← Chapters

လျှပ်စီးကဲ့သို့ အမြန်နှုန်း

Vol. 18 Ch. 244

လျှပ်စီးကဲ့သို့ အမြန်နှုန်း

Vol. 18 Ch. 244

မူလချီ နက္ခတ်တာရာ လေပြင်းများက ဒေါသတကြီးနှင့် စိမ်းလန်း စိုပြည်သော အစိမ်းရောင် တောင်ကြီးပေါ်တွင် တိုက်ခိုက်နေကြသည်။ ထိုတိုက်ခိုက်နေသော မူလချီ နက္ခတ်တာရာ လေပြင်းများက လေထုကိုပင် ဓားသွားအလား အပိုင်းအစ ဖြစ်သည်။

အားလုံး၏ အကြည့်များ အောက်တွင် ဇူယွမ်နှင့် ကျူးယွဲ့တို့က တောင်ခြေတွင် ရပ်လိုက်ကြပြီး သူတို့ နှစ်ယောက်လုံးက တစ်ယောက်နှင့် တစ်ယောက် အေးစက်စက် ကြည့်လိုက်ကြသည်။

“ဇူယွမ် မင်းမှာ ပါရမီအချို့ ရှိတယ်ဆိုတာ ငါဝန်ခံပါတယ်။ နှစ်အနည်းငယ် ကြာရင် မင်းလည်း ကန်ရွှမ်းကလန်မှာ နေရာတစ်ခု ရလာမှာပဲ” ကျူးယွဲ့၏ မျက်လုံးများမှာ အေးစက် နေပြီးနောက် အေးစက်စက် ရယ်လိုက်ပြီး “ဒါပေမဲ့ မင်းက အချိန်မှား နေတာပဲ ...”

“ဒီအချိန်မှာ မင်းက အရည်အချင်း မရှိသေးဘူး”

ဇူယွမ်က ရယ်မောကာ ပြန်ပြေသည်။

“မင်းတောင်ထိပ်ကို ငါ့ထက် အရင်ရောက်မှပဲ ဒီစကားတွေကို ပြောစမ်းပါ”

“ခေါင်းမာတဲ့ အရူးတစ်ကောင်ပဲ”

လှောင်ပြောင် သရော်သော အကြည့်ဖြင့် ကျူးယွဲ့က ခေါင်းခါယမ်း လိုက်သည်။

ဝရုန်း ...

စက္ကန့်အချို့ ကြာပြီးနောက် ဇူယွမ်နှင့် ကျူးယွဲ့တို့၏ ခန္ဓာကိုယ်များမှာ တစ်ချိန်တည်း မူလချီများ ထွက်ပေါ်လာသည်။ သူတို့ နှစ်ဦးလုံးသည် အလင်းတန်း အသွင်ဖြင့် ပြောင်းလဲသွားကာ ရုန့်ရင်းသော မူလချီများ လွှမ်းခြုံနေသည့် အစိမ်းရောင် တောင်ကြီးဆီသို့ ဝင်ရောက်သွားသည်။

သူတို့နှစ်ယောက် ဝင်ရောက် သွားသည်နှင့် တစ်ပြိုင်နက် ဇူယွမ်နှင့် ကျူးယွဲ့ နှစ်ယောက်လုံး၏ ပုံရိပ်များက ရပ်တန့်သွားသည်။

အကြီးအကဲ ကျုံးမင်၏ မူလချီများက သူတို့အပေါ် လွှမ်းမိုး လာပြီးနောက် သူတို့ နှစ်ယောက်လုံး နွံအိုင်ထဲတွင် နစ်မြုပ်သွားသလို ခံစားလိုက် ရသည်။ သာမန် ရွေ့လျားမှု စွမ်းရည် ရှိသူများသာ ထိုထဲသို့ ဝင်ရောက် သွားပါက လှုပ်ရှားရန်ပင် အလွန် ခက်ခဲပေလိမ့်မည်။

“သိမ်မွေ့ နူးညံ့သော အသွင်သဏ္ဌာန် ...”

ဇူယွမ်နှင့် ကျူးယွဲ့တို့ အော်ဟစ် လိုက်ကြသည်။

အားလုံး၏ အကြည့်အောက်မှာ သူတို့နှစ်ယောက်၏ ပုံရိပ် တစ်ဝက် နီးပါးမျှ ဒြပ်မဲ့ အခြေအနေသို့ ဖြည်းဖြည်းချင်း ပြောင်းလဲသွားပြီး သူတို့၏ အမြန်နှုန်း များမှာလည်း တိုးတက် လာခဲ့သည်။

လျှပ်စီးကဲ့သို့ အမြန်နှုန်း ...

ပင့်သက် ရှိုက်သံများက အစိမ်းရောင် တောင်ကြီး၏ ပတ်ဝန်းကျင် တစ်ခုလုံးတွင် ထွက်ပေါ်လာသည်။ ဇူယွမ်နှင့် ကျူးယွဲ့တို့၏ အမြန်နှုန်းများမှာ အမှန်ပင် အံ့အားသင့်ဖွယ် ကောင်းပေသည်။

“နူးညံ့ သိမ်မွေ့သော အသွင်သဏ္ဌာန်က အလယ်အလတ် အဆင့် ကောင်းကင်ဘုံငယ် အဆင့်ကျင့်စဉ် ဆိုပေမဲ့ သူ့ရဲ့ အရည်အသွေးက သူ့ရဲ့ အဆင့်ထက် ပိုတယ်” ယန်ရှိုး၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားပြီး ပြုံးလျက်ပင် တောင်ပေါ်တွင် ရွေ့လျားနေသော ပုံရိပ်များကို ကြည့်နေသည်။

လုဖန်း၏ အမူအရာက မထူးမခြားနားပင် ရှိနေပြီး “သူတို့ ဘယ်လောက် မြန်မြန် ပြေးနိုင်ပါစေ သူတို့က ယုန်လေးတွေပါပဲ။ တကယ် သားရဲတွေရဲ့ အကြည့်ထဲမှာ သူတို့က သားကောင် သာသာပဲ”

“ဘယ်သူ နိုင်မယ်လို့ မင်းထင်လဲ” ယန်ရှိုးက မေးလိုက်သည်။

လုဖန်းက ဂရုမစိုက်သည့် ဟန်ဖြင့် ပြန်ဖြေသည်။

“အဲဒါကတော့ ကျူးယွဲ့က သူ့စွမ်းအားကို ဘယ်လောက် ဖုံးကွယ်ထားလဲ အပေါ်မှာ မူတည်တယ်”

သူတို့ နှစ်ယောက် စကားပြော နေစဉ်တွင် တောင်ပေါ်ရှိ ပုံရိပ်နှစ်ခုက သူတို့ဖြတ်သန်း သွားရာ လမ်းကြောင်းတွင် မြူခိုးများ ချန်ခဲ့ကာ တောင်ပေါ်သို့ ဆက်တက်လျက် ရှိသည်။ ထိုအချိန်တွင် တောင်တစ်ခုလုံးကို လွှမ်းခြုံထားသော မူလချီများက သူတို့၏ အစွယ်များကို ထုတ်ပြလာသည်။ မူလချီများက ဓားများ အသွင်ဖြင့် အရှေ့သို့ တစ်ဟုန်တိုး တိုးဝင်လာသည်။

ထိုဓားများမှာ ကောင်းကင်ကို ဖုံးအုပ်သွား မတတ် များပြားလွန်းပြီး ပုံရိပ် နှစ်ခုပေါ်သို့ သက်ဆင်းသည်။

ချပ် ... ချပ် ...

ဇူယွမ်နှင့် ကျူးယွဲ့တို့ နှစ်ယောက်လုံး ရှောင်တိမ်းနိုင်စွမ်း မရှိကြပေ။ ရွေးချယ်စရာ မရှိဘဲ တိုက်ခိုက်မှု အားလုံးကို သူတို့၏ ခန္ဓာကိုယ်ဖြင့်သာ ခံယူလိုက် ရသည်။

ထိုကြောင့် အသက်ရှိုက်စာ ဒါဇင်အနည်းငယ် အတွင်းမှာပင် သူတို့၏ ခန္ဓာကိုယ်မှ လတ်ဆတ်သော သွေးများ စတင် ထွက်လာပြီး ဓားရှရာများ တစ်ခုပြီး တစ်ခု ပေါ်ထွက်လာသည်။

သို့သော်ငြားလဲပဲ ဇူယွမ်နှင့် ကျူးယွဲ့တို့ သူတို့၏ ဒြပ်မဲ့ အခြေအနေသို့ ရောက်နေသော ခန္ဓာကိုယ် အစိတ်အပိုင်းများဖြင့် တိုက်ခိုက်မှုများကို ခံယူနေသည်ကို မမြင်နိုင်ကြပေ။ သူတို့ ခန္ဓာကိုယ်ပေါ်တွင် သနားဖွယ် ကောင်းစွာ သွေးများ ထွက်နေသော်လည်း အဓိက တိုက်ခိုက်မှု များကိုတော့ သိမ်မွေ့ နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်၏ စွမ်းအားဖြင့် ပယ်ဖျက် နေပေသည်။

အစမှ အဆုံးထိ သူတို့၏ ပုံရိပ်များမှာ သူမသာ ကိုယ်မသာ အခြေအနေတွင်သာ ရှိသေးသည်။

မိနစ်အချို့ ကြာပြီးနောက်တွင် သူတို့ နှစ်ယောက်လုံး လမ်းတစ်ဝက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ယခုချိန်ထိတော့ နှစ်ယောက်လုံးက တူညီနေကြ သေးသည်။

ကျူးယွဲ့က ဇူယွမ်ကို မျက်လုံး ထောင့်စွန်းမှ နေ၍ ကြည့်လိုက်သည်။ ထို့နောက် သူ့မျက်လုံးတွင် အေးစက်စက် အလင်းတန်း တစ်ခု ဖြတ်သန်းသွားပြီး သူ၏ နှုတ်ခမ်း ထောင့်စွန်းမှာ လည်း ကွေးညွတ်သွားသည်။

“အခုက မင်းနဲ့ငါ နှစ်ယောက်ကြား ကွာခြားချက်ကို ပြသရမယ့် အချိန်ပဲ”

ဝုန်း..

အတွေးတစ်ချက်နှင့် အတူ သူ့ခန္ဓာကိုယ် အတွင်းမှ သွေးကြောများက လင်းလက်သွားပြီး ခဏအကြာမှာ သွေးကြော အခု(၃ဝ)ဖွင့်ရာမှ (၄၅) အထိ ဖွင့်လိုက်သည်။

သူက စတင်ပြီး ဖုံးကွယ်ထားသည့် စွမ်းအားများကို ဖော်ထုတ်လိုက်သည်။

သွေးကြောများ ပိုမို ဖွင့်လိုက် သည်နှင့်အမျှ ကျူးယွဲ့၏ ခန္ဓာကိုယ်မှာ ပိုပြီး ဒြပ်မဲ့သော အခြေအနေသို့ ရောက်ရှိသွားပြီး မြူခိုးများကလည်း သူ့ပတ်ပတ်လည်တွင် ပိုမို ထွက်ပေါ်လာသည်။

ဝှစ် ...

သူ၏ အမြန်နှုန်းက ပျံဝဲတက် သွားပြီး ဇူယွမ်ကို တစ်ချက်တည်းနှင့် ကျော်တက်သွားသည်။ သူ၏ ခန္ဓာကိုယ်မှာ မရေမတွက်နိုင်သော မူလချီ ဓားများကို ရင်ဆိုင်လိုက်ပြီး ဒုံးပျံတစ်ခုလို တောင်ထိပ်ကို ဦးတည် သွားလိုက်သည်။

ကျူးယွဲ့၏ အမြန်နှုန်းက ရုတ်တရက် တိုးတက် သွားသည်နှင့် များစွာသော သက်ပြင်း ချသံများက တောင်တစ်ခွင်လုံးတွင် ပေါ်လာခဲ့သည်။

“မျှော်လင့်ထားတဲ့ အတိုင်း သူ့ရဲ့ စွမ်းအားကို ဖုံးကွယ် ထားတာပဲ” တပည့်များက အံ့အားသင့်စွာ မှတ်ချက်ချ လိုက်သည်။ သူတို့အားလုံး ကျူးယွဲ့၏ သိမ်မွေ့ နူးညံ့သော အသွင်သဏ္ဌာန်က ဖြုံချင်စရာ ကောင်းလောက်အောင် တိုးတက်လာကြောင်း တွေ့ရပေသည်။

ဂူဟွမ်ဂျီက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး သူမ၏ အနီရောင် နှုတ်ခမ်းပါးလေးကို ကိုက်လိုက်ပြီး နောက်တွင် ကျန်ရစ်ခဲ့သော ပုံရိပ်ကို ကြည့်လိုက်သည်။

ဟန်ချိုဆွေ့က အကူအညီမဲ့စွာ မှတ်ချက်ချသည်။

“ပြီးသွားပြီ ဂူဟွမ်ဂျီ။ ကျူးယွဲ့က ဇူယွမ်ထက် ပိုပြီး သိမ်မွေ့ နူးညံ့သော အသွင်သဏ္ဌာန်မှာ ကျွမ်းကျင်နေတယ်”

သည်အရာကို ကြည့်ခြင်းအားဖြင့် ဇူယွမ်၏ ပထမအဆင့် ကျွမ်းကျင်မှုမျှဖြင့် ကျူးယွဲ့ကို မယှဉ်နိုင်ပေ။

ဂူဟွမ်ဂျီက မည်သည်မှ မပြောဘဲ ဆက်လက်ပြီး စိုက်ကြည့်နေသည်။ ဇူယွမ် လွယ်လွယ်ကူကူနှင့် ရှုံးမည် မဟုတ်ကြောင်း သူမ ယုံကြည်ပေသည်။

အခြား တစ်နေရာတွင် ရှန့်ဝမ်ကျင်၊ ချောင်းရှိုးနှင့် ရှောင်ထျန်းရွမ်တို့ လူစုက စိုးရိမ်စွာဖြင့် ဝေးကွာနေသည့် လူနှစ်ယောက်ကို လှမ်းကြည့်နေသည်။ သူတို့၏ မျက်လုံးများတွင် ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။

“သွားထား အစ်ကိုလေးယွမ်”

သူတို့အားလုံး မည်သို့မှ ကူညီရန် မတတ်နိုင်သည့် အတွက် စိတ်ထဲမှသာ ဆုတောင်းပေး နိုင်ကြသည်။

“မင်း အစတုန်းကတော့ မောက်မာဝင့်ကြွား နေပြီးတော့ အခုတော့ ပုပ်သိုးနေတဲ့ အသီးကို စားမိသလို ခံစားနေရပြီ မလား” ကျူးဖန်က ထိုမြင်ကွင်းကို သဘောကျစွာ ကြည့်နေခဲ့ ပြီးနောက် စတင် ရယ်မောလိုက်သည်။

သက်ပြင်း ချသံများက ထွက်ပေါ်လျက် ရှိပြီး သိမ်မွေ့ နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ် ကျင့်ကြံသော တပည့်များ အားလုံး၏ မျက်နှာမှာ နာကျင်နေဟန် ရသည်။

သို့သော်လည်း အခြား တပည့်များက ကျူးယွဲ့က သာလွန် သွားသည်ကို ကျေနပ်စွာ ကြည့်နေကြသည်။

အကြီးအကဲ ကျုံးမင်က ကျူးယွဲ့ကို ကြည့်နေရာမှ ဇူယွမ်ကို လှမ်းကြည့် လိုက်ပြီးနောက် သူ၏ မျက်လုံးများမှာ အနည်းငယ် မှေးသွားပြီး “ဒီကလေးရဲ့ ခန္ဒာကိုယ်ထဲက သွေးကြောတွေက ...”

ထိုအရာကို စိတ်ဝင်တစားနှင့် ကြည့်လိုက်သည်။

တပည့်များက ခေါင်းယမ်း လိုက်ကြသည်။ မျှော်လင့် ထားသလိုပင် သည်ယှဉ်ပြိုင်ပွဲက ပြောင်းလဲမှု မရှိပေ။ ဇူယွမ်က မည်မျှပင် ပါရမီ ရှိစေကာမှု သူအနေဖြင့် သည်ကျင့်စဉ်ကို တစ်လမျှသာ လေ့ကျင့် ရသေးသည်။ ကျူးယွဲ့ကတော့ နှစ်နှစ်နီးပါး ရှိပြီ ဖြစ်သည်။

သို့သော်လည်း အမြင်စူးရှသော တပည့်များက ရုတ်တရက် မသေချာ မရေရာဟန်ဖြင့် ပြောလိုက်သည်။

“အမ် ... ဇူယွမ်ရဲ့ အမြန်နှုန်းက ပိုပိုပြီး မြန်လာသလိုပဲ ...”

ထိုအခိုက်မှာ လူတိုင်းက ဂရုတစိုက်နှင့် ကြည့်လိုက်ကြသည်။ အသေအချာပင် ဇူယွမ်၏ အမြန်နှုန်းက ဖြည်းဖြည်းချင်း တိုးလာကြောင်း တွေ့လိုက်ရသည်။ သိုသော်လည်း ထိုအရာက ကျူးယွဲ့ကဲ့သို့ တစ်ဟုန်ထိုး ထိုးတက်သွားခြင်း မဟုတ်ဘဲ အလွန်ကို တည်ငြိမ်လှသည်။

“ဒါ ... ဒါက သူ့ရဲ့ ခန္ဓာကိုယ်ထဲက သွေးကြောတွေကို တစ်ခုချင်း ဖွင့်နေတာလား ...” တစ်ယောက်က တုန်လှုပ်စွာ ပြောလိုက်သည်။ သူတို့အားလုံး ဇူယွမ်၏ ခန္ဓာကိုယ်မှ အလင်းစက်လေးများ တစ်ခုပြီး တစ်ခု ဖြစ်ပေါ်လာပြီး တစ်ခုနှင့် တစ်ခု ချိတ်ဆက် သွားသည်ကို မြင်လိုက်ရသည်။

ထိုမြင်ကွင်းက သိမ်မွေ့ နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို ကျင့်ကြံသူများ၏ သဘာဝအတိုင်း မဟုတ်ပေ။ ယခုမှ သွေးကြောများကို ဖွင့်နေသည်တဲ့လား ...

အကြီးအကဲ ကျုံးမင်က ထိုမြင်ကွင်းကို ကြည့်ပြီး သဘောကျစွာ ရယ်မောလိုက်သည်။ သူ၏ စွမ်းရည်က သာမန် မဟုတ်သဖြင့် ဇူယွမ် စီစဉ်နေသည်ကို တစ်ချက် ကြည့်ရုံများဖြင့် သိနိုင်ခဲ့ပေသည်။ ဇူယွမ်၏ သွေးကြောများမှာ အစောပိုင်း ကတည်းက ဖွင့်ပြီးသား ဖြစ်သော်လည်း အချိန် မရှိသောကြောင့် ပြည့်စုံစွာ မချိတ်ဆက်ခဲ့ ရသေးဟန် တူသည်။ ထိုကြောင့် ယခုမှ သူ၏ မူလချီများကို စတင် လည်ပတ်စေပြီး တစ်ခုနှင့် တစ်ခု စတင် ချိတ်ဆက်နေဖြင်း ဖြစ်သည်။

ဝှစ် ...

အံ့အားသင့်နေသော အကြည့်များ အောက်တွင် ဇူယွမ်၏ ခန္ဓာကိုယ်ပေါ်၌ အလင်းစက်များ ပိုပိုပြီး ထွက်ပေါ်လာပြီး သူ၏ အမြန်နှုန်း မှာလည်း တဖြည်းဖြည်း မြင့်တက်လာသည်။ မြူခိုးများက ပိုမို ယှက်သန်း လာသည်မှာ တိမ်တစ်ခုကို စီးနင်းနေ သကဲ့သို့ပင်။

လူတိုင်းက ကြိုးစား၍ ကြည့်ပြီးနောက် ဇူယွမ်၏ ခန္ဓာကိုယ်ပေါ်မှ အလင်းစက်များကို ကောင်းစွာ မြင်လိုက်ရသည်။

အားလုံးက တစ်ခုနှင့် တစ်ခု ချိတ်ဆက်သွားပြီ ဖြစ်သည်။

“ဒါက သွေးကြော (၄၃)ခု ...” ပင့်သက် ရှိုက်သံများက ဆက်တိုက် ထွက်ပေါ်လာသည်။ မည်သူမှ ဇူယွမ်သည်လောက် မြင့်မားသော အဆင့်ထိ ကျွမ်းကျင် နေမည်ဟု မထင်ထားကြပေ။

ထိုစဉ် သွေးကြော အလင်းစက်များက ပို၍ တိုးပွား လာခဲ့သည်။

အသက်ရှိုက်စာ (၁၂)ကြိမ်ခန့် အပြီးတွင် (၃၈) ခုသို့ ရောက်ရှိသွားသည်။

ထိုအရေအတွက်က ကျူးယွဲ့ထက် ကျော်လွန်သွားပြီ ဖြစ်သည်။

ထိုကြောင့် ဇူယွမ်၏ ခန္ဓာကိုယ် အစိတ်အပိုင်းများမှာ စတင်ပြီး ဒြပ်မဲ့ အခြေအနေသို့ ပြောင်းလဲသွားပြီး မြူထုမှာလည်း ပိုမို ထွက်ပေါ်လာကာ သူ၏ အမြန်နှုန်းမှာ အကန့်အသတ် အထိ ပျံဝဲတိုးတက် လာသည်။ မရေမတွက်နိုင်သော လေပြင်းဓားများက သူ့ထံသို့ ဦးတည်လာပြီး အဆုံးတွင် သူ့ခန္ဓာကိုယ်ကို ဖြတ်သန်းသွားပြီး သေးငယ်သော ဓားရှရာများ ချန်ရစ်ခဲ့သည် ...

ဒီတစ်ကြိမ်တွင် ဇူယွမ်၏ ပုံရိပ်မှာ ကျူးယွဲ့နှင့် ခြေလှမ်း တစ်ဒါဇင်ခန့် အကွာတွင် ပြန်ပေါ်လာခဲ့ပြီး ကျူးယွဲ့အား လိုက်မီလာခဲ့သည်။

ဝိုး ...

မရေမတွက်နိုင်သော အော်ဟစ်သံများက တောင်ပတ်ဝန်းကျင် တစ်ခွင် ထွက်ပေါ် လာခဲ့သည်။ ဇူယွမ်က ကျူးယွဲ့ကို မှီလာလိမ့်မည်ဟု မည်သူမှ တွေးမထားကြပေ။

“သေစမ်း..”

ကျူးယွဲ့က သူ၏ နောက်မှ ထွက်ပေါ်လာသော လေတိုးသံကို ကြားလိုက်ရသည်။ သူ၏ အနောက်ဘက်ဆီသို့ မျက်လုံး ထောင့်စွန်းကို ကပ်၍ ကြည့်လိုက်လျှင် သူ့၏ နောက်နားသို့ နီးကပ်လာသော ဇူယွမ်ကို တွေ့လိုက်ရသည်။

ကျူးယွဲ့က အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး လက်တစ်ဖက်ကို လက်ဟန် သင်္ကေတ တစ်ခု ပြုလုပ်လိုက်သည်။ ထိုနောက် သူ၏ ခန္ဓာကိုယ်ပေါ်တွင်လည်း သွေးကြော အလင်းစက်များ စတင်ပြီး ပေါ်လာခဲ့သည်။

“ဇူယွမ် ငါ့ရဲ့ အကန့်အသတ်က သွေးကြော (၄၅)ခုပဲလို့ မင်းယုံကြည် နေတာလား”

တိုးညင်းသော ကြုံးဝါးသံနှင့် အတူ အလင်းစက်များ တစ်ခုပြီး တစ်ခု သူ၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာခဲ့သည်။

ယခုချိန်တွင် ကျူးယွဲ့က သူ၏ စွမ်းအားကုန် သုံးလိုက်ခြင်း ဖြစ်ကြောင်း သိသာ ပေါ်လွင် နေပေသည်။

ပုံရိပ် နှစ်ခုက လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် တိမ်များအလား ရွေ့လျား နေကြသည်။

များစွာသော တပည့်များသည် ပုံရိပ်နှစ်ခုကို မသဲမကွဲပင် မြင်နိုင်တော့ ...

လူတိုင်း၏ မျက်လုံးများမှာ ပြူးကျယ်နေပြီး မည်သူမှ မျက်တောင်ပင် မခတ်ရဲတော့ချေ။

“ကျူးယွဲ့က သွေးကြော(၅၄)ခုအထိ ပွင့်သွားပြီ ...”

“ဇူယွမ်လဲပဲ (၅ဝ)ခုအထိ တက်လာပြီ ...”

“ဒါက တကယ်ကို ရူးချင်စရာပဲ ...”

တီးတိုး ပြောသံများ ပေါ်ထွက်လာခဲ့သည်။ လူတိုင်း၏ မျက်နှာတွင် ရှော့ရစွာဖြင့် ဖနောင့်နှင့် တင်ပါး တစ်သားတည်း ကျအောင် ပြေးနေသော ပုံရိပ်နှစ်ခုကို ကြည့်နေကြသည်။ တောင်ထိပ်ပိုင်းသို့ ရောက်ရန် သုံးချိုးတစ်ချိုးသာ လိုတော့သည်။

ဒီလို တစ်ယောက်နှင့် တစ်ယောက် သူမသာ ကိုယ်မသာ ဖြစ်နေသော ပြိုင်ပွဲမျိုးကို မည်သူမှ မမျှော်လင့်ထားကြပေ။

ကျူးယွဲ့က ဦးဆောင် နေသော်လည်း ဇူယွမ်ကို လက်မ အကွာအဝေးမျှသာ နောက်ချ ချန်ထား နိုင်ပေသည်။

ထိုအခိုက်တွင် ကျူးယွဲ့၏ အမူအရာ မှာ အလွန်အမင်း နက်မှောင် လာပေသည်။ ဇူယွမ်၏ ခေါင်းမာမှုက သူမျှော်လင့် ထားသည်ထက် ကျော်လွန် နေပေသည်။

“ငါ့ရဲ့ သွေးကြော(၅၈)ခုလုံးကို ဖွင့်ထားပြီး သွားပြီ။ သည်သန်မာမှုကို ငါအချိန် အကြာကြီး ဖုံးကွယ် ထားခဲ့တာ။ ငါအစောပိုင်းတုန်းက ဒါကို တောင်ထွတ်ခုနစ်ခု သိုင်းပညာ ဖလှယ်ပွဲမှာ ထင်ပေါ် ကျော်ကြားအောင် လုပ်ဖို့ ရည်ရွယ်ထားတာ။ ဒါကြောင့် သည်ကောင်လေးရဲ့ အတင်းအကျပ် ဖိအားပေးမှု အောက်မှာ ဒါကို ပြသရ လိမ့်မယ်လို့ လုံးဝကို မျှော်လင့်မထားဘူး”

ကျူးယွဲ့က မေးကြောများ ထောင်လာသည်အထိ အံကြိတ်လိုက်သည်။ ပိုပြီး အရေးကြီးသည်က သူ၏ အစွမ်းအပြည့်အဝ ထုတ်သုံးတာတောင် ဇူယွမ်ကို မနင်းခြေ နိုင်သေးခြင်းပင် ဖြစ်သည်။

“ဇူယွမ် မင်းက ငါ့ကို ဒီလိုလုပ်အောင် ဖိအားပေး လိုက်တာပဲ”

“ငါ တန်ဖိုး ဘယ်လောက်ကြီးကြီး ပေးဆပ်ရလဲ ကိစ္စမရှိဘူး။ မင်းကို င့ါရဲ့ ဖနောင့်အောက်မှာ နင်းခြေပြမယ်”

သူ့အနေဖြင့် ဇူယွမ်ကို ရှုံးနိမ့်ပြီး အတွင်းတောင်သို့ ပြန်ရလျှင် လှောင်ပြောင် သရော်ခံ ရမည်မှာ သေချာပေသည်။ ထိုကြောင့် အနိုင်ရရှိရန် မည်သည့် တန်ဖိုးမဆို ပေးဆပ်ဖို့ အသင့်ရှိနေပြီ ဖြစ်သည်။

ဆုံးဖြတ်ချက် တစ်ခု ချလိုက်ဟန်က ကျူးယွဲ့၏ မျက်လုံးတွင် ပေါ်လာခဲ့သည်။

အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး သူ၏ လျှာအောက်တွင် ထည့်ထားသော ဆေးလုံး တစ်လုံးကို အပြင်သို့ လှိမ့်ထုတ်လိုက်ပြီး မျိုချလိုက်သည်။

All Chapters