသက် လာကြပြီး ထိုနေရာ တစ်ခုလုံး တိတ်ဆိတ် နေရာမှ စတင် အသက်ဝင်ကာ ဆူညံနေသည်။

ဒီနေ့က ကျူးယွဲ့နှင့် ဇူယွမ်တို့၏ ယှဉ်ပြိုင်ပွဲကို သည်တောင်ကြီးတွင် ကျင်းပမည့် နေ့ဖြစ်သည်။

ထို့ကြောင့် သည်တောင်ကြီးမှာ အပြင်ဘက်တောင် တပည့်များ စုဝေးရာ အရပ်ဖြစ်နေသည်။

တကယ်တော့ နှစ်ပေါင်းများစွာ အတွင်း အပြင်ဘက်တောင် တပည့်နှင့် အတွင်းတောင် တပည့်တို့ကြား ယှဉ်ပြိုင်ပွဲ မရှိခဲ့ဘူးပေ ... ထို့ကြောင့် သည်မူလ ကျင့်စဉ်ပေါ် အခြေခံသည့် ပြိုင်ပွဲမှာ လူတိုင်း၏ အာရုံကို ဆွဲဆောင်လျက် ရှိသည်။

တစ်ဒါဇင်ထက် အနည်းငယ် ပိုများသော လူတစ်စုသည် ကောင်းကင်မှ ဆင်းသက် လာခဲ့ပြီး အစိမ်းရောင် တောင်ကြီး၏ အပြင်ဘက်တွင် ရပ်တန့် လိုက်ကြသည်။ သူတို့ ရောက်လာသည်နှင့် လူတိုင်းက လေးစားမှု ပြည့်နေသော မျက်လုံးများဖြင့် တစ်ယာက်ပြီး တစ်ယောက် ကြည့်လိုက်ကြသည်။ အဘယ်ကြောင့် ဆိုသော် ထိုအုပ်စုကို ဦးဆောင် လာသူမှာ ပုံမှန်အတိုင်း ဝတ်စုံအဖြူကို ဝတ်ဆင်ထားသည့် လုဖန်း ဖြစ်သောကြောင့် ဖြစ်သည်။

အပြင်ဘက် တောင်တွင် လုဖန်းကို မသိသူ မရှိကြပေ။ လူတိုင်း၏ အသိထဲတွင် လူဖန်းက အပြင်ဘက် တောင်၏ တပည့်များ ကြားထဲတွင် အသန်မာဆုံးနှင့် စွမ်းအား အကြီးဆုံး ဖြစ်သည်။ လူတိုင်းက အနာဂတ်တွင် ကန်ရွှမ်းကလန်၏ မြင့်မားသော နေရာသို့ လုဖန်း ရောက်ရှိ လိမ့်မည်ဟု မျှော်လင့် ထားကြပေသည်။

လုဖန်း၏ နဘေးတွင် အပြာရောင် ဝတ်စုံကို ဝတ်ဆင်ကာ ရှိနေသော သူတစ်ယောက် ကလည်း လူတိုင်း၏ အာရုံကို ဆွဲဆောင်လျက် ရှိသည်။ ယန်ရှိုး၏ သန်မာမှုနှင့် ပါရမီမှာလည်း ကြီးမြတ်သော အပြင်ဘက်တောင် တပည့် ဆယ်ယောက်တွင် တတိယမြောက် ဖြစ်ရန် လုံလောက်ကြောင်း ဖော်ပြနေသည် မဟုတ်ပါလား။

သည်အုပ်စုတွင် ရှိနေကြသူများမှာ အပြင်ဘက်တောင် တပည့်များတွင် အထွတ်အထိပ် အဆင့်ရှိသူများ ဖြစ်သည်။ ထိုကြောင့် အခြားသော အပြင်ဘက်တောင် တပည့်များသည် မလေးစားပဲ မနေနိုင်ကြပေ။

သူတို့၏ အကြည့်များကို လုဖန်း၏ အမူအရာမှာ စိတ်မဝင်စားဟန်ဖြင့် သူ၏ အကြည့်က ပတ်ဝန်းကျင် တစ်ခုလုံးကို ကြည့်ရူလိုက်ပြီး တစ်နေရာ အရောက်တွင် ရပ်တန့် သွားခဲ့သည်။

ထိုနေရာက ဂူဟွမ်ဂျီနှင့် ဟန်ချိုဆွေတို့ ပခုံးချင်း ယှဉ်ကာ ရပ်နေသော နေရာဖြစ်သည်။ မိန်းမပျိုလေး နှစ်ယောက်လုံး၏ ကျစ်လျစ်သွယ်လှသော ခန္ဓာကိုယ်နှင့် ဆွဲဆောင်မှုရှိသော အလှများက လူတိုင်း၏ ဝိညာဉ်ကိုပင် လှုပ်ရှားစေပြီး များစွာသော အကြည့်များကို သိမ်းပိုက်ထားသည်။

ဟန်ချိုဆွေ့က ဂူဟွမ်ဂျီ၏ သေးကျဉ်သော ခါးလေးကို တို့လိုက်ပြီး “ဟေ့ လုဖန်းက ငါတို့ကို ကြည့်နေတယ်”

ဂူဟွမ်ဂျီက သူမကို စိုက်ကြည့် လိုက်ပြီးနောက် လုဖန်းကို အေးစက်စက် လှမ်းကြည့်လိုက်သည်။ သူမ ကြည့်လာသည်ကို မြင်ချိန်တွင် အေးစက်ပြီး မာနဝင့်ကြွား ခန့်ညားသော မျက်နှာပေါ်တွင် နူးညံ့သော အပြုံးလေး တစ်ခု ပေါ်လာခဲ့သည်။

ဂူဟွမ်ဂျီက သူမ၏ အကြည့်ကို ပြန်ရုပ်သိမ်း လိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ အခြားသော အရပ်တစ်ခု ဆီသို့ လှမ်းကြည့်လိုက်သည်။

အချိန်မှာ ဆက်လက် စီးဆင်းသွားပြီး တပည့်များလည်း ပိုမို ရောက်ရှိလာကာ နေရာတစ်ခုလုံး အသက်ဝင်လျက် ရှိသည်။

ဝှစ် ...

ရုတ်တရက် အလင်းတန်း နှစ်ခုက ကောင်းကင်မှ ဆင်းသက်လာပြီး တောင်ခြေတွင် ရပ်တန့်လိုက်သည်။ သူတို့နှစ်ယောက် ပေါ်လာသည်နှင့် များစွာသော အကြည့်များက သူတို့ အပေါ်သို့ ရောက်ရှိ လာခဲ့သည်။ အဘယ်ကြောင့် ဆိုသော် သူတို့ရှေ့တွင် ရောက်ရှိ လာသူမှာ ဒီနေ့၏ အဓိကဇာတ်ကောင် တစ်ဦး ဖြစ်သည့် ကျူးယွဲ့ပင် မဟုတ်လား။

ကျူးယွဲက လက်နောက်ပစ်လျက် ရပ်နေပြီး သူ၏ အမူအရာမှာ တည်ငြိမ်နေသည်။

ကျူးယွဲ့ရောက်ပြီး မကြာမီပင် လေတိုးသံများ ကြားလိုက်ရသည်။ လူအုပ်ကြီး၏ အကြည့်အောက်တွင် ဇူယွမ်နှင့် ယောင်ယောင်တို့ ပျံသန်းလာခဲ့ပြီး တောင်ခြေတွင် ရပ်တန့် လိုက်ကြသည်။

ယခု အဓိက ဇာတ်ဆောင် နှစ်ယောက် ရောက်ရှိလာ သဖြင့် ပတ်ဝန်းကျင်ရှိ လေထုမှာ ပိုမို ပူလောင်လာသည်။

ကောင်းကင်ပေါ်ရှိ မူလတိမ်တိုက် တစ်ခုပေါ်တွင် ချန်းယွင်က ထိုင်လျက်ရှိသည့် သူက ဇူယွမ်နှင့် ကျူးယွဲ့တို့ကို လှမ်းကြည့်လိုက်ပြီး “မင်းတို့ နှစ်ယောက်လုံး သည်ပြိုင်ပွဲမှာ ရှုံးနိမ့်တဲ့ သူက သိမ်မွေ့ နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို တပည့်တွေအပေါ် သင်ကြားခွင့် ဆုံးရှုံးမှာ သိပြီးသား မလား”

ထိုနောက် သူက နားလည်ရ ခက်သော အကြည့်ဖြင့် ကျူးယွဲ့ကို လှမ်းကြည့်လိုက်ပြီး

“မင်းတို့မှာ ကန့်ကွက်စရာ ရှိသေးလား”

ကျူးယွဲ့က ဇူယွမ်ကို အေးစက်စက် လှမ်းကြည့်လိုက်ပြီး “ကန့်ကွက်စရာ မရှိပါဘူး”

ဇူယွမ်က သူစိတ်အတွင်းမှ သရော်လိုက်သည်။ သူတို့ နှစ်ယောက်က သူ့အား မည်သည့်သတင်းမှ မပေး မည်သည့် ထင်မြင်ချက်မှ မမေးဘဲ နှစ်ယောက်သား လျှို့ဝှက်စွာ ယှဉ်ပြိုင်ပွဲ လုပ်ပြီးချိန်မှ သည်လို မေးခွန်းမျိုး မေးသည်မှာ တကယ်ကို ဟာသတစ်ပုဒ် ဖြစ်သည်။

ထိုကြောင့် သူက ချန်းယွင်ကို တစ်ချက် လှမ်းကြည့်ပြီး မေးခွန်းကို လျစ်လျူရှု ထားသည်။

ထိုအရာကို မြင်တော့ ချန်းယွင်က အသာအယာ ရယ်မောလိုက်ပြီး စိတ်ထဲမှ မှတ်ချက် ချလိုက်သည်။

“မောက်မာလိုက်တဲ့ ကလေး။ ခဏနေကျမှ မင်းငိုတာ ငါစောင့်ကြည့်ဦးမယ်”

ထိုနောက် သူက ထပ်ပြောသည်။

“ငါဒီပြိုင်ပွဲကို ကြီးကြပ်ပေးမယ်”

“သည်ပြိုင်ပွဲကို ငါကြီးကြပ်ပေးတာ ပိုကောင်းမယ်လို့ ငါယုံကြည်တယ်” သူအသံ ထွက်ပေါ်ပြီးနောက် ရင့်ရော်နေသော အသံတစ်ခုက ကြားဖြတ်ပြီး ထွက်ပေါ်လာသည်။

ချန်းယွင်က မျက်မှောင်ကြုတ် လိုက်ပြီး ချက်ချင်းပင် ခက်ထန်သော အကြည့်ဖြင့် အသံထွက်ပေါ် လာရာ နေရာသို့ လှမ်းကြည့်လိုက်ပြီး “ဘယ်သူ ပြောရဲ ...”

သူစကားသံ မဆုံးခင်မှာပဲ သစ်ပင် တစ်ပင်ပေါ်တွင် မီးခိုးရောင် ဝတ်စုံကို ဝတ်ဆင်ကာ ခပ်တည်တည်နှင့် ထိုင်နေသော အကြီးအကဲ တစ်ယောက်ကို လှမ်းမြင်လိုက် ရသဖြင့် သူ့ပါးစပ်မှ ထွက်ပေါ်လာသော စကားလုံးများပင် အေးခဲ သွားရသည်။

“အကြီးအကဲ ကျုံးမင် ...” ချန်းယွင်၏ မျက်နှာတွင် အပြုံးတစ်ပွင့် ပေါ်လာပြီးနောက် လက်နှစ်ဖက်ကို လျင်မြန်စွာ ယှက်ကာ အရိုအသေ ပြုလိုက်ပြီး “အကြီးအကဲ ကျွန်တော့်ကို သတင်းပေး မပေးတာလဲ ခင်ဗျာ မဟုတ်ရင် ကျွန်တော် လာပြီး ကြိုမှာပေါ့”

ဆူညံသံများ ထွက်ပေါ် လာခဲ့သည်။

တောတောင် တစ်ခွင်လုံး ဆူညံသံများ ထွက်ပေါ် နေပေသည်။ အပြင်ဘက်တောင်၏ တပည့်များက မီးခိုးရောင် ဝတ်စုံနှင့် အကြီးအကဲကို အံ့အားသင့် နေဟန်များဖြင့် ကြည့်နေကြသည်။ သူတို့ ယခုမြင်နေ ရသည်မှာ အပြင်ဘက်တောင်တွင် ချန်းယွင်ထက် ပိုမို သာလွန်သော ပုဂ္ဂိုလ်ဖြစ်သည်။

အပြင်ဘက် တောင်တွင် အကြီးအကဲ နှစ်ယောက်ရှိမှန်း သူတို့အားလုံး ကြားဖူးပေသည်။ သို့သော်လည်း သူတို့ အဆင့်အတန်းဖြင့် ထိုသူများကို မြင်တွေ့နိုင်ဖို့ အရည်အချင်း မပြည့်မီပေ။ ယခု သူတို့ နှစ်ယောက်တည်းက တစ်ယောက်က သူ၏ သဘော ဆန္ဒအလျောက် ပေါ်လာရုံမက တပည့် နှစ်ယောက်ကြားက ယှဉ်ပြိုင်ပွဲကိုပင် ကြီးကြပ် ပေးဦးမည်။

မီးခိုးရောင် ဝတ်စုံနှင့် အကြီးအကဲက ချန်းယွင်ကို လှမ်းကြည့်လိုက်ပြီး တည်ငြိမ်သော အသံဖြင့် ပြောသည်။

“ငါသာ မပေါ်လာခဲ့ရင် မင်းက မင်းရဲ့အထက်မှာ ငါတို့ ရှိနေသေးတယ် ဆိုတာတောင် မေ့နေပြီ ထင်တယ်”

အေးစက်နေသော ချွေးများ ချန်းယွင်၏ ခေါင်းပေါ်မှ ကျဆင်းလာသည်။ သူ၏ နှုတ်ခမ်းများက လှုပ်သွားသော်လည်း မည်သည်မှ မပြောရဲပေ။

အကြီးအကဲ ကျုံးမင်က တပည့်များ ရှေ့တွင် ထပ်ပြီး အသေးစိတ် မပြောချင်သောကြောင့် “ငါ ဒီပြိုင်ပွဲကို ကြီးကြပ်ပေးမယ် မင်းမှာ စောဒက တက်စရာရှိလား”

ချန်းယွင်က အလျင်အမြန် ပြောလိုက်သည်။

“ကျွန်တော် မရဲပါဘူး။ အကြီးကဲသာ ကြီးကြပ်မယ် ဆိုရင် ပိုပြီး တရားမျှတတဲ့ ရွေးချယ်မှု ဖြစ်မှာပါ”

သူ၏ အကြည့်က အောက်တွင် ရှိနေသော ကျူးယွဲ့ထံသို့ ရောက်ရှိသွားသည်။ ထိုကောင်လေးက အစောပိုင်းက အဖြစ်အပျက်ကြောင့် အံ့အားသင့်နေဟန် ရသော်လည်း ယခုချိန်တွင် အရင်ပုံစံ အတိုင်း အေးဆေးစွာ တည်ရှိနေသည်။

“ဒီကလေးရဲ့ ကံကတော်တော် ကောင်းတာပဲ။ အကြီးအကဲ ကျုံးမင်တောင် ကြီးကြပ်ဖို့ ထွက်လာရတယ် ...”

ကျူးယွဲ့၏ အကြည့်များမှာ အေးစက်နေသည်။ သူနှင့် ချန်းယွင်တို့ အစောပိုင်း စီစဉ် ထားသည်မှာ ချန်းယွင်က ပြိုင်ပွဲကို ကြီးကြပ်ပြီးနောက် ဇူယွမ်အား လျှို့ဝှက်စွာ ခက်ခဲအောင် လုပ်ပြီး မည်သည့် အခွင့်အရေးမှ မရှိစေရန် ဖြစ်သည်။

သို့သော်လည်း ယခုတွင် ထိုနည်းလမ်းကို အသုံး မပြုနိုင်တော့ပေ။

သို့သော်လည်း ကျူးယွဲ့မှာ အမှန်ပင် ဂရုမစိုက်ပေ။ သည်နည်းလမ်းမှာ သူကြံစည် ထားသော နည်းလမ်းများ ထဲမှ တစ်ခု မဟုတ်ပါလား။

ဇူယွမ်က သူ၏ လက်နှစ်ဖက်ကို ယှက်လိုက်ပြီး မေးလိုက်သည်။

“အကြီးအကဲ ကျုံးမင် သည်ယှဉ်ပြိုင်ပွဲမှာ ကျွန်တော်တို့ ဘယ်လို ယှဉ်ပြိုင်ရမလဲ”

အခြားသော တပည့်များလည်း လှမ်းကြည့် လာကြသည်။ သူတို့လည်းပဲ ပြိုင်ပွဲကို မည်သို့ ယှဉ်ပြိုင်ကြမလဲ ဆိုသည်ကို သိလိုပေသည်။ ထို့ပြင် သိမ်မွေ့ နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်မှာ အခြားသော ကျင့်စဉ်များ ကဲ့သို့ စွမ်းအား အသုံးပြုကာ တိုက်ခိုက်ရသော ကျင့်စဉ်မျိုး မဟုတ်ပေ။

ကျုံးမင်က ရယ်မောလိုက်ပြီး “သိမ်မွေ့ နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ရဲ့ အနှစ်သာရက လိမ်လည်လို့ မရတာ နှစ်ခုရှိတယ်။ အမြန်နှုန်းနဲ့ စွမ်းအားတွေရဲ့ သက်ရောက်မှု အာနိသင်ကို ပျက်ပြယ်အောင် လျှော့ချပေးခြင်းပဲ”

ဇူယွမ်က အသာအယာ ခေါင်းညိတ်လိုက်သည်။ ကျင့်စဉ်က ခန္ဓာကိုယ် တစ်ခုကို ဒြပ်မဲ့ အခြေအနေသို့ ရောက်ရှိ သွားစေပြီး အမြန်နှုန်းကိုလည်း တိုးမြင့်စေသဖြင့် သာမန်လူများ အနေဖြင့် မယှဉ်နိုင်ခြင်း ဖြစ်သည်။ သိမ်မွေ့ နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်က ခန္ဓာကိုယ် အပေါ်သို့ တိုက်ခိုက်လာသော မည်သည့် စွမ်းအားမျိုးမဆို ပျက်ပြယ်စေသည်။ ထိုနှစ်ချက်မှာ ကျင့်စဉ်၏ အဆီအနှစ်များ ဖြစ်သည်။

“ဒါကြောင့် မင်းတို့နှစ်ယောက် သိမ်မွေ့ နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ရဲ့ အခြခံဖြစ်တဲ့ အမြန်နှုန်းနဲ့ စွမ်းအား သက်ရောက်မှုရဲ့ အာနိသင် ပျက်ပြယ်ခြင်းကို ယှဉ်ပြိုင်ရမယ်”

ကျုံးမင်က ကြီးမားလှသော အစိမ်းရောင် တောင်ကြီးကို ကြည့်လိုက်ပြီး အသက်ပြင်းပြင်း တစ်ချက်ရှူကာ ရုတ်ခနဲ လေမှုတ်ထုတ် လိုက်သည်။

ဖူး ...

မူလချီများက နို့နှစ်ရောင် လမ်းကြောင်း အသွင်ဖြင့် ပေါ်ထွက်လာသည်။ ထိုအရာက လေထုထဲကို ဖြတ်သန်းသွားပြီး အစိမ်းရောင် တောင်ကြီး တစ်ခုလုံးကို ဖုံးအုပ်သွားခဲ့သည်။ အဆုံးသတ် မဲ့သော မူလချီများက တောင်ပေါ်တွင် အင်္သချေ နက္ခတ်တာရာ လေပြင်းများ အဖြစ် ဒေါသတကြီး တိုက်ခတ် နေပေသည်။

ထိုအရာက မသဲကွဲ သော်လည်း ထိုနေရာမှာ မဖော်ပြနိုင်သော ဖိအားများ ထွက်ပေါ်နေသည်။

လူတိုင်းက ထိုမြင်ကွင်းကို ထိတ်လန့်စွာ ကြည့်နေကြသည်။ အကြီးအကဲ အသက်တစ်ချက် ရှူထုတ်လိုက်သော မူလချီများက ကမ္ဘာကိုပင် တုန်လှုပ်စေသည်။ သည်ကဲ့သို့ စွမ်းအားက အနန္တတည်ရှိမှု ဖြစ်သည်။

“တောင်တစ်ခုလုံးက ငါ့ရဲ မူလချီတွေနဲ့ လွှမ်းခြုံပြီး သွားပြီ။ မင်းတို့ ဝင်ရောက် သွားတာနဲ့ မင်းတို့နှစ်ယောက်လုံး ငါ့ရဲ့ မူလချီ ဖိအားကို မြင်တွေ့ရပြီး မင်းတို့ ကျောပေါ်မှာ တောင်တစ်လုံးကို ထမ်းပိုး ထားရသလို ခံစားနေ ရလိမ့်မယ်။ အဲဒါအပြင် ငါ့ရဲ့ မူလချီကနေ ဖြစ်ပေါ်နေတဲ့ အင်္သေချေသော နက္ခတ်တာရာ လေပြင်းတွေကလည်း မင်းတို့ကို တိုက်ခိုက် လာလိမ့်မယ်။ မင်းတို့ ဒါကို ရှောင်တိမ်းနိုင်မှာ မဟုတ်ဘူး မင်းတို့ရဲ့ ခန္ဓာကိုယ်နဲ့ပဲ တိုက်ခိုက်မှုတွေကို ခံယူရမယ်။ အဲဒါက မင်းတို့ရဲ့ ဒြပ်မဲ့မှုက စွမ်းအားတွေကို ဘယ်လောက် ပျက်ပြယ်စေနိုင်လဲ စစ်ဆေးတာ” ကျုံးမင်က ပြုံးလျက်ပြောသည်။

ထိုစကားက များစွာသော တပည့်များထံမှာ အံ့အားသင့်စွာ အော်သံများကို ထွက်ပေါ် လာစေသည်။ တောင်ထိပ်ဆီသို့ ရောက်ဖို့ဆိုလျှင် သူတို့၏ အမြန်နှုန်းကို မှီခိုအားထား ရရုံမက အသင်္ချေသော နက္ခတ်တာရာ လေပြင်းများ၏ အစွမ်းကိုလည်း ပျက်ပြယ်အောင် စွမ်းဆောင် ရဦးပေမည်။ ထိုအရာက သိမ်မွေ့ နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်နှင့် အလွန် ကိုက်ညီသော စမ်းသပ်မှု ဖြစ်သည်။

“ဘယ်လိုလဲ။ မင်းတို့ နှစ်ယောက်လုံး ဒါနဲ့ပတ်သက်ပြီး တရားမျှတတယ် ထင်လား” ကျုံးမင်က ဇူယွမ်နှင့် ကျူးယွဲ့ကို လှမ်းကြည့်လိုက်သည်။

နှစ်ယောက်လုံး၏ မျက်နှာပေါ်တွင် လေးနက် နေပြီးနောက် သူတို့ ခေါင်းညိတ် လိုက်ကြသည်။

“မင်းတို့နှစ်ယောက်လုံး ကန့်ကွက်စရာ မရှိဘူးဆိုရင် ...’

ကျုံးမင်က သူ၏ လက်မောင်းအိုးကို ဝှေ့ယမ်း လိုက်ပြီးနောက် တောင်ခြေမှ ဝင်ပေါက် နှစ်ပေါက်ကို ဖွင့်လှစ်ကာ မိုးချုန်းသံကဲ့သို့ ကျယ်လောင်သော အသံနှင့် ပြောလိုက်သည်။

“ပြိုင်ပွဲစပြီ”

“မင်းတို့ နှစ်ယောက်ထဲက နူးညံ့ သိမ်မွေ့သော အသွင်သဏ္ဌာန်ကို ဘယ်သူပိုပြီး ကျွမ်းကျင်လဲ ကြည့်ရအောင်”

All Chapters